RADIO

What is current song?

RSS

ဝါယာရှော့မှတစ်ဆင့် ဂိုဒေါင်အတွင်းရှိ ယမ်းစိမ်း၊ ကန့် စသောပစ္စည်းများအား ကူးစက်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ ပြောကြား သေဆုံးသူ ၁၇ ဦးနှင့် ဒဏ်ရာရရှိသူ ၈၁ ဦးရှိကြောင်းသိရ

b39_111
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ် ရပ်ကွက်၊ မေတ္တာမွန်ဝင်း၊ မေတ္တာမွန်ဂိုဒေါင်တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၄၀ အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
အဆိုပါမီးလောင်မှုမှာ ၀ါယာရှော့မှတစ်ဆင့် ဂိုဒေါင်အတွင်းရှိ ယမ်းစိမ်း၊ ကန့်စသော ပစ္စည်းများအား ကူးစက်ကာ ပေါက်ကွဲမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းဂိုဒေါင်တွင် မီးလောင်မှုဖြစ်ပွား ကြောင်းကို နံနက် ၁ နာရီ ၄၅ မိနစ် အချိန်တွင် ဖုန်းဖြင့်သတင်းပေးပို့ ခဲ့သဖြင့် မီးသတ်ယာဉ် ၅၇ စီး၊ အထောက်အကူပြုယာဉ် ၁၃ စီး၊ အုပ်ချုပ်မှုယာဉ် ၁၀ စီး၊ သန္ဓေတပ် ဖွဲ့ဝင် ၅၄၆ ဦး၊ အရန်တပ်ဖွဲ့ဝင် ၁၈၂ ဦး၊ တိုင်းကြက်ခြေနီ ၁၃၀ ဦးတို့ဖြင့် သွားရောက်မီးငြှိမ်း သတ် ခဲ့ရာ နံနက် ၄ နာရီ ၃၀ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၆ နာရီ ၄၅ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုမီးလောင်ကျွမ်းသော ဂိုဒေါင်မှာ အစိုးရဌာနပိုင်းအား ပုဂ္ဂလိက ငှားရမ်းလုပ်ကိုင်သော ဂိုဒေါင်ဖြစ်ပြီး မီးလောင်မှုကြောင့် ဂိုဒေါင် ၁၆ လုံးခန့် မီးလောင်ခံရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စုံစမ်းတွက်ချက်နေဆဲဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် သေဆုံးသူ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးအပါအ၀င် အရပ်သား ၁၂ စုစုပေါင်း ၁၇ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူအနေဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၃၃ ဦးအပါအ၀င် အရပ်သားစုစုပေါင်း ၈၁ ဦး(သေဆုံးသူနှင့် ဒဏ်ရာရရှိသူဦးရေ စုစုပေါင်း ၉၈ ဦး)ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁ နာရီကျော် အချိန်ခန့်တွင် ထုတ်ပြန်ချက်အရ သိရှိရသည်။
မီးလောင်မှုကြောင် ဒဏ်ရာရရှိသူများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ကုသလျက်ရှိပြီး မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် စုစုပေါင်း ၉၉၆ ဦးအား မဟာဝိဇယ ဘုန်းကြီးကျောင်းနှင့် အ.မ.က (၂၀) နှင့် အ.မ.က (၂၄) ကျောင်များတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပေးထားကြောင်း သိရှိရသည်။
291 291 293 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment