RADIO

What is current song?

RSS

တိုက်တန်းနစ် သင်္ဘောတွင် ဂီတသမားတို့ တကယ် အသက်စွန့်သွား

တိုက်တန်းနစ် သင်္ဘောတွင် ဂီတသမားတို့ တကယ် အသက်စွန့်သွား

၁၉၁၂ ခုနှစ်က တိုက်တန်းနစ် သင်္ဘောပေါ်မှာ ပါဝင်တဲ့ သံစုံတီးဝိုင်းဟာ တကယ်ပဲ အသက်စွန့်တီးသွားလား၊ ဒါရိုက်တာပဲ အပိုလုပ်တာလားလို့ ဇဝေ ဇဝါ ဖြစ်ခဲ့ကြပါတယ်။ အမှန်တော့ သူတို့အားလုံးဟာ တကယ်ပဲ အသက် စွန့် ဖျော်ဖြေခဲ့သူများ ဖြစ်ပါတယ်။

သင်္ဘောနှစ်မြှုပ်နေချိန် လူအများ ပြေးလွှားပြီး သက်ကယ်လှေတွေပေါ် အလုအယက် တက်လို့ နေရာယူနေကြပါတယ်။ ရုတ်ရုတ်သဲသဲနဲ့ အားလုံး သတိလက်
လွတ် ဖြစ်နေချိန်မှာ ယင်း သံစုံတီဝိုင်းဟာ ဘာမှ မဖြစ်ခဲ့ပါဘူး။ သင်္ဘောပေါ်မှာ ပါဝင်သူများအားလုံး စိတ်ဂနာမငြိမ် ဖြစ်နေတာ သက်သာ အောင် တကယ်ပဲ ဖျော်ဖြေပေးခဲ့ကြပါတယ်။ ဒါကြောင့် သက်ကယ်လှေနဲ့ လိုက်ပါခွင့် ရတာတောင် တုတ်တုတ်မျှ မလုပ်ပဲ ဂီတတွေထဲ စီးမျောနေခဲ့ကြတဲ့ ယင်း သံစုံတီးဝိုင်းအဖွဲ့ကို တကယ့် လူစွမ်းကောင်းများ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အများ အသက်ရှင်ဖို့အတွက် အတတ်နိုင်ဆုံး စတေးပေးခဲ့တာ ဖြစ်ပါတယ်။

Second Class မှ လိုက်ပါသွားကြခြင်း ဖြစ်ပြီး ရှစ်ဦးနဲ့ စုဖွဲ့ထားတဲ့ ဂီတ သမား များ ဖြစ်ပါတယ်။ ပြင်သစ်နဲ့ စကော့တလန်သား နှစ်ဦးကလွဲလို့ ကျန်တာ အင်္ဂလန်သားများ ဖြစ်ပါတယ်။ သင်္ဘောနှစ်မြှုပ်စဉ် ခရီးသည် များ ကြောက်စိတ်ကင်းစေဖို့ သီချင်းများ စုံစုံလင်လင် တီးခတ်ပါ တယ်။ သီချင်းအများစုကတော့ အားတက်စေမယ့် သီချင်းများ ဖြစ်ပြီး နောက်ဆုံး တီးသွားတဲ့ သီချင်းကတော့ "Nearer, My God, to Thee" ဖြစ်တယ်လို့ အများက အသိမှတ်ပြု လက်ခံထားကြပါတယ်။

အနုပညာကို ချစ်မြတ်နိုးပြီး အသက်စွန့်ဖျော်ဖြေသွားကြတဲ့ ယင်း ပုဂ္ဂိုလ် ၈ ဦးအတွက် အင်္ဂလန်မှာ အထိမ်းအမှတ် အုတ်ဂူ ထားရှိပေးထားတယ်လို့ သိရ ပါတယ်။
----
Ref: wiki

http://www.innewsmyanmar.com/2012/11/blog-post_1.html
 ဂီတနှင့်လူတွေအပေါ်ကယ်တင်လိုသောစိတ်ထားများမွန်မြတ်ကြပါသည်။လေးစားဘို.ကောင်းပါတယ်။
ဘ၀နဲ.ရင်းပြီးရလာတဲ့ ဘ၀သင်ခန်းစာတွေကို တို့တွေက ဘ၀နဲ့ရင်းစရာမလိုဘဲ စာပေမျှဝေသူတွေကတဆင့် ရလိုက်တဲ့ ဘ၀သင်ခန်းစာ တပုဒ်ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment