RADIO

What is current song?

RSS

ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတ ဦးသိန်းစိန် ထံသို့ အမေရိကန် သမ္မတ၏ ပေးစာ

Obamar_01လေးစားရပါသော
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား . . .
မကြာသေးမီက အသင်နဲ့ စကားပြောခွင့် ရခဲ့တာကို ကျွန်တော် ပျော်ရွှင် ၀မ်းမြောက်မိသလို ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ တယ်လီဖုန်း ပြောဆိုမှုမှာ ဖော်ပြခဲ့သလို ကျွန်တော်ဟာ ဒီမိုကရေစီအတွက် ရဲရဲဝံ့ဝံ့၊ မမှိတ်မသုန်ဆောင် ရွက်နေတဲ့ အသင့်ရဲ့ကြိုးပမ်း အားထုတ်မှုတွေကို လေးစား နေခဲ့တာကြာပါပြီ။ အသင်နဲ့ စကားပြော ခဲ့ရခြင်းဟာ မကြာသေးမီက ကျွန်တော့်ရဲ့ အာရှခရီးစဉ်၏ မီးမောင်းထိုးမှု တစ်ရပ်အဖြစ် ယူဆမိပါတယ်။
မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးသို့ ဦးတည်တဲ့ တွန်းအားပေး ခြေလှမ်းများစွာ ဆောင်ရွက်ခဲ့တာ တွေ့ရတဲ့ အတွက် ကျွန်တော် ကျေနပ်မိပါတယ်။ နိုင်ငံခြား ရေးဝန် ကြီး ကလင်တန်ရဲ့ခရီးစဉ်ဟာ ယူနီဗာ ဆယ်လူ့ အခွင့်အရေး အပေါ် အလေးထားမှုနဲ့ နိုင်ငံရေး ကဏ္ဍသစ် ဖွင့်လှစ်ရေးကို မြှင့်တင် ဆောင်ရွက်ဖို့ အမေရိကန်ပြည် ထောင်စုက ဘယ်လို အထောက်အပံ့ ပေးနိုင်တယ် ဆိုတာကို လေ့လာဆန်းစစ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီခရီးစဉ်ဟာ မြန်မာပြည်သူ တွေရဲ့ ပြင်းပြတဲ့ ဒီမိုကရေစီ ရည်မှန်းချက်တွေကို ကူညီနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက အလေးအနက် ကတိပြု ထားမှုကိုလည်း ပြသမှာဖြစ်ပါတယ်။
DAung_Suu_K(ဓါတ်ပုံ - အင်တာနက်)
နိုင်ငံခြားရေး ၀န်ကြီးရဲ့ ခရီးစဉ်ကို ကြိုဆိုတဲ့အတွက် အသင့်ကို ကျေးဇူးတင်ပါတယ်။ အသင်နဲ့ နောက်တစ်ကြိမ် စကား ပြောခွင့်ရဖို့လည်း စောင့်မျှော်နေပါတယ်။ ကမ္ဘာတစ်ဝန်းလုံးရှိ တရားမျှတမှု၊ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီ တန်ဖိုးများကို မျှဝေသူတွေ အားလုံးအတွက် အသင် ပေးစွမ်းတဲ့ မျှော်လင့်ချက် တွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခု အသင်နဲ့အတူ ရပ်တည် နေပါပြီ။ ဒီလို အမြဲတမ်း ဆက်လက်ရပ်တည် သွားမှာပါ။
ချစ်ကြည်လေးစားစွာဖြင့်
ဘားရက်အိုဘားမား
အမေရိကန်သမ္မတ

ချစ်ကြည်လေးစားအပ်ပါသော
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ခင်ဗျား . . .
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်က ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့ အမေရိကန်- အာဆီယံခေါင်း ဆောင်များ ထိပ်သီးအစည်း အဝေးမှာ ကျွန်တော် တို့နှစ်ဦး တွေ့ဆုံဆွေးနွေးခွင့်ရခဲ့တာကို ကျေနပ် မိပါတယ်။ အဆွေတော်ရဲ့ ဦးဆောင်မှုနဲ့ အတူ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှု လမ်းကြောင်းကို တွန်းအား ပေးတဲ့ခြေလှမ်းတွေများ စွာလုပ် ဆောင်နိုင်ခဲ့တာကို ကျွန်တော်အားပေးလိုပါတယ်။
U_Thein_Sein(ဓါတ်ပုံ - အင်တာနက်)
ကျွန်တော့် အနေနဲ့ ပြုပြင်ပြောင်းလဲမှု အတွက် အဆွေတော်ရဲ့ အမြင်ကို နှစ်ဦး သဘော အရဆွေးနွေးဖို့၊ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုနဲ့ လူ့အခွင့်အရေး ကာကွယ်မှုမြှင့် တင်ရေးဆိုင်ရာ အဆွေတော် ရဲ့ကြိုးပမ်းအား ထုတ်မှုတွေကို အမေရိကန်ပြည်ထောင်စု က ဘယ်လို အထောက်အပံ့ ပေးနိုင်မလဲဆို တာလေ့ လာဖို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကို အဆွေတော်ရဲ့ နိုင်ငံသို့ စေလွှတ်ပြီး အဆွေတော်တို့ အစိုးရ သာမက ပြည်သူများနဲ့ တိုက်ရိုက်ဆွေး နွေးကာ နှစ်နိုင်ငံဆက် ဆံရေးမြှင့်တင်ဖို့ မျှော်လင့်ခဲ့ပါတယ်။ ကလင်တန် အနေနဲ့ အပြန်အလှန် စိတ်ဝင်စားမှုနဲ့ အပြန်အလှန်လေးစားမှုတွေကို အခြေခံပြီး ကျွန်တော်တို့မှာ ဆက်လက်ရှိနေ သေးတဲ့ မြန်မာနိုင်ငံ အပေါ် စိုးရိမ်ပူပန်မှု တွေကို အဆွေတော်ရဲ့ အစိုးရနဲ့ စေ့စပ် ညှိနှိုင်းပေးမှာ ဖြစ် ပါတယ်။ ကျွန်တော်နဲ့ နိုင်ငံခြားရေး ၀န်ကြီး ကလင်တန် ယခင်က ပြောခဲ့ဖူးသလို ဆက်လက် လုပ်ဆောင်ရမယ့် အရာတွေ အများကြီး ရှိပါသေးတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြုပြင် ပြောင်းလဲမှု အောင်မြင်ရေးအတွက် အဆွေတော်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ စစ်မှန်တဲ့ လက်တွဲဖော် အဖြစ်ရပ်တည်သွားဖို့ အဆင်သင့် ရှိနေပါတယ်။ ဒီသမိုင်းဝင် ခရီးစဉ်ကို ကြိုတင်ပြင်ဆင်မှု၌ အဆွေတော်တို့ အစိုးရရဲ့ ကူညီမှုကို လေးစားစွာ အသိအမှတ်ပြုပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်ရဲ့ ဆွေးနွေးမှု တွေမှ တစ်ဆင့်လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ အကျိုး ရလဒ်တွေကြားသိရဖို့ ကျွန်တော် စောင့်မျှော်နေပါတယ်။ သူမနဲ့ဆွေးနွေးမှု တွေမှတစ်ဆင့် ကျွန်တော်တို့နှစ်နိုင်ငံ ဆက်ဆံရေးမှာ စာမျက်နှာ သစ်ဖွင့်နိုင်မယ့် လမ်းကြောင်း ထက်သို့ရောက်ရှိ မယ်လို့ ကျွန်တော်တို့ အားလုံး မျှော်လင့်ထားပါတယ်။

ချစ်ကြည်လေးစားစွာဖြင့်
ဘားရက်အိုဘားမား
အမေရိကန်သမ္မတ          By Citizen Journalist                                                                                                             ရွှေဟင်္သာသတင်းဋ္ဌါန မှကူးယူဖေါ်ပြပါသည်     

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment