RADIO

What is current song?

RSS

သမ္မတအိုဘားမားနှင့်သူ၏မြန်မာပြည်ခရီစဉ်.....

သမ္မတအိုဘားမားနှင့် အဖွဲ့သည် ယနေ့ ညနေ ၃း၄၀  နာရီ ဝန်းကျင်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရှိရသည်။
Nov 19 - 3 : 20 PM
သမ္မတအိုဘားမားနှင့် အဖွဲ့ ယာဉ်တန်းသည် ယနေ့ ညနေ ၃း၂၀ နာရီ ဝန်းကျင်တွင်  ရန်ကုန်တက္ကသိုလ်မှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သည်။
Nov 19 - 3 : 15 PM
"ကျေးဇူးတင်ပါတယ်" ဟု မြန်မာစကားဖြင့် ပြောကြားပြီးနောက် မိနစ် ၄၀ နီးပါး ကြာ အမေရိကန်သမ္မတ အိုဘားမား၏ မိန့်ခွန်းအား အဆုံးသတ်ခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
Nov 19 - 2 : 45 PM
"မြန်မာနိုင်ငံ မင်္ဂလာပါ" ဟု မြန်မာစကားဖြင့် အစချီ၍ အမေရိကန်သမ္မတ အိုဘားမားက ဘွဲ့နှင်းသဘင် ခန်းမအတွင်း စတင် မိန့်ခွန်းပြောကြားနေပြီ ဖြစ်သည်။

speech2
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းစတင် ပြောကြားနေစဉ် Photo : AFP
 Nov 19 - 2 : 30 PM
အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့မွန်းလွဲ ၂ နာရီခွဲ ၀န်းကျင်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောမည့် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီကလင်တန်တို့ ဘေးချင်းယှဉ် အတူထိုင်လျက်ရှိကြောင်း သိရသည်။
Nov 19 - 1 : 37 PM
အမေရိကန်သမ္မတ အိုဘားမား ပြောကြားမည့် မိန့်ခွန်းအား နားထောင်ရန် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား မိန့်ခွန်းနားထောင်းရန် စောင့်ဆိုင်းနေသူများက မတ်တပ်ရပ်၍ လက်ခုပ်တီး ကြိုဆိုခဲ့ကြကြောင်း သိရသည်။
Nov 19 - 1 : 15 PM
အမေရိကန်သမ္မတ အိုဘားမားသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယနေ့ မွန်းလဲ ၁ နာရီ ၁၅ မိနစ် ၀န်းကျင် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
Nov 19 - 12 : 20 PM
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့တွေ့ဆုံ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှု ရရှိရန်အတွက် တတ်နိုင်သမျှ ကူညီသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ပြောကြား
မြန်မာနိုင်ငံသို့ တစ်ရက်ကြာ ရောက်ရှိနေသာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၄င်း၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ နာရီဝက်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း ပါဝင်ကြောင်း သိရသည်။
ခေါင်းဆောင်နှစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း တွေ့ဆုံဆွေးနွေးပြီးနောက် ပြည်တွင်းပြည်ပ မီဒီယာမျွန်ားအား တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ မှတ်ချက် စကားများ ပြောကြားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားက ဆက်လက် ပြောကြားခဲ့ပါသည်။
"ကျွန်မ အမေရိကန်သမ္မတ အိုဘားမားကို ကျွန်မတို့နိုင်ငံ ကျွန်မရဲ့ အိမ်မှာ ကြိုဆိုရတာ အရမ်းဝမ်းသာပါတယ်။ ကျွန်မတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ သမိုင်းရှည်ကြာစွာ ကတည်းက တည်ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ ထောက်ခံခဲ့ပါတယ်။ ရှေ့မှာရှိနေတဲ့ ခက်ခဲတဲ့ နှစ်များတစ်လျှောက်လုံးမှာလည်း ဒီထောက်ခံမှုမျိုး ဆက်လက်ရှိနေလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ မည်သည့် အကူးအပြောင်းတွင်မဆို အခက်ခဲဆုံး အချိန်ကာလမှာ အောင်မြင်မှုကို မြင်တွေ့ရပြီလို့ထင်တဲ့ အချိန်ပါပဲ။ ကျွန်မတို့ အနေနဲ့ အောင်မြင်မှု တံလျှပ်ရဲ့ ဖျားယောင်မှု မခံရဖို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ စစ်မှန်သော အောင်မြင်မှုတွေ ရဖို့အတွက် ကျွန်မတို့ နှစ်နိုင်ငံ အကြားနှင့် ပြည်သူနှစ်ရပ် အကြား ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ လုပ်ရမယ့် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ရပါမယ်။ သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ဖြစ်ထွန်းစေပြီး မြန်မာနိုင်ငံရဲ့ ဦးတည်ရာကိုလည်း မှန်ကန်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မအနေနဲ့ အမေရိကန်ပြည်ထောင်စု အစိုရနဲ့ တတ်နိုင်သမျှ ဆက်သွယ်ဆောင်ရွက်သွားပါမယ်။" ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
"မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး အရှိန်အဟုန် ကို ထိန်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီထဲမှာ ယုံကြည်စိတ်ချရသည့် အစိုးရ အဖွဲ့အစည်းများ တည်ထောင်ခြင်း တရားဥပဒေစိုးမိုးရေး ဖေါ်ဆောင်ခြင်း၊ တိုင်းရင်းသား ပဋိပက္ခများ ချုပ်ငြိမ်းခြင်း၊ မြန်မာပြည်သူများ ပညာရေး၊ ကျွန်န်းမာရေး စောင့်ရှောက်မှုနဲ့ စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိစေရေး သေချာစေခြင်းတို့ ပါဝင်ပါတယ်။ ကျွန်တော်အနေနဲ့ ဒီနိုင်ငံက ပြည်သူတွေကို ကတိ ပေးချင်ပါတယ်။ ဒီကတိကို ကျွန်တော်တို့အနေနဲ့ ထိန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ တစ်ကယ်လို့များ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့ တိုးတက်မှုများ ဆက်တိုက် မြင်တွေ့ရမယ်ဆိုပါက ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမှုတွေဟာလည်း ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်မှု ရဖို့အတွက် ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သမျှ အားလုံးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ယနေ့နံနက် ၁၂ နာရီ မိနစ် ၂၀ ၀န်းကျင်တွင် အမေရိကန်သမ္မတ အိုဘားမား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရသည်။
obamasu3

obamasu1
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း တွေ့ရစဉ်
Nov 19 - 12 : 15 PM
အမေရိကန်သမ္မတ အိုဘားမားသည် လက်ရှိအချိန်တွင် (မွန်းလွဲ ၁၂ နာရီ ၁၆ မိနစ်) ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရောက်ရှိသွားပြီဖြစ်သည်။
Nov 19 - 12 : 10 PM
အမေရိကန်သမ္မတ အိုဘားမားသည် ၁၁နာရီ ၅၀ မိနစ်ဝန်းကျင်တွင် ရွှေတိဂုံစေတီတော်ကို တက်ရောက်ဖူးမျှော်ခဲ့ပြီး လက်ရှိအချိန်တွင် ရွှေတိဂုံစေတီမှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
pagoda1
pagoda2
Nov 19 - 11 : 45 AM
အမေရိကန်သမ္မတ အိုဘားမားသည် လွှတ်တော်မှ ထွက်ခွာပြီးနောက် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြှော်မည်ဖြစ်ကာ မြောက်ဘက်မုဒ်မှ ရင်ပြင်တော်ပေါ်သို့ တတ်ရောက်မည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် သမ္မတအိုဘားမား၏ လုံခြုံရေး တပ်ဖွဲ့ဝင်များ ရွှေတိဂုံစေတီတော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Nov 19 - 11 : 45 AM
အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ုတိုင်းဒေသကြီး လွှတ်တော်မှ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။
Nov 19 - 11 : 35 AM
ယနေ့နေ့လည်ပိုင်းတွင်း အမေရိကန်သမ္မတ အိုဘားမားသည် လူမှုရေးအဖွဲ့အစည်းများ ၊တိုင်းရင်းသား အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကို တွေ့ဆုံပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
Nov 19 - 11 : 30 AM
obamats
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့အား တွေ့ရစဉ် Photo : AFP
  နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့၏ တွေ့ဆုံမှု နံနက် ၁၁နာရီ ၂၀မိနစ်အချိန်တွင် ပြီးစီးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် အမေရိကန် သမ္မတ အိုဘားမားက ယခုကဲ့သို့ အပြုသဘောဆောင်သောတွေ့ဆုံမှုသည် အမေရိကန် မြန်မာ နှစ်နိုင်ငံ ရေရှည်ဆက်ဆံရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် မြန်မာနိုင်ငံအား တိုးတက်မှုကိုဖြစ်ပေါ်စေ ကြောင်း၊ အမေရိကန် မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်နှင့်မြန်မာနိုင်ငံ နှစ်နိုင်ငံအတွက်သာမက အရှေ့တောင်အာရှအပြင် တစ်ကမ္ဘာလုံးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ကြောင်း နိုင်ငံတော်သမ္မတကြီး၏ ကလေးစစ်သားဆိုင်ရာ ဆောင်ရွက်မှုများနှင့် လက်နက်ကြီးတပ်ဆင်မှု ထိန်းချုပ်မှုဆိုင်ရာ ဆောင်ရွက်မှုများသည် ကောင်းမွန်ပါကြောင်း၊ မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် ထပ်မံ လာရောက်နိင်မည် ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
Nov 19 - 11 : 00 AM
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားသည် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် နာရီဝက်ကြာ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အိုဘားမားသည် ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး တစ်ဦးလျှင် ၅ မိနစ်ခန့် ၄င်းတို့၏ တွေ့ဆုံမှုနှင့် ပတ်သတ်၍ မှတ်ချက်စကားပြောကြားမည် ဖြစ်သော်လည်း မီဒီယာများမှ မေးမြန်းခွင့်မရှိကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက မီဒီယာများသို့ ပြောကြားခဲ့သည်။
Nov 19 - 10 : 20 AM
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် သမ္မတအိုဘားမားတို့ စတင်တွေ့ဆုံနေပြီဖြစ်ကြောင်း သိရှိရသည်။
Nov 19 - 10 : 15 AM
အမေရိကန်သမ္မတ အိုဘားမား ယာဉ်တန်းအားတွေ့ရစဉ်
ob1
Nov 19 -  10 : 5 AM
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ယာဉ်တန်းအားတွေ့ရစဉ်
19m

Nov 19 - 10 : 00 AM အမေရိကန်သမ္မတ အိုဘားမား ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန်သို့ရောက်ရှိ
အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ အိုဘားမားနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါ လိုက်ပါလာခဲ့ပြီး အိုဘားမားနှင့် အဖွဲ့အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မီရှဲတို့ လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
သမ္မတ အိုဘားမားနှင့်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ ၀န်းကျင်တွင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်သို့ ရောက်ရှိခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တွင် တွေ့ဆုံနေကြောင်း သိရသည်။အမေရိကန်သမ္မတ အိုဘားမားနှင့်အဖွဲ့သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တွင် တွေ့ဆုံပြီးပါက တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးသို့ သွားရောက်မည်ဖြစ်ကာ ယင်းမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ကာ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ယနေ့အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်တစ်လျှောက် မြန်မာပြည်သူ အများအပြားက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ob7
ob9

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment