RADIO

What is current song?

RSS

ရန်ကုန်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန်ဒဏ်ရာရ သံဃာတော်များ ပတ်စ်ပို့ရရှိရေးအတွက်စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း

ရန်ကုန်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ရောက်ရှိလာသည့်  ကြေးနီစီမံကိန်း သပိတ်စခန်း ဒဏ်ရာရ သံဃာတော်များ ပတ်စ်ပို့ရရှိရေးအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဒဏ်ရာရ သံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်သံဃာတော် ဦးဝိမလက မိန့်ကြားသည်။
ဆရာတော်ဦးဝိမလက'' ဒဏ်ရာရ သံဃာတော်တွေကို လိုအပ်ရင် ထိုင်းနိုင်ငံသွားပြီး ဆေးကုသတဲ့အခါ အဆင်သင့်ဖြစ်အောင် သံဃာတော်တွေ ပတ်စ်ပို့ရရှိရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်က ကူညီဆောင်ရွက်ပေးနေပါတယ်။လက်ရှိ အခြေအနေမှာ သံဃာတော်တွေရဲ့ ဒဏ်ရာအခြေအနေက တိုးတက်လာ တယ်လို့ ပြောနိုင်ပေမယ့် စောင့်ကြည့်ရအုံးမယ်''ဟု မိန့်ကြားခဲ့သည်။                                       ရန်ကုန်သို့ ဆေးကုသမှု လာရောက်ခံယူသည့် သံဃာတော် လေးပါးအနက် မုံရွာမြို့၊ မြို့မရွှေကူကျောင်းတိုက်မှ အရှင် သဇ္ဇနမှာ ဒဏ်ရာ အပြင်းထန်ဆုံးဖြစ်ပြီး အရှင်သဇ္ဇနနှင့် အခြားသံဃာတစ်ပါးတို့၏ ပတ်စ်ပို့ကိစ္စအား စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်သို့ ဆေးဝါးလာရောက်ကုသမှုခံယူသည့် သံဃာတော်များအတွက်သာမက အခြားဒဏ်ရာရ သံဃာများ ပြည်ပသို့ သွားရောက်ရန်လိုအပ်ပါက ပတ်စ်ပို့ အမြန်ရရှိစေရေးနှင့် အခြားလိုအပ်သော အကူအညီများ လုပ်ဆောင်ပေးသွားမည်ဟု မန္တလေးမြို့တွင် လက်ပံတောင်း တောင်အရေးနှင့် ပတ်သက်ပြီး သံဃာတော်များအား အစိုးရအဖွဲ့ကိုယ်စား   တောင်းပန်မှုပြုလုပ်ခဲ့သည့်   ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။                     
စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီဇင်လာ ၁၇ရက်နေ့က ရန်ကုန်ဆေးရုံကြီးကို အဆင့်မြှင့်တင်ရန် လာရောက်စဉ် ဒဏ်ရာရသံဃာတော်များ၏ ကျန်းမာရေးနှင့် ပတ်သက်သည့် အကူအညီများ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ဆရာတော်ဦးဝိမလ၏ မိန့်ပါသည်။
''ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လာတုန်းက သံဃာတော်တွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဦးဇင်းနဲ့ စကားပြောဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကလည်း ဒဏ်ရာရ သံဃာတွေရဲ့ ကျန်းမာရေးကို အစစအရာရာ တာဝန်ယူမယ်လို့ ကတိပေးခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ ဆရာတော် ဦးတိက္ခဥာဏကိုလည်း လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။လက်ရှိအချိန်မှာ အရှင်သဇ္ဇနရဲ့ ဒဏ်ရာက အခြားသံဃာသုံးပါးထက် ဒဏ်ရာပိုပြီး ပြင်းထန်ပေမယ့် စိုးရိမ်ရတဲ့အခြေအနေ မရှိပါဘူး။ဆေးကုသပုံကုသနည်း နည်းစနစ် ကျမယ်၊အရည်အသွေးကောင်းတဲ့ ဆေးဝါးတွေ အသုံးပြုမယ်ဆိုရင် ဘယ်မှာကုကု ရောဂါသက်သာမှာပါ။လိုအပ်ရင် အဆင်သင့်ဖြစ်အောင် စီစဉ်ထားပါတယ်''ဟု ဆရာတော် ဦးဝိမလက ထပ်မံ မိန့်ကြားခဲ့သည်။
ဒဏ်ရာရ သံဃာတော်လေးပါးမှာ ဦးဝိသုဒ္ဓ(ဘုရားကြီးအလယ်တိုက် မန္တလေး)၊ ဦးစန္ဒောဘာသ(ပခုက္ကူ အလယ်တိုက်)၊ ဦးသုစိတ္တ(စောတိကရာမတိုက်၊မုံရွာ)၊ ရှင်သဇ္ဇန (မြို့မရွှေကူတိုက်၊မုံရွာ) တို့ ဖြစ်ကြပြီး ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်မြို့သို့ ဆေး ကုသမှုခံယူနိုင်ရန် မန္တလေး ပြည်သူ့ဆေးရုံကြီးမှ ဒီဇင်ဘာ ၁၅ ရက်နေ့ ညပိုင်းက ထွက်ခွာလာကာ ဒီဇင်ဘာ ၁၆ရက် နံနက်ပိုင်းတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment