Window Phone 8 စနစ်သုံး စမတ်ဖုန်းများ မိုက်ခရိုဆောဖ့် မိတ်ဆက်
ဂူးဂဲလ်၏
အန်းဒရွိုက်စနစ်သုံး ဖုန်းများနှင့် အက်ပဲလ်၏ iPhone များ လွှမ်းမိုးနေသည့်
စမတ်ဖုန်းဈေးကွက်ကို ထိုးဖောက်ရန်ရည်ရွယ်သည့် မိုက်ခရိုဆော့ဖ်၏ Windows
Phone8(WP8) စနစ်ကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး
ယင်းစနစ်ဖြင့်ထွက်ရှိမည့် ဖုန်းများကိုပါ ပြသသွားခဲ့သည်။
မိုက်ခရိုဆော့ဖ်၏
ကွန်ပျူတာနှင့် သင်ပုန်းကွန်ပျူတာများအတွက် မောင်းနှင်စနစ်သစ် Windows 8
ကို ပြီးခဲ့သည့်အပတ်က စတင်မိတ်ဆက်ခဲ့ပြီးနောက် စမတ်ဖုန်းများအတွက်
မောင်းနှင်စနစ်သစ်ကို သီးခြား မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
ဆန်ဖရန်စစ္စကိုတွင်
ပြုလုပ်သော အခမ်းအနား၌ မိုက်ခရိုဆော့ဖ်စီအီးအို စတိဗ်ဘော်မာက HTC၊
Samsung၊ Nokia တို့၏ WP8 သုံးဟန်းဆက်များကို မိတ်ဆက်ခဲ့သည်။
အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလအတွင်း WP8 သုံး ဖုန်းများကို ကမ္ဘာတစ်ဝန်း
စတင်ရောင်းချမည်ဖြစ်သည်။
WP8 ၏ စွမ်းဆောင်ရည်များ
Home
Screen နှင့် Lock Screen - ပြိုင်ဘက်စနစ်များထက် ပိုမိုထူးခြားသည့်
အသွင်ရှိပြီး ကလေးများလက်ထဲ ဖုန်းထည့်ပေးသောအခါ Lock Screen တွင်
ညာဘက်ဆွဲပြီး မဖွင့်ဘဲ ဘယ်ဘက်ဆွဲ ဖွင့်ပေးလိုက်ရုံဖြင့် ကလေးများအတွက်
မိမိရွေးချယ်ပေးထားသည်များသာ သုံးနိုင်သည့် ဖုန်းတစ်လုံးအဖြစ်
အသွင်ပြောင်းသွားမည်ဖြစ်ကာ အရေးကြီး အချက်အလက်များ ပျက်စီးနိုင်မည့်ဘေးမှ
ကာကွယ်နိုင်မည်ဖြစ်သည်။ Lock Screen အနေအထားဖြင့်ပင် ဖေ့စ်ဘွတ်ခ်မှ
ဓာတ်ပုံများကြည့်နိုင်ခြင်း၊ အခြားသတင်းအချက်အလက်များ၊ notification
များကို ကြည့်နိုင်ခြင်း စသည့်အားသာချက်များ ပါရှိလာသည်။
Game နှင့်
Application - အခြားမိုဘိုင်းစနစ်များတွင် ထိပ်ဆုံးရောက်နေသည့်
Application ၅၀ အနက် ၄၆ မျိုးကို အခမ်းအနားတွင် နမူနာပြသွားခဲ့ပြီး Angry
Bird၊ Cut the Rope စသော နာမည်ကြီးဂိမ်းအားလုံး WP8 တွင်
ကစားနိုင်မည်ဖြစ်သလို Skype ကဲ့သို့သော ဗီဒီယိုစကားပြော Application
များကို ဘက်ထရီမစားစေဘဲ ဖုန်းဖွင့်သည့်အချိန် တောက်လျှောက် Background တွင်
ဖွင့်ထားနိုင်ခြင်း ကဲ့သို့သော စွမ်းဆောင်ရည်သစ်များကိုပါ ပြသသွားသည်။
Microsoft online shop တွင် အက်ပလီကေးရှင်း ၁၂၀၀၀၀ ရှိမည်ဖြစ်သည်။
Cloud
Syncing - မိုက်ခရိုဆော့ဖ်၏ အားသာချက်အဖြစ် Windows 8 စနစ်သုံး
ကွန်ပျူတာများနှင့် WP8 သုံးဖုန်းများတွင် Office ဆော့ဖ်ဝဲများကို အလွယ်တကူ
ချိတ်သုံးနိုင်မည်ဖြစ်ပြီး ကွန်ပျူတာတွင် လုပ်ထားသည့်အလုပ်ကို မပြီးလျှင်
ဖုန်းဖြင့်ဆက်လုပ်၊ ဖုန်းဖြင့် မပြီးသည်ကို ကွန်ပျူတာဖြင့်
ဆက်လုပ်ခြင်းမျိုး ရနိုင်မည်ဖြစ်သည်။ Skydrive Cloud စနစ်လည်း ပါဝင်လာသည်။
Wallet
နှင့် NFC စနစ်မှာ ပိုက်ဆံအိတ်နေရာတွင် အစားထိုးနိုင်ရန် ရည်ရွယ်ထားသည့်
လုပ်ဆောင်ချက်ဖြစ်ပြီး ခရက်ဒစ်ကတ်များ အစားသုံးကာ ငွေချေနိုင်ရန်
ရည်ရွယ်ထားသည်။ NFC (Near Field Technology) စနစ်ဖြင့်လည်း
ငွေချေမှုပြုနိုင်မည်ဖြစ်သည်။
WP8 အတွက် အဓိကစိန်ခေါ်မှုမှာ
လက်ရှိအန်းဒရွိုက်နှင့် အက်ပဲလ်၏ iOS စနစ်တို့က မိုဘိုင်းဈေးကွက်ကို
လွှမ်းမိုးနေခြင်းအား ထိုးဖောက်ဝင်ရောက်နိုင်ရေး ဖြစ်သည်။
Window Phone 8 စနစ်သုံး စမတ်ဖုန်းများ မိုက်ခရိုဆောဖ့် မိတ်ဆက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment