နည်းမျိုးစုံနဲ့အကြမ်းဖက်ခံခဲ့ရလို့
သေဆုံးသွားရတဲ့ နိုင်ငံတကာက လိင်တူချစ်သူတွေအတွက် ဆုတောင်းပွဲကို ဒီနေ့
မြန်မာပြည် မြို့ကြီး ၆ မြို့မှာ တပြိုင်နက်တည်း ကျင်းပဖို့
ပြင်ဆင်နေကြပါပြီ။
ဝမ်းနည်းခြင်း
အထိမ်းအမှတ် ဆုတောင်းပွဲ လုပ်မယ့် မြို့တွေကတော့ ရန်ကုန်၊ ပြည်၊
ကျောက်ပန်းတောင်း၊ မုံရွာ၊ ပုသိမ်၊ မန္တလေး တို့ ဖြစ်ပါတယ်။
ရန်ကုန်မှာဆိုရင် မြို့လယ်က Central ဟိုတယ်မှာ ည ၇ နာရီကနေ ၉ နာရီအထိ ပြုလုပ်မှာပါ။
ရန်ကုန်က
ဆုတောင်းပွဲ အစီအစဉ်မှာ ၀မ်းနည်းခြင်းအထိမ်းအမှတ် ဆီမီးထွန်းခြင်း
အစီအစဉ်သာ ပါဝင်ပြီး၊ နယ်မြို့တွေမှာကတော့ သက်ဆိုင်ရာ
ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေက သေဆုံးသွားသူတွေအတွက် အမျှအတန်း ပေးဝေခြင်း
ဆိုတဲ့ အစီအစဉ်ပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
ဆုတောင်းပွဲမှာ ပါဝင်မယ့် အဖွဲ့အစည်းများ
- Human Rights Education Institute of Burma (HREIB)
- King n Queen
- လင်းလက် လို့ ခေါ်တဲ့ အမျိုးသမီးချင်းချစ်ကြိုက်သူ(လက်စဘီယန်)အဖွဲ့
- Myanmar MSM Network
- Equality Myanmar
ဆုတောင်းပွဲ
ကျင်းပမယ့် ပုံစံတွေက ဒေသအလိုက် ကွာခြားသွားနိင်တယ်၊ တချို့က လိင်တူအဖွဲ့
တခုတည်းက သီးသန့်ကျင်းပမယ်၊ တချို့ဒေသမှာတော့ ၎င်းတို့ရဲ့ မိဘ၊
သူငယ်ချင်းတွေပါ တက်ရောက်ကြမယ်၊ ဘာသာရေးခေါင်းဆောင်တွေကိုယ်တိုင် ဦးဆောင်
စီစဉ်မယ့် ဒေသလည်း ရှိတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ
ချင်းမိုင်မြို့မှာ ဒီလိုလိင်တူချစ်သူများရဲ့ လှုပ်ရှားမှုတွေကို မကြာခဏ
စီစဉ်ကျင်းပလေ့ရှိတယ် လို့ HREIB ရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်းက
ဆိုပါတယ်။
ရန်ကုန်မှာက အခြားနိုင်ငံတွေမှာ လူသေဆုံးသွားအောင်အထိ
အကြမ်းဖက်ခံရမှုတွေ မရှိသေးပေမယ့် အခြားနည်းတွေနဲ့ လိင်တူချစ်သူတွေ
အစော်ကားခံရတာတွေ ရှိတော့ သူတို့ကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ သူက
ဆက်ပြောပါတယ်။
ဆက်စပ်ဖတ်ရှုရန် ~
Yes or No ~ Click 
Homophobia သို့မဟုတ် လိင်တူချစ်သူများအား ရွံမုန်းမှု ~ Click 
ချစ်တာ အပြစ်လား ~ Click 
အမျိုးသားနှစ်ယောက်ရဲ့ ဖူးစာ ~ Click
အကြမ်းဖက်ခံရတဲ့ လိင်တူချစ်သူများအတွက် ဆုတောင်းပွဲတွေလုပ်မယ်
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment