RADIO

What is current song?

RSS

၁၂၅သိန်းတန်တီရှပ်



 ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ  လက်မှတ်ရေးထိုးထားသော အင်္ကျီကို လေလံပစ်ရာ အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ၀ယ်ယူသွားသည်။

ရန်ပုံငွေပွဲအမှတ်တရအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာဓာတ်ပုံဖြင့် ဒီဇိုင်းပြုလုပ်ထားသော အနီရောင်တီရှပ်(XL size)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များက လက်မှတ်ရေးထိုးထားသည့် အင်္ကျီကို ကြမ်းခင်းဈေး ကျပ်သိန်း ၃၀ ဖြင့် ည ၈ နာရီကျော်တွင် စတင်လေလံပစ်ပြီး ကုမ္ပဏီ ၆ ခုက အပြိုင်လေလံဆွဲကြကာ ည ၁၂ နာရီကျော်တွင် Common Purpose ကုမ္ပဏီမှ MD ဒေါ်မာလာဝင်းက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ၀ယ်ယူသွားခြင်းဖြစ်သည်။

"အန်တီစုက ပြည်သူလုအတွက် လုပ်ပေးနေတာ။ အဲဒီအတွက် လှူချင်နေတာ။ အခုလှူလိုက်တဲ့သဘောပါပဲ" ဟု ဒေါ်မာလာဝင်းက ပြောသည်။

သူမအား အင်္ကျီပေးအပ်ပွဲကို ဇန်န၀ါရီ ၁ ရက်တွင် NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုလေလံပွဲကို အဓိကစီစဉ်သူ ဦးမောင်မောင်အေးက 7Day News သို့ပြောသည်။
                     (  ၁၂၅)သိန်းဖြင့်လေလံဆွဲဝယ်ယူသွားခဲ့ သောဒေါ်မာလာဝင်းကိုတီရှပ်နှင့်အတူတွေ့ ရစဉ်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝါယာရှော့မှတစ်ဆင့် ဂိုဒေါင်အတွင်းရှိ ယမ်းစိမ်း၊ ကန့် စသောပစ္စည်းများအား ကူးစက်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ ပြောကြား သေဆုံးသူ ၁၇ ဦးနှင့် ဒဏ်ရာရရှိသူ ၈၁ ဦးရှိကြောင်းသိရ

b39_111
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ် ရပ်ကွက်၊ မေတ္တာမွန်ဝင်း၊ မေတ္တာမွန်ဂိုဒေါင်တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၄၀ အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
အဆိုပါမီးလောင်မှုမှာ ၀ါယာရှော့မှတစ်ဆင့် ဂိုဒေါင်အတွင်းရှိ ယမ်းစိမ်း၊ ကန့်စသော ပစ္စည်းများအား ကူးစက်ကာ ပေါက်ကွဲမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းဂိုဒေါင်တွင် မီးလောင်မှုဖြစ်ပွား ကြောင်းကို နံနက် ၁ နာရီ ၄၅ မိနစ် အချိန်တွင် ဖုန်းဖြင့်သတင်းပေးပို့ ခဲ့သဖြင့် မီးသတ်ယာဉ် ၅၇ စီး၊ အထောက်အကူပြုယာဉ် ၁၃ စီး၊ အုပ်ချုပ်မှုယာဉ် ၁၀ စီး၊ သန္ဓေတပ် ဖွဲ့ဝင် ၅၄၆ ဦး၊ အရန်တပ်ဖွဲ့ဝင် ၁၈၂ ဦး၊ တိုင်းကြက်ခြေနီ ၁၃၀ ဦးတို့ဖြင့် သွားရောက်မီးငြှိမ်း သတ် ခဲ့ရာ နံနက် ၄ နာရီ ၃၀ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၆ နာရီ ၄၅ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုမီးလောင်ကျွမ်းသော ဂိုဒေါင်မှာ အစိုးရဌာနပိုင်းအား ပုဂ္ဂလိက ငှားရမ်းလုပ်ကိုင်သော ဂိုဒေါင်ဖြစ်ပြီး မီးလောင်မှုကြောင့် ဂိုဒေါင် ၁၆ လုံးခန့် မီးလောင်ခံရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စုံစမ်းတွက်ချက်နေဆဲဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် သေဆုံးသူ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးအပါအ၀င် အရပ်သား ၁၂ စုစုပေါင်း ၁၇ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူအနေဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၃၃ ဦးအပါအ၀င် အရပ်သားစုစုပေါင်း ၈၁ ဦး(သေဆုံးသူနှင့် ဒဏ်ရာရရှိသူဦးရေ စုစုပေါင်း ၉၈ ဦး)ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁ နာရီကျော် အချိန်ခန့်တွင် ထုတ်ပြန်ချက်အရ သိရှိရသည်။
မီးလောင်မှုကြောင် ဒဏ်ရာရရှိသူများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ကုသလျက်ရှိပြီး မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် စုစုပေါင်း ၉၉၆ ဦးအား မဟာဝိဇယ ဘုန်းကြီးကျောင်းနှင့် အ.မ.က (၂၀) နှင့် အ.မ.က (၂၄) ကျောင်များတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပေးထားကြောင်း သိရှိရသည်။
291 291 293 
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဤပုဂ္ဂိုလ်များအား ဤနေရာမှ ဂုဏ်ပြုပါသည်

          ယခုလ ၂၉ ရက်နေ့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ် မီးလောင်မှုမှာ မီးငြိမ်းသတ်ရင်း အသက်စွန့်သွားကြတဲ့ တာမွေနှင့် စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ် ပြည်ဇော်ဌေး၊ တပ်ကြပ် တင်စိုး၊ ဒုတပ်ကြပ် သီဟမျိုး ၊ တပ်သား မျိုးကျော်ကျော်၊ တပ်သား အောင်အောင်၊ တပ်သား သော်ဇင်မျိုးထက် တို့ကို ဂုဏ်ပြုပါ၏။
          ထိုသို့သော အသက်စွန့်ကျဆုံးသွားကြသည့် မီးသတ်ရဲဘော်များနှင့်တကွ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ နေ့ရော ညပါ အချိန်ပြည့် တောင်းဝန်ထမ်းဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူနာများကို ရှာဖွေ ကယ်ထုတ်နေတဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ၊ ဝိုင်းဝန်းကူညီခဲ့ကြတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ လူနာများကို ညတွင်းချင်းဆေးဝါးကုသမှုနဲ့ ထောက်ပံ့မှုတွေ ပေးခဲ့ကြတဲ့ ရန်ကုန်ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်စစ်ဆေးရုံမှ တပ်မတော်သားများနဲ့ တာဝန်သိသိ လူမှုရေးစိတ်ဓာတ်ရှိရှိနှင့် ၀ိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသော လူထုကြီးအား လေးစားဂုဏ်ပြုပါ၏။ ဒဏ်ရာရရှိခဲ့ကြတဲ့ မီးသတ်ရဲဘော်များကိုလည်း ဂုဏ်ပြုပါ၏။
ကျဆုံးသွားသော မီးသတ်ရဲဘော်များ၏ ဈာပနအခမ်းအနား
မီးလျှံများကြားအသက်စွန့်သွားကြတဲ့ သူရဲကောင်းများ
သေမင်းနဲ့ မီးလျှံကြား မမှုဘဲ အတင်းတိုးဝင်ငြှိမ်းသတ်
ကြက်ခြေနီတပ်ဖွဲ့ဝင်များကလည်း ကိုယ့်ရင်သွေးနဲ့မခြား အန္တရာယ်မှ ကယ်ထုတ်ဖို့ကြိုးစား
မီးသတ်၊ကြက်ခြေနီ၊ပြည်သူ့ရဲနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းစွမ်းအားဖြင့် အသက်များစွာကို အပျက်အဆီးများအား ကျော်ဖြတ်ကယ်တင်
ပြည်သူ့အတွက်ကြက်ခြေနီ
နေ့တွေညတွေအရေးမကြီး တာဝန်နှင့်ပြည်သူသာ အရေးကြီးသည်
တပ်မတော်သည် စစ်တိုက်ရန်တစ်ခုအတွက်သာမဟုတ်၊ ပြည်သူအတွက် လိုအပ်လျှင် အသင့်ရှိရမည်
ပြည်သူ့အတွက် ကိုယ်ကျိုးမငဲ့ ပေးဆပ်ခဲ့ကြသော သူရဲကောင်းများအား ဤနေရာမှ ဂုဏ်ယူစွာ အလေးပြုလိုက်ပါသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သွားရောက်ကူညီကြဦးမည့်အဖွဲ့အစည်းများနှင့်ပုဂ္ဂိုလ် အပေါင်းကိုလည်း လေးစားစွာ ဂုဏ်ပြုပါသည်။
သူရဲကောင်းအပေါင်းအား ဂုဏ်ယူစွာ အလေးပြုဦးညွတ်လျက်
မင်းအရိပ်
(သတင်းဓာတ်ပုံများအား myanmar express မှ ကူးယူဖော်ပြပါသည်။)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မင်္ဂလာတောင်ညွန်မြိုနယ် မိးလောင်ပေါက်ကွဲမှု

မင်္ဂလာတောင်ညွန်မြိုနယ်
မိးလောင်ပေါက်ကွဲမှုကြောင့်    အိုးအိမ်မဲ့ပြည်သူများတွက်
 မင်္ဂလာတောင်ညွန်မြိုနယ်  ပုတိမ်ညွန်ခြောက်လမ်းရှိ
မဟာဝိဇယာရာမ  ကျောင်းတိုက်တွင်   ကယ်ဆယ်ရေးစခန်း
ဖွင့်လှစ်ထားပါသည်   လှူဒါန်းလိုသော  အလှူရှင်များအနေဖြင့် 
..၀၉   ၅၁၅၅၈၉၁
၀၉  ၅၁၀၄၈၅၀
၀၉၅၀၇၇၉၆   တို့ ကို ဆက်သွယ်လှူဒါန်းနှိုင်ပါသည်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမာရွတ်မြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအတွင်း မီးလောင်မှုဖြစ်ပွား

DSC_0097
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ အမှတ်(၂)အခြေခံပညာကျောင်းအတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ဒီဇင်ဘာလ(၃၀)ရက်နေ့ ညနေ ၅နာရီခွဲ အချိန်ဝန်းကျင်၌ စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ညစောင့်တာဝန်အဖြစ်ထမ်းဆောင်နေသည့် အမျိုးသားတစ်ဦးမှ ညနေ ၅နာရီခွဲအချိန်တွင် စတင်မြင်တွေ့မြင်ခဲ့ကြောင်း ၄င်း၏ ပြောကြားချက်အရ သိရှိရသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် နေရာမှာ တေဇခန်းမဆောင်အနီးရှိ ကွန်ပြူတာ အခန်းမှ စတင်လောင်ကျွမ်းခဲ့ပြီး တေဇခန်းမဆောင်သို့ ကူးစက်၍ မီးလောင် ကျွမ်းခဲ့ကြောင်း သိရှိရသည်။
DSC_0109

ယင်းမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်မှ မည်သည့်နေရာမှ စတင်၍ လောင်ကျွမ်းခြင်းဖြစ်ကြောင်း အတည်မပြုသေးသော်လည်း ယခုလက်ရှိအချိန်ထိ အမှတ်(၂)အခြေခံပညာကျောင်းအတွင်းရှိ တေဇခန်းမဆောင်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါခန်းမအနီးရှိ ကွန်ပြူတာခန်း၊ အိမ်တွင်းမှုအခန်း၊ အနုပညာခန်း၊ ပန်းချီခန်း၊ ကျန်းမာရေးခန်းနှင့် လေးထပ်ဆောင်တို့မှာ မီး ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ဒီဇင်ဘာလ(၃၀)ရက်နေ့ညနေ၅နာရီခွဲအချိန်ခန့်၌ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ည (၆)နာရီ (၃၅)မိနစ်ခန့်တွင် မီးညွန့်ကို ထိန်းသိမ်းနိုင်ခဲ့ကာ ည၇နာရီ၊ မိနစ်၅၀တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ မီလောင်မှု ဖြစ်ပွားရာနေရာသို့ မီးသတ်ယာဉ် (၃၁)စီး၊ အုပ်ချုပ်မှုယာဉ် (၈)စီး လာရောက် မီးငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုဖြစ်စဉ်ကို ဦးစွာမြင်တွေ့ခဲ့ရသည့် အမှတ်(၂)အခြေခံပညာကျောင်း၊ ကျောင်းစောင့်ဖြစ်သူ ကိုဖိုးဇော် က " ကျွန်တော်နဲ့ ကျွန်တော့ဇနီးက ညနေ၅နာရီခွဲအချိန်လောက်က ကျောင်းအတွင်းထဲမှာ သန့်ရှင်းရေးလုပ်နေတဲ့ အချိန်မှာပဲ တေဇခန်းမဆောင်ရဲ့ ဘေးထောင့်မှာရှိတဲ့ ကွန်ပြူတာခန်းကနေပြီးတော့ မီးလောင်နေတာကို တွေ့ရတယ်။ မီးငြှိမ်းသတ်ဖို့ ဆောင်ရွက်မယ့်အချိန်မှာ မီး ညွန့်ကအရှိန်ပြင်းလာတယ်။ ကွန်ပြူတာခန်းကလည်း တံခါးပိတ်ထားတဲ့အတွက်ကြောင့်မို့လို့ ၀င်လို့မရဘူး" ဟု ၄င်း၏ မြင်တွေ့မှုကို ပြန်လည် ပြောကြားခဲ့သည်။(ElevenMediaGroup)
မီးငြှိမ်းသတ်သော မီးသတ်တပ်ဖွဲ့ဝင်များတွင် စက်ဆန်းမီးလောင်မှုကြောင့် ဒဏ်ရာရရှိထားပြီး ယနေ့မှ ဆေးရုံဆင်းလာသော မီးသတ်တပ်ဖွဲ့ဝင်အချို့ပါ ပါဝင်ကြောင်း
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

IC မိသားစု လူထုခေါင်းဆောင်ဒေါ်စု ကို လာရောက် ဂါဝရပြု

မြန်မာပြည်ရဲ့ အကျော်ကြားဆုံး တေးဂီတအဖွဲ့ တဖွဲ့ဖြစ်တဲ့ အိုင်းရင်းခရော့စ် တေးဂီတအဖွဲ့ဟာမနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။
တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီနေ့ ညနေပိုင်းက သွားရောက် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး၊ အိုင်းရင်းခရော့စ် အဖွဲ့သားတွေဖြစ်တဲ့ အဆိုတော်လေးဖြူ၊ မျိုးကြီး၊ အငဲ၊ ဝိုင်ဝိုင်း၊ တီးဝိုင်းအဖွဲ့သားတွေဖြစ်တဲ့ ချစ်စမ်းမောင်၊ ခင်မောင်သန့်၊ ဗညားစတဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ပါဝင်ကြပါတယ်။
သွားရောက်တွေ့ဆုံရတဲ့ အကြောင်းကို ဘေ့စ်ဂစ်တာသမား ကိုခင်မောင်သန့်က ခုလိုပြောပြပါတယ်။
“တော် တော်များများက သူတို့ စီစဉ်တဲ့ရက်နဲ့ ကျနော်တို့ ကြိုလက်ခံထားတဲ့ပွဲနဲ့ တိုက်နေတယ်။ လောလောဆယ် ဒီပွဲမှာ ကျနော်တို့ ပါဝင်ခွင့် မရဘူး။ ကောလာဟလ အမျိုးမျိုး ထွက်နေလို့။ ပွဲတွေစပြီး စီစဉ်နေတဲ့ အချိန်မှာ လေးဖြူက စင်ကာပူမှာ ရောက်နေတယ်။ ချစ်စမ်းမောင်က အမေရိကားမှာ ရောက်နေတယ်။ သူတို့အဲဒီမှာ အသီးသီးရောက်နေချိန် ကျနော်တို့က အရမ်းကြီးလက်မခံရဲဘူး။ အဲဒါ အပြင်မှာ ကောလာဟလ အမျိုးမျိုး ထွက်နေလို့ အန်တီ့ကိုသွားပြောပြတာ။”
တွေ့ ဆုံချိန် အချိန်တိုအတွင်း ထွေရာလေးပါး စကားတွေပဲ ပြောဖြစ်ကြတဲ့ အကြောင်းနဲ့ နောင်မှာ ထပ်တွေ့ကြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးပြုလုပ်တဲ့ တိုင်းရင်းသားပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အိုင်စီ အဖွဲ့သားတွေကလွဲလို့ ကျန်တဲ့ တေးဂီတအဖွဲ့နဲ့ တေးသံရှင်တွေ အားလုံးနီးပါး ပါဝင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ 
Photo- Iron Cross (Facebook)
                                                              Aunty Su and IC Family !  with    Zin Mar Lwin, Swan Htet, Khin Chan Tha, Chit San Maung, Khin Mg Aye, Aung San Suu Kyi, Helen Ayekyaw, Ko Ko Lwin, Naymoe Nway, Nang Mon Kham, Thunderbolt Mg, Kha Yann, ကြယ်စင် ဖြူ, Chan Nyein and Soelin Thu.

လေးဖြူအပါအ၀င် IC အဖွဲ့က ယနေ့ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏နေအိမ်တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ထိုတွေ့ဆုံမှုတွင် IC အဖွဲ့မှ ၉ ဦးပါဝင်ကြောင်း IC တီးဝိုင်းမန်နေဂျာ ဦးကိုကိုလွင်က 7Day News Journal ကိုပြောသည်
By: သစ်ထူးလွင်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝဋ်ဆိုတာလည်တက်ပါတယ်(မလေးရှားမှဖြစ်ရပ်)

မန်မာလူမျိုးဆိုတာကမ္ဘာမှာအယဉ်ကျေးဆုံးတဲ့...ဟုတ်ပါလိမ့်မယ်ယဉ်ကျေးတယ်ဆိုတာတော့...ဒါပေမဲ့အခုကျနော်တို့ကြုံတွေ့နေရတာတော့ မလေးရှားမှာယဉ်ကျေးတဲ့မြန်မာရှားပါတယ်။များသောအားဖြင့်တော့စိတ်ဓါတ်တွေမကောင်းကြဘူး။အကုန်မဆိုလိုပါဘူး။ကြုံတွေ့နေရတဲ့အထဲကများသောအားဖြင့်ပါ။တကယ်တာ့လူ့ဘ၀ဆိုတာတယောက်ထဲနေလို့မရပါဘူးမိဘဆွေမျိုးအသိုင်းအ၀ိုင်းချစ်သူတွေနဲ့လူ့ပတ်ဝန်းကျင်ဆိုတာဖွဲ့တည်လာတာပါ။ဒါပေမဲ့နိုင်ငံရပ်ခြားရောက်နေတဲ့လူတွေအတွက်ကတော့မိဝေးဖဝေးဆိုတော့ပတ်ဝန်းကျင်မှာရှိနေတဲ့အပေါင်းအဖော်ကောင်းဟာဆွေမျိုးလိုပါပဲ။တချို့သောလူတွေဟာမိမိကောင်းရင်မိမိတက်ရင်ဖြစ်တယ်ဆိုတဲ့တယူသန်အတွေးတွေနဲ့ဘ၀ကိုတကိုယ်ကောင်းဆန်ဆန်ဖြတ်သန်းနေကြတယ်။ဒီလိုလူတွေကျနော်တို့ပတ်ဝန်းကျင်မှာလဲရှိကောင်းရှိလိမ့်မယ်။တချို့သောလူများကျတော့လဲကိုယ့်ထမင်းကိုယ်စားတာဘယ်သူမှဂရုစိုက်စရာမလိုဘူးဆိုပြီး လူကြီးကိုလူကြီးမှန်းမသိလေးစားရမှန်းမသိ ရိုင်းစိုင်းနေတဲ့မြန်မာတွေလဲအများကြီးပါ။မြန်မာ မိန်းကလေးအများစုထဲမှာလဲဘင်္ဂလား၊ပါကစ်စတန်တွေနဲ့ရည်းစားဖြစ်နေတာတွေ အများကြီးပါ၊အကုန်လုံးပြောရမယ်ဆိုရင်တော့ဒီဆောင်းပါးတော်တော်ရှည်သွားပါလိမ့်မယ်။အဓိကကျနော်တို့သတိထားရမှာက။ကျနော်တို့တတွေဟာမြန်မာနိုင်ငံကနေမလေးရှားနိုင်ငံကိုလာရောက်စီးပွါးရှာနေကြတဲ့လူမျိုးတူဘာသာတူသွေးရင်းချာတွေပါ။ဧရာဝတီဖြစ်ရဲ့ရေကိုအတူတူသောက်တမြေတရေထဲမှာကြီးပြင်းလာကြသူတွေပါ။တစုံတခုဆိုလူမျိုးတူတဲ့ကိုယ့်အမျိုးဘက်ဘက်ကပဲနာပေးရမှာပါ။ဘာလို့နိုင်ငံခြားသားကိုအဖေခေါ်ရမှာလဲဗျာ။ဘာလို့အချင်းချင်းခြေထိုးခံနေရာလုရမှာလဲဗျာ။ကိုယ်ထိုက်သင့်တဲ့လစာနဲ့ကိုယ့်နေရာလေးမှာအေးချမ်းစွာလုပ်နေကြသူအချင်းချင်းဘာလို့မနာလိုဝန်တိုစိတ်တွေနဲ့နေရာလုနေကြမှာလဲ?သခင်အားရကျွန်ပါးဝပြီး အချင်းချင်းဘာလို့ဟောက်စားလုပ်ရမှာလဲ။ကိုယ့်အလုပ်မှာကိုယ်အဆင်ပြေဖို့လစာလေးမှန်မှန်ရဖို့။မိသားစုကိုငွေမှန်မှန်ပို့နိုင်ဖို့ဒီရည်ရွယ်ချက်လေးနဲ့ဘာသာတရားကိုကျောခံထားပြီး စိတ်ထားဖြူဖြူလေးနဲ့လုပ်ကြရင်မြန်မာတွေ အချင်းချင်းမပုတ်ခက်ပဲစည်းလုံးကြရင် ပိုကောင်းမှာပါ။ဘးနားမှာရှိနေတဲ့ကိုယ့်မြန်မာအချင်းချင်းကိုလဲတန်ဖိုးထားကူညီ မယ်ဆိုရင် မြန်မာဆိုတာကမ္ဘာမှာပိုပြီးနိုင်ငံတကာကလေးစားစံတင်လောက်တဲ့လူမျိုးဖြစ်လာမှာပါ။လူတဦးတယောက်ချင်းဆီမှာစိတ်ဓါတ်ကအရေးကြီးပါတယ်။သာ..ရ...စား…ကျောဆိုတဲ့မြန်မာတွေ ရှိနေသမျှတော့ လူမျိုးမစည်းလုံးသမျှတော့နိုင်ငံခြားသားရဲ့လက်အောက်ခံအနှိမ်ခံက ဘယ်တော့မှလွတ်မှာမဟုတ်ပါဘူး။အသာစီးကရနေမယ်အစားချောင်နေမယ်ငါတော့သူ့အပေါ်ကျောလိုက်မယ်ဆိုတဲ့စိတ်ထားလေးတွေပြင်ပြီးအချင်းချင်းစေတနာထားဖေးမကူညီစေချင်ပါတယ်။လူအချင်းချင်းတန်ဖိုးထားတက်ဖို့နဲ့လူတယောက်ရဲ့တန်ဖိုး၊စကားတခွန်းရဲ့ တန်ဖိုးဟာ ဘယ်လောက်အားတက်စေတယ်ဆိုတာ ဆရာဖေမြင့်ရဲ့နှလုံးသားအဟာရထဲက ဇာတ်အပိုင်းလေးတခု ပြောပါရစေ။တခါကဆေးရုံတရုံရဲ့ အခန်းတခန်းထဲကို အသက်ရှုမရလို့အသဲအသန်ဖြစ်နေ တဲ့လူနာတယောက်ရောက်လာပါတယ်။ဘေးကုတင်မှာ သူ့လိုပဲလူနာတယောက်လဲရှိနေပါတယ်။အဲတိလူနာရဲ့ဘေးမှာပြတင်းပေါက်တပေါက်ရှိပါတယ်။ရောဂါနဲနဲသက်သာလာတော့ အသစ်ရောက်လာတဲ့လူနာက ပြတင်းပေါက်ဘေးကလူနာနဲ့မိတ်ဖွဲ့ပါတယ်။မိတ်ဆွေချင်ဗျားက ပြတင်းပေါက်ဘေးမှာ ဆိုတော့ အပြင်ကိုကြည့်လို့ရမှာပဲနော် ကျနော်ကတော့မမြင်ရလို့ ခင်ဗျားတွေ့တာလေးတွေ ပြောပြပါလာားဆိုတော့။ပြတင်းပေါက်နားကလူနာက သူပြတင်းပေါက်ကလှမ်းကြည့်တော့ ရေကန်လေးရယ်၊သစ်ပင်စိမ်းစိမ်းလေးတွေရယ်၊ခုံတန်းလေးတွေမှာ ချစ်သူစုံတွဲလေးတွေ ကြည်နူးနေတဲ့ အကြောင်း ပြောပြပါတယ်။နောက်နေ့မှာလဲဒီလိုပဲ ခွေးကလေးဆွဲလာတဲ့ မိန်းကလေးတွေ…ဘောလုံးနဲ့ကစားနေတဲ့ ကလေးတွေ ရှိနေတယ်။ရေကန်လေးကအရမ်း လှပသာယာတယ်ဆိုတာတွေ…နေ့စဉ်မရိုးရအောင်ပြောပြနေပါတယ်။ဒီလိုနဲ့ အသစ်ရောက်လာတဲ့လူနာက ပြတင်းပေါက်နားကလူနာကို တဖြေးဖြေး မနာလိုဖြစ်လာတယ်လေ။သူကျတော့မြင်ရပြီးငါကျတော့မမြင်ရဘူးပေါ့။ငါလဲသူ့နေရာပြတင်းပေါက်နားမှနေချင်လိုက်တာဆိုပြီး မနာလိုစိတ်တွေဝင်လာတော့တယ်။တညတော့လူနာစောင့် တွေဆရာဝန်တွေမရှိတုန်း ပြတင်းပေါက်နားကလူနာကို အောက်ဆီဂျင်ဖြုတ်ပစ်လိုက်တယ် ဆေးပိုက်တွေ အကုန်ဖြုတ်ပစ်လိုက်တယ်။နောက်တနေ့မနက်မှာဆေးရုံကတာဝန်ရှိသူတွေက ပြတင်းပေါက်နားကလူနာမနေ့ညက ဆုံးသွားပြီဖြစ်လို့လူနာအသစ်ထပ်ရောက်မှာဖြစ်တဲ့ အတွက် ထိုမနာလိုတဲ့လူနာကို ပြတင်ပေါက်နားပြောင်းထားလိုက်ပါတယ်။အဲတိလူနာက တော့ငါလဲဒီလိုလှပတဲ့မြင်ကွင်းတခုကို မျက်ဝါးထင်ထင်တွေ့ရတော့မယ်ဆိုပြီ ပျော်နေခဲ့ပါတယ်။ ဒါပေမဲ့ သူပြတင်းပေါက်ကနေအောက်ကိုလှမ်းကြည့်လိုက်တဲ့ အခါမှာတော့..သံဆူးကြိုးတွေနဲ့အုတ်တံတိုင်းတစ်ခုကလွဲပြီးဘာမှမတွေ့ရပါဘူး…သူလဲ နောက်၂ရက်အကြာမှာ သေဆုံးသွားပါတယ်။ ဒါဟာဘာလဲဆိုတော့ မနာလိုစိတ်နဲ့ ရောင့်ရဲမှု မရှိတာပါ.ပြီးတော့တခဏတာ မိတ်ဆွေစစ်ကိုလဲတန်ဖိုးမထားတက်တာပါ။ တဖက်လူက ကြည်နူးခြင်းနဲ့အပျော်တွေကိုမိတ်ဆွေကောင်းပီသစွာပေးနေပေမဲ့ သူစိတ်ထဲကရောင့်ရဲနိုင်မှု့ မရှိတာပါ။ပြီးတော့သူတပါးအပေါ်မနာလိုစိတ်ရယ်နဲ့တန်ဖိုးမထားတက်တာပါ။အခုကျနော် တို့ပတ်ဝန်းကျင်မှာဆိုရင်ဒီလိုလူမျိုးတွေအများမှ…အများကြီးပါ။ပြီးတော့လူတွေရဲ့ သဘော..ကျနော်တို့မြန်မာတွေရဲ့သဘောဟာသနားတက်တယ် ဂရုနာထားတက်ကြပါတယ်။ ဒါပေမဲ့မုတိတာတော့ လုံးဝ ကိုပွါးမပေးနိုင်ကြပါဘူးဗျာ။ဒါတော့လက်တွေ့ပါ။ဂရုဏာဆိုတာ ကိုယ့်ထက်နိမ့်ကျရင်ထားတဲ့သနားဂရုဏာစိတ်ပါ။မုဒိတာဆိုတာကတော့ ကိုယ့်ထက်မြင့်သွားတဲ့အခါမနာလိုစိတ်မဖြစ်ပဲမုဒိတာပွါးပေးတာပါ။ဒါမျိုး မရှိသလောက်ရှား
ပါတယ်ဗျာ..။ပြီးတော့ကျနော်တို့ကုမဏီမှာဆိုရင် တခေတ်တခါ..တဗိုလ်တမင်း မြန်မာတွေ ရှိခဲ့ပါတယ်။ဒါပေမဲ့တကိုယ်ကောင်းစိတ်တွေ၊သူတပါးအပေါ်နိုင်လိုမင်းထက်ပြုမူတာတွေကြောင့်ဝဋ်လည်နေတဲ့လူတွေလဲအများကြီးပါ။ဝဋ်ဆိုတာသိသိသာသာလည်တာရယ်။မသိမသာ ရင်ထဲမှာစိတ်ဆင်းရဲပင်ပန်းကြီးစွာနဲ့ခံစားနေရတာတွေကြောင့်အဆင်မပြေတာတွေပေါ့။ဝဋ်ဆိုတာအမျိုးမျိုးပါပဲ။ကျနော့်ကိုယ်တွေ့တခုပြောပါရစေ။နာမည်ကိုတော့မပြောချင်ပါဘူးကျနော်နဲ့အတူတူမလေးကိုလာတဲ့ညီအမလိုခင်ရတဲ့ အမတယောက်ရှိပါတယ်။မြန်မာပြည်မှာကထဲက သင်တန်းအတူတူတက်ကောလင်းအတူတူကျပြီး ကုမဏီတခုထဲကိုရောက်လာတာပါ။ကျနော့် ကို သူနာလိုဖြစ်နေခဲ့တာကျနော်မရိပ်မိခဲ့ပါဘူး။ကျနော့ကိုကုမဏီမှာရစရာမရှိအောင် ပြောခဲ့တယ်။ကြားလို့မကောင်းတဲ့စကားတွေလဲပါပါတယ်။ဗိုက်တလုံးနဲ့ကလေးတယောက်နဲ့ မြန်မာပြည်မှာ ရှိကြောင်းပေါ့။ကျနော်ကြားကြားချင်းငိုခဲ့ရတယ်။မထင်တဲ့လူကပြောလို့ ပိုဝမ်းနဲ ခဲ့ရတယ်။အဖေ့ကိုလှမ်းပြောပြတော့လူဆိုတာစေတနာကောင်းရင်ကံကောင်းပါတယ်သမီး ဘာပြောပြောသီးခံကိုယ့်အလုပ်ကိုယ်လုပ်။ချစ်သူပေါအောင်နေ မုန်းသူနဲအောင်ရှောင်တဲ့။ ကျနော်ဘာမှလက်တုန့်ပြန်ချင်းခွန်းတုန့်ပြန်ချင်း မလုပ်ခဲ့ပါဘူး။ပထမဆုံးသူပြန်ခံရတာ ကကျနော်တို့ကုမဏီမှာလုပ်နေရင်သူဌေးကအေးဂျင့်ကိုပြန်အပ်လိုက်တယ်မကြိုက်လို့တဲ့။နောက်တော့စားသောက်ဆိုင်တဆိုင်မှာ ပဂံပြင်ဆင်ပေးရပါတယ်။နောက်၆လလောက်အ ကြာမှာတော့အေးဂျင့်လေယဉ်လက်မှတ်ဝယ်ပြီးပြန်ပို့လိုက်ပါတော့တယ်။သူပြန်သွားတော့ ကိုယ်ဝန်၎လနဲ့ပါ။ဘယ်သူနဲ့ ဆိုတာမသိ၇ပဲအခုမြန်မာပြည်မှာ သားလေးတယောက်နဲ့ပါ။ ခင်ပွန်းတော့မရှိပါဘူး။နောက်ပြီး ကျနော်နဲ့အတူလုပ်ခဲ့တဲ့အကောင့်ခန်းထဲက အမတယောက်အကြာင်းပါ။အဲတိအမက ခုနပြန်သွားတဲ့အမနဲ့အရမ်းခင်ပါတယ်။ သူကဘာဝင်ပြောသလဲဆိုတော့ ကျနော်ယောကျားင်္ကအရက်သမားအဆင့်နိမ့်တဲ့ကောင်မို့ ကျနော်က ကလေး၂ယောက်နဲ့ကျန်ခဲ့လို့ပါတဲ့။အခုအဲတိ အကောင့်ခန်းထဲက အမကလဲမြန်မာပြည်မှာအိမ်ထောင်ကျနေပါတယ်တဲ့။သာကေတမှာ သူ့တို့ဘေးအိမ်ကရေစက်မှာေ၇ထမ်းပို့ရတဲ့ အရက်တအားသောက်တဲ့ ကောင်လေးနဲ့ မဖြစ် မနေယူလိုက်ရပါတယ်တဲ့။ ၀ဋ်ဆိုတာအရမ်းကြောက်ဖို့ကောင်းပါတယ်။နောက်ကျနော့သူငယ်ချင်းတစ်ယောက်ကတော့သူများကိုပါးစပ်နဲ့တင်အားမရလို့စာနဲ့ရေးထားခဲ့တယ်ကောင်မလေးတယောက်ပါ။ဆိုင်စောင့်ဖို့လူချင်းချိန်းတဲ့အချိန်မှာအဲတိကောင်မလေးကငွေမက်လို့မယားငယ်လုပ်တဲ့မိန်းမ..ဘာ..ညာဆိုပြီး တော်တော်ဆိုးတဲ့စာကိုတမင်မြင်အောင်ရေးထားခဲ့တာပါ။အခု ရေးထားခဲ့တဲ့ကောင်မလေးကိုလူတိုင်းကပြောနေကြတာတော့တရုတ်အကောင်ကြီးကြီးတယောက်ရဲ့စမောလေးပါတဲ့။အော်…သူကမှ သူရေးထားတဲ့အတိုင်းတကယ်ဖြစ်သွားခဲ့တာကိုး။ ငွေကြောင့်အ၀တ်အစားမက်မှု့ကြောင့်လူမျိုးခြားကို ဘ၀ပေးလိုက်ရတာ။သူ့ကံကြောင့်ပါသလို။သူ့ဝဇီကြောင့်လဲပါပါတယ်။ခုဆိုပတ်ဝန်းကျင်တခုလုံးက သူကနိုင်ငံခြားသားရဲ့စပွန်ဆာဆိုတာ ပြောစမတ်ပါပဲ။ အော်…၀ဋ်ဆိုတာ ဘ၀မကူးပါလားနော်…..။သူတပါးကို ပြောလိုက်တဲ့ဝဇီတွေက မိမိထံကိုပဲ ပြန်လာတက်တယ်ဆိုတာလဲသတိထားဖို့ပါ။ကျနော်တို့ ကုမဏီက ၀ဋ်လည်တဲ့လူတွေမှာ စိတ်ဒုက္ခရောက်ပြီး အကျပ်အတည်းများစွာနဲ့ရင်ဆိုင်နေရသူတွေလဲ ရှိပါတယ်။ အများကြီးထဲက တစ်ယောက်ကတော့…ကျနော်ကိုယ်တိုင်ပါ။ အခုတော့ အဆင်ပြေသွားပါပြီ။ဒါကလဲဘုရားတန်ခိုးနဲ့မိဘကျေးဇူးပါ။ကျနော်လူတယောက်ကိုစိတ်ဆင်းရဲအောင်တခါကလုပ်ခဲ့ဖူးလို့ ကုမဏီနဲ့ပြသနာဖြစ်ပြီးပြန်ရတယ်။ခုတခေါက်ဖရီးကောလင်းနဲ့ ပြန်ရောက်လာတော့ လဲဗီးကြေးဆောင်ဖို့ပါမစ်ဖိုးတို့နဲ့တော်တော်လေးစိတ်ဆင်းရဲခဲ့ရပါတယ်။ ကျနော်မထင်မှတ်တဲ့လူတယောက်ကအစအဆုံးကူညီလိုက်လို့ ကျနော်အခုဆိုကုမဏီတခုမှာ အလုပ်ရနေပါပြီ။ကျနော်လဲဝဋ်လည်ဖူးပါတယ်။သူငယ်ချင်းတို့လဲ စကားတွေဟာပဲ့တင်သလိုကိုယ့်ဆီပြန်လာတယ်ဆိုတာရယ်။ စိတ်စေတနာအတိုင်း အကျိုး ပေးတယ် ဆိုတာရယ်ကိုသတိလေးနဲ့ အချင်းချင်းတန်ဖိုးထား ကူညီဆက်ဆံပေးကြစေလိုပါတယ်။တချို့တွေကတော့သူဌေးမျက်နှာရအောင်မြန်မာ အချင်းချင်းနှိမ့်ကွပ်တာမျိုးလဲ ရှိပါတယ်။တကယ်ဆိုသူဌေးကျွေးတဲ့ထမင်းကိုစား။ သူဌေးအပေါ် သစ္စာရှိပြီး လူမျိုးချင်းလဲကူညီစောင့်ရှောက်ပြီးဖေးဖေးမမ လုပ်လို့ရပါတယ်။ ကိုယ်တဘို့ထဲလုပ်လို့ရတယ်ဆိုပေမဲ့မြန်မာပြည် မှာပြန်တွေ့ကြရအုံးမှာပါ..သူငယ်ချင်းတို့။ ဒီမှာအားလုံးဟာနိုင်ငံခြားသားလက်အောက်ကမြန်မာအလုပ်သမားတွေချည်းပါပဲ။ အားလုံးက တတန်းတစားထဲပဲနော်။ချမ်းသာရင် စိတ်ရှုပ်ခံပြီးမလေးရှားမှာ သူများလက်အောက်လာမလုပ်ဘူးနော်…။ဒို့ဘ၀အစစ်တွေက မြန်မာပြည်ကျမှ လေ….။အချင်းချင်းနားလည်မှု့..စာနာမှု့တွေနဲ့ စေတနာထားကာ၊ဖေးဖေးမမ လုပ်ကိုင်နိုင်ကြပါစေ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျော်ထွဋ်ဆွေ – ရပ်ကွက်ထဲကအရူး (Album)

၀၁။ ငါ့အလှည့်
၀၂။ ရပါတယ်
၀၃။ကျေးဇူးတင်ပါတယ်
၀၄။ကောင်မလေး Feat. ပိုက်ပိုက်
၀၅။ လစ်လိုက်
၀၆။နှုတ်ဆက်တဲ့စကား Feat. နန်းသူဇာ
၀၇။ အတူတူ Feat. SZ, နန္ဒီ
၀၈။နေခဲ့တော့ Feat. အိမ့်ချစ်
၀၉။ အသည်းသူခိုး Feat. လွှမ်းပိုင်
၁၀။ ကင်မရာဖုန်း Feat. ဂျောက်ဂျက်
၁၁။ဖြစ်ပါစေ Feat. လင်းပင်ဟိန်း
၁၂။ ဆရာမလေး
၁၃။ အရူး
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရှော့ ဖြစ်သွားတဲ့ ဇာဂနာ

ရှော့ ဖြစ်သွားတဲ့ ဇာဂနာ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်လာတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာက မြင်မြင်သမျှ ဆိုသလို သူ့မှာ ရှော့ (အံ့ဘနန်း)ဖြစ် ရတယ်လို့ ပြောလိုက်ပါတယ်။
“လေယာဉ်ကြီးကို တွေ့တဲ့အခါမှာလည်း ကျနော် ရှော့ဖြစ်တယ်၊ နိုင်ငံတကာ လေဆိပ်ကြီးကို မြင်ရတဲ့အခါမှာလည်း ကျနော် ရှော့ဖြစ်သွားတယ်၊ အဆောက်အအုံကြီးတွေ တံတားကြီးတွေ ကောင်းမွန်တဲ့ လမ်းမကြီးတွေကို မြင်ရတဲ့ အခါမှာလည်း ကျနော်ရှော့ ဖြစ်သွားခဲ့တယ်”လို့ ဇာဂနာက ပြောလိုက်တာပါ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) တွင် သတင်းစာရှင်းလင်းပွဲ လုပ်နေသော ကိုဇာဂနာ (ဓာတ်ပုံ - ဧရာဝတီ)
သူ့ရဲ့ နိုင်ငံရပ်ခြား ပထမ အမြင်ပေါ်မှာ ရှော့ ဖြစ်ရပုံတွေကို တနင်္လာနေ့က ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT)သတင်းစာ ရှင်းလင်းပွဲမှာ ပြောတာပါ။
သူတွေ့မြင်ရတဲ့ ထိုင်း လူငယ်တွေရဲ့မျက်နှာတွေကလည်း ပူပင်ကြောင့်ကျမှုတွေမရှိဘဲ လွတ်လပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိတဲ့ မျက်နှာမျိုးတွေ ဖြစ်တယ်လို့လည်း မှတ်ချက် ပေးပါသေးတယ်။
တချိန်တည်းမှာပဲ မြန်မာပြည်က လူငယ်တွေကိုလည်း သတိရပြီး လူရွှင်တော်ကြီးက စိတ်မကောင်း ဖြစ်မိသွားပုံ ရပါတယ်။
“ကျနော်တို့ တိုင်းပြည်က လူငယ်တွေရဲ့မျက်နှာတွေမှာတော့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ပါ”လို့ သူက ပြောဆို လိုက်ပြီး“ထိုင်းနဲ့ မြန်မာဟာ အိမ်နီးချင်းတွေ ဖြစ်ရဲ့နဲ့ ဘာဖြစ်လို့များ ဒီလောက် ကွာခြားရတာလဲ”လို့လည်း မေးခွန်း ထုတ်သလို ဆိုပါတယ်။
သူက အစိုးရနဲ့ ပတ်သက်တဲ့ ဟာသတခုလည်း ပြောသွားပါသေးတယ်။
အဲဒီ ဟာသ က“ကင်းကောင်ကြီး တကောင်က ကောင်းကင်မှာ ပျံနေတဲ့ လေယာဉ်တွေကို လိုက်ဖမ်းနေတယ်တဲ့၊ အဲဒါကို တရုတ် တို့၊ ရုရှား တို့၊ အမေရိကန်တို့က ခေါင်းဆောင်ကြီးတွေက မဖြေရှင်းနိုင်ဘဲ လက်လျှော့လိုက်ရတယ်တဲ့၊ ဒါပေမယ့် မြန်မာ ခေါင်းဆောင်ကြီးက ခြိမ်းခြောက် ပြောဆိုလိုက်တဲ့ အခါမှာတော့ ကင်းကောင်ကြီးဟာ တခါတည်း ထွက်ပြေး သွားပါလေရောတဲ့၊ မြန်မာ ခေါင်းဆောင်ကြီး ပြောလိုက်တာကတော့ အခုလို လေယာဉ်လိုက်ဖမ်းနေတာ မရပ်ရင် ကြံ့ဖွံ့ ပါတီထဲ ၀င်ရမယ်လို့ ပြောလိုက်တာ” ဆိုတဲ့ ဟာသပါ။
ဇာဂနာ ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက ရုပ်ရှင်ဆိုင်ရာ အစီအစဉ်နဲ့ပတ်သက်ပြီး ဖိတ်ကြားလို့ ပြည်ပကို ထွက်ခွာလာတဲ့ သူ့ရဲ့ ပထမဆုံး အတွေ့အကြုံဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဇာဂနာဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်က ကချင်ပြည်နယ် မြစ်ကြီးနား ထောင် ကနေ ပြန်လွတ်လာတာပါ။ သူ့ကို အစိုးရက ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်း ဒဏ်ခံ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး လုပ်နေတုန်း ဖမ်းပြီး ထောင် ၃၅ နှစ်ချခဲ့တာဖြစ်ပါတယ်။

Posted by www.irrawaddy.com
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အဲဒီအခန်းဖျက်.....တဲ့နော်

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အဓိပ္ပါယ်ပြည့်သော ဘ၀အတွက် ခြေလှမ်းရှစ်လှမ်း

ကမ္ဘာ့လူငယ်များသို့
အဓိပ္ပါယ်ပြည့်သော ဘ၀အတွက် ခြေလှမ်းရှစ်လှမ်း
၁။ ခင်ဗျားရဲ့ ဖြစ်နိုင်စွမ်းကို ဖြည့်ဆည်းပါ ။
လူငယ်ဟူသည် ကလေးဘ၀မှ လူကြီးဘ၀သို့ ဖြတ်သန်းသော အဆင့်တစ်ဆင့်မျှသာ မဟုတ်ချေ။ ထို့ကြောင့် ကြားဘူတာတစ်ခုအဖြစ် မတွေးလိုက်ပါနှင့်။ ခင်ဗျားဘ၀ ဤအချိန်များသည် ကျန်ဘ၀ကာလ၏ အရည်အသွေးနှင့် ဦးတည်ရာကို အဆုံးဖြတ်ပေးလိမ့်မည်ဟု ပြောခြင်းမှာ လွန်လွန်ကဲကဲ ပြောခြင်းမဟုတ်ချေ။
ဘ၀ဟူသည် သူနှင့်အတူ အကောင်းအဆိုး၊ အဖြစ်အပျက်၊ မျှော်လင့်ချက်နှင့် စိတ်ပျက်စရာတို့ကို သယ်ရသည်။ ခင်ဗျားလူငယ်ဘ၀ကို ဘယ်လိုကုန်သလဲဆိုတာက ခင်ဗျားဘယ်ကိုသွားမလဲဆိုတာကို အဆုံးအဖြတ်ပေး၏။
၂။ အိပ်မက်တွေရှိ
သမိုင်းကို အိပ်မက်သူများ ပိုင်သည်။ အိပ်မက်နှင့်လူထု ၊ အိပ်မက်ကို အကောင်အထည်ဖော်သောလူထု ၊ အိပ်မက်များကို မျှဝေတတ်ကြသော လူထုရှိသည့် နိုင်ငံသည် ကမ္ဘာ့သမိုင်း၏ ခေါင်းဆောင်ဖြစ်နိုင်သည်။
ခင်ဗျားအိပ်မက်များသည် နွေဦးရေလို သန့်လည်းသန့် ၊ ကြည်လည်းကြည်နေရမည်။ ပြီးတော့ ဤအိပ်မက်များသည် ကြီးကြီးကျယ်ကျယ်အိပ်မက်များ ဖြစ်ရမည်။ ခင်ဗျားနဲ့အတူ ခင်ဗျားနှလုံးသားထဲမှာ စကြ၀ဠာကြီး သယ်သွားရမည်။ ခင်ဗျားအိပ်မက်တွေက စကြ၀ဠာကြီးလောက် ကြီးရပေမည်။ အိပ်မက်မဲ့လူငယ်သည် စိတ်ဓာတ်ရေးရာအရ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနှင့် အတူတူပင်စြဖ်သည်ဟု တွေးခေါ်ရှင်တစ်ဦးက တစ်ခါက ပြောဖူး၏။ ဒါကြောင့် သန့်လည်းသန့်၊ တောက်လည်းတောက်ပ၊ ကြီးလည်းကြီးကျယ်သော အိပ်မက်များကိုမက်ပါ။
၃။ ထိုးထွင်းတီထွင် စဉ်းစားပါ။
သမိုင်းကို ထိုးထွင်းတီထွင် စဉ်းစားသူများ၊ ထိုးထွင်းတီထွင်ပုဂိုလ်များက ဦးဆောင်၏။ ထိုးထွင်းတီထွင်ခြင်းနှင့် ဖြစ်မြောက်အောင် ကြံဆောင်နိုင်သော သတ္တိကို အားပေးသော လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ မကျဆုံးချေ။ ဖြစ်ရမယ်ဟု စဉ်းစားလျှင် အင်အားများ ရှိလာ၏။ ထိုအင်အားများကို ခင်ဗျားပိုင်ဆိုင်သည်။ ထို့ကြောင့် ကိစ္စအပေါင်းကို အပြစိတ်နှင့် စလေ…။ အကောင်းဘက်ရှု၍ စလေ…။ သည်လိုလုပ်လျှင် လမ်းကြောင်းကို ခင်ဗျား ဦးဆောင်နိုင်လိမ့်မည်။
၎။ စိမ်လိုက်ဟေ့ … ။
သတ္တိနှင့် စိမ်ခေါ်ရင်း သမိုင်းသည် တိုးတက်ရသည်။ စိမ်ခေါ်ဝံ့သူသည် အောင်မြင်သောသူ ဖြစ်လာ၏။ လူငယ်သည် စွန့်စားရတာကြိုက်၏။ ကျရှုံးမှာကို မစိုးရွံ့။ စိုးရွံ့စိတ်ဖြင့် ကိစ္စများကို စသောသူသည် သူ့လူငယ်ဘ၀ကို ဆုံရှုံးခဲ့ပြီးဖြစ်သည်။ ခင်ဗျားမှာ ဖြစ်မြောက်အောင်လုပ်လိုသောဆန္ဒ တငြီးငြီး တောက်လောင်နေသင့်၏။ ကိုယ့်ကိုယ်ကိုယ် စဉ်ဆက်မပြတ် တိုးတက်အောင်တည်ဆောက်။ ဖြစ်မြောက်လိုသော ဆန္ဒပြည့်ဝဖို့ အမြင့်အမြင့်တွေကို တက်လှမ်း။
၅။ ကိုယ်ကျိုးစွန့်
သမိုင်းသည် ကိုယ်ကျိုးစွန့်၍ ကြီးထွားလာရသည်။ နောက်မျိုးဆက် ဝေစည်ဖို့ ရှေ့မျိုးဆက်သည် ကိုယ်ကျိုးစွန့်ရ၏။
၆။ စေတနာထား
လူများသည် အတူတူနေကြရ၏။ ဘယ်သူမှ အထီးတည်းမနေရ။ အတ္တဗဟိုဝါဒသည် မကောင်း။ ထို့ကြောင့် ပုဂိုလ်ရေးလောက၊ အတ္တဗဟိုစွဲများဖြင့် ခင်ဗျားကိုယ်ခင်ဗျား မညစ်ညမ်းစေရ။ ခင်ဗျားကိုယ်ခင်ဗျား မစဉ်းစားမီ အုပ်စုအတွက် စဉ်းစားပါ။ ကိုယ်ကျိုးမစဉ်းစားမီ လူထုအကျိုးစဉ်းစားပါ။ ပုဂိုလ်ရေးလောဘ၊ အတ္တဗဟိုစိတ်ဓာတ်တို့နှင့် မညစ်ညမ်းလာပါစေနှင့်။ ယုံကြည်၊ မေတ္တာစိတ်ဖြင့် မနက်ဖြန်ကို အတူတကွ တိုးဝင်ပါလေ … ။
၇။ ခင်ဗျားကိုယ်ခင်ဗျားသစ္စာရှိ
ကျနော်တို့ကိုယ်ကျနော်တို့ သစ္စာရှဖို့ ဘယ်လောက်ပဲ ကြိုးစားခဲ့ ကြိုးစားခဲ့၊ မိသားစုနှင့်အလုပ်နှောင်ဖွဲ့မှုကြောင့် ခက်ခဲ့ရပေသည်။ တစ်ခါတရံ မလုပ်ချင်ဘဲနှင့် အခြေအနေအရ ပြောလိုက်ရ လုပ်လိုက်ရလေသည်။ သို့သော် ဒါကို ခင်ဗျားတွေးနေဖို့မလို။ ထောင်ချောက်ထဲ မဆင်းမိစေဖို့ အနှောင်အဖွဲ့မှာ ကျော့ကွင်းမမိစေဖို့ အားထုတ်ပါ။ ခင်ဗျားလုပ်ချင်တာကို တစိုက်မတ်မတ်လုပ်ခြင်းသည် ခင်ဗျားကိုယ်ခင်ဗျား အကြီးမားဆုံး သစ္စာရှိခြင်းဟု ယူဆပါလေ။
၈။ မ၀င့်ဝါပါနှင့်။
တိုးတက်ဖွံ့ဖြိုးခြင်းသည် သင်ယူခြင်းမှလာသည်။ ခင်ဗျားကိုယ်ခင်ဗျား တကယ်အရေးကြီးသည် ထင်လိုက်သည်နှင့် တိုးတက်မှု ရပ်လေ၏။ တစ်စုံတစ်ရာ ခင်ဗျားသိပြီဟု ထင်လိုက်သည်နှင့် တိုးတက်မှုရပ်ပြီ။ တိုးတက်ဖွံ့ဖြိုးခြင်းသည် ခင်ဗျားကိုယ်ခင်ဗျား နှိမ့်ချရာမှလာ၏။ တတ်နိုင်သလောက် သင်ယူနိုင်အောင် အားထုတ်ပါလေ။
အရိုးများသန်လာလေလေ … ခေါင်းငိုက်ထားရလေပင်။ လယ်သမား၏ မျက်ခုံးပေါ်မှ ချွေးသီးများမှ ခင်ဗျားသင်ယူနိုင်သည်။ အရုဏ်ကျင်းလု အမှောင်ထဲမှာ နံနက်စာပြင်နေသော မိဘတစ်ဦး၏ အထိအတွေ့မှ ခင်ဗျားသင်ယူနိုင်သည်။ ခင်ဗျားပတ်ဝန်းကျင်မှာရှိသော အသံများနှင့် မြင်ကွင်းများသို့ ခင်ဗျားမျက်လုံးနှင့်နားကို ဖွင့်ထားပါလေ…။ ခင်ဗျားကိုယ်ခင်ဗျား နှိမ့်ချပါ။ အားထုတ်ကြိုးပမ်းလေ့လာပါ။
( Every Street Is Paved With Gold by Kim Woo-Choong | လမ်းတိုင်းကို ရွှေခင်းထားတယ် (တင်မောင်သန်း) စာအုပ်မှ ထုတ်နှုတ်သည် )
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

marry christmas card လေးပါ...

marry christmas and new year......လက်ဆောင်လေးပါ
(http://www.jacquielawson.com/preview.asp?cont=1&hdn=0&pv=3111930&path=83563)
တစ်ခုမရရင် နောက်တစ်ခုကို ကလစ်ပြီဖွင့်လိုက်နော်.....ဖွင့်ပြီပြီဆိုရင်လုပ်ပုံလုပ်နည်းလေးပြောပြမယ်နော်..
အရင်ဆုံးဖွင်ပြီပြီဆိုတာနဲ့  ခဏတော့စောင့်ရမယ် loading please wait ဆိုပြီပေါ်လာမယ် အဲလိုပေါ်တာပျောက်သွားပြီဆိုရင် စာအိပ်လေးထက်ပေါ်လာမယ် အဲစာအိပ်လေးရဲ့ တံဆိပ်ခေါင်း ကို မျှားလေးတင်ပြီ ကလစ်လိုက်ပါ ...စာအိပ်လေးပွင့်သွားမယ်လေ ပွင့်သွားပြီတာနဲ့ အိမ်ပုံကလေးပေါ်လာမယ်လေ
အဲဒီအိမ်လေးရဲ့ မီးခိုးခေါင်းတိုင်လေးကိုမျှားလေးနဲ့  ကလစ်လိုက်ပါ....အိမ်လေးထဲမှာမီးလင်သွားမယ်လေ
အဲလိုမီးလင်သွားပြီရင် အိမ်လေးရဲ့ အရှေ့ ဘက်မှာရှိတဲ့ စာကြောင်းလေးနေရာကို ထက်ပြီမျှားလေးနဲ့  ကလစ်လိုက်ပါအုံး....အဲလို လုပ်ပြီရင် သစ်ပင်လေးပေါ်လာမယ်လေ...သစ်ပင်လေးပေါ်လာပြီရင် အိမ်လေးရဲ့ အိမ်ရှေ့ တံခါးကို ထက် ကလစ်လိုက်ပါအုံး....အဲလိုလုပ်လိုက်တာနဲ့  ခုဏကသစ်ပင်လေးမှာ ဖယောင်းတိုင်လေးတွေပေါ်လာမယ်လေ.....အဲလိုပေါ်လာပြီဆိုရင် အိမ်လေးရဲ့အပေါ်က ကြယ်လေးကို ထက်ကလစ် လိုက်တာနဲ့  သစ်ပင်လေးမှရှိတဲ့ ဖယောင်းတိုင်လေးတွေမီးလင်းလာမယ်လေ အဲမီးလင်လာပြီဆို အိမ်ခြံစည်းရိုးကိုကြည်လိုက်အုံးနော် ခြံစည်းရိုးလှုပ်နေရင် အဲနေရာလေးကို ကလစ်လိုက်ပါ...ဘာကောင်းလေးတွေးထွက်လာလည်းဆိုကြည့်လိုက်ပါအုံး...အကောင်လေးတွေးထွက် လာပြီဆိုရင်တော့ သစ်ပင်လေးကို မျှားလေးနဲ့ ကလစ်ထက်လုပ်လိုက်ပါနော်....နှင်းလေးတွေကျလပြီဆိုရင်တော့ marry christmas card   ရပြီပေါ့နော်.......
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

" ဒဂုံတကသိုလ် သင်ပုန်းကြီးဖတ်စာ "

သူငယ်ချင်းအားလုံးပျော်ရွှင်ပါစေ။..ဖတ်ဖူးတာလေးကိုဘာသာပြန်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တတ်ချင်ရင်ဖတ်ပါ

ဆိုလိုချင်တာက အင်္ဂလိပ်စာတတ်ချင်ရင် အင်္ဂလိပ်စာဖတ်၊ ပြင်သစ်စာတတ်ချင်ရင် ပြင်သစ်စာဖတ်ဖို့ပြောချင် တာ။ စာဖတ်တာဟာ ဘာသာစကားတစ်ခုခုကို ကျွမ်းဝင်ဖို့အတွက် အများကြီး အထောက်အကူပြုနိုင်တယ်။

စာဖတ်တယ်ဆိုတာ ဦးနှောက်ကို အများကြီး အလုပ်ပေးရတယ်။ စာရေးရင် တွေးရတယ်၊ ရေးရတယ်၊ ပိုပြီး အလုပ်ရှုပ်သွားတယ်။ စာဖတ်တယ်ဆိုတာလည်း မျက်လုံးကကြည့်၊ ဦးနှောက်နဲ့ အသိဖလှယ်နိုင်မှ နားလည်ခံ စားလို့ရတယ်။ အင်္ဂလိပ်စာတစ်လုံးမှ မတတ်သူက အင်္ဂလိပ်စာတွေကို ကြည့်သာကြည့်တယ် နားမလည်ရင် ဘယ်လိုမှ ခံစားနိုင်မှာ မဟုတ်ဘူး။

စာဖတ်ရင်
-       ခေါင်းထဲမှာ အရင်ဆုံး သူပြောတာဘာလဲဆိုပြီး မြင်ကြည့်ရတယ်
-       သူပြောတဲ့အကြောင်းအရာကို သိပြီဆိုရင် ခံစားကြည့်ရတယ်
-       စာရေးသူရဲ့ ရေးသားထားချက်ကို သဘောတူခြင်း မတူခြင်းတွေနဲ့ တုံ့ပြန်နိုင်ရတယ်

စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး

ဘာသာစကားတစ်ခုကို လေ့လာရာမှာ Skill လေးမျိုးစလုံးအရေးကြီးတယ်။ Listening, Speaking, Writing, Reading တွေအားလုံး အရေးကြီးတယ်။ Reading က အများကြီးအထောက်အကူပေးနိုင်တယ်။ စာဖတ်ခြင်း ကြောင့် ရရှိလာနိုင်တဲ့ အကျိုးတရားတွေ အများကြီးရှိတယ်။

ဝေါဟာရတစ်ခုနဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေကို လေ့လာမိတယ်

အင်္ဂလိပ်စာဖတ်ရင် စာလုံးအသစ်နဲ့ မလွဲမသွေ ကြုံရမယ်။ ဖတ်လိုက်တိုင်း အသစ်တွေချည်းဖြစ်နေရင်တော့ မဟုတ်သေးဘူး။ ဖတ်နေတဲ့ level က သိပ်မြင့်တာဖြစ်နိုင်လို့ level တစ်ခုကို ပြောင်းလိုက်သင့်တယ်။ ပိုပြီး နိမ့်တဲ့ level ကိုပြောင်းဖတ်ကြည့်မယ်။ စာတစ်မျက်နှာဖတ်လိုက်လို့ စာလုံးအသစ်အဆန်း ၅ လုံးလောက်တွေ့ တာ ပြဿနာမဟုတ်ဘူး။ ဒါဆိုရင် အဲဒီစာကို ဆက်ဖတ်သင့်တယ်။ အဲဒီ ၅ လုံးလောက်မသိတာကို dictionary လှန်စရာမလိုဘဲ ခန့်မှန်းပြီးဖတ်သွားလို့ရတယ်။ အဓိပ္ပာယ်မသိဘဲ ခန့်မှန်းဖတ်ကြည့်ရင်းကနေ နေရာပေါင်းများ စွာမှာ အဲဒီစာလုံးကိုတွေ့လာပြီး နားလည်သွားတတ်တာလည်းရှိတယ်။

အဖတ်နဲ့ဆက်စပ်တဲ့ အရေး

စာဖတ်ရင်းနဲ့ စာရေးဖို့ နမူနာအတွေးလေးတွေ ပေါ်လာတတ်တယ်။ ဒီလိုလေး ရေးလိုက်ရင်ကောင်းမှာပဲဆိုတဲ့ အတွေးမျိုးကိုပြောတာပါ။ မတွေးနေနဲ့ လက်တွေ့ ချရေးကြည့်လိုက်ပါလား။

အင်္ဂလိပ်အရေးအဖွဲ့ မှန်ကန်ဖို့ဆိုရင်

အင်္ဂလိပ်လိုရေးတော့မယ်ဆိုရင် သဒ္ဒါနည်းကျကျ မှန်ကန်ဖို့ အလေးထားကြတာများတယ်။ ပြောရင်တော့ သဒ္ဒါ နည်းကျဖို့ မလိုတော့ဘူး။ ဒါကြောင့် ဖတ်နိုင်အောင် ရေးထားတာ သဒ္ဒါနည်းကျပေမယ့် ပြောတယ်ဆိုတာက လိုရင်းတိုရှင်း နားလည်ရင်ပြီးရော ပြောလိုက်လို့ရတယ်။ ဒါကြောင့် စာဖတ်ရင်း သဒ္ဒါနည်းကျကျရေးထားတာ တွေကို လေ့လာသွားနိုင်တယ်။

ကိုယ့်နှုန်းနဲ့ကိုယ်

စာဖတ်ရင် မြန်မြန်လည်းဖတ်နိုင်တယ်၊ နှေးနှေးလည်းဖတ်နိုင်တယ်။ မိနစ် ၃၀ နဲ့ ၁၀ မျက်နှာလောက်ဖတ်နိုင် သလို၊ တစ်မျက်နှာထဲကို တစ်နာရီလောက်ဖတ်ရင်လည်းရတယ်။ အဲဒါကို စိတ်ထဲမှာမထားနဲ့။ ကိုယ့်ရွေးချယ်မှု အပေါ်မူတည်တယ်။ ကိုယ့်နှုန်းနဲ့ကိုယ်ယူပြီး ဖတ်နိုင်တယ်။

စိတ်ဝင်စားမှုကွာခြား

စာဖတ်တာ စိတ်ဝင်စားမှကောင်းတာ။ စိတ်ဝင်စားရင် ဖတ်ချင်မယ်၊ ပျော်စရာလည်းကောင်းတယ်။ ဥပမာ ဘောလုံးအကြောင်း စိတ်ဝင်စားသူက ဘောလုံးဆောင်းပါးဖတ်သင့်တယ်။ ဘောလုံးအကြောင်းလည်းသိ၊ ဘောလုံးနဲ့ပတ်သက်တဲ့ အင်္ဂလိပ်ဝေါဟာရတွေလည်း သိနိုင်တယ်။

စာဖတ်နည်း ၅ ချက်

၁။ ကိုယ်နဲ့ ကိုက်ညီတဲ့ level ကိုရွေးချယ်ဖတ်မယ်။ များများဖတ်သည်ဖြစ်စေ၊ နည်းနည်းဖတ်သည်ဖြစ်စေ နားလည်သဘောပေါက်ဖို့လိုတယ်။ စာလုံး သုံးလုံးလောက်ဖတ်လိုက် dictionary တစ်ကြိမ်ကြည့်လိုက်ဆိုရင် အာရုံနောက်တယ်။ စိတ်လည်းဝင်စားတော့မှာမဟုတ်ဘူး။ နားမလည်တာများရင် စိတ်ဓာတ်ကျတတ်တယ်။ ဒါကြောင့် နားလည်နိုင်တဲ့ level ကိုပဲရွေးချယ်ဖတ်သင့်တယ်။

၂။ ဝေါဟာရအသစ်အဆန်းတွေတွေ့ရင် ချရေးထားမယ်။ တစ်မျက်နှာထဲမှာ လေး၊ ငါးလုံးတွေ့နေရင် vocabulary book ဆိုပြီး သီးခြားထားမယ်။ အဲဒီအထဲမှာ ရေးမှတ်နိုင်အောင်ကြိုးစားမယ်။ ဖတ်နေတုန်း dictionary ထဲမှာ မရှာနဲ့။ အလုပ်ရှုပ်တယ်။ Highlight pen နဲ့မှတ်ခဲ့မယ်။ ကျော်ဖတ်ပြီးအဓိပ္ပာယ်နားလည် အောင် ကြိုးစားကြည့်မယ်။ စာအားလုံးဖတ်ပြီးမှ ကိုယ့်ယူဆချက် မှန် မမှန် dictionary မှာပြန်တိုက်ဆိုင်ကြည့် မယ်။ ပြီးတော့မှ မှတ်စုစာအုပ်ထဲ ချရေးမယ်။

၃။ စာကို ပုံမှန်ပဲဖတ်နိုင်အောင် ကြိုးစားမယ်။ ဥပမာ တစ်ရက်ကို တစ်ကြိမ်၊ တစ်ကြိမ်ကို အချိန်ဘယ်လောက် ဆိုပြီး သတ်မှတ်ထားသင့်တယ်။ သတ်မှတ်ထားတဲ့အတိုင်းလည်း လုပ်ဖြစ်အောင်လုပ်မယ်။ တစ်ပတ်ကို တစ်ရက်၊ တစ်ရက်ကို ၂ နာရီဖတ်မယ်ဆိုတာထက်၊ တစ်နေ့ကို တစ်ကြိမ်၊ တစ်ကြိမ်ကို ၁၅ မိနစ်ဆိုတာက ပိုကောင်းတယ်။ ပုံသေ သတ်မှတ်၊ သတ်မှတ်ထားတဲ့အတိုင်း အတိအကျလိုက်ဖတ်ဖို့ပဲလိုတယ်။ ဥပမာ အိပ်ယာမ၀င်မီ ၁၅ မိနစ်၊ အိပ်ယာထ ၁၅ မိနစ်၊ နေ့လည်စာစားပြီး ၁၅ မိနစ် ကြိုက်သလို သတ်မှတ်ထားနိုင် တယ်။

၎။ စာဖတ်ဖို့ အားလုံးပြင်ဆင်ပြီး အသင့်ဖြစ်မှဖတ်မယ်။ ဘာတွေလဲဆိုတော့
-       ဖတ်စရာတစ်ခုခု
-       Highlight pen (ခက်ခဲတဲ့စာလုံးတွေအတွက်)
-       Dictionary
-       Vocabulary book
-       စာလုံးသစ်တွေချရေးဖို့ ဘော့ပင်

၅။ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာကိုပဲဖတ်မယ်။ ကိုယ်ကြိုက်တဲ့ မဂ္ဂဇင်း၊ စာအုပ်တွေကိုပဲ ရွေးဖတ်မယ်

ဘာတွေဖတ်မလဲ

သတင်းစာတွေမှာ နိုင်ငံခြားထုတ် အင်္ဂလိပ်သတင်းစာတွေကို ဖတ်သင့်တယ်။ သတင်းဆိုတာ စိတ်ဝင်စားစရာ ကောင်းတယ်။ တကယ့်အဖြစ်အပျက်တွေကိုဖတ်နေရတာကြောင့် စိတ်ဝင်စားနိုင်တယ်။ သတင်းစာမှာလည်း intermediate နဲ့အထက် level လောက်ပဲရေးထားတတ်ကြတာများလို့ သိပ်နိမ့်ရင် ဖတ်လို့မဖြစ်နိုင်ဘူး။ ဖတ်သင့်တဲ့ သတင်းစာတွေကတော့ ဗြိတိန်ထုတ်သတင်းစာတွေဆိုရင် The Telegraph, The Times, The Independent, The Guardian, The Financial Times (Business), The Sunday Times သတင်းစာတွေကို ဖတ်သင့်တယ်။ အမေရိကန်ထုတ် သတင်းစာတွေဆိုရင် The International Herald Tribune, The New York Times, The Wall Street Journal (Business) တွေကိုဖတ်ရင် အဆင့်အတန်းရှိရှိ အင်္ဂလိပ်စာတွေကို လေ့လာနိုင်မယ်။

ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတိုင်းအတွက် အင်္ဂလိပ်လိုရေးထားတာတွေရှိတယ်။ မဂ္ဂဇင်းတွေဖတ်ရင် လည်း အကြောင်းအရာလိုက်ထုတ်ထားတဲ့ နိုင်ငံခြား မဂ္ဂဇင်းတွေကို ရွေးချယ်ဖတ်နိုင်တယ်။

စာအုပ်တွေကတော့ သမိုင်း၊ အတ္ထုပ္ပတ္တိ၊ ခရီးသွား၊ ချက်နည်းပြုတ်နည်းစတဲ့ (non-fiction) စာအုပ်တွေနဲ့ ၀တ္ထု၊ ပုံပြင်၊ ဇာတ်လမ်းစတဲ့ (fiction) နှစ်လိုင်းကွဲသွားတယ်။ စာအုပ်တွေမှာ တစ်အုပ်နဲ့တစ်အုပ် လွယ်တာနဲ့ ခက်တာ တူညီမှာမဟုတ်ဘူး။ Agatha Christie က Stephen King ထက်စာရေးတာပိုလွယ်လို့ ဖတ်ရတာ လည်း သိပ်ခက်မယ်မထင်ဘူး။ သူတို့နိုင်ငံတွေက အင်္ဂလိပ်စာအုပ်ဆိုင်ကြီးတွေမှာတော့ သူ့ level အလိုက် ခွဲထားတတ်တယ်။ ဒီမှာလည်း မှာနိုင်ရင်ရတယ်၊ ရှာနိုင်ရင်ရတယ်။ ဥပမာ British Council ကဖွင့်ထားတဲ့ စာကြည့်တိုက်တွေက နိုင်ငံတိုင်းလိုလိုမှာရှိတာကြောင့် အဲဒီစာကြည့်တိုက်တွေမှာ အသင်းဝင်ပြီးဖတ်ရင်လည်း ရနိုင်တယ်။

အင်္ဂလိပ်ပုံပြင်စာအုပ်တွေ၊ ၀တ္ထုတိုတွေကို စတင်ဖတ်သူတွေအနေနဲ့ ရွေးချယ်သင့်တယ်။ ဘာကြောင့်လဲဆို တော့ တိုတိုလေးတွေဖြစ်နေလို့ တစ်ပုဒ်ဖတ်ပြီးတိုင်း စိတ်ဓာတ်တက်ကြွစေနိုင်တယ်။ စာတစ်အုပ်လုံးဆိုရင် လည်း အချိန်တို အတွင်းပြီးနိုင်တယ်။ ဒါပေမယ့် word level ကိုတော့ 5,000 အောက်လောက်ကစဖတ်ပြီး နောက်မှ 10,000 လောက်အထိ အဆင့်ဆင့်တိုးသွားသင့်တယ်။ သူ့အဆင့်လိုက် တစ်အုပ်ဖတ်ပြီးတိုင်း စိတ်ဓာတ်အားတွေ တိုးသွားလိမ့်မယ်။ ၀တ္ထုတိုတွေကို မဂ္ဂဇင်းတွေထဲမှာလည်း တွေ့နိုင်တယ်။ အင်တာနက်ထဲ မှာလည်း ရှာဖတ်နိုင်တယ်။

Readers ဆိုတဲ့ အဆင့်လိုက် အထူးထုတ်ထားတဲ့ အလွယ်ကူဆုံး အင်္ဂလိပ်စာအုပ်တွေလည်း ရှိသေးတယ်။ အကြောင်းအရာတွေကို လိုရင်း၊ တိုရှင်း၊ လွယ်ကူတဲ့ vocabulary တွေနဲ့ရေးဖွဲ့ပေးထားတယ်။ Level အမျိုးမျိုး ထုတ်တာကြောင့် ကိုယ်နဲ့ ကိုက်ညီတဲ့ level ကိုရွေးဖတ်နိုင်တယ်။ နာမည်ကျော်စာရေးဆရာကြီးတွေရဲ့ နာမည် ကြီးစာအုပ်တွေကို အလွယ်ဆုံးပြန်ရေးထားတာတွေလည်းရှိတယ်။ စာဖတ်လေ့ကျင့်ဖို့ အကောင်းဆုံး စာအုပ် တွေအနေနဲ့ ညွှန်းချင်ပါတယ်။
Note: I got this post from Myanmar Network.
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မလေးရှားနိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ

မလေးကျွန်းဆွယ်သည်လည်း ရှေးခေတ်က သုဝဏ္ဏဘူမိဟုခေါ်သော ဒေသ၌ ပါဝင်ကြောင်း အချို့ပညာရှင်တို့က ယူဆကြသည်။ ထိုအယူအဆအရဆိုသော် တတိယသံဂါယနာအပြီး သာသနာပြု စေလွှတ်ခဲ့သော ဒေသများတွင် ပါဝင်သောကြောင့် ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီး နောက်နှစ်ပေါင်း (၂၅၀)ခန့်တွင် ထိုဒေသသို့ ဗုဒ္ဓသာသနာ စတင်ရောက်ရှိခဲ့သည်ဟု ဆိုရပေမည်။ သို့သော် ခိုင်လုံသော အထောက်အထားကား မရှိချေ။ ထိုဒေသကို သုဝဏ္ဏဒီပ ဟုလည်း ခေါ်ဆိုကြသည်။

ခိုင်လုံသော အထောက်အထားအရမူ ခရစ်နှစ် ၄-ရာစုနှင့် ၅-ရာစုသုံး အိန္ဒိယအက္ခရာဖြင့် ရေးထိုးထားသော သက္ကတဘာသာကျောက်စာတို့ကို မလေးကျွန်းဆွယ်အနှံ့အပြား၌ တွေ့ရှိရသည်။ ထိုကျောက်စာတို့၌ ရေးထိုးထားသောစာများမှာ မဟာယာနမဇ္ဈိမိကဂိုဏ်း၏ အတွေးအခေါ်များဖြစ်ကြောင်း လေ့လာတွေ့ရှိ ကြရသည်။ ထို့ကြောင့် ခရစ်နှစ် ၅-ရာစုလောက်ကပင် မလေးကျွန်းဆွယ်၌ မဟာယာနဗုဒ္ဓဘာသာ ရောက်ရှိနေပြီဟု ယူဆရသည်။

ခရစ်နှစ် ၇-ရာစု၌ ဆူမတြာကျွန်းတွင် သီရိဝိဇယနိုင်ငံသည် တန်ခိုးကြီးသော ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ထင်ရှားခဲ့သည်။ မလေးကျွန်းဆွယ်ကိုပါ အုပ်စိုးခဲ့သည်။ ၇-ရာစု ကုန်ခါနီး၌ သီရိဝိဇယနိုင်ငံသို့ရောက်ခဲ့သော တရုတ်ခရီးသည် ရဟန်းတော် အီကျင်က ထိုနိုင်ငံ၌ ဗုဒ္ဓသာသနာ လွန်စွာထွန်းကား၍ အနီပတ်ဝန်းကျင်နိုင်ငံများ သို့လည်း ဖြန့်ဖြူးပေးနေကြောင်း သီရိဝိဇယ၌ သဗ္ဗတ္ထိဝါ၏ ထွန်းကားနေပြီး မဟာယာနလည်း အနည်းငယ်ရှိကြောင်း မှတ်တမ်းတင်ထားလေသည်။

ခရစ်နှစ် ၈-ရာစု၌မူ သီရိဝိဇယနိုင်ငံကို အုပ်ချုပ်သော သေလေန္ဒြဘုရင်များသည် အိန္ဒိယပြည်မှ တန္တရဗုဒ္ဓဘာသာ ဗဟိုဌာနဖြစ်သော နာလန္ဒတက္ကသိုလ်နှင့်လည်းကောင်း၊ တန္တရ ဗုဒ္ဓဘာသာဝင် ပါလမင်းတို့၏ ၀ိက္ကမသီလ၊ သြဒန္တပုရိ၊ ဂျဂဒ္ဒလတက္ကသိုလ်တို့နှင့်လည်းကောင်း ရင်းနှီးစွာ ဆက်ဆံမူရှိခဲ့ကြသည်။ ပစ္စည်းလေးပါး ထောက်ပံ့မူများပင် ရှိခဲ့သည်။ ထို့ကြောင့် သီရိဝိဇယနိုင်ငံအတွင်း၌ ပါဝင်သော မလေးကျွန်းဆွယ်၊ ဆူမတြာ၊ ဂျားဗား ကျွန်းများသို့လည်း မဟာယာနတန္တရ ဗုဒ္ဓဘာသာ ပြန့်ပွားခဲ့လေသည်။

ခရစ်နှစ် ၁၆-ရာစုတွင် မူဆလင် စူလတန်ဘုရင်တို့က သီရိဝိဇယနိုင်ငံကို သိမ်းပိုက်လိုက်သောအခါ ထိုနိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်သော မလေးကျွန်းဆွယ်သည်လည်း မူဆလင်တို့လက်အောက်သို့ ကျရောက်သွားသည်။ ထိုအချိန်မှစ၍ မလေးကျွန်းဆွယ်၌ ဗုဒ္ဓဘာသာ ကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့လေသည်။

မျက်မှောက်ခေတ်တွင်မူ မဟာယာန ဗုဒ္ဓဘာသာဝင် တရုတ်နွယ်ဖွားများနှင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင်အချို့၏ အားထုတ်မူကြောင့် မလေးရှားနိုင်ငံ၌ တစ်စတစ်စ ဗုဒ္ဓဘာသာ သက်ဝင်လူပ်ရှားလာနေပြီ ဖြစ်သည်။

အထူးအားဖြင့် ပီနန်ကျွန်း၌ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများရှိနေပြီ ဖြစ်ပေသည်။ တည်ရှိရုံမျှမက ပို၍ အံသြဖွယ်၊ မြန်မာတို့ဂုဏ်ယူဖွယ်ကောင်းသည်မှာ ပီနန်ကျွန်းရှိ ဓမ္မိကာရာမ မြန်မာသာသနာပြု ကျောင်းတိုက်ကြီးပင် ဖြစ်သည်။ လွန်ခဲ့သော နှစ် (၂၀၀)နီးပါး (ခရစ် ၁၈၀၃-ခုနှစ်) ကပင် မြန်မာဘုန်းတော်ကြိး ၆-ဆက်တို့ လက်ဆင့်ကမ်း သာသနာပြုခဲ့ရာ ယခုအခါ မြန်မာဘုန်းတော်ကြီး (အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ကြီး ဦးပညာဝံသ၏ ညွှန်ကြားချက်အရ (အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မာစရိယ၊ မဟာဝိဇ္ဇာ) ဆရာတော်အရှင်သုမနာစာရ သာသနာပြုလျက်ရှိသည်။ ထေရ၀ါ၏နှင့် မြန်မာယဉ်ကျေးမူအတွက် ကမ္ဘာလှည့်ခရီးသည်တို့၏ လေ့လာရာဌာနကြီးတစ်ခု အဖြစ်လည်း တည်ရှိနေပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Source by :http://www.mmbloggers-malay.co.cc/
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရွှေညဝါ ဆရာတော်ကို သံဃာနာယက ၄၇ ပါးမှ လူဝတ်လဲခိုင်း..................................

အဆင့်အဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံသဖြင့် ရွှေညဝါ ဆရာတော်ကို လူဝတ်လဲရန် အတွက် နိုင်ငံတော်သံဃာ့နာယက အဖွဲ့၏ ဆဌအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေးဆုံးက ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
တရားကျင့်ဖို့ စိတ်မဝင်စားပဲ လူသူတွေနဲ့ ဆက်ဆံရတာ၊ နိုင်ငံရေးလုပ်ရတာ စိတ်ဝင်စားရင်
လူထွက်ပြီး စိတ်ဝင်စားတာကို တစိုက်မက်မက်လုပ်ခြင်းက
သာသနာအတွက်လည်း လူပိုတစ်ယောက်လျှော့ပြီး
နိုင်ငံရေးလောကအတွက်လည်း လူတော်တစ်ယောက် ရောက်လာမှာပါ
သံဃနာယက ဝါရင့် ဆရာတော်ကြီး ၄၇ ပါးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်...ဗုဒ္ဓဘာသာကို ယုံကြည်လေးစားမြတ်နိုး တန်ဖိုးထားသူတစ်ဦး အနေဖြင့် ရေးသားတင်ပြသင့်သော အကြောင်းအရာများကို ရေးသားတင်ပြလိုပါသည်။ ပထမဦးစွာ တင်ပြလိုသော အကြောင်းအရာသည် သီတဂူ ဆရာတော် ဟောကြားတော်မူသော တရားတော်ထဲမှ ဓမ္မကထိကများအတွက် လမ်းညွှန်ထားသော တရားစာတစ်ပိုဒ် ဖြစ်ပါသည်။ ဓမ္မကထိကများနှင့် ပတ်သက်၍ ပလ္လင်ပေါ်မှ ဆင်းမသွားနဲ့ ဟူသော သြ၀ါဒ ဖြစ်ပါသည်။ ထိုသြ၀ါဒကို ဆရာတော်က အကျယ်တ၀င့် ဟောပါသည်။ အနှစ်ချုပ်မှာ ဓမ္မကထိကသည် ဗုဒ္ဓဟောသည့် တရားအတိုင်း ဟောကြားရန်နှင့် ဗုဒ္ဓမြတ်စွာ မဟောကြားသည့် အကြောင်း အရာကို ထည့်သွင်း မဟောရန် ဖြစ်ပါသည်။
ရွှေည၀ါဆရာတော် ဦးပညာသီဟသည် ဗုဒ္ဓတရားတော်နှင့် မသက်ဆိုင်သည့် အကြောင်းအရာများကို ထည့်သွင်း ဟောကြားခဲ့ခြင်းကြောင့် ကြည့်မြင်တိုင်မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အဖြစ်မှလည်း ကောင်း၊ မြို့နယ်သံဃာဝန်ဆောင် အဖြစ်မှလည်းကောင်း ၁၁-၂-၂၀၁၁ ရက်နေ့မှစ၍ တာဝန်မှ ရပ်စဲလိုက်ကြောင်းနှင့် ၁၁-၂-၂၀၁၁ရက်နေ့မှ ၁၀-၂-၂၀၁၂ရက်ထိ တစ်နိုင်ငံလုံးတွင် တရားဟောခွင့် မပြုခဲ့ကြောင်း နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနှင့် အဖွဲ့ဝင်ဆရာတော် (၁၅) ပါး တို့မှ ဆုံးဖြတ်ခဲ့ပါသည်။
ရွှေည၀ါ ဘုန်းတော်ကြီးသည် နိုင်ငံရေးသမားများနှင့် တွေ့ဆုံကာ နိုင်ငံတော် အစိုးရအားဆန့်ကျင် သောစကားလုံးများ သုံးနှုန်းနေခြင်းတို့မှာ အမြင်အကြား မသင့်လျော်ပါ။ နိုင်ငံရေးသမားများ လုပ်ရမည့် အလုပ်များ အပြောအဆိုများအား ဘုန်းကြီးတစ်ပါး အနေနှင့် ပြောဆိုနေပါက လူနှင့်မခြားသော လုပ်ရပ်များ အဖြစ်မြင်နေမိ ပါသည်။ ဥပမာ - မြန်မာနိုင်ငံ ဒီမိုကရေစီ ရပြီဆိုတာ မဖြစ်စလောက်လေးဘဲ၊ ဒီမဖြစ်စလောက်လေးနဲ့ ပြည်သူတွေအတွက် ဘာများပြောင်းလဲလာမှာလဲ ဟူသော စကားရပ်မျိုး။ ဘုန်းကြီးတွေ မဲမထည့်ရလို့ မကျေနပ်တဲ့ အဟောမျိုး၊ ဒီတစ်ခါမဲပေးရင် လူဝတ်လဲပြီး မဲပေးလိုက်မယ်ဆိုတဲ့ အဟောမျိုးများသည် ဘုန်းကြီးတစ်ပါး အနေနှင့် မသင့်တော်သော ဟောပြောချက်များ ဖြစ်နေပါသည်။
် ဘုန်းတော်ကြီးများသည်အစိုးရအား ပုတ်ခတ်သော အပြောအဆိုများ၊ ဝေဖန်သော စကားများ ပြောဆိုလိုပါလျှင် လူထွက်၍ ပါတီနိုင်ငံရေး လုပ်ကိုင်ခြင်းသည်သာ အသင့်တော်ဆုံးဖြစ်ပါသည်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး အကောင်အထည် ဖော်သွားရေး တောင်းဆိုချက်များသည် ဘုန်းတော်ကြီးများနှင့် မအပ်စပ်ပါ။် ဘုန်းတော်ကြီးများသည် သာသနာတော် တည်တံ့ရေး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးတို့ အတွက်သာလျှင် အားကြိုးမာန်တက် ဟောပြောစေလိုပါသည်။
မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ မှီတင်းနေထိုင်လျက် ရှိပါသည်။ အခြားသော မူဆလင်၊ ခရစ်ယာန် စတဲ့ဘာသာရေး ခေါင်းဆောင်များ အနေနှင့်လည်း ဘုန်းကြီးတို့ကဲ့သို့ နိုင်ငံရေးထဲ ပါလာမည်ဆိုပါက ရှင်းမရသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ကမ္ဘာတွင် ဖြစ်နေသော စစ်ပွဲများသည် သူတို့ဘာသာရေးကြောင့် ဖြစ်ပေါ်လာသည့် စစ်ပွဲများဖြစ် နေသည့်အတွက် ယနေ့တိုင် ငြိမ်းသတ်၍ မရနိုင်သေးပါ။ ဗုဒ္ဓဘာသာ ကြောင့်ဖြစ်သော စစ်ပွဲလုံးဝမရှိသည့်အတွက် ကမ္ဘာ့ပေါ်တွင် အကောင်းဆုံး၊ အသန့်ရှင်းဆုံးနှင့် အမွန်မြတ်ဆုံးသော ဘာသာအဖြစ် ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိဥာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တညီတညွတ်တည်း ရွေးချယ် ဆုံးဖြတ်ထားပါသည်။ ထိုသတင်းသည် ဗုဒ္ဓဘာ သာဝင်များအတွက် ဂုဏ်ယူစရာ သတင်းဖြစ်ပါသည်။
ဝိနည်းဆိုတာလည်း ရဟန်းတော်မှာ အများကြီးရှိတယ်။ သာသနာ့ဝန်ကို
ထမ်းမှာဖြစ်တဲ့အတွက် အများသူငါ လောကီလူသားတွေလို နေခြင်သလို
နေလို့မရအောင်၊ ကိုယ့်ကြောင့်၊ ကိုယ်ရုံထားတဲ့ သင်္ကန်းအရှိန်ကြောင့်
စော်ကားမိတဲ့ သူတွေအပြစ်မဖြစ်အောင်၊ အကြည်ညိုမပျက်အောင်၊ သ့ဃာ့
ဂိုဏ်းကွဲ၊ သင်းကွဲ မဖြစ်ရလေအောင်၊ ကုန်ကုန်ပြောရရင် သံဃာအဖွဲ့အစည်း
မပျက်စီးရလေအောင် မြတ်စွာဘုရားက ရေရှည်အကျိုးကို မျှော်ကိုးပြီး
ချမှတ်ခဲ့တာပါ။ ရှေးယခင် ဘုရားအစဉ်အဆက်တောင် ဂေါတမ မြတ်စွာဘုရားလောက်
သံဃာထုအပေါ်မှ ၀ိနည်းစည်းကမ်းတွေ ချမှတ်ခဲ့ခြင်း မရှိပါဘူး။ ဒါ့ကြောင့်
အခြားသော အနောက်တိုင်း ပညာရှင်တွေကိုယ်တိုင် ထုတ်ဖော်ချီးကျူးရတာကတော့
ရဟန်းကြီး ဂေါတမဟာ လက်နက် ကိရိယာ တန်ဆာပလာ တစ်ခုမှ မပါပဲနဲ့
ယောက်ျားသားတွေကြီးရှိတဲ့ သံဃာဆိုတဲ့ အဖွဲ့အစည်းကို
အုပ်ချုပ်သွားတယ်ဆိုတာ အလကားမဟုတ်ပါဘူး။ ဒီ ၀ိနည်းဆိုတဲ့စည်းကမ်းနဲ့
သိက္ခာပုဒ် အသွယ်သွယ်တွေကြောင့်ပါပဲ။
ဒီနေရာမှာ ရဟန်းတွေဟာ စောင့်နိုင်သမျှ ၀ိနည်းကို စောင့်ထိမ်းချင်း၊
ကျင့်ကြံနိုင်တဲ့ ဓုတင်ကို ဆောင်ခြင်းဟာ ရဟန်းကောင်း ရဟန်းမြတ်တို့ရဲ့
ကျင့်ကြံနိုင်မှု ဖြစ်ပါတယ်။ မကျင့်ကြံလို့လည်း ဘာမှတော့ မဖြစ်ပါဘူး။
သို့သော် ၀ိနည်းဆိုတာ စောင့်ထိမ်းရမယ်မှန်း သိရဲ့သားနဲ့ ချိုးဖောက်ရင်
သာသနာ့ဝန်ထမ်းလို့ မမည်ပါဘူး။ ကျွန်တော် ပဇ္ဇင်းတက်တုန်းက ၀ိနည်းတွေ
လေ့လာနေတုန်းက မသိတာတွေ ဆရာတော်ကြီးကိုမေးလို့ ဆရာတော်ကြီးရှင်းပြဘူးတယ်။
ငါ့တို့ ကျောင်းထိုင်ဆြတော်ကြီးက ပြောတယ် ဒီပဇ္ဇင်း ၀ိနည်းတွေ မေးလာရင်
အကြောင်းထူး တစ်ခုခုတော့ ရှိပီကွ၊ ၀ိနည်းမေးတဲ့ ပဇ္ဇင်းဟာ ထွက်နည်း
နှစ်နည်းပဲ ရှိတယ်။ လူထွက်ရင်ထွက် မထွက်ရင် တောထွက်တဲ့။
ဘာလို့လည်းဆိုတော့ ကျင့်ကြံဖို့ရာ အဲ့လောက်ခက်ခဲတယ် ဆိုတဲ့အတွက်ပါ။
သို့ဖြစ်တဲ့အတွက် ၀ိနည်းကို သာသနာ့ဝန်ကိုထမ်းကြတဲ့ ရဟန်းတော်များဟာ
နိုင်သလောက်ကို ထမ်းကြပါတယ်။ တကယ့်ကို ရဟန်းအကျင့်ကို ကျင့်ကြံတဲ
့ဆြတော်တွေဟာ လူပရိတ်သတ်များပြားစွာ ဖူးမြှော်ခြင်း၊ လာဘ်လာဘ
ပေါများခြင်းကို ရဟန်းစခန်းစဉ် ပေါက်မြောက်ရန်အားထုတ်မှုမှာ မာန်နတ်ရဲ့
အနှောင့်အယှက်တွေလို့ သတ်မှတ်ပါတယ်။ (ရဟန္တာနှင့်
ပုဂ္ဂိုလ်ထူးများမှာကြည့်ပါ။)
သာမာန်ပုထုဇဉ် လူပုဂ္ဂိုလ်ဟာ အပြစ်တစ်ခုကို သိသိကြီးနဲ့ ထပ်ခါထပ်ခါ
ကျူးလွန်ရင် ဘယ်လိုသတ်မှတ်ကြသလဲ။ ဒီလိုဆိုရင် မြင့်မြတ်တဲ့ သာသနာ့နွယ်ဝင်
ရဟန်းတော်တစ်ပါးဟာ ၀ိနည်းသိက္ခာပုဒ်တွေကို သိသိကြီးနဲ့ ထပ်ခါထပ်ခါ
ကျူးလွန်တယ်ဆိုရင် ဘယ်လိုဆုံးဖြတ်ကြမလဲ။ ဒါတွေကို သေခြာစဉ်းစားသင့်ပါတယ်။
သာသနာတော်ညှိုးနွမ်းမှာကို စောင့်ထိမ်းကာကွယ် စောင့်ရှောက်တဲ့ ရဟန်းတော်များဟာလည်း
သာသနာ့အာဇာနည်ဆိုတာကို မမေ့သင့်ပါဘူး။
နောက်ဆုံးအနေနဲ့ကတော့ ရဟန်းတော်များ နိုင်ငံရေး မလုပ်သင့်တယ် လုပ်သင့်တယ်
ဆိုတာ အငြင်းမပွားလိုပါဘူး။ လုပ်လည်းဖြစ်တယ် မလုပ်လည်းဖြစ်တယ်။ သို့သော်
ကိုယ့်လိပ်ပြာကိုယ် လုံရပါမယ်၊ သင်္ကန်းအရေခြုံပြီး ခုတုံးလုပ်စားတာတွေ
များလာမှာကို မလိုလားပါဘူး။ (အခုလက်ရှိ သင်္ကန်းကြီး တကားကားနဲ့
ဘောပွဲကြည့် လက္ဘရည်ဆိုင်ထိုင်၊ အရက်သောက်၊ မိန်းမလိုက်စား
ပါရဇိကကံကြနေသော်လည်း သင်္ကန်းတန်းခိုးနဲ့ မိုက်လုံးကြီးနေတဲ့
ရဟန်းမဟုတ်တော့သော လူများလည်းပါဝင်ပါတယ်)။ ရဟန်းအလုပ် ရဟန်းလုပ်ပြီး
လူအလုပ် လူလုပ်တာ ပိုကောင်းပါတယ်။ လူကနေ ရဟန်းအလုပ်လုပ်လို့ ဓမ္မာစရိယာ
ဘွဲ့ရအဖြစ်က ထုတ်ပယ်လိုက်ရတာတွေ မမေ့သင့်ပါဘူး။ အဲ့ဒိတော့ ရဟန်းက
လူအလုပ်လုပ်တာကို မကန့်ကွက်ပါဘူး ဒါပေမဲ့ လှေနံနှစ်ဖက် နင်းလို့မရသလိုပဲ
ရဟန်းက လူအလုပ် လုပ်လာရင် ရဟန်းလို ကိုးကွယ်ခံထိုက် မခံထိုက်ဆိုတာကိုတော့
ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုခဲ့ရင် ရဟန်းတော်ဆိုတဲ့ အခွင့်အရေးလုံးဝ
ယူလို့မရတော့ဘူးဆိုတာ သိအောင်လို့တော့ ရှင်းပြလိုက်ပါတယ်။
ဒီမိုကရေစီ၏ အနှစ်သာရသည် သူတစ်ပါးအား ထိခိုက်ခြင်းအလျင်းမရှိပဲ မိမိ၏
သဘောထားအား ထုတ်ဖော်ပြောဆိုနိုင်သည် ဆိုတာပါတဲ့အတွက် ကျွန်တော့အယူအဆကို
ရှင်းပြပါတယ်။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်၊
အကျိုးသင့်အကြောင်းသင့် ဝေဖန်နိုင်ကြပါတယ်။ ငါ့အယူမထောက်ခံလို့
ရန်သူဆိုတာမျိုးဆိုရင်တော့ ကိုယ့်ကိုကိုယ်လည်း
အာဏာရှင်စာရင်းဝင်သွားပီဆိုတာ မမေ့လိုက်ပါနဲ့၊ ကျေးဇူးတင်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတ ဦးသိန်းစိန် ထံသို့ အမေရိကန် သမ္မတ၏ ပေးစာ

Obamar_01လေးစားရပါသော
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား . . .
မကြာသေးမီက အသင်နဲ့ စကားပြောခွင့် ရခဲ့တာကို ကျွန်တော် ပျော်ရွှင် ၀မ်းမြောက်မိသလို ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ တယ်လီဖုန်း ပြောဆိုမှုမှာ ဖော်ပြခဲ့သလို ကျွန်တော်ဟာ ဒီမိုကရေစီအတွက် ရဲရဲဝံ့ဝံ့၊ မမှိတ်မသုန်ဆောင် ရွက်နေတဲ့ အသင့်ရဲ့ကြိုးပမ်း အားထုတ်မှုတွေကို လေးစား နေခဲ့တာကြာပါပြီ။ အသင်နဲ့ စကားပြော ခဲ့ရခြင်းဟာ မကြာသေးမီက ကျွန်တော့်ရဲ့ အာရှခရီးစဉ်၏ မီးမောင်းထိုးမှု တစ်ရပ်အဖြစ် ယူဆမိပါတယ်။
မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးသို့ ဦးတည်တဲ့ တွန်းအားပေး ခြေလှမ်းများစွာ ဆောင်ရွက်ခဲ့တာ တွေ့ရတဲ့ အတွက် ကျွန်တော် ကျေနပ်မိပါတယ်။ နိုင်ငံခြား ရေးဝန် ကြီး ကလင်တန်ရဲ့ခရီးစဉ်ဟာ ယူနီဗာ ဆယ်လူ့ အခွင့်အရေး အပေါ် အလေးထားမှုနဲ့ နိုင်ငံရေး ကဏ္ဍသစ် ဖွင့်လှစ်ရေးကို မြှင့်တင် ဆောင်ရွက်ဖို့ အမေရိကန်ပြည် ထောင်စုက ဘယ်လို အထောက်အပံ့ ပေးနိုင်တယ် ဆိုတာကို လေ့လာဆန်းစစ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီခရီးစဉ်ဟာ မြန်မာပြည်သူ တွေရဲ့ ပြင်းပြတဲ့ ဒီမိုကရေစီ ရည်မှန်းချက်တွေကို ကူညီနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက အလေးအနက် ကတိပြု ထားမှုကိုလည်း ပြသမှာဖြစ်ပါတယ်။
DAung_Suu_K(ဓါတ်ပုံ - အင်တာနက်)
နိုင်ငံခြားရေး ၀န်ကြီးရဲ့ ခရီးစဉ်ကို ကြိုဆိုတဲ့အတွက် အသင့်ကို ကျေးဇူးတင်ပါတယ်။ အသင်နဲ့ နောက်တစ်ကြိမ် စကား ပြောခွင့်ရဖို့လည်း စောင့်မျှော်နေပါတယ်။ ကမ္ဘာတစ်ဝန်းလုံးရှိ တရားမျှတမှု၊ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီ တန်ဖိုးများကို မျှဝေသူတွေ အားလုံးအတွက် အသင် ပေးစွမ်းတဲ့ မျှော်လင့်ချက် တွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခု အသင်နဲ့အတူ ရပ်တည် နေပါပြီ။ ဒီလို အမြဲတမ်း ဆက်လက်ရပ်တည် သွားမှာပါ။
ချစ်ကြည်လေးစားစွာဖြင့်
ဘားရက်အိုဘားမား
အမေရိကန်သမ္မတ

ချစ်ကြည်လေးစားအပ်ပါသော
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ခင်ဗျား . . .
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်က ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့ အမေရိကန်- အာဆီယံခေါင်း ဆောင်များ ထိပ်သီးအစည်း အဝေးမှာ ကျွန်တော် တို့နှစ်ဦး တွေ့ဆုံဆွေးနွေးခွင့်ရခဲ့တာကို ကျေနပ် မိပါတယ်။ အဆွေတော်ရဲ့ ဦးဆောင်မှုနဲ့ အတူ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှု လမ်းကြောင်းကို တွန်းအား ပေးတဲ့ခြေလှမ်းတွေများ စွာလုပ် ဆောင်နိုင်ခဲ့တာကို ကျွန်တော်အားပေးလိုပါတယ်။
U_Thein_Sein(ဓါတ်ပုံ - အင်တာနက်)
ကျွန်တော့် အနေနဲ့ ပြုပြင်ပြောင်းလဲမှု အတွက် အဆွေတော်ရဲ့ အမြင်ကို နှစ်ဦး သဘော အရဆွေးနွေးဖို့၊ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုနဲ့ လူ့အခွင့်အရေး ကာကွယ်မှုမြှင့် တင်ရေးဆိုင်ရာ အဆွေတော် ရဲ့ကြိုးပမ်းအား ထုတ်မှုတွေကို အမေရိကန်ပြည်ထောင်စု က ဘယ်လို အထောက်အပံ့ ပေးနိုင်မလဲဆို တာလေ့ လာဖို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကို အဆွေတော်ရဲ့ နိုင်ငံသို့ စေလွှတ်ပြီး အဆွေတော်တို့ အစိုးရ သာမက ပြည်သူများနဲ့ တိုက်ရိုက်ဆွေး နွေးကာ နှစ်နိုင်ငံဆက် ဆံရေးမြှင့်တင်ဖို့ မျှော်လင့်ခဲ့ပါတယ်။ ကလင်တန် အနေနဲ့ အပြန်အလှန် စိတ်ဝင်စားမှုနဲ့ အပြန်အလှန်လေးစားမှုတွေကို အခြေခံပြီး ကျွန်တော်တို့မှာ ဆက်လက်ရှိနေ သေးတဲ့ မြန်မာနိုင်ငံ အပေါ် စိုးရိမ်ပူပန်မှု တွေကို အဆွေတော်ရဲ့ အစိုးရနဲ့ စေ့စပ် ညှိနှိုင်းပေးမှာ ဖြစ် ပါတယ်။ ကျွန်တော်နဲ့ နိုင်ငံခြားရေး ၀န်ကြီး ကလင်တန် ယခင်က ပြောခဲ့ဖူးသလို ဆက်လက် လုပ်ဆောင်ရမယ့် အရာတွေ အများကြီး ရှိပါသေးတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြုပြင် ပြောင်းလဲမှု အောင်မြင်ရေးအတွက် အဆွေတော်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ စစ်မှန်တဲ့ လက်တွဲဖော် အဖြစ်ရပ်တည်သွားဖို့ အဆင်သင့် ရှိနေပါတယ်။ ဒီသမိုင်းဝင် ခရီးစဉ်ကို ကြိုတင်ပြင်ဆင်မှု၌ အဆွေတော်တို့ အစိုးရရဲ့ ကူညီမှုကို လေးစားစွာ အသိအမှတ်ပြုပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်ရဲ့ ဆွေးနွေးမှု တွေမှ တစ်ဆင့်လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ အကျိုး ရလဒ်တွေကြားသိရဖို့ ကျွန်တော် စောင့်မျှော်နေပါတယ်။ သူမနဲ့ဆွေးနွေးမှု တွေမှတစ်ဆင့် ကျွန်တော်တို့နှစ်နိုင်ငံ ဆက်ဆံရေးမှာ စာမျက်နှာ သစ်ဖွင့်နိုင်မယ့် လမ်းကြောင်း ထက်သို့ရောက်ရှိ မယ်လို့ ကျွန်တော်တို့ အားလုံး မျှော်လင့်ထားပါတယ်။

ချစ်ကြည်လေးစားစွာဖြင့်
ဘားရက်အိုဘားမား
အမေရိကန်သမ္မတ          By Citizen Journalist                                                                                                             ရွှေဟင်္သာသတင်းဋ္ဌါန မှကူးယူဖေါ်ပြပါသည်     
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကောင်မလေးတွေကြွေတဲ့ တကယ့်ယောကျာ်းကောင်း


မနက်နိုးလာတော့ ခေါင်းက အရမ်းကိုက်နေသည်။ ညက သူငယ်ချင်းတွေ
နှင့်အလွန်အကျွံ သောက်ထားသည်ကိုသာ သူမှတ်မိပြီး အိမ်ကိုမည်သို့ မည်
ပုံ ပြန်ရောက်လာခဲ့သည်ကို သူ မမှတ်မိတော့။ အိပ်ရာပေါ်က အားယူပြီး သူ
ထလိုက်သည်။ ကုတင်ပေါ်မှ ဆင်းမည်အလုပ် ခေါင်းရင်း ခုံပေါ်တွင် စာရွက်
တရွက်ကို ဖိထားသော ရေတခွက်နှင့် အကိုက်အခဲ ပျောက်ဆေး တချို့ကို
တွေ့လိုက်သည်။ ဘေးဘီကို သူ ကြည့်လိုက်မိတော့ ကုတင်ဘေးတွင် မီးပူ
တိုက်ပြီးသား အသင့်ဝတ်ရန် အ၀တ်အစားများကို တွေ့လိုက်ပြန်သည်။ ဒီနေ့
က ခါတိုင်းနေ့တွေနှင့် မတူ........သူ့အတွက် နည်းနည်းတော့ ထူးဆန်းနေမိ
သည်။ ဆေးကို သောက်လိုက်ပြီး ရေခွက်အောက်က စာရွက်ကို သူယူကြည့်
လိုက်သည်။ စာရွက်ပေါ်တွင်. . .
love Smiley
မောင်...
ခင် ဈေးသွားလိုက်ပြီ
မောင့် အတွက် မနက်စာကို စားပွဲပေါ်မှာ အဆင်သင့် ပြင်ထားပေးခဲ့တယ်။
နွေးနေတုန်း စားလိုက်ပါနော်...
မောင့်ရဲ့
ခင်         
 aloof-and-bored Smiley     
တခုခုတော့ တခုခုပဲ.. ညက မှုးမှုးနှင့် သူဘာတွေပြောမိ လုပ်မိလိုက်ပါလိမ့်..
လူမှန်းမသိ မှုးနေတော့ သူ ဘာကိုမှ စဉ်းစားလို့ မရခဲ့။ မေးခွန်းပေါင်းများစွာ
နှင့် စားပွဲပေါ်က အုပ်ဆောင်းကို သူ မ ကြည့်လိုက်သည်။မနက်စာက အငွေ့
တထောင်းထောင်းနှင့် တကယ့် စားချင်စဖွယ်...........ဘေးတွင် မနက်ပိုင်း
သတင်းစာကို တင်ထားသေးသည်။ မနက်စာကို စားရန် သူထိုင်လိုက်စဉ်
အခန်းထဲမှ သား ထွက်လာသည်ကို သူမြင်လိုက်တော့...
aloof-and-bored Smiley
"သား...မနေ့ညက ဘာတွေ ဖြစ်သေးလဲ"
"အင်း.....မနေ့ညက ညဥ့်နက်မှ ဖေဖေမှုးပြီး ပြန်လာတယ်လေ..အိမ်ရောက်
တော့ မေမေကို အော်ငေါက်တယ်...နောက်ပြီး တွေ့ရာပစ္စည်းတွေကို ရိုက်ခွဲ
တယ်..."
aloof-and-bored Smiley
သား၏ စကားကို သူကောင်းကောင်း သဘော မပေါက်နိုင်သေးဘဲ ထပ်မေး
လိုက်မိသည်။
"ဒါဆို ဖေဖေထလာတော့ တအိမ်လုံး သန့်ရှင်းနေတာပဲ.ရိုက်ခွဲထားတဲ့ အရာ
တွေလဲ မတွေ့ပါလား.....ဒါကို သား မေမေက စိတ်မဆိုးတဲ့ အပြင် ဖေဖေအ
တွက် အင်္ကျီတွေ မနက်စာတွေ အဆင်သင့် ပြင်ထားသေးတယ်"
aloof-and-bored Smiley
"အော် အဲဒါလား...မနေ့ညက ဖေဖေမှုးပြီး ပြန်လာတော့..မေမေက စိတ်ဆိုး
တာပေါ့။ ဖေဖေ အော်ငေါက်နေတဲ့ ကြားထဲ မေမေက ဖေဖေ့ကို အခန်းထဲ
ဆွဲခေါ်ပြီး အ၀တ်လဲမလို့ ဖေဖေ့ အင်္ကျီကို ချွတ်တော့ ဖေဖေက မေမေ့ကို
တွန်းထုတ်ပြီး အော်လိုက်သေးတယ်"
"ဖေဖေ ဘယ်လို အော်လိုက်သေးတာလဲ...သား"
"ကလေးမ...သွား..ငါ့အနားမလာနဲ့ ..ဝေးဝေးသွား..ငါ့မှာ အိမ်ထောင်
ရှိတယ် တဲ့"
                 laughing Smiley
သူ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည်။
နောက် အငွေ့ တထောင်းထောင်း ထနေသော မနက်စာကို မြိုန်ရည်ယှက်
ရည် သူစားလိုက်သည်။



love Smiley

တချိန်က ဖတ်ခဲ့တာလေး တွေ ကို ဝေမျှလိုက်တာပါ......ဖတ်ဘူးတဲ့ သူတွေအတွက် အဟောင်းဖြစ်ပေမယ့် ...
မဖတ်ရသေးတဲ့သူတွေအတွက်တော့ ........ အသစ်လေးတွေပါ။
အနာဂတ်ကောင်းကင်ဆိုဒ်.http://www.futuresky-peace.com/profiles/blogs/6375524:BlogPost:2101...
မှကူးယူဖော်ပြပါတယ်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS