RADIO

What is current song?

RSS

ရွှေညဝါ ဆရာတော်ကို သံဃာနာယက ၄၇ ပါးမှ လူဝတ်လဲခိုင်း..................................

အဆင့်အဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံသဖြင့် ရွှေညဝါ ဆရာတော်ကို လူဝတ်လဲရန် အတွက် နိုင်ငံတော်သံဃာ့နာယက အဖွဲ့၏ ဆဌအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေးဆုံးက ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
တရားကျင့်ဖို့ စိတ်မဝင်စားပဲ လူသူတွေနဲ့ ဆက်ဆံရတာ၊ နိုင်ငံရေးလုပ်ရတာ စိတ်ဝင်စားရင်
လူထွက်ပြီး စိတ်ဝင်စားတာကို တစိုက်မက်မက်လုပ်ခြင်းက
သာသနာအတွက်လည်း လူပိုတစ်ယောက်လျှော့ပြီး
နိုင်ငံရေးလောကအတွက်လည်း လူတော်တစ်ယောက် ရောက်လာမှာပါ
သံဃနာယက ဝါရင့် ဆရာတော်ကြီး ၄၇ ပါးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်...ဗုဒ္ဓဘာသာကို ယုံကြည်လေးစားမြတ်နိုး တန်ဖိုးထားသူတစ်ဦး အနေဖြင့် ရေးသားတင်ပြသင့်သော အကြောင်းအရာများကို ရေးသားတင်ပြလိုပါသည်။ ပထမဦးစွာ တင်ပြလိုသော အကြောင်းအရာသည် သီတဂူ ဆရာတော် ဟောကြားတော်မူသော တရားတော်ထဲမှ ဓမ္မကထိကများအတွက် လမ်းညွှန်ထားသော တရားစာတစ်ပိုဒ် ဖြစ်ပါသည်။ ဓမ္မကထိကများနှင့် ပတ်သက်၍ ပလ္လင်ပေါ်မှ ဆင်းမသွားနဲ့ ဟူသော သြ၀ါဒ ဖြစ်ပါသည်။ ထိုသြ၀ါဒကို ဆရာတော်က အကျယ်တ၀င့် ဟောပါသည်။ အနှစ်ချုပ်မှာ ဓမ္မကထိကသည် ဗုဒ္ဓဟောသည့် တရားအတိုင်း ဟောကြားရန်နှင့် ဗုဒ္ဓမြတ်စွာ မဟောကြားသည့် အကြောင်း အရာကို ထည့်သွင်း မဟောရန် ဖြစ်ပါသည်။
ရွှေည၀ါဆရာတော် ဦးပညာသီဟသည် ဗုဒ္ဓတရားတော်နှင့် မသက်ဆိုင်သည့် အကြောင်းအရာများကို ထည့်သွင်း ဟောကြားခဲ့ခြင်းကြောင့် ကြည့်မြင်တိုင်မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အဖြစ်မှလည်း ကောင်း၊ မြို့နယ်သံဃာဝန်ဆောင် အဖြစ်မှလည်းကောင်း ၁၁-၂-၂၀၁၁ ရက်နေ့မှစ၍ တာဝန်မှ ရပ်စဲလိုက်ကြောင်းနှင့် ၁၁-၂-၂၀၁၁ရက်နေ့မှ ၁၀-၂-၂၀၁၂ရက်ထိ တစ်နိုင်ငံလုံးတွင် တရားဟောခွင့် မပြုခဲ့ကြောင်း နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနှင့် အဖွဲ့ဝင်ဆရာတော် (၁၅) ပါး တို့မှ ဆုံးဖြတ်ခဲ့ပါသည်။
ရွှေည၀ါ ဘုန်းတော်ကြီးသည် နိုင်ငံရေးသမားများနှင့် တွေ့ဆုံကာ နိုင်ငံတော် အစိုးရအားဆန့်ကျင် သောစကားလုံးများ သုံးနှုန်းနေခြင်းတို့မှာ အမြင်အကြား မသင့်လျော်ပါ။ နိုင်ငံရေးသမားများ လုပ်ရမည့် အလုပ်များ အပြောအဆိုများအား ဘုန်းကြီးတစ်ပါး အနေနှင့် ပြောဆိုနေပါက လူနှင့်မခြားသော လုပ်ရပ်များ အဖြစ်မြင်နေမိ ပါသည်။ ဥပမာ - မြန်မာနိုင်ငံ ဒီမိုကရေစီ ရပြီဆိုတာ မဖြစ်စလောက်လေးဘဲ၊ ဒီမဖြစ်စလောက်လေးနဲ့ ပြည်သူတွေအတွက် ဘာများပြောင်းလဲလာမှာလဲ ဟူသော စကားရပ်မျိုး။ ဘုန်းကြီးတွေ မဲမထည့်ရလို့ မကျေနပ်တဲ့ အဟောမျိုး၊ ဒီတစ်ခါမဲပေးရင် လူဝတ်လဲပြီး မဲပေးလိုက်မယ်ဆိုတဲ့ အဟောမျိုးများသည် ဘုန်းကြီးတစ်ပါး အနေနှင့် မသင့်တော်သော ဟောပြောချက်များ ဖြစ်နေပါသည်။
် ဘုန်းတော်ကြီးများသည်အစိုးရအား ပုတ်ခတ်သော အပြောအဆိုများ၊ ဝေဖန်သော စကားများ ပြောဆိုလိုပါလျှင် လူထွက်၍ ပါတီနိုင်ငံရေး လုပ်ကိုင်ခြင်းသည်သာ အသင့်တော်ဆုံးဖြစ်ပါသည်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး အကောင်အထည် ဖော်သွားရေး တောင်းဆိုချက်များသည် ဘုန်းတော်ကြီးများနှင့် မအပ်စပ်ပါ။် ဘုန်းတော်ကြီးများသည် သာသနာတော် တည်တံ့ရေး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးတို့ အတွက်သာလျှင် အားကြိုးမာန်တက် ဟောပြောစေလိုပါသည်။
မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ မှီတင်းနေထိုင်လျက် ရှိပါသည်။ အခြားသော မူဆလင်၊ ခရစ်ယာန် စတဲ့ဘာသာရေး ခေါင်းဆောင်များ အနေနှင့်လည်း ဘုန်းကြီးတို့ကဲ့သို့ နိုင်ငံရေးထဲ ပါလာမည်ဆိုပါက ရှင်းမရသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ကမ္ဘာတွင် ဖြစ်နေသော စစ်ပွဲများသည် သူတို့ဘာသာရေးကြောင့် ဖြစ်ပေါ်လာသည့် စစ်ပွဲများဖြစ် နေသည့်အတွက် ယနေ့တိုင် ငြိမ်းသတ်၍ မရနိုင်သေးပါ။ ဗုဒ္ဓဘာသာ ကြောင့်ဖြစ်သော စစ်ပွဲလုံးဝမရှိသည့်အတွက် ကမ္ဘာ့ပေါ်တွင် အကောင်းဆုံး၊ အသန့်ရှင်းဆုံးနှင့် အမွန်မြတ်ဆုံးသော ဘာသာအဖြစ် ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိဥာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တညီတညွတ်တည်း ရွေးချယ် ဆုံးဖြတ်ထားပါသည်။ ထိုသတင်းသည် ဗုဒ္ဓဘာ သာဝင်များအတွက် ဂုဏ်ယူစရာ သတင်းဖြစ်ပါသည်။
ဝိနည်းဆိုတာလည်း ရဟန်းတော်မှာ အများကြီးရှိတယ်။ သာသနာ့ဝန်ကို
ထမ်းမှာဖြစ်တဲ့အတွက် အများသူငါ လောကီလူသားတွေလို နေခြင်သလို
နေလို့မရအောင်၊ ကိုယ့်ကြောင့်၊ ကိုယ်ရုံထားတဲ့ သင်္ကန်းအရှိန်ကြောင့်
စော်ကားမိတဲ့ သူတွေအပြစ်မဖြစ်အောင်၊ အကြည်ညိုမပျက်အောင်၊ သ့ဃာ့
ဂိုဏ်းကွဲ၊ သင်းကွဲ မဖြစ်ရလေအောင်၊ ကုန်ကုန်ပြောရရင် သံဃာအဖွဲ့အစည်း
မပျက်စီးရလေအောင် မြတ်စွာဘုရားက ရေရှည်အကျိုးကို မျှော်ကိုးပြီး
ချမှတ်ခဲ့တာပါ။ ရှေးယခင် ဘုရားအစဉ်အဆက်တောင် ဂေါတမ မြတ်စွာဘုရားလောက်
သံဃာထုအပေါ်မှ ၀ိနည်းစည်းကမ်းတွေ ချမှတ်ခဲ့ခြင်း မရှိပါဘူး။ ဒါ့ကြောင့်
အခြားသော အနောက်တိုင်း ပညာရှင်တွေကိုယ်တိုင် ထုတ်ဖော်ချီးကျူးရတာကတော့
ရဟန်းကြီး ဂေါတမဟာ လက်နက် ကိရိယာ တန်ဆာပလာ တစ်ခုမှ မပါပဲနဲ့
ယောက်ျားသားတွေကြီးရှိတဲ့ သံဃာဆိုတဲ့ အဖွဲ့အစည်းကို
အုပ်ချုပ်သွားတယ်ဆိုတာ အလကားမဟုတ်ပါဘူး။ ဒီ ၀ိနည်းဆိုတဲ့စည်းကမ်းနဲ့
သိက္ခာပုဒ် အသွယ်သွယ်တွေကြောင့်ပါပဲ။
ဒီနေရာမှာ ရဟန်းတွေဟာ စောင့်နိုင်သမျှ ၀ိနည်းကို စောင့်ထိမ်းချင်း၊
ကျင့်ကြံနိုင်တဲ့ ဓုတင်ကို ဆောင်ခြင်းဟာ ရဟန်းကောင်း ရဟန်းမြတ်တို့ရဲ့
ကျင့်ကြံနိုင်မှု ဖြစ်ပါတယ်။ မကျင့်ကြံလို့လည်း ဘာမှတော့ မဖြစ်ပါဘူး။
သို့သော် ၀ိနည်းဆိုတာ စောင့်ထိမ်းရမယ်မှန်း သိရဲ့သားနဲ့ ချိုးဖောက်ရင်
သာသနာ့ဝန်ထမ်းလို့ မမည်ပါဘူး။ ကျွန်တော် ပဇ္ဇင်းတက်တုန်းက ၀ိနည်းတွေ
လေ့လာနေတုန်းက မသိတာတွေ ဆရာတော်ကြီးကိုမေးလို့ ဆရာတော်ကြီးရှင်းပြဘူးတယ်။
ငါ့တို့ ကျောင်းထိုင်ဆြတော်ကြီးက ပြောတယ် ဒီပဇ္ဇင်း ၀ိနည်းတွေ မေးလာရင်
အကြောင်းထူး တစ်ခုခုတော့ ရှိပီကွ၊ ၀ိနည်းမေးတဲ့ ပဇ္ဇင်းဟာ ထွက်နည်း
နှစ်နည်းပဲ ရှိတယ်။ လူထွက်ရင်ထွက် မထွက်ရင် တောထွက်တဲ့။
ဘာလို့လည်းဆိုတော့ ကျင့်ကြံဖို့ရာ အဲ့လောက်ခက်ခဲတယ် ဆိုတဲ့အတွက်ပါ။
သို့ဖြစ်တဲ့အတွက် ၀ိနည်းကို သာသနာ့ဝန်ကိုထမ်းကြတဲ့ ရဟန်းတော်များဟာ
နိုင်သလောက်ကို ထမ်းကြပါတယ်။ တကယ့်ကို ရဟန်းအကျင့်ကို ကျင့်ကြံတဲ
့ဆြတော်တွေဟာ လူပရိတ်သတ်များပြားစွာ ဖူးမြှော်ခြင်း၊ လာဘ်လာဘ
ပေါများခြင်းကို ရဟန်းစခန်းစဉ် ပေါက်မြောက်ရန်အားထုတ်မှုမှာ မာန်နတ်ရဲ့
အနှောင့်အယှက်တွေလို့ သတ်မှတ်ပါတယ်။ (ရဟန္တာနှင့်
ပုဂ္ဂိုလ်ထူးများမှာကြည့်ပါ။)
သာမာန်ပုထုဇဉ် လူပုဂ္ဂိုလ်ဟာ အပြစ်တစ်ခုကို သိသိကြီးနဲ့ ထပ်ခါထပ်ခါ
ကျူးလွန်ရင် ဘယ်လိုသတ်မှတ်ကြသလဲ။ ဒီလိုဆိုရင် မြင့်မြတ်တဲ့ သာသနာ့နွယ်ဝင်
ရဟန်းတော်တစ်ပါးဟာ ၀ိနည်းသိက္ခာပုဒ်တွေကို သိသိကြီးနဲ့ ထပ်ခါထပ်ခါ
ကျူးလွန်တယ်ဆိုရင် ဘယ်လိုဆုံးဖြတ်ကြမလဲ။ ဒါတွေကို သေခြာစဉ်းစားသင့်ပါတယ်။
သာသနာတော်ညှိုးနွမ်းမှာကို စောင့်ထိမ်းကာကွယ် စောင့်ရှောက်တဲ့ ရဟန်းတော်များဟာလည်း
သာသနာ့အာဇာနည်ဆိုတာကို မမေ့သင့်ပါဘူး။
နောက်ဆုံးအနေနဲ့ကတော့ ရဟန်းတော်များ နိုင်ငံရေး မလုပ်သင့်တယ် လုပ်သင့်တယ်
ဆိုတာ အငြင်းမပွားလိုပါဘူး။ လုပ်လည်းဖြစ်တယ် မလုပ်လည်းဖြစ်တယ်။ သို့သော်
ကိုယ့်လိပ်ပြာကိုယ် လုံရပါမယ်၊ သင်္ကန်းအရေခြုံပြီး ခုတုံးလုပ်စားတာတွေ
များလာမှာကို မလိုလားပါဘူး။ (အခုလက်ရှိ သင်္ကန်းကြီး တကားကားနဲ့
ဘောပွဲကြည့် လက္ဘရည်ဆိုင်ထိုင်၊ အရက်သောက်၊ မိန်းမလိုက်စား
ပါရဇိကကံကြနေသော်လည်း သင်္ကန်းတန်းခိုးနဲ့ မိုက်လုံးကြီးနေတဲ့
ရဟန်းမဟုတ်တော့သော လူများလည်းပါဝင်ပါတယ်)။ ရဟန်းအလုပ် ရဟန်းလုပ်ပြီး
လူအလုပ် လူလုပ်တာ ပိုကောင်းပါတယ်။ လူကနေ ရဟန်းအလုပ်လုပ်လို့ ဓမ္မာစရိယာ
ဘွဲ့ရအဖြစ်က ထုတ်ပယ်လိုက်ရတာတွေ မမေ့သင့်ပါဘူး။ အဲ့ဒိတော့ ရဟန်းက
လူအလုပ်လုပ်တာကို မကန့်ကွက်ပါဘူး ဒါပေမဲ့ လှေနံနှစ်ဖက် နင်းလို့မရသလိုပဲ
ရဟန်းက လူအလုပ် လုပ်လာရင် ရဟန်းလို ကိုးကွယ်ခံထိုက် မခံထိုက်ဆိုတာကိုတော့
ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုခဲ့ရင် ရဟန်းတော်ဆိုတဲ့ အခွင့်အရေးလုံးဝ
ယူလို့မရတော့ဘူးဆိုတာ သိအောင်လို့တော့ ရှင်းပြလိုက်ပါတယ်။
ဒီမိုကရေစီ၏ အနှစ်သာရသည် သူတစ်ပါးအား ထိခိုက်ခြင်းအလျင်းမရှိပဲ မိမိ၏
သဘောထားအား ထုတ်ဖော်ပြောဆိုနိုင်သည် ဆိုတာပါတဲ့အတွက် ကျွန်တော့အယူအဆကို
ရှင်းပြပါတယ်။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်၊
အကျိုးသင့်အကြောင်းသင့် ဝေဖန်နိုင်ကြပါတယ်။ ငါ့အယူမထောက်ခံလို့
ရန်သူဆိုတာမျိုးဆိုရင်တော့ ကိုယ့်ကိုကိုယ်လည်း
အာဏာရှင်စာရင်းဝင်သွားပီဆိုတာ မမေ့လိုက်ပါနဲ့၊ ကျေးဇူးတင်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment