RADIO

What is current song?

RSS

မြန်မာ့စိတ်


သူငယ်ချင်း..
မြန့် မာစိတ်ဆိုတာ..
မရှိကိုရှိဟန်ဆောင်..
မာနထောင်ဘ၀င်မြင့်
ကြွားတလွင့်လွင့် ဘယ်တော့မှမနေဘူး..။

သူငယ်ချင်း
မြန်မာ့စိတ်ဆိုတာ..
မတတ်ကိုတတ်ဟန်ဆောင်
မာနထောင်..ရင်ကိုကော့
ခေါင်းတစ်မော့မော့ ဘယ်တော့မှမနေဘူး..။
သူငယ်ချင်း
မြန်မာ့စိတ်ဆိုတာ..
မသိကိုသိဟန်ဆောင်..
မာနထောင်ဘ၀င်ဟပ်..
ငါကွသတ်မှတ်ပြီး ဘယ်တော့မှမနေဘူး..။
သူငယ်ချင်း..
မြန်မာလူမျိုးတွေဟာ..
ဘာကိုပဲတွေးတွေး..
သူတစ်ပါးကို..စာနာပေးရမှ ကျေနပ်တတ်ကြတာ..။
ဘာကိုပဲပြောပြော
သူတစ်ပါးကို ညှာတာပေးရမှာ ကျေနပ်တတ်ကြတာ..။
ဘာကိုပဲလုပ်လုပ်..
သူတစ်ပါးကို ဒုက္ခဘေးမှ ကယ်တင်တတ်ကြတာ..။
အဲဒီလို...အဲဒီလို..
အနှစ်ချုပ်ထုတ်ယူပြရရင်..
မြန်မာစိတ်ဆိုတဲ့ အမည်နာမက..
""ထင်းခနဲ..""
ကဲ..ဒါကိုဘယ်သူငြင်းမလဲ???။
(မယမုံမိုးကို vote ပေးလို့ ..မစာမနာကန့် ကွက်ပြီး  ရစရာမရှိအောင်..အပြစ်ရှာနေကြသော..ရွှေမြန်မာများ၏
အသံများကြောင့်...ထွက်ပေါ်လာသော..ကဗျာတစ်ပုဒ်ဖြစ်ပါကြောင်း  ၀န်ခံပါ၏...)
အားလုံးကိုချစ်ခင်လေးစားတဲ့
♪♥♪ဆုဂျေ♪♥♪  ကူးယူတင်ပြလိုက်ပါသည် အမှတ်ရကြရန်ပါ........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment