RADIO

What is current song?

RSS

ဒီဇင်ဘာလ အတွက်ဗေဒင်




ဆရာမျိုးဟန်ကို - 2011,December လ အတွက် ဗေဒင် ဟောစတမ်း
၁။ တနင်္ဂနွေသားသမီးများ အတွက်

ယခုလတွင်း အလုပ်အကိုင် ကိစ္စများ အဆင်မပြေပဲ ဖြစ်နေမည်။ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို နဲ့ ဆုံးဖြတ်ရခက်နေမည်။ အလုပ်အကိုင် အတွက်နဲ့ စိတ်တိုင်းမကျ စိတ်ပျော်ရွှင်မရှိပဲ ဖြစ်နေမည်။ အလုပ်ပြောင်းလိုစိတ် နေရာပြောင်း လိုစိတ်များ ဖြစ်ပေါ်နေမည်။ ယခုလတွင်း ငွေကြေးကိစ္စများ အတွက်နဲ့ စိတ်ညစ်နေရမည်။ ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ အဖတ်မတင်သေးပါ။ အထက် လူကြီးတစ်ဦးဦးထံမှ ကူညီမှရရှိမည်။ လူမှုရေးကိစ္စများနှင့် မိသားစု ညီအစ်ကို မောင်နှမ ကိစ္စများတွင် အနည်းငယ် စိတ်ညစ်ရမည်။ ကောင်းသောခရီးတစ်ခုသို့ ထွက်ရမည်။ အင်္ဂါနံကိစ္စများ တနလာင်္နံကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်နေရမည်။ပညာရေး ရည်မှန်းချက်များ တိုးတက်လာမည်။ အဆင်ပြေလာမည်။ ဒီလအတွင်း အချစ်ရေးကိစ္စများ ချစ်သူနဲ့ အမြဲစကားများနေရမည်။ ချစ်သူအသစ် ရရှိမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေးပါ။ ဒီလအတွက် ကျန်းမာရေး ဗိုက်နာဗိုက်အောင့် ဖြစ်မည်။ ယတြာ = ကံကောင်းစေရန် အတွက် မိမိနေအိမ်ဘုရားတွင် သရက်သီး ၃ လုံး လှူဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်း ။ ။ ၇ ၉ ၀ ၁

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ အလုပ်အသစ် နေရာအသစ်များစတင်ပြုလုပ်ရမည်။ လုပ်ငန်းများအတွက် အကူညီပေးသူ အကြံညဏ်ပေးသူများ ပေါ်ပေါက်လာမည်။ စီးပွားရေးလုပ်ငန်းများ တိုးတက် အောင်မြင်လာမည်။ ယခုလအတွင်း အဖက်ဖက်မှ ကံကောင်းလာသော အချိန်လေး ဖြစ်ပါသည်။ ယခုလအတွင်း ငွေကြေးကိစ္စများ ကုန်ကျမှုများနေမည်။ စက်ပစ္စည်း အသစ်ထပ်ဝင်မည်။ မိသားစုအတွင်း ကောင်းသောပြောင်းလဲခြင်း ကြုံမည်။ အလုပ်အတွင်း သူငယ်ချင်း မိတ်ဆွေတစ်ဦးမှ မိမိအား အထင်လွဲခြင်း ဖြစ်မည်။ ပညာရေး ကံကောင်းနေသော အချိန်လေး ဖြစ်ပါသည်။ ယခုလတွင်း အချစ်ရေးကိစ္စများ အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။ အိမ်ထောင်ရေး ကိစ္စများ စိတ်နေသဘောထား မတိုက်ဆိုင်ပဲ ဖြစ်နေမည်။ ယခုလ အတွင်း ကျန်းမာရေးမှာ ခါးနာ ၊ ဒူးနာ ဖြစ်နေမည်။ ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့တွင် ကလေးတစ်ဦးဦးအား ငွေ ၁၅ ကျပ် လှူဒါန်း၍ဆုတောင်းလိုက်ပါ။ ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ ၅ ၃ ၁ ၉

၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလ အတွင်း အလုပ်အကိုင် ကိစ္စများ အဆင်မပြေသေးပါ။ ရတာမလို လိုတာမရနဲ့ ဖြစ်နေမည်။ လုပ်ဆောင်မှုများ အဆင်မပြေပဲ ဖြစ်နေမည်။ လုပ်ငန်းများ လုပ်ကိုင်ရာတွင် ရန်အတိုက် အခံများနှင့် မနာလိုသူများ ရှိနေပါသည်။ ငွေကြေးကိစ္စများ ပုံမှန်လေး အဆင်ပြေလာမည်။ အခက်အခဲတွေ များနေသော်လည်း အကူညီပေးသူများ ပေါ်လာမည်။ ယခုလအတွင်း နေရာထိုင်ခင်းကိစ္စများ ငွေကြေးကိစ္စအတွက်နဲ့ အနည်းငယ် စိတ်ညစ်နေရမည်။ အဝတ်အထည်များ ဝင်မည်။ အမွေကိစ္စများ ဖြစ်ပေါ်လာမည်။ ပညာရေး ဆက်လက် ကောင်းမွန်လာမည်။ ကံကောင်းနေသော အချိန်ဖြစ်ပါသည်။ ဒီလအတွင်း အချစ်ရေးမှာ အဆင်ပြေလာမည်။ ခဏတာ ဝေးနေသော်လည်း ပြန်လည်ဆုံဆည်းလာမည်။ ဒီလအတွင်း အိမ်ထောင်ရေး ကိစ္စများ နေသော အချိန်လေး ဖြစ်ပါသည်။ ဒီလအတွင်း မျက်စိအားနည်းမည်။ယတြာ = ကံကောင်းစေရန်အတွက် အင်္ဂါနေ့ နံနက်တွင် အသက်ကြီးသူတစ်ဦးအား မိမိနှစ်သက်ရာ သစ်သီး ၅ လုံးကို လှူဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ ၃ ၉ ၇ ၅

၎။ ဗုဒ္ဓ္ဓဟူးသားသမီးအတွက်

ဒီလအတွင်း ဆန္ဒတွေဟာ မပြည့်စုံသေးပါဘူး။ အထက်လူကြီးတွေနဲ့လည်း သိပ်ပြီးအဆင်မပြေသေးပါဘူး။ သွားမတွေ့ သင့်ပါ။ ဒီလအတွင်းမှာ စိတ်ညစ်ပြီး အလုပ်လုပ်နေရမည်။ စီးပွားရေးမှာ ခဏလေးတော့ စောင့်ရဦးမည်။ ငွေကြေးကိစ္စများကတော့ ချက်ချင်းလိုတဲ့ ငွေကိုချက်ချင်း ရှာလို့ မရဘူးနော်။ သဘောက ခဏစောင့်ရဦးမှာပါ။ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ သူတစ်ပါးအတွက်နဲ့ ရုတ်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ခရီးတွေက ရုတ်တစ်ရက်သွားလာခြင်း ရှောင်ပါ။ သူတစ်ပါးကိစ္စတွေနဲ့ အလုပ်ရှပ်နေမည်။ အချစ်ရေးမှာ အဆင်ပြေနေမည်။ အိမ်ထောင်ရေးကတော့ ခဏယာယီခွဲခွာ နေရမည်။ ကျန်းမာရေး အိပ်ရေးပျက်မည်။ ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။ ယတြာ = မိမိနေအိမ်တွင် သန့်ရှင်းရေးလုပ်ပါ။ ကံကောင်း လာစေရန်အတွက် ဆုတောင်းပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ ၃ ၈ ၁ ၁

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်း မိမိဖြစ်ချင်တာတွေ မျှော်လင့်တာတွေ တွေ့ရလိမ့်မယ်။ နေရာသစ် ရရှိမည်။ အလုပ်အကိုင်များတွင် အထက်လူကြီးနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ ငွေရဖို့ သေချာနေပြီ ငွေဝင်နေမည်။ ခရီးယာယီ တွေသွားမယ် ဆိုရင် မိမိရဲ့ အဖော်နဲ့ သွားပါ အကျိုးရှိပါသည်။ အချစ်ရေးမှာ ဆွတ်ပျံ့ဖွယ်ရာ အချစ်ဇတ်လမ်းလေး တွေ့ရမည်။အိမ်ထောင်ရေးမှာ အခုအချိန်မှာ အတွဲညီနေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေး သင့်တင့်လေးပါ ခါးနာ ဒူးနာ ဖြစ်နေမည်။ ယတြာ = ဘုရားတွင် ပန်း အနီရောင် ၇ ပွင့် တင်လှူ၍ လိုရာ ဆုတောင်းပါ။ အကျိုးပေးသောဂဏန်း ။ ။ ၁ ၇ ၆ ၁

၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်း ဆန္ဒတွေဟာ မပြည့်စုံသေးပါဘူး။ အထက်လူကြီးတွေနဲ့လည်း သိပ်ပြီးအဆင်မပြေသေးပါဘူး။ သွားမတွေ့ သင့်ပါ။ ဒီလအတွင်းမှာ စိတ်ညစ်ပြီး အလုပ်လုပ်နေရမည်။စီးပွားရေးမှာ ခဏလေးတော့ စောင့်ရဦးမည်။ ငွေကြေးကိစ္စများကတော့ ချက်ချင်းလိုတဲ့ ငွေကိုချက်ချင်း ရှာလို့ မရဘူးနော်။ သဘောက ခဏစောင့်ရဦးမှာပါ။ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ သူတစ်ပါးအတွက်နဲ့ ရုတ်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ခရီးတွေက ရုတ်တစ်ရက် သွားလာခြင်း ရှောင်ပါ။ သူတစ်ပါးကိစ္စတွေနဲ့ အလုပ်ရှပ်နေမည်။ အချစ်ရေးမှာ အဆင်ပြေနေမည်။ အိမ်ထောင်ရေး ကတော့ ခဏယာယီခွဲခွာ နေရမည်။ ကျန်းမာရေးမှာ အိပ်ရေးပျက်မည်။ ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။ ယတြာ = မိမိနေအိမ်တွင် ဘုရားတွင် ဆွမ်းတော် ကပ်လှူ၍ လိုရာ ဆုတောင်းပါ။ ကံကောင်း လာစေရန်အတွက် ဆုတောင်းပါ။ ဒီအတွက် အကျိုးပေးသော ဂဏန်း ။ ။
၅ ၇ ၈ ၈
၇။ စနေသားသမီးများ အတွက်

ဒီလအတွင်းမှာ ရည်ရွှယ်တာလေးတွေ အောင်မြင်နေမည်။ အလုပ်ကိစ္စများ စီးပွားရေးကိစ္စတွေမှာတော့ အဆင်ပြေလာမည်။ အထက်လူကြီးနဲ့ အတူတူပြုလုပ်ဆောင်ရွှက် တာတွေ သိပ်အဆင်မပြေဘူး ဖြစ်နေပါသည်။ အလုပ်ထဲ စိတ်မပျော်ပဲ အလုပ်လုပ်နေရမည်။ လူတစ်ခြား စိတ်တစ်ခြား ဖြစ်နေတာပါ။ငွေကြေးကိစ္စတွေမှာ အဆင်မပြေသေးပါဘူးဗျာ မရခင်က ကုန်ကုန်နေလို့ စိတ်ညစ်နေရမည်။ ငွေကတော့ ဝင်လာမှာပါ။ ခရီးကိစ္စများ သွားလာမှု အဆင်မပြေသေးပါဘူး။ ဒီလအတွင်း စနေသားသမီးများ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။ အချစ်ရေးကတော့ လွမ်းနေရမည်။အိမ်ထောင်ရေးကတော့ ရန်ဖြစ်နေမည့် အချိန်လေးပါ။ အခုလ ကျန်းမာရေး အနေနဲ့ ဦးခေါင်းပိုင်း ကျန်းမာ ရေးညံ့မည်။ ခေါင်းမူးတာတို့ ဖြစ်မည်။ ယတြာ = အုန်းညွန့် ၃ ညွန့်ကို စနေနေ့ နံနက် ၉ နာ၇ီ ၄၅ မီနစ်တွင် မိမိရဲ့အိမ်ဘုရားတွင် တင်လှူရင်း လိုရာ ဆုတောင်းယူပါ။ ကံကောင်းလာမည်။ အကျိုးပေးသော ဂဏန်း ။ ။ 5 6 5 6

2011,Decembe လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။

စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

ဆရာမျိုးဟန်ကို

2011,Decembe တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် - ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms - myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

Source by :http://www.myohanko.br.ms/
--

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment