RADIO

What is current song?

RSS

ပျော်ရွှင်စေဖို့ ရာ.............

ကလေးအတွေး
`မေမေ ဟိုဘက်အခန်းကလူတွေ
တော်တော်ဆင်းရဲကြတယ် ထင်တယ်`
သားငယ်ဖြစ်သူက အိမ်နီးနားချင်းအခန်းမှ ဆူညံသံများ
ကြားသဖြင့် မိခင်ကိုပြောလိုက်သည်။
`သား ဘာလို့အဲလို ထင်ရတာတုန်း`
`မေမေရယ် ကလေးပေါက်စလေးက ပြားစေ့တစ်စေ့
မျိုချလိုက်တာကို ရေကြီးခွင်ကျယ်လုပ်ပြီး အော်ဟစ်နေကြတယ်`
မင်းယောင်္ကျား အခု အိမ်မှာရှိလား
ရုံးတစ်ရုံတွင် အလုပ်လုပ်နေသော ဒေစီထံသို့ သူငယ်ချင်း
မေရီလာလည်သည်။
ဒေစီ ။   ။ မျက်နှာလည်း မကောင်းပါလားကွာ၊ နေမကောင်းဘူးလား။
မေရီ ။   ။ အေားကွာ ကိုယ် အခုတလော အရမ်းကို ခေါင်းကိုက်နေတယ်။
ဒေစီ ။   ။ခေါင်းကိုက်တာများကွယ်၊ ဆရာဝန်ဆီသွားမနေနဲ့၊ အက်စ်ပရင်
လည်း သောက်မနေနဲ့ ကိုယ်ဆိုရင် ခေါင်းကိုက်တဲ့အခါ
အိမ်ပြန်သွားပြီး၊ ယောင်္ကျားကို ကောင်းကောင်းနှိပ်ခိုင်း
လိုက်တာ တစ်ခါတည်း ယူပစ်သလို ပျောက်သွားတာပဲ။
မေရီ ။   ။ ဟုတ်လား ဒါဖြင့် မင်းယောင်္ကျား အခုအိမ်မှာ ရှိလား.............။
သန်းကြွယ်သူဌေးကြီးဆိုတော့..
စာသင်ခန်းတစ်ခုတွင် ဆရာမက ကျောင်းသားများအား
အက်ဆေးတစ်ပုဒ် ရေးခိုင်းသည်။
`အက်ဆေးတစ်ပုဒ် ရေးရမယ်၊ခေါင်းစဉ်က
ကျွန်တော် သန်းကြွယ်သူဌေးကြီးဖြစ်ခဲ့သော်၊
ကဲ... ခဲတံနဲ့ စာရွက်ယူ စတော့`
ဖိလစ်မှလွဲပြီး ကျောင်းသားအားလုံး တစ်ပြိုင်တည်း
စိတ်ပါဝင်စားစွာ စတင်ရေးကြသည်။
ဖိလစ်မှာ ဘာမျှမလုပ်ဘဲ လက်ပိုက်ပြီး ထိုင်နေသည်။
ထိုတွင် ဆရာမက
`ဖိလစ် ဘာဖြစ်လို့ မရေးတာလဲ`
ဟု မေးသည်။
ဖိလစ်၏ အဖြေက
`ကျွန်တော့် အတွင်းရေးမှုးကို စောင့်နေတာပါ`
ဘယ်သူတွေ ဘာဘဲပြောပြောသူငယ်ချင်းတွေ ဒီဟာသလေးတွေကို ဖတ်ပြီး
ပြုံးပျော်တာကိုပဲ ကျေနပ်နေတာပါ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment