RADIO

What is current song?

RSS

မာယန်ပြက္ခဒိန်Mayan Calendar ဆိုတာဘာလဲ။

ဒီတော့ မာယန်ပြက္ခဒိန်Mayan Calendar ဆိုတာဘာလဲ။
BC 2000 မှ AD 250 အထိ Mayan Civilization မာယန် ယဉ်ကျေးမှု ခေတ်ကြီးတစ်ခု ထွန်းကားခဲ့ပါသည်။
မာယန် နှောင်းခေတ် တစ်ခုကတော့ 250 AD မှ 900 AD အတွင်းအထိ ရှိနေ ခဲ့သေးတယ်လို့ ယူဆကြရပါတယ်။
အဲဒီ မာယန် ယဉ်ကျေးမှုရဲ့ အင်ပါယာ ကြီးက မက္ကဆီကို အလယ်ပိုင်းမှသည် Honduras-Guatemala North El Salvador စတဲ့ မြောက်အမေရိကနဲ့ တောင်အမေရိကကို ဆက် သွယ်ထားတဲ့ ကျွန်းဆွယ် တစ်ခုလုံးက ၄င်း မာယန်ယဉ်ကျေးမှု ခေတ်ရဲ့သြဇာ လွှမ်းမိုးခဲ့ဖူးပါသည်။
မာယန် ယဉ်ကျေးမှုခေတ်မှာ တခြား ခေတ်ကြီးများနှင့် တစ်မူ ထူးခြားနေခဲ့တာကတော့ သူတို့ခေတ် မှာ သင်္ချာ ဘာသာရပ်များနှင့် Astronomy အာကာသ သိပ္ပံပညာရပ် များ ထွန်းကား နေခဲ့ခြင်းပင်ဖြစ်ပေသည်။
သူတို့မှာ မူပိုင်းအာကာသ ဝေါဟာရ (Astronomy Terms) များ နှင့် သင်္ချာ ကိန်းဂဏန်းတွေ ရှိနေခဲ့ကြသလို မာယန်တို့ နှစ်ပေါင်း ၄၀၀၀ လောက်ဆီက ပြက္ခဒိန် စနစ်က တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက် သတ်မှတ်ထားသော မျက်မှောက်ခေတ် ပြက္ခဒိန်နှင့် ထပ်တူထပ်မျှ ရှိနေတာကို ဘယ်လိုမှ ငြင်းမရနိုင်အောင် မာယန်ပြက္ခဒိန်က သက်သေ ပြထားနိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။
တကယ်တော့ မာယန်တို့မှာ သူတို့ဘုရားဟာ အာကာသ တစ်နေရာမှာ ရှိနေတယ်လို့ ဆိုတဲ့ယုံကြည်မှု တစ်ခုတည်းဖြင့် အာကာသ ကောင်းကင်မှာ ဘုရားသခင်ကို ရှာဖွေ ခဲ့ကြရာမှ မာယန်တို့ဟာ Astronomy အာကာသ စူးစမ်းလေ့လာရေး နှင့် အာကာသ တွက်ရိုး ပညာရှင်များ ဖြစ်လာ ခဲ့ကြရခြင်းသာ ဖြစ်သလို အချို့မှာ ယနေ့ NASA ၏တွက်ကိန်းနှင့်ပင် ကွာဟမှု သိပ်မရှိတာ ကိုလည်း တွေ့ နေရပေသည်။
မာယန်တို့က နေ-လ နဲ့ သောကြာဂြိုဟ် တို့ကို အနီးကပ် လေ့ကြရာဝယ် သောကြာဂြိုဟ်ကို ပိုမို စိတ်ဝင်စားခဲ့ကြသည်။ သောကြာ ဂြိုဟ်က ကမ္ဘာနဲ့ အနီးကပ်ဆုံး အချိန် နေနှင့် ပူးယှဉ်ခြင်း Inferior Conjunction နှင့် သောကြာ-ကမ္ဘာနှင့် အဝေးဆုံး အချိန် superior conjunction နေနှင့် သောကြာတို့၏
အပူးအယှဉ် များကို လေ့လာ မှတ်သား ထားနိုင်ခဲ့ကြသလို သောကြာဂြိုဟ်က-ကမ္ဘာနှင့် အနီးဆုံး Inferior Conjunction ကမ္ဘာနှင့် နေအကြား ပူးယှဉ်ပြီး နောက်နေ့ နေအထွက် နံနက်ခင်းနှင့် ထိုနေ့ တစ်နေ့လုံးကို ပိုပြီးကြောက်တတ် ကြပြီး ဒီလိုနေ့မှာ လူတွေ ဒုက္ခ ပိုရောက်တတ်တယ်။ သဘာဝဘေး အန္တရာယ်များ၊ စစ်မက် အင်္ဂါရပ်များလည်း ဖြစ်ပွား တတ်တယ်လို့ ယုံကြည် ထားခဲ့ကြပါသည်။
နောက် မာယန်တို့ဟာ လကို လေ့လာကြရာ မှာလည်း လဟာ ကမ္ဘာကို တစ်ပတ် ပတ်မိဖို့ နွေရာသီမှာ ရက်ပေါင်း ၂၉ ရက်ကြာတတ်ပြီး ကျန်ရာသီ တွေမှာတော့ ရက်ပေါင်း ၃၀ ကြာတတ်တာကို သူတို့ တွက်ချက် ထားကြရာမှာ ယနေ့ NASA ၏ တွက်ရိုး ၂၉.၅ ရက်နှင့် ဆိုပါက ထပ်တူထပ်မျှ ရှိနေသည်ဟု ဆိုနိုင်ပေသည်။
သည်မာယန်တို့ခေတ်၌ အာကာသကြည့် မှန်ပြောင်းပင် မပေါ် သေးမီ ကတည်းက ခေတ်နှင့်မတန် မယုံကြည်နိုင်လောက်အောင် အာကာသနှင့် ပတ်သက်သော တွက်ရိုးများနှင့် စူးစမ်းလေ့လာသမှု များကရှိနေခဲ့ပြီး နေကြတ်-လကြတ်ခြင်း များကိုပင် နှစ် ရာနှင့်ချီလို့ ကြိုတွက် ထားနိုင်ခဲ့ကြသလို ဤနေစကြဝဠာ အပြင် Milky Way နဂါး ငွေ့တန်းကဲ့သို့သော
အလင်းနှစ် ထောင်ပေါင်းများစွာ ဝေးကွာလှ သော စကြဝဠာတိုင်း လေ့လာတွက်ချက် ထားတာများကိုလည်း အံ့မခန်းနိုင် လောက်အောင် တွေ့ရှိနေရပြီး သူတို့ခေတ်မှာ ဆောက် လုပ်ထားခဲ့တဲ့ နန်းတော်ရာများ၊ ဘုရားကျောင်း ပိရမစ်ကြီးများနှင့် ထင်ရှားသော အဆောက်အအုံများကို အာကာသ သင်္ချာဗေဒများနှင့် အသေအချာ တွက်ချက်ပြီးမှသာ တည်ဆောက် ထားခဲ့ကြတာကို တွေ့နေရသလို များသော အားဖြင့် နန်းတော်ရာနှင့် ပိရမစ်များကို တောင်လတ္တီတွဒ် တွင် တည်ဆောက်လေ့ရှိကြသည်။
ဤသို့ တည်ဆောက်ရခြင်းကလည်း နေသည်တစ်နှစ်မှာ နှစ်ကြိမ် သူတို့၏ မွန်းတည့်မျဉ်းများအပေါ် ဖြတ်သန်းတာကို သိရှိထား၍ နန်းတော်ရာ များအပေါ် နေမင်းကိုဖြတ်သန်း စေခြင်းဖြင့် နေမင်း၏ စွမ်းပကား ကြောင့် မင်း၏ ဘုန်းကံတန်ခိုး ကြီးမြင့်စေရန် ရည်ရွယ်ခဲ့ကြခြင်း၊ နေထွက်ရောင်ခြည်ကို နန်းတော်ရာနှင့် ပိရမစ်များပေါ်သို့ အား ကောင်းစွာ ရရှိရေးကို လိုလားခဲ့ကြခြင်း ကြောင့်ပင် ဖြစ်ပေသည်။
သည်သို့ဆိုလျှင် မာယန်တို့က နှစ်ထောင်နဲ့ချီ ကာလကတည်း က လတ္တီတွဒ်မျဉ်းများက ရှိနေတာမို့ သူတို့သူတို့ခေတ်၏ အာကာသ သိပ္ပံ၏အဆင့်ကို ဘယ်လိုမှ လျှော့တွက်၍ မရနိုင်တော့သလို မာယန် တို့က သာမန်အာကာသ သိပ္ပံမျိုးမဟုတ်ဘဲ ဖြစ်ခြင်းပျက်ခြင်း၏ အချိန်အကူးအပြောင်း (Timeline Transition) များကို ရှာဖွေ ထားခဲ့တာမို့ သူရိယ နေမင်းတို့၏ သက်တမ်းနှင့် နေကြတ် လကြတ် ခြင်းများ တင်မကဘဲ Milkey Way နဂါးငွေ့တန်း၏ အလယ်ဗဟို အီကွေတာနှင့် သူရိယနေမင်း တစ်တန်းတည်း ကျရောက်မည့် နေ့ ရက် လ-ခုနှစ်ကိုပင် အတိအကျ တွက်ချက် ထားနိုင်ခဲ့ကြပေသည်။
သို့ဖြစ်၍ မာယန်တို့က ကမ္ဘာပျက်ကိန်းကို အဟောထုတ်ကြရာဝယ် သာမန် ဗေဒင်တွက်ရိုး ဗေဒင်နှင့် တွက်ချက် အဟောထုတ်ခဲ့ကြတာ မဟုတ်ဘဲ Astronomy အာကာသ တွက်ရိုးတို့ဖြင့် ဖြစ်ခြင်းပျက်ခြင်းတို့ ၏ Timeline များကို တွက်ချက် ရှာဖွေခဲ့ကြရာဝယ် မာယန်တို့ ကျွန်ုပ်တို့ နေ၏ သက်တမ်းကို ရှာဖွေခဲ့ကြရာမှာ ဒီအရင် နေမင်း လေးလုံး ပျက်သုဉ်း သွားခဲ့ကြပြီးဖြစ်သလို လက်ရှိနေမင်းမှာ ပဉ္စမ မြောက် နေမင်းဖြစ်ကြောင်းနှင့် ဤနေမင်း၏ သက်တမ်းမှာ လာမည့် December 21, 2012 သောကြာနေ့တွင် ကုန်ဆုံး သွားရတော့မည်။ နေမင်းသည် တစ်စစီပေါက်ကွဲ ပျက်စီးသွားမည် ဖြစ်ကြောင်းကို တွက်ချက်၍ ဤမည်သော ကမ္ဘာပျက်ဟောကိန်း ကို ထုတ်ထားခဲ့ကြ ခြင်းပင်ဖြစ်ပေသည်။
နေမင်းသက်တမ်း ကုန်ဆုံးသွားမည့် အချိန်ကိုတော့ Milkey Way နဂါးငွေ့တန်း၏ အီကွေတာ အလယ် ဗဟိုအမှတ်နှင့် ကျွန်ုပ်တို့၏ သူရိယနေမင်းတို့ တစ်တန်းတည်း ကျရောက်သွားမည့်ွှTransit နေ့ရက် အချိန်ကို တွက်ချက် စံထားခဲ့ကြဟန် ရှိနေပါသည်။
မာယန်တို့ ၏ ဟောကိန်းအတိုင်း ကမ္ဘာ မပျက်နိုင်ဟု ယူဆနိုင်ပါသော်လည်း မာယန်ပြက္ခဒိန် ကြောင့်ပင် ယနေ့ NASA နှင့် အာကာသ သိပ္ပံပညာ ရှင်တို့က ကမ္ဘာကြီးသို့ ကျရောက်လာနေသော ရာသီဥတု ဖောက်ပြန်မှု များနှင့် သဘာဝ ဘေးရန်များကို ပိုမို စိတ်ဝင်စားလာခဲ့ကြရပြီး မာယန် တို့တွက်ချက်ထားသော Galactic Transit က နှစ်သန်းပေါင်း ၆၄ သန်း မှာမှ တစ်ကြိမ်ကြုံတွေ့ ရနိုင်ပြီး
၂၀၁၂- ၂၀၁၃ မှာတော့ ကမ္ဘာပေါ်ရှိ (Satellite) ဂြိုဟ်တုဆက်သွယ်ရေး ယန္တရားများနှင့် အင်တာနက်များ၊ ဆဲလ်ဖုံးများ စသည့် ကမ္ဘာ့ဆက်သွယ်ရေး ယန္တရားကြီး တစ်ခုလုံးသို့ အနှောင့်အယှက် များစွာ ဖြစ်လာနိုင်သည် ဟု ဆိုလာကြပြန် ပါသည်။
သို့ဖြစ်၍ အထက်ဖော်ပြခဲ့ပါ အတိုင်း သတ္တဝါတို့၏ အကြောင်း တရားတို့က သန်းပေါင်း ခုနစ်ထောင်တို့ အတွက် တစ်သားတည်း မကျနိုင်သလို ဘုရား သာသနာ ၅၀၀၀ ပင် မကုန်ဆုံး သေးတာမို့ ဘုရားသာသနာ တည်နေသရွေ့ ကမ္ဘာကြီး လုံးဝ ပျက်သွားနိုင်စရာ အကြောင်းမရှိနိုင်သေးပေ။ သို့သော် မာယန်တို့က သူရိယ နေမင်းကြီး သက်တမ်းက ပေါက် ကွဲလို့ ပျက်သုဉ်းသွားမည် ဆိုသလို NASA က နေ၏ပေါက်ကွဲမှု တွေက ၁၁နှစ်တစ်ကြိမ် ပိုမို အားကြီးလာမည်။
နေမှာ အားကောင်း သော ပေါက်ကွဲမှုကြောင့် နေမှာ သံလိုက် မုန်တိုင်းတို့က ကမ္ဘာကြီး ၏ သံလိုက်ဝင်ရိုးစွန်း ဒေသများသို့ ကျရောက် လာခြင်းဖြင့် ကမ္ဘာ မြေသို့ သဘာဝ ဘေးရန်များနှင့် ရာသီဥတု ဖောက်ပြန်မှုတို့ကို ပိုမိုဖြစ် ပေါ်လာစေနိုင်သည် ဟု ဆိုထား ကြရာဝယ် ယနေ့ Solar Cycle 24 သို့ရောက်ရှိနေပြီး ဖြစ်တာမို့ ၂၀၁၂-၂၀၁၃ တွင် သဘာဝ ဘေးရန်နှင့် ရာသီဥတု ဖောက်ပြန်မှုတို့က ပိုမိုအားကောင်း လာဖွယ် ရှိနေလိမ့်မည် ဟု မှတ်ချက် ပေးထားကြသလို တစ်ခါ နက္ခတ်ဗေဒင် Astrological Science Throry အရကတော့ Sidereal System နိယနစနစ်၏ အာယန ဒီဂရီ မြင့်လာလေလေ ကမ္ဘာမြေသို့ သဘာဝ ဘေးရန်များနှင့် ရာသီဥတု ဖောက်ပြန်မှု အားကြီးလေ ဖြစ်မည်ဟု ဆိုထားရာ ယနေ့ ၂၀၁၂ တွင် နိယန စနစ်၏ အာယန အံသာ ဒီဂရီမှာ ၂၄ ဒီဂရီ ရှိနေပြီးဖြစ်သည်။
သို့ဖြစ်၍ ကမ္ဘာ မပျက်နိုင်ပေမယ့် ကမ္ဘာမြေကြီး ပေါ်ဝယ် ရှေ့လျှောက် တစ်မူ ထူးခြားသော သဘာဝ ဘေးရန်များနှင့် ရာသီဥတု ဖောက်ပြန်မှုတွေကတော့ ဧကန်ရှိလာ နေမှာဖြစ်သည်။
အာယန ဒီဂရီ တစ်ဒီဂရီကို ၇၂ နှစ် ကြာတတ်တာမို့ လာမည့် ၃၅ နှစ်အတွင်း အာယန ဒီဂရီ ၂၅ ဒီဂရီ မပြည့်ခင်မှာပင် ကမ္ဘာကြီး ၏ External – Internal Element တွေ ပြောင်းလဲလာမှာ ဖြစ်သလို ရေကြောမြေကြော များ စတင်ရွေ့လျား ပြောင်းလဲ လာနိုင်ပါသည်။
သို့ဖြစ်၍ ဤကမ္ဘာမြေ ပေါ်သို့ တစ်မူထူးခြားလို့ ကျရောက် လာနိုင်သော သဘာဝ ဘေးရန်များနှင့် ရာသီဥတု ဖောက်ပြန်မှု များကိုကြိုတင် ကာကွယ်နိုင် သော နည်းလမ်းများ ကိုရှာ၍ ကြိုတင်ပြင်ဆင်မှု စီမံကိန်းများ ကိုတော့ ရေးဆွဲ ထားသင့်ပေသည်။
မာယန်တို့ ဟောကိန်းအတိုင်း နေကြီးပဲ ပေါက်ကွဲလို့ဖြစ်စေ Magnetic Pole Reverse သံလိုက်ဝင်ရိုးမှ သံလိုက်လှိုင်းများ လာရာ ဗြောင်းပြန်သွားလို့ ကမ္ဘာကြီး ဗြောင်းဆန်လို့ ပျက်သုဉ်း သွားတာမျိုးက လူသားတို့၏ ဘဝကို တစ်ကြိမ်ပဲ သေကျေပျက်စီး သွားစေနိုင်ပါ သည်။
သို့သော် တိုင်းပြည်၌ အမျိုးသားချင်း အာဃာတမီးတွေ လောင်ကျွမ်း နေခြင်းက တစ်မျိုးသားလုံးကို အရှင်လတ်လတ်သေ သွား စေနိုင်ပြီး နောက်ဆုံး ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်း ပျက်ကိန်းသို့ပင် ဧကန်ဆိုက်ရောက် သွားစေနိုင်ပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment