RADIO

What is current song?

RSS

ဒါတွေ သင်သိပြီးမှ မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်း အင်တာနက်ကို သုံးပါ ........။

မြန်မာ့ဆက်သွယ်ရေးက မိုဘိုင်းဖုန်းတွေကနေ အင်တာနက် ဆက်သွယ်မှုတွေကို data usage နဲ့ ကောက်ခံတော့မယ်ဆိုတော့ အသုံးပြုကြတဲ့သူတွေ အနေနဲ့ ကိုယ်ဘာတွေကို သုံးနေပြီး ဘယ်လောက် ကုန်ကျနိုင်တယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့ သိထားကြဖို့ လိုပါတယ်။ 
ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ data usage အနည်းအများဟာ အဓိကအားဖြင့်တော့ အသုံးပြုတဲ့ internet applications တွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။
Typical Data Usage
-       အင်တာနက်ကနေ 30 mins ခန့် တီဗွီကြည့်မယ်ဆိုယင် 90 MB ခန့်

-       YouTube က music video တွေ 4 mins လောက် ကြည့်မယ်ဆိုယင် 11 MB ခန့်

-       Radio apps တွေသုံးပြီး Internet Radio 10 mins လောက် နားထောင်ယင် 15 MB ခန့်

-       Facebook ကို video streaming မပါပဲ 15 mins လောက် သုံးမယ်ဆိုယင် 5 MB ခန့်

-       Attachment မပါတဲ့ email အစောင် 100 လောက် လက်ခံတာ/ပို့တာအတွက် 2.5 MB ခန့်

-       Attachment ပါတဲ့ email 10 စောင်လောက် လက်ခံတာ/ပို့တာအတွက် 18 MB ခန့်

-       Web pages 100 လောက် browsing လုပ်ဖို့အတွက် 20 MB ခန့်

-       Google maps ကို 10 mins လောက် ဝင်ကြည့်ယင် 6 MB ခန့်

Video streaming

Data usage ဘယ်လောက်သုံးမလဲ ဆိုတာ video အမျိုးအစားအပေါ် မူတည်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ Youtube က 4 mins စာလောက်ရှိတဲ့ video file ကို ဖွင့်ကြည့်ယင် data usage 11 MB လောက် သုံးမှာဖြစ်ပြီး static image နဲ့ song file ဖွင့်နားထောင်မယ် ဆိုယင်တော့ 7 MB လောက် သုံးမှာ ဖြစ်ပါတယ်။

Radio streaming

Radio apps တွေဟာ data intensive app အမျိုးအစားတွေဖြစ်ပြီး ပုံမှန် သတ်မှတ်ချက်တွေ အရတော့ 1 min ကို 1.5 MB လောက် သုံးပါတယ်။
Google maps

ပုံမှန်ကတော့ 10 mins ကို 6 MB data usage လောက် ရှိပါတယ်။ ဒါပေမယ့် အသုံးပြုတဲ့ gepgraphic area, zooming, layer toggling တွေပေါ်မှာ မူတည်ပြီး data usage ပမာဏ အပြောင်းအလဲ ရှိနိုင်ပါတယ်။ 

Facebook

ဖေ့စ်ဘုတ်ကို ပုံမှန်အသုံးပြုတာမျိုး အတွက် (ဓာတ်ပုံတွေ၊ link တွေ ဝင်ကြည့်တာ အပါအဝင်) 15 mins ကို 5 MB လောက် data usage သုံးပါတယ်။ ဒါပေမယ့် ကိုယ်နှိပ်လိုက်တဲ့ link က streaming site တွေ ဖြစ်နေခဲ့ယင်တော့ data usage က အပြောင်းအလဲ ရှိနိုင်ပါတယ်။

Email

ပုံမှန် email ပို့တာ၊ ဖတ်တာတွေအတွက် email အစောင် ၁၀၀ ကို 2.5 MB လောက် သုံးပါတယ်။ Attachment တွေ ပါယင်တော့ data usage က တိုးလာမှာပါ။

Apps and games

Applications နဲ့ games တွေ အတွက်ကတော့ ပုံသေသတ်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် သတိထားဖို့ လိုတာက အချို့ applications တွေနဲ့ games တွေဟာ ဖွင့်ထားပြီး အသုံးပြု မနေယင်တောင်မှ နောက်ကွယ်မှာ background services တွေက ဆက်အလုပ်လုပ်နေပြီး data usage တွေ ရှိနေနိုင်ပါတယ်။

Music

Data usage ဟာ music track တွေရဲ့ length နဲ့ quality အပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အားဖြင့်တော့ music track တစ်ခုအတွက် 5 MB data usage လောက် ရှိပါတယ်။

Standard web pages

အခြေခံအားဖြင့်တော့ text အများစုသာ ပါဝင်တဲ့ web page တစ်ခုကို browsing လုပ်ဖို့အတွက် အကြမ်းဖျင်း 0.1 MB လောက် data usage ရှိပါတယ်။ ဒါပေမယ့် ပုံတွေများနေမယ် ဒါမှမဟုတ် flash animation တွေ ပါနေခဲ့မယ် ဆိုယင်တော့ data usage ပိုများလာနိုင်ပါတယ်။

Skype

Skype အတွက် typical data usage တွေကတော့

Skype ကနေ skype ကို ရိုးရိုးပဲ ခေါ်မယ်ဆိုယင် 1 min ကို 3 MB ခန့်

Skype ကနေ ကြိုးဖုန်း (သို့) ဟန်းဖုန်းကို ခေါ်မယ်ဆိုယင် 1 min ကို 1 MB ခန့်

Skype ကနေ skype ကို video calling ခေါ်မယ်ဆိုယင် 500 kbps ခန့်

Skype ကနေ ဟန်းဖုန်း (သို့) ကွန်ပျူတာကို ကို video calling ခေါ်မယ်ဆိုယင် 600 kbps ခန့်

 Viber

Viber ခေါ်ဆိုမှုအတွက် data usage ကတော့ 240 kbps ဖြစ်ပြီး 1 min ကို 14 MB လောက် ရှိပါတယ်။ Message ပို့မယ်ဆိုယင်တော့ 828 bytes per 500 English characters ဖြစ်ပါတယ်။


Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း

(မြန်မာ့ဆက်သွယ်ရေးမှ လျာထားဈေးနှုန်း)

100 Kb (2 ကျပ်)

1 MB  (20 ကျပ်)

100 MB  (1500 - 1800 ကျပ်)

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လူကိုနွေးထွေးစေတဲ့ စကားငါးခွန်း

(၁) တန်ဖိုးထားထိုက်ဆုံးစကားတစ်ခွန်း "နင့်ကိုငါချစ်တယ်"
ဒီစကားတစ်ခွန်းကို သင်ကြားလိုက်ရပြီဆိုရင် သင်ဟာတခြားသူရဲ့ချစ်ခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။ လောကမှာ အချစ်ခံရထက်တာ ပိုချိုမြိန်၊ ပျိုပျော်ရွှင်တဲ့အရာ ရှိနိုင်ဦးမလား? တကယ်လို့ ဒီလိုစကားတစ်ခွန်းကို သင်လည်း ပြောလိုက်ပြီဆိုရင် စိတ်ကူးထဲကအဖော်ကို သင်ရှာတွေ့ပြီဖြစ်ကြောင်း ပြနေပါတယ်။ လူ့ပင်လယ်ထဲမှာ ကူးခပ်ရင်း တစ်နေ့နေ့ တစ်ချိန်ချိန် သင်မျက်စိဖြတ်ခနဲအလက် "ဟော.. သူ(သူမ)ပဲ!"ဆိုတဲ့ အဖော်ကို သင်တွေ့သွားခဲ့တယ်။ အချစ်ရှိပြီဆိုရင် အထီးမကျန်တော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မလေတော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မတွေဝေတော့ဘူး။ အချစ်ရှိပြီဆိုရင် ပေါ့ပေါ့နေလို့မဖြစ်တော့ဘူး။ အချစ်က ရွေးချယ်ခြင်းတစ်မျိုး၊ အချစ်က ပျော်ရွှင်ခြင်းတစ်မျိုး၊ အချစ်က အားအင်တစ်မျိုး၊ အချစ်က တာဝန်တစ်မျိုး... ဖြစ်ပါတယ်။
(၂) နှစ်သိမ့်ထိုက်ဆုံးစကားတစ်ခွန်း "အခုပဲလာခဲ့မယ်"
လူတိုင်းမှာ အကူအညီလိုတဲ့အချိန်တွေ ရှိပါတယ်။ တစ်ပတ်လောက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး နားရက်မှာ သင်အနားယူနေတုန်း ရုတ်တရက် အိမ်ကရေစက်ခေါင်းပျက်သွားတယ်။ ရေပိုက်ပြင်သမားကို သင်ချက်ချင်းဖုန်းဆက်တော့ သူက "ကျွန်တော် အခုပဲလာခဲ့မယ်"လို့ ပြန်ဖြေတဲ့အချိန် သင့်စိတ်သက်သာရာရသွားတယ်။ သင်ကားမောင်းနေတုန်း လမ်းတစ်နေရာမှာ ရုတ်တရက် ကားပျက်သွားတယ်။ နောက်ကားတွေက သင့်ကားနောက်တန်းစီပြီး ဟွန်းအဆက်မပြတ်တီးနေတယ်။ သင်စိတ်ပူပန်လှုပ်ရှားပြီး သူငယ်ချင်းတစ်ယောက်ကို သင်ဖုန်းဆက်တယ်။ သူငယ်ချင်းရဲ့ "ငါအခုပဲလာခဲ့မယ်"ဆိုတဲ့စကားက သင့်ရင်ထဲက အစိုင်အခဲကို ပြေလျော့သွားစေပါတယ်။
(၃) လူကိုယုံကြည်မှုတိုးစေဆုံး စကားတစ်ခွန်း "မင်းလုပ်နိုင်တယ်ဆိုတာ ငါယုံတယ်"
ဆရာတစ်ဦးက ကျွန်တော့်ကိုပြောပြဖူးတယ်။ ကျောင်းသားတွေကို သူအချက်ကျကျ ကိုင်တွယ်နည်းက ကျောင်းသားတွေနဲ့ အမြဲတမ်း နှစ်ကိုယ်ကြား ဆွေးနွေးတာပဲဖြစ်တယ်။ အမှတ်ကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ်၊ အမှတ်မကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ် ဆရာအမြဲပြောလေ့ရှိတာက "မင်းလုပ်နိုင်တယ်ဆိုတာ ဆရာယုံတယ်"ဆိုတာပဲဖြစ်တယ်။ ဒါကြောင့် သူသင်ဖူးတဲ့ ကျောင်းသားတိုင်းလိုလိုဟာ မိမိကိုယ်ကိုယ်ယုံကြည်စိတ် အပြည့်ရှိသူတွေဖြစ်တယ်။ "လုပ်နိုင်သူ"တွေက "ပိုလုပ်နိုင်"ခဲ့ကြပြီး "မလုပ်နိုင်သူ"တွေလည်း "လုပ်နိုင်"ခဲ့ကြတယ်။
ဆွန်ယက်ဆင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော်အမှတ်ရမိပါတယ်။
"စိတ်ထဲမှာ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိရင် တောင်ကိုရွေ့တာပဲဖြစ်ဖြစ်၊ ပင်လယ်ကို မြေဖို့တာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ပြီးမြောက်အောင်လုပ်နိုင်တယ်။ တကယ်လို့ စိတ်ထဲမှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်မှုရှိရင် လက်ဖဝါးလှည့်တာ၊ သစ်ကိုင်းကိုချိုးတာလောက် လွယ်ကူတဲ့အလုပ်ကိုတောင် ပြီးမြောက်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး"
ကျောင်းသားတွေမှ မဟုတ်ပါဘူး။ လူကြီးတွေလည်း အဲဒီလိုပဲဖြစ်တယ်။ လူတစ်ယောက်ဟာ အခက်အခဲကြုံချိန်၊ အမှားလုပ်မိချိန်၊ ဒါမှမဟုတ် တွေဝေဆုံးဖြတ်ရခက်နေချိန်မှာ သူ့ရဲ့လမ်းညွှန်သူ ဒါမှမဟုတ် သူ့သူငယ်ချင်းက "မင်းကို ငါယုံတယ်"၊ "မင်းလုပ်နိုင်တယ်ဆိုတာ ငါသိတယ်"ဆိုတဲ့စကားတစ်ခွန်း ပြောပေးရုံနဲ့ သူ့ကိုသတ္တိအင်အားတွေ ပြန်လည်ပြည့်တင်းစေပါတယ်။
(၄) အတင်းအဖျင်းကို ပထုတ်နိုင်ဆုံးစကားတစ်ခွန်း "မင်းလမ်းမင်းလျှောက် သူတို့ပြောချင်ရာ ပြောပါစေ"
ကျွန်တော့်ဖခင် ကျွန်တော်ကိုစကားတစ်ခွန်းပြောဖူးတယ်။
"တကယ်လို့ တခြားလူ မရယူနိုင်တဲ့အရာကို သားရယူချင်ရင် သူတို့မပေးဆပ်နိုင်တဲ့အရာကို သားပေးဆပ်ရလိမ့်မယ်။ တကယ်လို့ တခြားလူအနားယူချိန် သားလည်းအနားယူမယ်၊ တခြားလူအလုပ်လုပ်ချိန်မှ သားအလုပ်လုပ်မယ်။ တခြားလူ ဘဝကို ဘယ်လိုဖြတ်သန်းရင် သားလည်းသူတို့အတိုင်း ဖြတ်သန်းမယ်ဆိုရင် သူတို့ရတာပဲ သားရလိမ့်မယ်"
ဘဝမှာ အောင်မြင်သူတွေဟာ တခြားလူထက် ဝေးဝေးကြည့်တယ်၊ တခြားလူထက် နက်နက်တွေးတယ်၊ တခြားလူထက် ပိုအလုပ်လုပ်တယ်။ အဲဒီလိုပဲ အတင်းအဖျင်း၊ ကောလဟာလတွေလည်း သူတို့နဲ့အဖော်ပြုတာ ခံရတယ်။ ဒါကြောင့် တခြားလူဆီကနေ မတူတဲ့အသံကိုကြားရတဲ့အခါ ကိုယ့်ရဲ့ပြုမူပြောဆိုမှုကို ဆန်းစစ်ရသလို၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုလည်း ပိုခိုင်မြဲအောင်လုပ်ရပါတယ်။
လူရွန်းပြောသလိုပါပဲ..."သူတို့ပြောချင်ရာ ပြောပါစေ... ကဲ့ရဲ့ဝေဖန် အတင်းအဖျင်းပြောသူတွေရဲ့ ချီးကျူးစကားက ကိုယ်အောင်မြင်မှုရပြီးချိန်မှ ကြားရတတ်တဲ့ စကားဖြစ်တယ်"။
(၅) ပြောရအခက်ဆုံးနဲ့ သဘောထားကွဲလွဲမှုကို အဖြေရှင်းနိုင်ဆုံး စကားတစ်ခွန်း "မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်"
ဒီလိုစကားတစ်ခွန်းက တိုက်ပွဲထဲကလူတစ်ယောက်ကို လက်နက်ချခိုင်းသလိုပါပဲ.. ငြင်းခုန်ရန်ဖြစ်ပွဲမှာ အမှားကိုဝန်ခံတာဟာ အရမ်းမျက်နှာသာမဲ့စေတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် အခြေအနေ တော်တော်များများမှာ ဒီလိုစကားတစ်ခွန်းက ဒေါသကြောင့် တောက်လောက်မယ့်မီးကို အချိန်မီ ငြိမ်းစေနိုင်သလို၊ ပွက်လောရိုက်နေတဲ့ဦးနှောက်ကို ချုပ်ငြိမ်းစေနိုင်သလို၊ ချိန်ရွယ်ထားတဲ့ လက်သီးကို ဖြည်လျော့စေနိုင်သလို၊
ကွဲပြားတဲ့အတွေးအမြင်ကို တစ်နေရာတည်းမှာ စုဆုံစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာနဲ့ ဆုံးရှုံးမှုကို ကာကွယ်တားဆီးနိုင်သလို အဖွဲ့ရဲ့စည်းလုံးခြင်းနဲ့ တည်ငြိမ်ခြင်းကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ဒီလိုစကားတစ်ခွန်းက မိသားစုအငြင်းပွားမှုမှာ ပိုအသုံးဝင်ပါတယ်။ လင်မယားကြားမှာ ကိစ္စသေးသေးမွှားမွှားနဲ့ စကားများရန်ဖြစ်တဲ့အခါ တကယ်လို့ တစ်ယောက်ယောက်က ဒီစကားကိုအရင်ဆုံးပြောလိုက်ရင် သဘောထားကွဲလွဲမှုကို ရပ်တန့်စေနိုင်ပါတယ်။ နှစ်ဦးနှစ်ဖက် သွေးအေးသွားမှ ပြဿနာရဲ့အရင်းအမြစ်ကိုရှာပြီး ဖြေရှင်းနိုင်ပါတယ်။ အချင်းချင်းချစ်ကြိုက်လို့ အတူတကွပေါင်းဖက်ကြပြီးမှ ပြဿနာအသေးအမွှားနဲ့ ဘာကြောင့် နှစ်ဦးနှစ်ဖက် ဒဏ်ရာရထိခိုက်အောင် ပြောဆိုငြင်းခုန်ကြမလဲ? "မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်" ဆိုတဲ့စကားတစ်ခွန်းက ဘာမှကို မဆုံးရှုံးစေနိုင်ပါဘူး
မူရင်း--http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/2011...
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကောင်းကင်မှ ထူးဆန်းစွာ ကျလာသည့် သံသတ္တုပစ္စည်းများ

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ ၆ နာရီ ၃၀ မိနစ် ချိန်ခန့်တွင် သံဖြူ ဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဦးပန်း(၆၂)၊(ဘ) ဦးသောင်းဖေ၏ ရာဘာခြံ အတွင်းသို့ ကောင်းကင်ပေါ်မှ အလျား ၂ ပေ ၆လက်မ၊ အနံ ၆ လက်မ၊ အလေးချိန် ၄ ပေါင်ခန့်ရှိ သည့် သတ္တု(သံကျွတ်) အပိုင်း
အစ ၁ ခု သည် မြည်ဟီးသံနှင့် အတူကျလာ ခဲ့ကြောင်းနှင့် အလားတူ နိုဝင်ဘာလ ၂၂၁၃၀၀ ချိန်တွင် သံဖြူဇရပ်မြို့နယ်၊ ဘုရားလေးဆူ ကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ကျုံကန်ချောင်းစပ် သို့ ဘောလုံး သဏ္ဍာန်ရှိ သတ္တုလုံး (သံကျွတ်) လုံးပတ် ၄၂ လက်မ၊ အချင်း ၁၅ လက်မ ဘေးတစ်ဖက် တစ်ချက်တွင် မူလီ ၄ လုံးစီပါရှိသည့် သတ္တုလုံးတစ်ခု ကျရောက်ခဲ့ကြောင်း ကို ဝဲကလိ ကျေးရွာနေ ဦးနေဝင်းဇော်နှင့် ဦးရှိန်တို့ ၂ ဦး မှ တွေ့ရှိခဲ့သည်ဟု သတင်းရရှိပါသည်။

တဖန် သံဖြူဇရပ်မြို့နယ်၊ ဝါးဘိုးတောင်ကျေးရွာ အရှေ့ဖက် ၄ ဖာလုံခန့် အကွာရှိ ဦးစံသိန်း (၄၂)နှစ်(ဘ)ဦးအောင်ပိုင်၏ ရာဘာခြံအတွင်း ပေါက်ပြား သဏ္ဍာန်ရှိ အလျား ၈လက်မ အနံ ၆.၅ လက်မ၊ အလေးချိန် ၄၀ ဂရမ်ရှိ အပေါက်ငယ် ၄ ပေါက်ပါသတ္တုပြား ၁ ပြားအား ခြံအလုပ်သမား ဦးစံငြိမ်းမှ တွေ့ရှိခဲ့ကြောင်းထပ်မံ သတင်းရရှိပါသည်။
 
credit to မြ၀တီ
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၂၀၁၂ခုနှစ်နှင့် မာယာပြက္ခဒိန် အစစ်အမှန်....


၂ဝ၁၂ ဒီဇင်ဘာလတွင် ကမ္ဘာကြီး ပျက်သုဉ်းမည် ဆိုသော မာယာပြက္ခဒိန်၏
လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိ

ကမ္ဘာကြီးအား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ပျက်သုဉ်းမည်ဟု မာယာပြက္ခဒိန်တွင် ရေးသား ဖော်ပြထားခြင်း မရှိသည့် အချက်ကို
ကျွမ်းကျင်သူများက ရှာဖွေဖော်ထုတ် နိုင်ခဲ့သည်။

ကမ္ဘာပျက်မည့်နေ့ကို ကြိုတင် ဟောကိန်းထုတ်မှုမှာ စာရေးဆရာများနှင့် ရုပ်ရှင်ရိုက်ကူး ထုတ်လုပ် သူများ၏ စိတ်ကူးစိတ်သန်း သာဖြစ်ပြီး
မက္ကဆီကို အရှေ့ တောင်ပိုင်းရှိ မာယာတို (T)ပုံစံ ကျောက်တုံးတွင် ထွင်းထု ထားသည့် မာယာပြက္ခဒိန်တွင်
ကမ္ဘာပျက်မည့် အကြောင်းအရာ လုံးဝမပါရှိကြောင်း သိရသည်။ အကြောင်း ရင်းအမှန်မှာ ၄င်း ကျောက်တုံးပေါ်တွင်
မာယာ အုပ်ချုပ်သူတို့ တိုက်ခိုက်ခဲ့သည့်စစ်ပွဲများနှင့် ၄င်းတို့၏ ဘဝအကြောင်းကို ရေးမှတ် ထားခြင်းသာ ဖြစ်သည်။

ထို့အပြင် မာယာပြက္ခဒိန်၏ နောက်ဆုံး နေ့ရက် အမှန်မှာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်ဖြစ်ပြီး ၄င်းနေ့ ရက်မှာ
မာယာ ပြက္ခဒိန်ရာသီ စက်ဝန်း တစ်ပတ် ကုန်ဆုံးသည့် နေ့ဖြစ်ကြောင်း သိရသည်။

လူကြိုက်များ ထင်ရှားသည့် ''၂ဝ၁၂'' ကမ္ဘာပျက်သည့် ရုပ်ရှင် ဇာတ်ကား ကဲ့သို့ ရေကြီးမှု၊ ငလျင်လှုပ်မှုများနှင့် မီးတောင် ပေါက်ကွဲမှုတို့ကြောင့်
ကမ္ဘာကြီး ပျက်စီး ရမည့်အခြေအနေမျိုး မာယာလူမျိုးတို့ ကြိုတင် ဟောကိန်း ထုတ်ထားခြင်း မရှိပေ။

မာယာတို့တွင် အချိန် ထပ်ခါ ထပ်ခါဖြစ်နေသော အတွေးအခေါ် မှန်းဆချက် တစ်ရပ်ရှိနေပြီး ကမ္ဘာကြီး ပျက်စီးသွားမည်ဟု ယူဆထားမှု မရှိကြောင်း မက္ကဆီကို ရှေးဟောင်း သုတေသန ပညာရှင် ဂျို့စ်ရိုမီယိုက ပြောကြားသည်။

EI Tortuguero ရှိ Monument 6 ဟုခေါ်သော မာယာ ရှေးဟောင်းကျောက် တုံးသည် အပိုင်းအဆ ၆ ခု ကွဲနေပြီး ၄င်းကျောက်တုံးကို
၁၉၁၅ ခုနှစ်တွင် ရှာဖွေ တွေ့ရှိခဲ့သည်။ ၄င်းကျောက်တုံး အစိတ်အပိုင်းများကို အမေရိကန်နှင့် မက္ကဆီကိုရှိ ပြတိုက်များတွင် ပြသထားသည်။

၎င်းမာယာတို့၏ ကျောက်တုံးကို ၁၉၇၈ ခုနှစ်တွင် ဂျာမန်သုတေသီ တစ်ဦးက ပထမဦးဆုံးလေ့လာပြီး တွေ့ရှိချက်များ ထုတ်ပြန်ခဲ့သည်။
နောက်ပိုင်းတွင် ရှေးဟောင်း သုတေသန ပညာရှင်များက ထပ်မံစူးစမ်းလေ့လာရာမှ မာယာ တို့၏ ပြက္ခဒိန်ရာသီ ကုန်ဆုံးရက်သည်
ဒီဇင်ဘာ ၂၃ ရက်ဖြစ်ကြောင်း သိရသည်။

ကျောက်တုံးတွင် ထွင်းထုထားသည့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့သည် ကမ္ဘာကြီး ပျက်သုဉ်းမည့် ကြိုတင်ဟောကိန်း တစ်ခုမဟုတ်ဘဲ
ဆိုလိုရင်း အဓိပ္ပာယ်မှာ မာယာတို့၏ အုပ်ချုပ်သူ Bahlam Ajaw ၏ သမိုင်းကြောင်း သာဖြစ်သည်ဟု ရိုမီယိုက ပြောကြားသည်။
နောက်ဆုံး နေ့ရက်မှာ ခရစ် မပေါ်မီ ဘီစီ ၃၁၁၄ က စတင်ခဲ့သည့် ကာလရှည်ကြာသော မာယာပြက္ခဒိန် ကုန်ဆုံးရက်ကို ရည်ညွှန်းပြီး
စုစုပေါင်း ရက်ပေါင်း ၁၄၄ဝဝဝ နှင့် ညီမျှသော အချိန်ယူနစ် တစ်ခုသာ ဖြစ်သည်။

ထို့အပြင် ကာလရှည်ကြာစွာ အသုံးပြုရသော မာယာ ပြက္ခဒိန်မှာလည်း အဆုံးမရှိသည်ကို တွေ့ရပြီး ပြက္ခဒိန်ရာသီ ကုန်ဆုံးပါက
နောက်ထပ် ပြက္ခဒိန်ရာသီ အသစ်ပြန်စ နိုင်ကြောင်းဖြင့် မက္ကဆီကို သမိုင်းပညာရှင် ဗဲလ်လက်စ်ကွဇ်က ပြောကြားသည်။

မာယာတို့သည် စိတ်ကူးဖြင့် ကြိုတင်ဟောကိန်း ထုတ်ကြပြီး ၄င်းတို့သည် နေ့အလိုက် မိုးရွာမှု၊ မိုးခေါင်မှု၊ ဆန်စပါး ရိတ်သိမ်းမှု အခြေအနေတို့နှင့် ဆက်စပ်ပြီး အနာဂတ်တွင် ဖြစ်ပျက်လာနိုင်မည့် အကြောင်းအရာတို့ကို ခန့်မှန်း ဟောကိန်း ထုတ်ကြကြောင်း သိရသည်။
မာယာ ပြက္ခဒိန်တွင် ကမ္ဘာပျက်မည့် နေ့ကို ကြိုတင် ဟောကိန်း ထုတ်ထားသည် ဆိုသည်မှာ ဂျူဒီယိုခရစ်ယာန်၏ ဘာသာပြန်ဆိုချက် သာ
ဖြစ်သည်ဟု ယုံကြည်ရကြောင်း ကျွမ်းကျင်သူများက ပြောကြား ကြသည်။ ။

မင်းသုနိုင်

http://myawady.net.mm/all-news/international-news/2012-11-24-07-03-49
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကွန်ပျူတာ Desktop ခြောက်ဖက်မြင်နိုင်တဲ့ဆောစ့်ဝဲလ်လေးပါ..


                                                      ဒါကတော့အွန်လိုင်းကနေရှာထားတာပါ
free ဗားရှင်းပါ.....ဘာမှလုပ်စရာမလိုပါဘူး......
သူရဲ့ထူးခြားချက်ကမျက်နှာပြင်ခြောက်ခုလုံးမှာတစ်ခုချင်းအသုံးပြုနိုင်တာပါဘဲ
ကွန်ပျူတာဘားတန်းမှာ....လေးထောင့်အတုံးလေးနဲ့1.2.3.4.5.6.ဆိုပြီးပြထားပါတယ်....
ကိုယ်ကြိုက်တဲ့မျက်နှာပြင်ကိုအသုံးပြုနိုင်ပါတယ်....
1 သုံးနေရင်းနဲ့ 1မှာမျက်စိရှုပ်နေရင် 2ကိုပြောင်းသုံးနိုင်ပါတယ်...
.လေးထောင့်အတုံးလေးကိုကလစ်နှစ်ချက်နိုပ်လိုက်ရင်
ပုံမှာပြတဲ့အတိုင်းပေါ်လာမှာပါ......စိတ်ဝင်စားရင်အခုလိပ်စာတွေမှာဒေါင်းသွားနိုင်ပါတယ်
http://tunabox.net/ (သို့)
အဆင်ပြေကြပါစေဗျာ....
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

mp3 သီချင်းတွေကိုခုတ်ထစ်ဖြတ်တောက်ချင်သူများတွက်

မင်္ဂလာပါသူငယ်တို့
ဂီတ၀ါသနာရှင်တို့အတွက့်ဆော့ဝဲလေးတစ်ခုတင်ပေးလိုက်ပါတယ်မရှိတေးရင်အောက်မှာယူလိုက်ပါ
ဒီဆော့ဝဲလေးကအရမ်းကောင်းပါတယ် Mp3 သီချင်းတွေမိမိလိုချင်သလို
ဖြတ်တောက်လို့ရပါတယ် ဖင်ကဖြတ်၂ ခေါင်းကဖြတ်၂ ခါးကဖြတ် ဖြတ်ချင်တဲ့နေရာကဖြတ်လို့ရပါတယ်
ကိုယ့်ဟာကိုသီချင်းဆိုအသံသွင်းပြီး ကိုယ်ဆိုတဲ့သီချင်းသံနဲ့အဲသီချင်းရဲ့တီးလုံးတွေကိုရောစပ်လို့ရပါတယ်
တီးလုံးသပ်သပ်  သီချင်းဆိုသံသပ်သပ်ခွဲထုတ်လို့ရပါတယ်
အသံတွေကိုမိမိလိုချင်သလိုညှိလို့လည်းရပါတယ်
windows 7 တွေမှာသုံးရတာအစဉ်မပြေပါဘူး
ဆော့ဝဲဖြုတ်ကျကျသွားတတ်ပါတယ် လိုအပ်ရင်စမ်းကြည့်လို့ရပါတယ်
အာလုံးပျော်ရွှင်နိုင်ပါတယ်စေ
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ထိုင်းသတင်းမီဒီယာသမားတချို့က အမေရိကန်ဟာ ထိုင်းနိုင်ငံ ထက် မြန်မာနိုင်ငံကို ပိုချစ်တယ်လို့ ပြောဆို ဝေဖန်နေကြလေရဲ့


အမေရိကန် သမ္မတ ဘားရက် အိုဘားမား တယောက် အာရှတိုက်ကို လာရင်း အာရှနိုင်ငံက အမျိုးသမီး ခေါင်းဆောင် ၂ ဦးဖြစ် တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီး ချုပ် မစ္စ ယင်းလတ် ရှင်နာဝပ်တို့နဲ့ တွေ့ဆုံစဉ် ဓာတ်ပုံမှတ်တမ်းတွေပါ။ 

ဒီဓာတ်ပုံ မှတ်တမ်းတွေကို ကြည့်ခြင်းအားဖြင့် အိုဘားမားရဲ့ နိုင်ငံခြားရေး မူဝါဒ အသစ်စက်စက် ကို လေ့ကျင့်နေတယ်လို့ AP သတင်းတပုဒ်မှာ ရေးသားထားပါတယ်။ 

ညစာ စားရင်း ဟာသနှောလိုက်လို့ ရယ်မောပျော်ရွှင်ရင်း

ဆွဲဆောင်မှု ရှိတဲ့ အသွင်အပြင်ရှိတယ်လို့ အများပြောနေတဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ အိုဘားမားတို့ တွေ့ဆုံစဉ် မှာလည်း သူတို့ ၂ ဦး မျက်လုံးချင်း စကားပြောပုံတွေကလည်း လူအများ စိတ်ဝင်စားစရာ ဖြစ်ပါတယ်တဲ့။

ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်ယင်လပ်မျက်နှာပေးလေးက ဘာလဲဆိုတာ လူတွေ စိတ်ဝင်စားနေကြတယ်
 
အတူ သတင်းစာရှင်းပွဲ လုပ်နေတုန်း ဘာကြောင့် ဒီလောက် ရယ်စရာ ကောင်းခဲ့ရတာလဲ
အပြန်အလှန် အကြည့်များနဲ့ 
 
ဒီလိုပါပဲ မြန်မာဒီမိုကရေစီခေါင်းဆောင်နဲ့ ပွေ့ဖက်နမ်းရှုံ့တဲ့ ဓာတ်ပုံတွေကိုလည်း ကမ္ဘာ့သတင်းလောကမှာ အတော်နေရာယူခဲ့တာပါ။ 

အာရှ အမျိုးသမီး ၂ ဦးနဲ့ အိုဘားမားတို့ ဆက်ဆံပုံမြင်ကွင်းတွေကို ထိုင်း သတင်း မီဒီယာတွေက လည်း နှိုင်းယှဉ်ရေးသား ပြောဆိုနေကြပါတယ်။





 
ဧရာဝတီသတင်းဌာန 
မြန်မာ့သားကောင်း
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အကြမ်းဖက်ခံရတဲ့ လိင်တူချစ်သူများအတွက် ဆုတောင်းပွဲတွေလုပ်မယ်

နည်းမျိုးစုံနဲ့အကြမ်းဖက်ခံခဲ့ရလို့ သေဆုံးသွားရတဲ့ နိုင်ငံတကာက လိင်တူချစ်သူတွေအတွက်  ဆုတောင်းပွဲကို  ဒီနေ့  မြန်မာပြည် မြို့ကြီး ၆ မြို့မှာ တပြိုင်နက်တည်း ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။
ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲ လုပ်မယ့် မြို့တွေကတော့ ရန်ကုန်၊ ပြည်၊ ကျောက်ပန်းတောင်း၊ မုံရွာ၊  ပုသိမ်၊ မန္တလေး တို့ ဖြစ်ပါတယ်။

ရန်ကုန်မှာဆိုရင် မြို့လယ်က Central ဟိုတယ်မှာ ည ၇ နာရီကနေ  ၉ နာရီအထိ ပြုလုပ်မှာပါ။

ရန်ကုန်က ဆုတောင်းပွဲ  အစီအစဉ်မှာ ၀မ်းနည်းခြင်းအထိမ်းအမှတ် ဆီမီးထွန်းခြင်း အစီအစဉ်သာ ပါဝင်ပြီး၊  နယ်မြို့တွေမှာကတော့  သက်ဆိုင်ရာ ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေက သေဆုံးသွားသူတွေအတွက် အမျှအတန်း ပေးဝေခြင်း ဆိုတဲ့ အစီအစဉ်ပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။



ဆုတောင်းပွဲမှာ ပါဝင်မယ့် အဖွဲ့အစည်းများ
- Human Rights Education Institute of Burma (HREIB)
- King n Queen
- လင်းလက် လို့ ခေါ်တဲ့  အမျိုးသမီးချင်းချစ်ကြိုက်သူ(လက်စဘီယန်)အဖွဲ့
- Myanmar MSM Network
- Equality Myanmar

ဆုတောင်းပွဲ ကျင်းပမယ့် ပုံစံတွေက ဒေသအလိုက် ကွာခြားသွားနိင်တယ်၊ တချို့က လိင်တူအဖွဲ့ တခုတည်းက သီးသန့်ကျင်းပမယ်၊ တချို့ဒေသမှာတော့ ၎င်းတို့ရဲ့ မိဘ၊ သူငယ်ချင်းတွေပါ တက်ရောက်ကြမယ်၊ ဘာသာရေးခေါင်းဆောင်တွေကိုယ်တိုင် ဦးဆောင် စီစဉ်မယ့် ဒေသလည်း ရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီလိုလိင်တူချစ်သူများရဲ့ လှုပ်ရှားမှုတွေကို မကြာခဏ စီစဉ်ကျင်းပလေ့ရှိတယ် လို့ HREIB ရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်းက ဆိုပါတယ်။

 ရန်ကုန်မှာက အခြားနိုင်ငံတွေမှာ လူသေဆုံးသွားအောင်အထိ အကြမ်းဖက်ခံရမှုတွေ မရှိသေးပေမယ့် အခြားနည်းတွေနဲ့ လိင်တူချစ်သူတွေ အစော်ကားခံရတာတွေ ရှိတော့ သူတို့ကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဆက်စပ်ဖတ်ရှုရန် ~

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTkJLAymNWVtRp2GO_co2_73sOKp51PrVbrVnxrXs_ebu2gFwQFuxb1SOQHg06LUTcWMjFaEYHkkK83mOL_uYSOABYBrZNwXjdR2S_PpYR0ZmqDLxXDlex9zZCSpjnx7dqEZyOOpLbVY30/s320/thai-lesbian.jpgYes or No ~ Click

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhumwGEeJdl4S8j5cFFlBUEzbUl9i4mZ3iiW7JG2y2b0xLfic9rnx8sMlCDBDqCSPbutCmQOHuZTAPLKTYl5bE5mOwyl5jQWyf4hebOY04ywSSaN578cwo5C8Cd05WEZtpx3PyVipmIJbL7/s400/557650_228436830593466_202664583170691_339237_1355328326_n.jpg
Homophobia သို့မဟုတ် လိင်တူချစ်သူများအား ရွံမုန်းမှု
~ Click

http://www.irrawaddy.org/wp-content/uploads/2012/07/1.-AP-gay.jpg
ချစ်တာ အပြစ်လား
~ Click

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhc0ugPQ258CeNYSSR49bmWBZ3M4LpTDGc55JtfOU02mZHiqijkbs0mxdiY5WX7vdDsgyPP2Fy66F1MsW7Mqw-Ho0AWqkH3O_bJRgUxRsCdR95FgfR3jU5AH21kz-xk-m6hR6FDAmUnDRa/s400/IMG_001.jpg
အမျိုးသားနှစ်ယောက်ရဲ့ ဖူးစာ ~ Click
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သမ္မတအိုဘားမားနှင့်သူ၏မြန်မာပြည်ခရီစဉ်.....

သမ္မတအိုဘားမားနှင့် အဖွဲ့သည် ယနေ့ ညနေ ၃း၄၀  နာရီ ဝန်းကျင်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရှိရသည်။
Nov 19 - 3 : 20 PM
သမ္မတအိုဘားမားနှင့် အဖွဲ့ ယာဉ်တန်းသည် ယနေ့ ညနေ ၃း၂၀ နာရီ ဝန်းကျင်တွင်  ရန်ကုန်တက္ကသိုလ်မှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သည်။
Nov 19 - 3 : 15 PM
"ကျေးဇူးတင်ပါတယ်" ဟု မြန်မာစကားဖြင့် ပြောကြားပြီးနောက် မိနစ် ၄၀ နီးပါး ကြာ အမေရိကန်သမ္မတ အိုဘားမား၏ မိန့်ခွန်းအား အဆုံးသတ်ခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
Nov 19 - 2 : 45 PM
"မြန်မာနိုင်ငံ မင်္ဂလာပါ" ဟု မြန်မာစကားဖြင့် အစချီ၍ အမေရိကန်သမ္မတ အိုဘားမားက ဘွဲ့နှင်းသဘင် ခန်းမအတွင်း စတင် မိန့်ခွန်းပြောကြားနေပြီ ဖြစ်သည်။

speech2
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းစတင် ပြောကြားနေစဉ် Photo : AFP
 Nov 19 - 2 : 30 PM
အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့မွန်းလွဲ ၂ နာရီခွဲ ၀န်းကျင်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောမည့် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီကလင်တန်တို့ ဘေးချင်းယှဉ် အတူထိုင်လျက်ရှိကြောင်း သိရသည်။
Nov 19 - 1 : 37 PM
အမေရိကန်သမ္မတ အိုဘားမား ပြောကြားမည့် မိန့်ခွန်းအား နားထောင်ရန် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား မိန့်ခွန်းနားထောင်းရန် စောင့်ဆိုင်းနေသူများက မတ်တပ်ရပ်၍ လက်ခုပ်တီး ကြိုဆိုခဲ့ကြကြောင်း သိရသည်။
Nov 19 - 1 : 15 PM
အမေရိကန်သမ္မတ အိုဘားမားသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယနေ့ မွန်းလဲ ၁ နာရီ ၁၅ မိနစ် ၀န်းကျင် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
Nov 19 - 12 : 20 PM
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့တွေ့ဆုံ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှု ရရှိရန်အတွက် တတ်နိုင်သမျှ ကူညီသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ပြောကြား
မြန်မာနိုင်ငံသို့ တစ်ရက်ကြာ ရောက်ရှိနေသာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၄င်း၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ နာရီဝက်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း ပါဝင်ကြောင်း သိရသည်။
ခေါင်းဆောင်နှစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း တွေ့ဆုံဆွေးနွေးပြီးနောက် ပြည်တွင်းပြည်ပ မီဒီယာမျွန်ားအား တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ မှတ်ချက် စကားများ ပြောကြားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားက ဆက်လက် ပြောကြားခဲ့ပါသည်။
"ကျွန်မ အမေရိကန်သမ္မတ အိုဘားမားကို ကျွန်မတို့နိုင်ငံ ကျွန်မရဲ့ အိမ်မှာ ကြိုဆိုရတာ အရမ်းဝမ်းသာပါတယ်။ ကျွန်မတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ သမိုင်းရှည်ကြာစွာ ကတည်းက တည်ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ ထောက်ခံခဲ့ပါတယ်။ ရှေ့မှာရှိနေတဲ့ ခက်ခဲတဲ့ နှစ်များတစ်လျှောက်လုံးမှာလည်း ဒီထောက်ခံမှုမျိုး ဆက်လက်ရှိနေလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ မည်သည့် အကူးအပြောင်းတွင်မဆို အခက်ခဲဆုံး အချိန်ကာလမှာ အောင်မြင်မှုကို မြင်တွေ့ရပြီလို့ထင်တဲ့ အချိန်ပါပဲ။ ကျွန်မတို့ အနေနဲ့ အောင်မြင်မှု တံလျှပ်ရဲ့ ဖျားယောင်မှု မခံရဖို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ စစ်မှန်သော အောင်မြင်မှုတွေ ရဖို့အတွက် ကျွန်မတို့ နှစ်နိုင်ငံ အကြားနှင့် ပြည်သူနှစ်ရပ် အကြား ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ လုပ်ရမယ့် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ရပါမယ်။ သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ဖြစ်ထွန်းစေပြီး မြန်မာနိုင်ငံရဲ့ ဦးတည်ရာကိုလည်း မှန်ကန်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မအနေနဲ့ အမေရိကန်ပြည်ထောင်စု အစိုရနဲ့ တတ်နိုင်သမျှ ဆက်သွယ်ဆောင်ရွက်သွားပါမယ်။" ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
"မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး အရှိန်အဟုန် ကို ထိန်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီထဲမှာ ယုံကြည်စိတ်ချရသည့် အစိုးရ အဖွဲ့အစည်းများ တည်ထောင်ခြင်း တရားဥပဒေစိုးမိုးရေး ဖေါ်ဆောင်ခြင်း၊ တိုင်းရင်းသား ပဋိပက္ခများ ချုပ်ငြိမ်းခြင်း၊ မြန်မာပြည်သူများ ပညာရေး၊ ကျွန်န်းမာရေး စောင့်ရှောက်မှုနဲ့ စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိစေရေး သေချာစေခြင်းတို့ ပါဝင်ပါတယ်။ ကျွန်တော်အနေနဲ့ ဒီနိုင်ငံက ပြည်သူတွေကို ကတိ ပေးချင်ပါတယ်။ ဒီကတိကို ကျွန်တော်တို့အနေနဲ့ ထိန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ တစ်ကယ်လို့များ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့ တိုးတက်မှုများ ဆက်တိုက် မြင်တွေ့ရမယ်ဆိုပါက ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမှုတွေဟာလည်း ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်မှု ရဖို့အတွက် ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သမျှ အားလုံးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ယနေ့နံနက် ၁၂ နာရီ မိနစ် ၂၀ ၀န်းကျင်တွင် အမေရိကန်သမ္မတ အိုဘားမား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရသည်။
obamasu3

obamasu1
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း တွေ့ရစဉ်
Nov 19 - 12 : 15 PM
အမေရိကန်သမ္မတ အိုဘားမားသည် လက်ရှိအချိန်တွင် (မွန်းလွဲ ၁၂ နာရီ ၁၆ မိနစ်) ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရောက်ရှိသွားပြီဖြစ်သည်။
Nov 19 - 12 : 10 PM
အမေရိကန်သမ္မတ အိုဘားမားသည် ၁၁နာရီ ၅၀ မိနစ်ဝန်းကျင်တွင် ရွှေတိဂုံစေတီတော်ကို တက်ရောက်ဖူးမျှော်ခဲ့ပြီး လက်ရှိအချိန်တွင် ရွှေတိဂုံစေတီမှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
pagoda1
pagoda2
Nov 19 - 11 : 45 AM
အမေရိကန်သမ္မတ အိုဘားမားသည် လွှတ်တော်မှ ထွက်ခွာပြီးနောက် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြှော်မည်ဖြစ်ကာ မြောက်ဘက်မုဒ်မှ ရင်ပြင်တော်ပေါ်သို့ တတ်ရောက်မည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် သမ္မတအိုဘားမား၏ လုံခြုံရေး တပ်ဖွဲ့ဝင်များ ရွှေတိဂုံစေတီတော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Nov 19 - 11 : 45 AM
အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ုတိုင်းဒေသကြီး လွှတ်တော်မှ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။
Nov 19 - 11 : 35 AM
ယနေ့နေ့လည်ပိုင်းတွင်း အမေရိကန်သမ္မတ အိုဘားမားသည် လူမှုရေးအဖွဲ့အစည်းများ ၊တိုင်းရင်းသား အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကို တွေ့ဆုံပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
Nov 19 - 11 : 30 AM
obamats
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့အား တွေ့ရစဉ် Photo : AFP
  နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့၏ တွေ့ဆုံမှု နံနက် ၁၁နာရီ ၂၀မိနစ်အချိန်တွင် ပြီးစီးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် အမေရိကန် သမ္မတ အိုဘားမားက ယခုကဲ့သို့ အပြုသဘောဆောင်သောတွေ့ဆုံမှုသည် အမေရိကန် မြန်မာ နှစ်နိုင်ငံ ရေရှည်ဆက်ဆံရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် မြန်မာနိုင်ငံအား တိုးတက်မှုကိုဖြစ်ပေါ်စေ ကြောင်း၊ အမေရိကန် မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်နှင့်မြန်မာနိုင်ငံ နှစ်နိုင်ငံအတွက်သာမက အရှေ့တောင်အာရှအပြင် တစ်ကမ္ဘာလုံးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ကြောင်း နိုင်ငံတော်သမ္မတကြီး၏ ကလေးစစ်သားဆိုင်ရာ ဆောင်ရွက်မှုများနှင့် လက်နက်ကြီးတပ်ဆင်မှု ထိန်းချုပ်မှုဆိုင်ရာ ဆောင်ရွက်မှုများသည် ကောင်းမွန်ပါကြောင်း၊ မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် ထပ်မံ လာရောက်နိင်မည် ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
Nov 19 - 11 : 00 AM
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားသည် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် နာရီဝက်ကြာ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အိုဘားမားသည် ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး တစ်ဦးလျှင် ၅ မိနစ်ခန့် ၄င်းတို့၏ တွေ့ဆုံမှုနှင့် ပတ်သတ်၍ မှတ်ချက်စကားပြောကြားမည် ဖြစ်သော်လည်း မီဒီယာများမှ မေးမြန်းခွင့်မရှိကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက မီဒီယာများသို့ ပြောကြားခဲ့သည်။
Nov 19 - 10 : 20 AM
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် သမ္မတအိုဘားမားတို့ စတင်တွေ့ဆုံနေပြီဖြစ်ကြောင်း သိရှိရသည်။
Nov 19 - 10 : 15 AM
အမေရိကန်သမ္မတ အိုဘားမား ယာဉ်တန်းအားတွေ့ရစဉ်
ob1
Nov 19 -  10 : 5 AM
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ယာဉ်တန်းအားတွေ့ရစဉ်
19m

Nov 19 - 10 : 00 AM အမေရိကန်သမ္မတ အိုဘားမား ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန်သို့ရောက်ရှိ
အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ အိုဘားမားနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါ လိုက်ပါလာခဲ့ပြီး အိုဘားမားနှင့် အဖွဲ့အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မီရှဲတို့ လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
သမ္မတ အိုဘားမားနှင့်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ ၀န်းကျင်တွင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်သို့ ရောက်ရှိခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တွင် တွေ့ဆုံနေကြောင်း သိရသည်။အမေရိကန်သမ္မတ အိုဘားမားနှင့်အဖွဲ့သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တွင် တွေ့ဆုံပြီးပါက တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးသို့ သွားရောက်မည်ဖြစ်ကာ ယင်းမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ကာ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ယနေ့အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်တစ်လျှောက် မြန်မာပြည်သူ အများအပြားက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ob7
ob9
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အမေရိကန်သမ္မတရဲ့ သမိုင်းဝင် မြန်မာပြည်ခရီး


cnn.com
မနက် ၃ နာရီ ၄၀ မိနစ်အမေရိကန်သမ္မတ ဘာရတ် အိုဘားမား ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။သတင်း စတင်ဖော်ပြချိန် (အမေရိကန် အရှေ့ဘက်ခြမ်း စံတော်ချိန် ၂၀၁၂၊ နိုဝင်ဘာ ၁၉ ရက်နေ့ မနက် ၃ နာရီ မိနစ် ၂၀) တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် အမေရိကန်သမ္မတ ဘာရတ်အိုဘားမား မိန့်ခွန်း ပြောကြားနေပါတယ်။ ထို မိန့်ခွန်းကို ဘီဘီစီနဲ့ အယ်လ်ဂျာဇီးယား ရုပ်သံလွှင့်ဌာနတို့က တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။ ဘာရတ်အိုဘားမားဟာ သမိုင်းဝင် ပထမဆုံး ရာထူးလက်ရှိ အမေရိကန်သမ္မတဦးအနေနဲ့ မြန်မာပြည်ကို လာရောက် လည်ပတ်သူ ဖြစ်ပါတယ်။ အိုဘားမားဟာ ၂၀၁၂၊ နိုဝင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်ကို ရောက်ရှိခဲ့ပြီး ရွှေတိဂုံဘုရားကို ဖူးမြှော်ခဲ့ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

G mail လုံခြုံဖို့ နည်းလမ်းလေးတွေပါ…

G mail လုံခြုံဖို့ နည်းလမ်းလေးတွေပါ…
ကျွန်တော် တို့တွေ ခိုင်မာတဲ့ Password တွေ သုံးနေယုံနဲ့ အကောင့် တစ်ခု လုံခြုံဖို့ မလုံလောက်တော့ပါဘူး။
ဒါကြောင့် လူတွေ ဟာ ဘယ်လိုနည်းတွေ နဲ့များ တစ်ခြားသူတွေ အကောင့် ရဖို့ ကြိုးစားနေကြပါလဲ၊
G mail အဟတ်မခံ ရဖို့ နည်းလမ်း တစ်ချို့ကို Share လိုက်ပါတယ် သယ်ချင်းတို့ရေ…
1. G mail ကို log In မ၀င်ခင် URL ကိုအမြဲ စစ်ပါ
G mail အကောင့် ကို Log in ၀င်တိုင်း browser address bar က URL ကိုအမြဲ စစ်ပါ။ အကြောင်းကတော့
G mail Log In Page နဲ့ တစ်ပုံတည်း တူတဲ့ Webpage ကိုဖန်တီးထားတဲ့ Dirty minds နဲ့ သူတွေ များစွာ ရှိနေ
လို့ပါပဲ။ အဆိုးဆုံး အပိုင်းကတော့ သူတို့ဟာ ဟန်ဆောင် Login Page ရဲ့ နောက်မှာ Scripts တစ်ချို့နဲ့ များစွာ
သော Codes တွေ ကို Install လုပ်ထားပြီး သူတို့ရဲ့ Webserver က Page ထဲကို host ယူလိုက်လိုက်တာပါပဲ ။
ကျွန်တော် တို့တွေ အဲလို ဟန်ဆောင် Webpage မှာ Log In ၀င်လိုက်တာနဲ့ ကျွန်တော် တို့ရဲ့ User Name နဲ့
အတူ passward ကို တစ်ခြား E mail Adderess (သို့မဟုတ် ) FTP (File Transfer Protocol) location တစ်ခု ကို ပို့လိုက်ပါပြီ။ ဒါကြောင့် တစ်ခြား URl တွေက မဟုတ်ဘဲ G mail ကို log In ၀င်ရင်
http://www.gmail.comလို့ရိုက်ပြီးတော့ ပဲ ၀င်သင့်ပါတယ်။
2. Public Places နေရာတွေမှာ Email စစ်ခြင်း ရှောင်ပါ
Keylogger ဆိုတာ Keyboard က ရိုက်သမျှ ကို Record လုပ်ဖို့ သုံးတဲ့ Computer Program တစ်ခု ဆိုတာ
သိပြီး ပြီးဟုတ်။ Keystrokes တွေ အားလုံးကို မှတ်တယ်။ Text File လေးအဖြစ် သိမ်းတယ် ပြီးတော့
Email address တစ်ခု ဒါမဟုတ် FTP sever ကိုပို့တယ် နောက်ဖက်မှာ Run နေတဲ့ Process တစ်ခုလုံးကို
တကယ်ကို ကျွန်တော် တို့ သတိ မမူမိဘူးနော်။ ကျွန်တော် တို့က E mail စစ်ဖို့ Local Internet café တစ်ခု
ကိုသွားမယ် Café Staff ကလည်း ကွန်ပျူတာတိုင်း မှာ အဲဒါ တပ်ထားမယ် ဆိုရင် User Name နဲ့ Passward
လည်း ရိုက်ရော စတင် အလုပ်လုပ်ပြီး တစ်ခြား E mail ထဲ ပို့လိုက်ပြန်ရော ဆိုင်ကလည်း ပြန်ရော ကိုယ့်
အကောင့်ကို Hack ခံလိုက်ရပြန်ရော။ဒါကြောင့် ကိုယ့် ရဲ့ ထိန်းချုပ်မှု မရှိတဲ့ Public places တွေနဲ့ local café
တွေ မှာ Mail မစစ်ပါနဲ့၊ ( ဆိုင်မှာပဲ သုံးရတဲ့ သူတွေ ဘယ်နှယ့်လုပ်ရပါ့ ) ဟီးးးး

3. ဒုတိယ E mail အကောင့်ထဲကို E mail တွေ ကို Forward လုပ်ပေးပါ။
Local Internet café တွေ Public Computer တွေမှာ E mail လည်းစစ်ရမယ် Keylogger တွေ တပ်ထားမှာလည်း
ကြောက်ရတယ်ဆိုရင်တော့ ဒီအချက်လေး တွေ ကိုကြည့်ပါအုံး
Passward အသစ်နဲ့ တစ်ခြား G mail အကောင့်တစ်ခု ဖွင့်ပါ။
အရင် အကောင့်ရဲ့ Password နဲ့ လုံဝမတူသင့်ပါဘူး။
အရင်အကောင့်နဲ့ G mail ကို Log In ၀င် Setting ကိုသွား “Forwarding and POP/IMAP” tab. ကိုတွေ့
တယ်ဟုတ် အဲဒိက Forward a copy incoming mail to မှာ ခုနက အကောင့် သစ်ကို ထည့် လိုက်။
ပြီးတော့ Save လိုက်။ ဒါဆိုရင် Primary G mail ထဲကို ၀င်လာသမျှ mail တွေ Secondary Mail address ထဲကို
Auto ရောက်လာပါလိမ့်မယ်။

Public Computer မှာ Mail စစ်တဲ့ အခါတိုင်း Secondary Email ကိုပဲ သုံးပါ ဒါဆိုရင် hack ချင်တဲ့ သူတိုင်း အဲဒီ
Secondary Email ကို ပဲ ဟတ်ပါစေတော့လေ။ ဒါပေမယ့် အဲဒီ ယာယီ အကောင့် ထဲမှာ အရေးကြီးတဲ့
E mail password နဲ့ user name တွေ ကိုတော့ သိသိသာသာ ကြီး မချန်ခဲ့ပါနဲ့ဗျာ။
အရေး ကြီးဆုံးက ပုံမှန် ဆိုသလို ချိုကြားချိုကြား မေးတွေ ဖျက်ပေးပါအုံး။ ရယ်စရာများကောင်းနေမလားဗျာ
ဒါပေမယ့် လုံခြုံတဲ့ ဘက်မှာဖြစ်ဖို့တော့ ပိုမိုကောင်းမှာပါ။
အရေးကြီးဆုံးတော့ Secondary E mail ကို Primary E mail account ရဲ့ Password recovery option မှာ
လုံးဝ မထားဖို့ပါပဲ။ အဲဒီ Secondary account က Public computer တွေ မှာ မေး စစ်ဖို့ အတွက်ပါပဲ။
4. ပုံမှန် G mail အကောင့်ရဲ့ လုပ်ဆောင်ချက်တွေ ကို စစ်ပေးပါ။
ကျွန်တော် တို့တွေ ကိုယ့် G mail အကောင့်ကို Log In ၀င်ဖို့ သုံးတဲ့ ကွန်ပျူတာရဲ့ IP address ကို စစ်ကြည့်
နိုင်ပါတယ်။ IP ရှာဖို့က G mail ကို Log In ၀င် လိုက်တာနဲ့ အောက်ခြေနားလေးမှာ Account activity detail
ကို Click ကြည့်ပါ။ ပုံမှာ ပြထားသလိုပါ။

ဒါက ကျွန်တော် တို့ရဲ့ Gmail account ကို Log In ၀င်ဖို့ သုံးခဲ့တဲ့ နောက်ဆုံး IP address ကိုပြနေပါတယ်။
ဒါက ကျွန်တော် တို့ g mail ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်တွေ ရဲ့ အချိန်၊ နေ့စွဲ ၊ နိုင်ငံနဲ့ ပြည်နယ် တွေ ကို
ကျွန်တော် တို့ သတိ ထားကြည့်မိပါလိမ့်မယ်။ တစ်ခြား ကို မသိတဲ့ IP တွေ၊ နေရာ အမည်တွေ တွေ့တယ်ဆိုရင်
တော့ တစ်နေရာရာ ကနေ တစ်ယောက်ယောက်က ကျွန်တော် တို့ရဲ့ account ကို
သုံးနေတယ် ဆိုတာ သေချာနေပြီပေါ့။
ဒါကို ဖြေရှင်းဖို့တော့ Sign out of all other sessions ကို Click လိုက်ပါ
G mail က တစ်ခြား Active ဖြစ်နေတဲ့ Session တွေကို အလိုအလျှောက် Delete လုပ်သွားပေးပါလိမ့်မယ်။
ပြီးတော့မှ Password ကို ချက်ချင်းပြောင်းလိုက်ပါ။
5. Filters တွေကိုလည်း စစ်ကြည့်ပါ
Gmail ရဲ့ Filters တွေကို ကျွန်တော် တို့အကောင့်မှာ တစ်ချို့ ကိုခွဲခြားသတ်မှတ် ထားဖို့ သုံးတယ် ဟုတ်၊ တစ်ခြား
ခွဲခြားထားချင် တဲ့ မေး တွေကို တစ်ခြား အကောင့်ထဲကို Auto Forward လုပ်လို့ လည်း ရတယ် ၊ဖျက်လို့ရသလို
တစ်ခြား များစွာသော Task တွေကို လုပ်လို့ရပါတယ် ၊ စိတ် မကောင်းစွာပဲ Filters တွေ ဟာ G mail account
security ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု လည်း ဖြစ်နိုင်ပါတယ်။

အခြေအနေ တစ်ခု ကို စဉ်းစားကြည့်ပါ ကိုယ်က Collage က Computer မှာ Mail စစ် ခဲ့တယ် Log out လုပ်ဖို့မေ့ပြီး
အခန်းပြန်လာတယ် သယ်ချင်းတစ်ယောက်က တွေ့သွားပြီး ကိုယ့်မေးထဲမှာ သူ့မေးထဲဝင်ဖို့ Filter လေး ခွဲခဲ့မယ် ၊
အဲဒါ လေးက ကိုယ့်ထဲလာသမျှ ကို သူ့ထဲကို Auto Forward လုပ်ပေးနေပါလိမ့်မယ်။
သူလုပ်ချင်ရင် ကိုယ့်အကောင့်ကို ပါ Reset လုပ်ကောင်းလုပ်မှာပါ။
ဒါကြောင့် ကိုယ် ဖန်တီးထားတာ မဟုတ်တဲ့ G mail setting ထဲက Filters တွေ ကိုစစ်ကြည့်ပါအုံး၊
သံသယ ရှိရင်တော့ ဖျက်ပစ်လိုက်ပါ။
6. သံသယဖြစ်ဖွယ် Link တွေကို မနှိပ်မိပါစေနဲ့
ဘယ် E mail address ကိုမဆို တစ်ယောက်ယောက်က ဟန်ဆောင် E mail တွေ ပို့လို့ ရတဲ့ Wedsides တွေ
ရှိနေပါတယ်၊ အဆိုးဆုံးကတော့ ပို့တဲ့ သူက From address ကို customize လုပ်လို့ရတာပါ noreply@gmail.com
တို့ gmailteam@google.com တို့ပါ။
အခြေအနေ တစ်ခု ကို စဉ်းစားကြည့်ရအောင်ပါ Mr X က Webside တစ်ချို့ကို သုံးပြီး Mail တစ်ဆောင်
ကျွန်တော် ကို ပို့ပါမယ် Security Reason ကြောင့် G mail password ပြောင်းဖို့ပါ။
support@gmail.com လိုမျိုးတစ်ခုခု အဖြစ် From ဆိုတဲ့ Address Field လေး ကို ကြည့်ကြည့်ပါအုံး G mail
ကရော ဟုတ်ရဲ့လားလို့ မဟုတ်ပါဘူး အဲဒါ G mail က၊ Password ချိန်းဖို့ ဒါမဟုတ် ဘယ်သူဘယ်ဝါ ဆိုတာ
သေချာ ဖို့ Log In ၀င်ကြည့်ဖို့ Mail တွေ များ ကိုယ့်ရဲ့ inbox ထဲမှာ ရနေတယ် ဆိုရင် ရပ်လိုက်ပါနော်။ ကိုယ့်ရဲ့
Inbox ထဲက အဲလို သံသယ ဖြစ်ဖွယ် လင့် တွေကို မနှိပ်မိပါစေနဲ့နော်။ G mail က အကြောင်းပြချက်မရှိဘဲနဲ့
အဲဒီလိုတွေ ဘယ်တော့မှ ခိုင်းမှာ ဟုတ်ပါဘူးတဲ့၊ ဒါကြောင့် ကိုယ့်ကို Password ပြောင်းဖို့ Google ကနေ
ဖြစ်ဟန် ရှိပြီး ပြောလာတဲ့ မေး တွေ ရတယ်ဆိုရင် ကိုယ့်ကိုများ တစ်ယောက်ယောက်က ဟတ် ဖို့ ကြိုးစားနေပြီ
လား ဆိုတာ သံသယ လေး ၀င်ကြည့်ပါအုံးနော်။
7. ဂဏန်းတွေ နဲ့အက္ခရာ ရောနေတဲ့ password တွေသုံးပါ။
နံပါတ်တွေနဲ့ အက္ခရာတွေ နှစ်ခုလုံးပါတဲ့ password ကိုရွေးချယ်ပါ။ Symbols လေးတွေနဲ့ Special characters
လေးတွေ သုံးမယ် ဆိုရင် ပိုကောင်းမှာပါ။ ( !, <, >, / , # etc…)
ကိုယ့်ရဲ့ ဖုန်းနံပါတ်တို့ မိဘနာမည်တွေ Credit card No တွေကို တော့ ကို အကောင့် Password အဖြစ် မသုံးပါနဲ့။
ဖြစ်နိုင်မယ် ဆိုရင် ၁၀ လုံးထက်ကျော်တဲ့ Password ရှည်ရှည် လေး တွေ သုံးပေးပါ။
ကိုယ့်ရဲ့ Password ကိုစာရွက်တွေ ပေါ်မှာ ဒါမဟုတ် ကွန်ပျူတာ ထဲမှာ Text File လေးတွေလုပ်ပြီး အသိမ်းပါနဲ့ဗျာ။
ကိုယ့်ရဲ့ အကောင့်ကို ဟတ် ဖို့ ကြိုးစားနေတဲ့ တစ်ယောက်က password တွေကို ခန့်မှန်းဖို့ ခက်ခဲသွားမှာပါ ။
ပိုရှုပ်လေလေ ပိုပြီး လုံခြုံလေ လေ ပိုကောင်းလေ လေ ပေါ့ဗျာ။ ကျွန်တော်တို့ G mail အကောင့်နဲ့ ကိုယ့်ရဲ့ ဖုန်းနံပါတ်
နဲ့ ဆက်သွယ်ထားသင့်ပါတယ်။ ကျွန်တော် တို့ Password မေ့ပြီး Log In ၀င်လို့ မရတော့ဘူးဆိုရင် အသုံးတဲ့လာမှာပါ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စိတ်အမော်ပြေရန်..

*** 1။တစ်ခါတစ်လေမှပါ။ ***
အစ်မဖြစ်သူ၏ရည်းစားဖြစ်သူက မောင်ငယ်ဖြစ်သူအား မေးသည်။
“မင်းအစ်မနဲ့ငါနဲ့ အခန်းထဲမှာ နှစ်ယောက်တည်း ရှိနေတဲ့အချိန် မင်းတံခါးသော့ပေါက်ကနေ ချောင်းကြည့်ဖူးသလား။
“ဟုတ်ကဲ့ ချောင်းကြည့်ဖူးပါတယ် ။မေမေသော်လည်းကောင်း၊ဒေါ်လေးသော်လည်းကောင်း ၊မမလေးသော်လည်းကောင်း ချောင်းမကြည့်တဲ့အချိန်မှပါ။”
*** 2။ရှေးဟောင်းနာရီကိုး ***
တစ်ခါကယောက်ခမကြီး ဆိုဖာပေါ်ထိုင်နေပြီး သတင်းစာဖတ်နေသည်။၎င်းထသွားပြီး 1 စကúန့်အကြာ အပေါ်တည့်တည့်မှ နာရီကြီး ဆိုဖာပေါ်သို့ ပြုတ်ကျသည်။
သားမက်ဖြစ်သူမှ
ကျိတ်မနိုင်ခဲမရလေသံဖြင့်
“တောက်တော် စောက်သုံးမကျတဲ့နာရီ အမြဲတမ်းနောက်ကျတယ်။”
*** 3။ မိုးရေမှဟုတ်ရဲ့လား ***
သစ်ပင်တစ်ပင်ပေါ်တွင် မျောက်နှစ်ကောင်ထိုင်နေကြသည်။ တစ်ကောင်ကမြင့်သော အကိုင်းမှာထိုင်နေပြီး ကျန်တစ်ကောင်က ပိုနိမ့်သော အကိုင်းတွင်ထိုင်နေသည်။
ထိုစဉ် အောက်အကိုင်းမှ မျောက်ပေါ်သို့ ပူနွေးသော အရည်များကျလာရာ
“မိုးရေကလည်းနွေးလိုက်တာ”
“ဘာလဲ မင်းကမကျေနပ်ဘူးလား ငါကြိုက်တာငါရွာခိုင်းတယ်ကွာ ကဲ။”
*** 4။ဆရာမကပီတာလေးကိုပြောသည် ***
“ဟဲ့ပီတာ ကျောင်းကို လာတာဘာဖြစ်လို့ မျက်နှာမသစ်ဘဲလာရတာလဲကွဲ့ မင်းမျက်နှာကိုကြည့်ပြီး ဒီနေ့နံနက်စာ မင်းဘာစားခဲ့သလဲဆိုတာတောင် မှန်းလို့ရတယ်”
“ပြောနိုင်ရင်ပြောလေ”
“ကြက်ဥကွာ”
“မမှန်ဘူး”
“ကျွန်တော် ကြက်ဥစားတာလွန်ခဲ့တဲ့ (2) ရက်က”
*** 5။ခွဲစိတ်တယ်ဆိုတာ ***
ခွဲစိတ်ပြီးစီး လူနာကို လူနာဆောင်သို့ ပြန်လည်ခေါ်ယူလာသည်။
“ဟင်းအခုမှပဲ စိတ်အေးရတော့တယ် ဟုလူနာက တိုးတိုးကလေးပြောလိုက်သည် ၄င်းလူနာ၏ ဘေးကုတင်မှလူနာက စိတ်မအေးနဲ့အုံး မိတ်ဆွေ ကျွန်တော်လည်းဒီလိုပဲခွဲခဲ့တာပဲ ဒါပေမယ့်ကတ်ကျေးကျန်ခဲ့လို့ဆိုပြီး နောက်တစ်ခါအခွဲခံခဲ့ရတယ်ဗျ ”ဟုပြောလိုက်သည်
အခြားလူနာတစ်ဦးကည်း
“ကျွန်တော့တုန်းကလည်း လက်အိတ်ကျန်ခဲ့လို့ဆိုပြီး နှစ်ခါအခွဲခံခဲ့ရပါပကော ”ဟုပြောလိုက်ပြန်သည် ထိုအချိန်တွင် လူနာခန်းထဲသို့ ခွဲစိတ်ဆရာဝန် သုတ်သုတ်ပြာပြာဝင်လာပြီး “ကျွန်တော့ဦးထုပ်များ မတွေ့မိကြဘူးလားဗျာ”
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်တွင်းမှ ဖြစ်ရပ်မှန် (တမလွန်ဘ၀မှ အချစ်ကြီးသူ )

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)
တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့။
ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာ
အဓိက သရုပ်ဆောင်များဖြစ်ကြ လေသည်။

တောင်ကြီး လွိုင်လင် မိုးနဲမြို့များသို့ ကုန်စိမ်းများသယ်ယူပို့ဆောင်ပေးနေသော ကိုဒေါင်းစိန်၏ဂျစ်ကားကို မစီးဘူးသူတော်တော်ရှားသည်။ အထူးသဖြင့် နန်းစင်ချိုတစ်ယောက် ယာဉ်မောင်း ကိုဒေါင်းစိန်ဘေး ဂျစ်ကားရှေ့ခန်းမှ လိုက်ပါလေ့ရှိကြောင်းကိုလဲ လူတိုင်းသိကြပြီးဖြစ်သည်။ ကိုဒေါင်းစိန်က မိတ္ထီလာသား၊ နန်းစင်ချိုက မိုးနဲသူ။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြသည့်အကြောင်းကိုလဲ မိုးနဲတစ်မြို့ လုံးအသိပင်ဖြစ်သည်။

“အစ်ကို နန်းကိုဘယ်တော့ လက်ထပ်ယူမှာလဲဟင်”

“အစ်ကို ရုန်းကန်နေရတဲ့ဘ၀ကိုလည်း နန်းအသိသားနဲ့။ နန်းကို တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ပဲ ကြိုးစားပြီးငွေစုနေတာလေ”

“ဒါတော့ ဒါပေါ့အစ်ကိုရယ်…ယောကျာင်္းလေးတို့ရဲ့အချစ်သည် တစ်ခဏ၊ မိန်းကလေးတို့၏ အချစ်သည် တစ်ဘ၀ဆိုတာလေးတော့ အစ်ကိုသိမှာပါ”

“အစ်ကိုက အဲ့အမျိုးအစားထဲပါနေလို့လား…”

“အဲဒီလို မဟုတ်ပါဘူး အစ်ကိုရယ်၊ နန်းတို့မိန်းမသားဆိုတာရှေ့ရေးကို မျှော်တွေးနေကြတဲ့သူတွေပါ၊ နန်းအစ်ကို့ကို ယုံပါတယ်။ နန်းကို အစ်ကိုဘယ်လောက်ချစ်တယ်ဆိုတာနန်းသိပါတယ်”

နန်းစင်ချိုရဲ့ ချိုသာသော အပြုံးလေးနဲ့ ချစ်စကားပြန်တုံပြန်လိုက်တော့ ဒေါင်းစိန် တစ်ယောက်ပီတိတွေ လွှမ်းလို့ပေါ့…

“မကြာခင် နန်း စိတ်တိုင်းကျဖြစ်စေရမှာပါ နန်းရဲ့”

မိုးနဲဈေးနေ့၊ လွိုင်လင်ဈေးနေ့ တောင်ကြီးဈေးနေ့များတွင် ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကို အမြဲလိုလို မြင်တွေ့နေကြရသည်…

တစ်ဦးအပေါ် တစ်ဦး အနစ်နာခံနားလည်မှုရှိကြပြီးအချစ်ကြီးချစ်ခဲ့ကြသောယာဉ်မောင်းသမားလေး ဒေါင်းစိန်နဲ့ ဈေးသည်မလေးနန်းစင်ချိုတို့ ၃ နှစ်အတွင်းမှာပင် လက်ထပ်ခဲ့ကြသည်။

မိုးနဲတစ်မြို့လုံးကလဲ ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ဇနီးမောင်နှံကို နေနဲ့လ ရွှေနဲ့မြပုံပမာဆိုသည့် သီချင်းထဲကလိုတောင် ထောပနာပြုကြသည်။

နှစ်ဦးသား အနှစ်နှစ်အလလကြိုးစားရှာဖွေခဲ့ကြသည့်ငွေလေးနဲ့ မိဘများနှင့် အိမ်ခွဲ နေထိုင်ကြသည်။

တစ်ဦးအပေါ် တစ်ဦး နားလည်မှုပေး၊ တစ်ဦး အခက်အခဲ များကို တစ်ဦး ဖြေရှင်းပေး ဒေါင်းစိန် က လဲ အိမ်ထောင်ဦးစီးပီပီ နေ့မနား ညမအား စီးပွားရှာ ကားဆွဲ၊ နန်းစင်ချိုကလဲ အိမ်ထောင်ရှင်မကောင်းဖြစ်အောင် နေထိုင်လေသည် ၊ သို့သော်လဲ တစ်နေ့တွင် ရှေ့သွားနောက် လိုက်ညီနေသော ဇနီးမောင်နှံအတွက် အနှောင့်အယှက်လေးတစ်ခု ၀င်ရောက်လာလေသည်…

“အစ်ကို ဒေါင်း မနက်ဖြန်လည်း အကိုဒေါင်းကားနဲ့ပဲလိုက်မှာနော်၊ ရှေ့ခန်း အစ်ကို့ဘေး မှာ နေရာချန် ထားပေး” အိမ်ရှေ့ဆီမှ အမျိုးသမီးတစ်ဦး၏ ခရာတာတာနွဲ့တဲ့တဲ့ အသံကို ကြားလိုက်ရသဖြင့် နန်းစင်ချို တစ်ယောက် ဝေ့ကြည့်လိုက်သည်။
သူအင်မတန်ချစ်သော လင်တော်မောင် ဒေါင်းစိန်ဘေး၌ ပွတ်သီးပွတ်သပ် ထိုင်နေသည့် ချောချောလှလှ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရသည်…

“ဒီနေ့တော့ ကားရေဆေးရမှာမို့ ချယ်ရီ ဒီကနေပဲဆင်းသွားတော့နော်၊ မနက်ဖြန် ချစ်ရီအိမ်ကို အကိုဝင်ကြိုမယ်”

“Ok ချယ်ရီသွားမယ်”

ဂျစ်ကားရှေ့ခန်းမှ လှုပ်လီလှုပ်လဲ့နှင့် ခပ်ယဲ့ယဲ့ဆင်းသွားသော ချယ်ရီအား စူးရှသောမျက်လုံးအစုံနှင့်ကြည့်နေသူက နန်းစင်ချို။

“ကားဆရာကြီး ဒီနားကိုခဏကြွပါအုန်း”

ရိသဲ့သဲ့စကားကြောင့် ဒေါင်းစိန်သိလိုက်ပြီဖြစ်သည်။

“အဲ့ဒီ ချယ်ရီဆိုတဲ့ကောင်မက ဘယ်ကလဲ၊ ဘာကြောင့် အစ်ကို့ဘေးနားမှာ ကပ်ထိုင်နေရတာလဲ၊
အစ်ကို့ဘေးမှာ နန်းစင်ချိုဆိုတဲ့ သူ့မိန်းမကလွဲရင် ဘယ်သူမှ ထိုင်ခွင့်မရီဘူးလေဆိုတဲ့ စကားလုံးတွေနဲ့ အစ်ကို့ကို တိုက်ခိုက်တော့မယ် မဟုတ်လား။ အခုတော့ အစ်ကို အရမ်းပင်ပန်းလာလို့ စိတ်ရှည်ရှည် ထားပေး အုံးနော်၊ နောက်တော့ အားလုံးရှင်းသွားမှာပါ နန်းရဲ့”

နန်းစင်ချို ဘာမှပင်မပြောလိုက်ရမီ ဒေါင်းစိန်တစ်ယောက် ကားရေဆေးရန်ဟုဆိုကာ ထွက်သွားလိုက် သဖြင့် စကားနည်းရန်ဆဲဖြစ်ခဲ့ရသည်။
သို့ရာတွင်လည်း နေ့စဉ်လိုလို ပတ်ဝန်းကျင်မှ အတင်းအဖျင်းလေများတိုက်ခတ်မှုကြောင့် နန်းစင်ချို ခံပြင်းစိတ်များ အုံကြွလာသည်။ ချယ်ရီဆိုသော မိန်းကလေးကိုတွေ့လျှင် အရှုပ်ကို ရှင်းမည်ဟု ဆုံးဖြတ် ထား လိုက်သည်။

သို့နှင့် မည်သူမျှ အသိမပေးပဲ ဒေါင်းစိန်ရှိမည့် ဂျစ်ကားဂိတ်သို့ တစ်ဦးတည်းလိုက်သွားသည်။
“နန်း ဘာဖြစ်လို့ လိုက်လာတာလဲ၊ ချယ်ရီနဲ့ အကို ဘယ်လိုပုံစံနဲ့မှ မပတ်သက်ဘူးဆိုတာ အစ်ကို ရှင်းပြပြီးပြီလေ”

“အစ်ကိုပြောတာတွေအားလုံးကို နန်းနားလည်ပါတယ်၊ ဒါပေမယ့် အစ်ကိုရယ် အရင်တုန်းကလိုပဲ အစ်ကို ကားမောင်းနေရင် အစ်ကို့ဘေးနားမှာပဲ နန်းအမြဲလိုက်နေချင်တာ အစ်ကိုရဲ့”

“ခက်လိုက်တာ နန်းရယ် အစ်ကိုတို့ ကားသမားဆိုတာ ခုနှစ်ရက်သားသမီးနဲ့အလိုက်သင့်ပေါင်းရတယ် ဆိုတာ နန်းလည်းအသိသားနဲ့”

“ဟုတ်ပါတယ် အစ်ကိုရဲ့၊ ဒါပေမယ့်လဲ အကို့ဘေးနားမှာ ဘယ်သူမှ ထိုင်တာ မကြိုက်ဘူး”

“နန်းကလဲ ကလေးဆန်လိုက်တာ။ ကဲလာ ခုလည်းအစ်ကို လိုက်ပို့မယ်၊ အကို့ဘေးနားမှာပဲထိုင်ပေါ့၊
ရှေ့ခန်းမှာ ဘယ်မိန်းကလေးမှ မတင်တော့ဘူး ကျေနပ်လား”

နန်းစင်ချိုက ကနွဲ့ကယနှင့်ခေါင်းအသာညိတ်ပြလိုက်သည်။ ဒေါင်းစိန်တစ်ယောက် ခရီး သည်   မပြည့်သော်လည်း ဂိတ်မှထွက်ခဲ့သည်။ မိုးနှင်းများကျထားသဖြင့် စိုစွတ်နေသော လမ်းပေါ် ၀ယ် ဒေါင်းစိန်၏ဂျစ်ကားမှာ တရိပ်ရိပ်ပြေးလွှားရင်း တောင်တက်တောင်ဆင်းတို့တွင် ကွေ့လိုက် ပတ်လိုက်နှင့်ကျော်ဖြတ်နေကြောင်းတွေ့ရသည်။

နန်းစင်ချိုမှာမူ ဒေါင်းစိန်နံဘေးမှလိုက်ပါလာရသည်ကိုပင်ပီတိဖြာလျက်တမှေးပင်အိပ်ပျော်သွားဟန်တွေ့နေ ရသည်။ ခရီးသည်များကလဲ သူ့အတွေးနဲ့သူ့အရေး၊ မှေးသူကမှေး ငေးသူကငေးလို့ပေါ့။
ဂငယ်ဂွေ့တစ်ကွေ့အရောက် မမျှော်လင့်ဘဲ ကုန်တင်ကားယာဉ်ကြီး တစ်စီးကွေ့ထွက်လာသည်ကိုတွေ့လိုက်ရသော ဒေါင်းစိန်လည်း စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ဖြင့် ကားကိုဘယ်ဘက်သို့ကွေ့ချလိုက်သည်။ အမှတ်မထင်ဖြစ်ပျက်လိုက်မှုကြောင့် နန်းစင်ချိုခမြာ ကား၏ ညာဘက်သို့လွင့်ကျသွားတော့သည်။

ကားကလဲ အရှိန်နဲ့ဖြစ်တာကြောင့် ကျသွားသော အရှိန်နဲ့ပေါင်းပြီး သွေးသံရဲရဲဖြင့် မေ့လဲသွားသော နန်းစင်ချိုအား ချက်ခြင်းပင် လွိုင်လင်ဆေးရုံသို့ အမြန်ပို့ကြသည်။ သို့သော်လဲ နောက်နေ့   မနက်တွင် နန်းစင်ချို တစ်ယောက် သေဆုံးသွားကြောင်း သိကြရ၍ မိုးနဲတစ်မြို့လုံးနှင့် ဒေါင်းစိန်တို့ယူကြုံး မရဖြစ်ကြရတော့သည်။

ဒေါင်းစိန်သည် နန်းစင်ချိုအလောင်းအား မိုးနဲသင်္ချိုင်းတွင် ကောင်းမွန်စွာမြှုပ်နှံခဲ့သည်။

ရဲ့တပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုပြုလုပ်ချက် အပေါ်အခင်းဖြစ်စဉ်က ဂျစ်ကားပေါ်တွင်ပါလာသူများအားလုံးက
နန်းစင်ချိုမှာ အိပ်ငိုက်နေသဖြင့် ကားရုတ်တရက်အကွေ့တွင် ကျသွားခြင်းဖြစ်ကြောင်း ထွက် ဆိုကြခြင်းကြောင့် ဒေါင်းစိန် အပြစ်နှစ် အနည်းငယ်သာ ကျခံခဲရသည်။

နေ့များသည် လျှင်မြန်စွာဖြတ်သန်းနေ၏ ဒေါင်းစိန်က ယာဉ်မောင်းအလုပ်ကိုသာ ပြန်လုပ် ကိုင်နေကြောင်းတွေ့ရသည်…။
တစ်ခုထူးခြားချက်က ညဘက်ရောက်လျှင် ဒေါင်းစိန်အိမ်တစ်ဝိုက်မှာ ခွေးများ အလွန် အူကြချင်းဖြစ်သည်။
နောက်တစ်ချက်ကမူ ဒေါင်းစိန် ကားလိုက်လို့ ကားခေါင်းခန်းတွင် အမျိုးသမီးပါလာလျှင် အနံဆိုးကြီးရခြင်း
တစ်ခါတစ်ရံ ကားပေါ်မှ ဆွဲချသလိုတောင် ခံစားရသည်ဟု ပြောစမှတ်ဖြစ်လာကြသည်။

“နန်းစင်ချိုက သူ့လင် ဒေါင်းစိန်ကို ဘယ်လောက်စွဲလမ်းလဲဆိုတာနင်တို့အသိပဲလေ။ပြီးတော့ သေရ တာက အစိမ်းသေ ကျွတ်နိုင်လွတ်နိုင်ပါ့မလားဟဲ့”

“အဲဒါကြောင့် သရဲဘ၀အဖြစ်နဲ့များ သူ့အိမ်သူပြန်နေတာ နေနေမှာပေါ့”

အဲဒါကတော့နန်းစင်ချိုရဲ့ အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်သည့် နန်းကြာယုံနှင့်မြမြ၀င်းတို့၏လေသံ။

“ငါ့အထင်တော့ တို့သူငယ်ချင်း ဒေါင်းစိန်က သူ့မိန်းမကို အရမ်းချစ်တော့ ကားပေါ်က ကျသေတဲ့နေရာ ကနေ ခေါ်လာတာပဲဖြစ်ရမယ်”

“ဘယ်လိုပဲဖြစ်ဖြစ်ကွာ နန်းစင်ချို သရဲ ဒီအိမ်မှာရှိနေတာတော့သေချာပြီ”

“အိုကွာ ဘာပဲဖြစ်ဖြစ် ငါတို့ ချောင်းကြည့်ရအောင်”

ဒေါင်းစိန်၏သူငယ်ချင်း သံချောင်းနှင့်စိုင်ဇော်ထူးတို့၏ စူးစမ်းသံ ဒေါင်းစိန် အိမ်ပြန်မလာသော ညတည၊
မိုးနှင်းများကျပြီး အအေးဒဏ်ကလဲ လွန်ကဲချိန်ဖြစ်၍မိုးနဲတစ်မြို့လုံး တိတ်ဆိတ်နေချိန်ဖြစ်သည်။

အမှောင်ထုထဲမှာ ခွေးအူသံ တစ်ချက် ကြားရသည်နှင့် သံချောင်းတို့ ဒေါင်းစိန်၏အိမ်သို့ချဉ်းကပ်လိုက် သည်။ မှောင်ပြပြမီးဖိုချောင်ဘက်မှ အသံကြားရသဖြင့်နှစ်ဦးသား အာရုံစိုက်ပြီး အကြည့် သူတို့တွက်ထား သည့်အတိုင်း နန်းစင်ချို သရဲကိုတွေ့ရလေပြီ။
ထမင်းချက်သည်၊ ပန်းကန်ဆေးသည် ရေနွေးတည်သည်။ ရေအိုးတွေ ရေဖြည့်သည် လူဖြစ်စဉ်က လုပ်ခဲ့ပုံအတိုင်းလုပ်ဆောင်လေသည် ။
သို့သော် ဘုရားစင်ရှိသည့်ဘက်ကိုတော့ မသွားချေ…။

ထိုစဉ် ဒေါင်းစိန်ပြန်လာသည်ကို တွေ့ရသဖြင့် သံချောင်းတို့ပုန်းနေလိုက်သည်။ ဒေါင်းစိန်  တစ်ယောက် သရဲ မနန်းစင်ချို ချက်ပြုတ်လုပ်ကိုင်သွားသည်များကို မတွေ့။ မည်သို့မျှမမှုသည့်အပြင် ပူပူနွေးနွေး ထမင်းဟင်းများကို အားပါးတရစားနေကြောင်းတွေ့ကြသည်။

“သံချောင်းမင်းတို့ မြင်တွေ့ခဲ့တာတွေက အမှန်ပဲလား”

“မှန်ရုံတင်ဘယ်ကမလဲ ဆရာရယ် မိုးနဲတစ်မြို့လုံးကလဲ သိနေကြပြီပဲဟာ”

အထက်ပါဖြစ်ရပ်မှန်များအား သံချောင်းတို့က စာရေးသူကိုပြန်လည်ပြောပြနေခြင်းဖြစ်သည်။
သို့ကြောင့်လဲ စာရေးသူကိုယ်တိုင်ပင် ဖြစ်ရပ်မှန်များထဲသို့ စူးစမ်းလိုစိတ်နှင့်ဝင်ရောက်ခဲ့ရလေတော့သည်။

“နေစမ်းပါအုန်း မင်းတို့သရဲမကိုတွေ့ရတယ်ဆိုတာက လူပုံစံနဲ့တွေ့လိုက်ရတာလား”

“အဲလိုတော့မဟုတ်ဘူး ဆရာရ၊ ဟိုအင်္ဂလိပ်ကားတွေထဲကလိုတော့ပုံစံကြီးနဲ့မတွေ့လိုက်ရဘူး အသံနဲ့လှုပ်ရှားမှုကိုပဲ သိရတာ”

“ကဲ ဒီကိစ္စကို ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ မင်းတို့လည်း ဗုဒ္ဓဘာသာတွေမလား၊ ဆရာတော်ဆီ သွားလျှောက်ကြည့်မယ်လာ”

စာရေးသူက အသက်ကြီးသူပီပီ ဆရာလုပ်ကာ မိုးနဲမြို့ဘုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ကြရသည်။
အိုမင်းနေပြီဖြစ်သော ဆရာတော်ကြီးမှာ ရှမ်းလူမျိုးဖြစ်ပြီး မြန်မာစကားမတက်သဖြင့် စိုင်းဇော်ထူးက စကားပြန်လုပ်ပေးရသည်။

နန်းစင်ချိုမှာ မိမိ၏လင်သားနှင့် မိမိအိမ်အပေါ်စွဲလမ်းမှု ဥပဒါန်ကြီးပါးမှုကြောင့် အစိမ်းသရဲဖြစ်နေကြောင်း၊
ဖုတ်၊ ပြိတ္တာ သရဲတစ္ဆေတို့မည်သည် အချိန်ကြာမြင့်လာလျှင် အစွယ်ပါထွက်လာပြီး
တစ်ရွှာလုံးရှိ ကလေး သူငယ် လူအပေါင်းကိုဒုက္ခပေးတတ်ကြောင်း၊
နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊
ယင်းအပေါက်မှထွက်လာပြီး ရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း၊
မိမိတို့သံယာတော်များအနေဖြင့် ၀ိနည်းကိုစောင့်ထိန်းနေရသူများဖြစ်သောကြောင့် ဤကိစ္စကို
မည်သို့လုပ်ဆောင်ရမည်ကို မညွှန်းပြအပ်ကြောင်း မိန့်ကြားလိုက်လေသည်။

သို့နှင့် စာရေးသူ၏ အကြံပြုချက်ဖြင့် နန်းစင်ချို၏ယောကျာင်္းဖြစ်သူ ဒေါင်းစိန်ကိုခေါ်ယူကာ မြို့ခံလူကြီးများရှေ့မှောက်တွင် မေးမြန်းကြရတော့သည်

“သံချောင်းတို့ တွေ့ခဲ့ကြတယ်ဆိုတာတွေဟာ မှန်ပါတယ်၊ ကျနော်မိန်းမ ကျနော်ဆီပြန်လာနေတာကြာပါပြီ၊
လင်ခန်းမယားခန်းအနေနဲ့လည်း လူ့ဘ၀တုန်းကလိုပဲ နေခဲ့ကြပါတယ်၊
တခြားသူတွေကို သတိမပေးဘူးဆိုတာ ကျနော့်မိန်းမ ကို ကျနော်အရမ်းချစ်ပါတယ်၊ သူနဲ့ခွဲလိုက်မှာစိုးပါလို့ပါ”

ဒီတော့ စာရေးသူက တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒါဟာ ဒီတိုင်းဆိုရင် ရှေ့ရေးမမြင်ရသေးတဲ့ ဒုက္ခတွေများတယ် သူဒုက္ခဖြစ်နိုင်တယ်

ကဲ ဒေါင်းစိန် ဒီအခြေအနေကျမှတော့ မဖြစ်တော့ဘူး၊ မြို့နာမည် ရွှာနာမည်ဆိုတာကို ငဲ့ပြီး လူကြီးတွေ စီစဉ်တာကို မင်းလိုက်နာရတော့မှာပေါ့လို့ စာရေးသူက ခက်ပြတ်ပြတ်ပြောလိုက်မှ စကားပြတ်သွားသည်။
သို့နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပြီး ဆိုင်ရာပိုင်ရာ ကွင်းပိုင် နယ်ပိုင် သင်္ချိုင်းစောင့် အပါအ၀င် ပုဂ္ဂိုလ်အားလုံး၏ ခွင့်ပြုချက်နှင့်အတူ နန်းစင်ချို၏ အလောင်းကို ဖော်ယူရန် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစီစဉ်ကြတော့သည်။

မြို့နယ်အတွင်းရှိ ရွှာနီးစပ်များမှ ဒီသတင်းကို ကြားသိသွားကြရာမှ အလောင်းဖော်မည့်နေရာတွင်
ဆိုင်ခန်းများပင် ရောင်းရလျှက် စည်ကားနေကြောင်း တွေ့ရသည်။ နန်းစင်ချို၏    ယောကျာင်္းဖြစ် သူ ဒေါင်းစိန် နှင့် သူ၏သူငယ်ချင်းများဖြစ်ကြသော သံချောင်း စိုင်းဇော်ထူးတို့နှင့်အတူ စာရေးသူပါ စိတ်ဝင်တစားကြည့်ရူ့လေ့လာကြသည်။

နန်းစင်ချို၏အခေါင်းပုံကို ပုံမပျက်စေရန် မြေကိုတူးစွမတင်ကြပြီး မီးရို့နိုင်ရေးအတွက် ထင်းပုံပေါ် သို့တင်လိုက်ကြသည်။

“နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊
ယင်းအပေါက်မှထွက်လာပြီး ရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း” ဆရာတော် မိန့်ကြားခဲ့သည့်အတိုင်း
ကြည့် ကြည့်မိရာ အခေါင်း၏ ခေါင်းရင်း ဘက်တွင် အပေါက် ငယ် တစ်ပေါက်ကိုတွေ့လိုက်ကြရသဖြင့်
  ကြည့်ရှု့သူအားလုံး တအံ့တသြဖြစ်သွားကြရသည်။

သေချာနေပြီဖြစ်သောကြောင့် သံချောင်းတို့အုပ်စုသည် အလောင်းအား ဓာတ်ဆီလောင်းကာ မီးရှို့ လိုက်ကြလေတော့သည်…။

မီးတောက်များနဲ့အတူ နန်းစင်ချိုအားချစ်ခဲ့ရသည့်အချစ်မီးတောက်များမှာလည်း ဒေါင်းစိန်   ၏ ရင်တွင်းဝယ် တောက်လောင်နေမည်မှာလည်း မလွဲဧကန်ပင်ဖြစ်မည်ဆိုခြင်းကို ငြင်းချက် ထုတ်စရာ ပင်မလိုတော့။

ထိုနေ့ ထိုရက်များမှ စပြီး မိုးနဲမြို့၌တစ္ဆေမလေး နန်းစင်ချိုအကြောင်း မည်သို့မည်မျှ မကြားရသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ချိမ့်မည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေကို စပိန်အမျိုးသမီးတစ်ဦးက ပိုင်ဆိုင်သည်ဟုဆို၊ အသုံးပြုခတောင်း

နေကို စပိန်အမျိုးသမီးတစ်ဦးက ပိုင်ဆိုင်သည်ဟုဆို၊ အသုံးပြုခတောင်း



၂၀၁၀ ခုနှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။ စပိန်နိုင်ငံတွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက နေကို သူမ ပိုင်ဆိုင်တယ်လို့ ပြောဆိုပြီး နေရောင်ခြည် အသုံးပြုခ တောင်းခံတဲ့ ကိစ္စ ဖြစ်ပါတယ်။

သူမ ရဲ့ စိတ်ကူး ဒီလို ဖြစ်ပါတယ်။ အမေရိကန် ဘီလျံနာ တစ်ဦးဟာ လကမ္ဘာမှာ မြေကွက်တစ်ခု ဝယ်ယူပြီး သူပိုင်တဲ့ မြေကွက်လို့ ကြေညာ ခဲ့ပါတယ်။ ဒါကြောင့်မို့ အသက် ၄၉ နှစ် အရွယ် စပ
ိန်နိုင်ငံမှ အမျိုးသမီး Angeles Duran ကလည်း နေလုံးကြီးကို သူပိုင်ကြောင်း စာရွက်စာတန်း ပြု လုပ်လာပါတယ်။ ဒေသခံ ရှေ့ နေအချို့ နဲ့ တရားဝင်စာရွက် စာတန်းများ ပြု လုပ်ပြီး ဆိုလာစနစ်ရဲ့  အလယ် ဗဟိုတည့်တည့်က (ကမ္ဘာနှင့် ကီလိုမီတာ ၁၄၉ သန်း ပျှမ်းမျှဝေးသော) နေကို သူမပိုင်ဆိုင်တယ်လို့ ကြေညာ လိုက်ခြင်း ဖြစ်ပါတယ်။ စပိန်နိုင်ငံရဲ့  ဥပဒေအရဆိုရင်လည်း သူမကပဲ တကယ်ပိုင်ဆိုင် သလို ဖြစ်နေပါပြီ။
...
ရည်ရွယ်ချက်ကတော့ နယ်မြေပိုင်ဆိုင်မှုအတွက် ငြင်းခုံနေတဲ့ နိုင်ငံနဲ့ ပုဂ္ဂိုလ်များကို Trolling (သရော်ခြင်း) ဖြစ်ပါတယ်။

ဒါကြောင့် သူမရဲ့ စာရွက် စာတန်းအရ နေရောင်ခြည်စွမ်းအား အသုံးပြုသူ ကမ္ဘာပေါ်က လူသားအားလုံးကို အခွန်တောင်းဆိုဖို့ ကြိုးစားခဲ့ပါတယ်။ စပိန်အစိုးရ ကိုတော့ ဒီလို အခွန်တောင်းခံလွှာ ပို့ခဲ့ပါတယ်။ ပြည်သူတို့ ဆောင်နေကျ အခွန်ထက် ၅၀ ရာခိုင်နှုန်း တိုးကောက်ရပါမယ်။ ၂၀ ရာခိုင်နှုန်းကို အစိုးရ ကြွေးမြီ၊ ၁၀ ရာခိုင်နှန်းကို သုတေသန၊ ၁၀ ရာခိုင်နှုန်းကို ကမ္ဘာ တစ်အလွှားက ဒုက္ခသည်များ အတွက် ဖြစ်ပါတယ်။

ဒီတော့ ၁၀ ရာခိုင်နှုန်းက ကျန်ရှိနေပါသေးတယ်။ ကျန်ရှိတဲ့ ၁၀ ရာခိုင်နှုန်းကို တော့ သူမရဲ့ ဘဏ်အကောင့်ထဲ ထည့်ပေးပါ လို့ တောင်းဆိုခဲ့ ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆုပ်ကိုင်ခြင်း

တစ်ခါတုန်းကဆွေးမြေ့နေတဲ့တံတားအိုလေးပေါ်ကိုသားအဖ နှစ်ယောက်ဖြတ် လျောက်ကြသတဲ့ တံတားက အရမ်းအိုဟောင်းနေတော့ အဖေလုပ်သူကသမီးဖြစ်သူကိုစိုးရိမ် စိတ်နဲ့ သမီးပြုတ်ကျမယ်အဖေ့လက်ကိုကိုင် ထား လို့ပြောလိုက်တယ် အဲဒီမှာသမီးဖြစ်သူက ဟင့်အင်းအဖေပဲသမီးလက်ကိုကိုင်ထားပေးပါလို့ပြန်ပြောလိုက်တယ် အဖေက ဘာကွာလို့လဲသမီးရယ်လို့ မေးလိုက်တော့ သမီးကကွာတာပေါ့အဖေရဲ့ သမီးအဖေ့လက်ကိုကိုင်လို့ တစ်စုံတစ်ခုဖြစ်ရင်သမီးကလက်ကို လွှတ်လိုက်မိနိုင်တယ် ဒါပေမဲ့အဖေကတော့ သမီးကိုဘယ်တော့မှလွှတ်လိုက်မှာ မဟုတ်ဘူးဆိုတာသမီးယုံတယ်တဲ့ ဒါကြောင့်သူငယ်ချင်းတို့လဲကိုယ်ချစ်တဲ့ သူနဲ့ကြုံတဲ့အခါ သူတို့ကကိုယ့်လက်ကီုလာဆွဲတဲ့ အချိန်စောင့်မနေဘဲကိုယ်ကအရင် သူ့လက်လေးကိုဆုတ်ကိုင်ပေးထားကြ ရအောင်နော်

မှတ်သားစရာကောင်းတဲ့စာပုဒ်လေးမှို့ လို့ ကူးယူတင်ပေးလိုက်ပါတယ်နော်.......
                .သယ်ချင်းတို့ လည်းပျော်ရွှင်ကြပါစေနာ်..
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆီရထား တိမ်းမှောက် သဖြင့်ဆီလာခတ်သူများ မီးလောင်ပြာကျမှု နောက်ဆက်တွဲ-(နှလုံးရောဂါရှိသူများမကြည့်သင့်ပါ)

ဆီရထား တိမ်းမှောက် မီးလောင်မှု နောက်ဆက်တွဲ-


November 9, 2012 မူရင်းသတင်း - သစ်ထူးလွင်


လမ်းတွေမကောင်းလို့ မှောက်တာ။ ဓာတ်ဆီတွေကမှောက်ပြီးတော့ လယ်ကျင်းထဲ ဆင်းသွားတာ။ အဲဒါတွေကို ရွာသူရွာသားတွေက ခပ်ကြတာ။ အဲ့အချိန်မှာ မီးလောင်သွားတာ။ မနက် ၈ နာရီ ၅၀ မိနစ်မှာ မှောက်တာ။ ခပ်နေတဲ့ ရွာသူရွာသားတွေ ထိခိုက်သေဆုံးမှုက လောလောဆယ် ဆရာဝန်တွေ စစ်ပြီးတဲ့အချိန်မှာ ကျား ၁၆ ယောက်၊ မ ၇ ယောက်၊ ကျား၊မ ခွဲလို့မရတာက ၂ ယောက်၊ စုစုပေါင်း ၂၅ ယောက်။ ဆေးရုံကိုပို့ထားတဲ့ သေစာရင်းတော့မသိဘူး။ (ဒေသခံဆရာဝန် ဒေါက်တာလှိုင်မြင့်)

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အပိုင် ချက်ကြီးဘူတာအ၀င်မှာ မန္တလေးကနေ- မြစ်ကြီးနားကိုသွားမယ့် ဓာတ်ဆီတင်ဆောင်တဲ့ ရထားတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားတဲ့အတွက် အနည်းဆုံး လူ ၂၅ ဦးသေဆုံးပြီး ၈၀ လောက် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါက်တာ လှိုင်မြင့်က အခုလို ဒီဗွီဘီကို ပြောပါတယ်။
" ချက်ကြီးဘူတာအ၀င် လမ်းအခွဲမှာမှောက်တာ။ လမ်းတွေမကောင်းလို့ မှောက်တာ။ ဓာတ်ဆီတွေကမှောက်ပြီးတော့ လယ်ကျင်းထဲ ဆင်းသွားတာ။ အဲဒါတွေကို ရွာသူရွာသားတွေက ခပ်ကြတာ။ အဲ့အချိန်မှာ မီးလောင်သွားတာ။ မနက် ၈ နာရီ ၅၀ မိနစ်မှာ မှောက်တာ။
ခပ်နေတဲ့ ရွာသူရွာသားတွေ ထိခိုက်သေဆုံးမှုက လောလောဆယ် ဆရာဝန်တွေ စစ်ပြီးတဲ့အချိန်မှာ ကျား ၁၆ ယောက်၊ မ ၇ ယောက်၊ ကျား၊မ ခွဲလို့မရတာက ၂ ယောက်၊ စုစုပေါင်း ၂၅ ယောက်။ ဆေးရုံကိုပို့ထားတဲ့ သေစာရင်းတော့မသိဘူး။ ကျနော်တို့က ချက်ကြီးရောက်နေတယ်။ မီးလောင်လို့ ဆေးရုံတက်နေတဲ့ လူနာက ၇၄ ယောက်လောက် ရှိတယ်။
ကန့်ဘလူကုတင် ၁၀၀ ဆေးရုံမှာ အများဆုံးပဲ ၆၄ ယောက်ရှိတယ်။ ကျွန်းလှမှာ ၈ ယောက်၊ ချက်ကြီးမှာ ၂ ယောက်။ အဓိကက ခပ်တဲ့သူတွေလောင်တယ်။ နောက် အထက်ကလာတဲ့ ရထားတစင်းက ဆိုက်နေတယ်။ ကောလင်းရထားခေါ်တယ် ဒေသအခေါ်။ အဲမှာ ၀ိုင်းအုံကြည့်နေတဲ့အချိန်မှာပဲ ကြည့်နေတဲ့သူတွေပါ မီးဟပ်တာ၊ မီးသတ်ကားတွေ ၀ိုင်းငြှိမ်းကြတယ်၊ ၂ နာရီခွဲလောက်မှာ ငြိမ်းသွားတယ်၊ အပူရှိန်တွေကတော့ ကျန်နေသေးတယ်။ ရေထွက်ထွက်လောင်းပေးနေရတယ်။ဒေသခံတွေက ပျောက်တဲ့သူတွေ ရှာနေတယ်။ မနက်ကတည်းက သတင်းမရကြတော့ ကိုယ့်လူတွေထဲ သေသလား ရှင်သလားမသိ။ တချို့ ကန့်ဘလူသွားတဲ့ထဲမှာ ဒဏ်ရာရသူတွေနောက် လိုက်သွားကြတဲ့သူတွေလည်း ရှိတော့ မိဘတွေက သေသလားရှင်သလားမသိ စိတ်ပူနေတယ်။ နာမည်နဲ့အတိအကျ မရသေးဘူး။ ရွာထဲမှာ မနက်ခင်ကတည်းက ပျောက်တဲ့သူ စာရင်းတွေရနေပြီ။ ဘယ်သူဘယ်ဝါတော့ အတိအကျ စာရင်းမထွက်လာသေးဘူး။"

ကန့်ဘလူမြို့နယ် ချက်ကြီးကျေးရွာ အနီး ဆီဘောက်ဆာ ရထား တစ်စီး တိမ်းမှောက်
ကျွန်းလှမြို့နယ် ဝေနေယျသုခ လူမှုကူညီရေး အသင်းနှင့် ကန့်ဘလူမြို့ ဂရုဏာရှင်အသင်းတို့ တွဲဘက်ပြီး မီးလောင်ဒဏ်ရာရ လူနာများအား ကန့်ဘလူနှင့် ကျွန်းလှဆေးရုံများသို့ ပို့ဆောက်ပေးလျှက်၇ှိ သည်(iCJ)
 
ဘ၀နဲ.ရင်းပြီးရလာတဲ့ ဘ၀သင်ခန်းစာတွေကို တို့တွေက ဘ၀နဲ့ရင်းစရာမလိုဘဲ စာပေမျှဝေသူတွေကတဆင့် ရလိုက်တဲ့ ဘ၀သင်ခန်းစာ တပုဒ်ပါ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗြိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင် ပတ္တမြားငမောက်နဲ့နန်းစဉ်ရတနာတွေပြန်တောင်းပေးနိုင်မလား


ဗြိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင် ပတ္တမြားငမောက်နဲ့နန်းစဉ်ရတနာတွေပြန်တောင်းပေးနိုင်မလား

ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို ပြန်လိုချင်ပါသတဲ့ ။အခုမှသတင်းထုတ်ပြန်လိုက်တော့ အံများတောင်သြပါရဲ့ ။လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကတည်းက ရှာဖွေနေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်းတွေရဲ့မှတ်တမ်းမှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာတွေပေါင်းစပ်ရ...
ှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော် ကို ပြန်တူးပြီးအကောင်းတိုင်းပြန်ယူတော့မယ်တဲ့ ။

ကျွန်တော်တို့သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ်တွေဟာ ဗြိတိသျှသမိုင်းတင်မဟုတ်ပါဘူး ။ကျွန်တော်တို့နိုင်ငံသမိုင်းလည်းဖြစ်ပါတယ် ။ကျွန်တော်တို့ နိုင်ငံမြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက်နေခဲ့တာပါ ။ကျွန်တော်တို့လည်း ပိုင်တယ် ။ဒီလေယာဉ်တွေကို တူးဖော်ခွင့်ပေးခဲ့မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ခိုင်မာစေမှာလို့ ဒေးဗစ်ကင်မရွှန်းကပြောတယ် ။ဟုတ်ပြီ ။ဒီလေယာဉ်အစင်း၂၀ ပြန်ပေးမှ ဆက်ဆံရေးကောင်းမွန်မှာလား ။ဒါဆိုရင် ဘဲစားဘဲခြေ လေး ကစားကြည့်ရအောင် ။ကျွန်တော်တို့ဆီက သမ သွားတဲ့ ပတ္တမြား ငမောက်ကြီး ဘယ်ရောက်နေတုန်း ။

ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။



၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား
၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား

ပြီးတော့ သူတို့ပြတိုက်ထဲက စစ်သူကြီး မဟာ ဗန္ဓုလ ရဲ့ သံချပ်ကာ ဝတ်စုံ ကြီးကို ရောပြန်ပေးနိုင်မလား ။
ဧကရီဘုရင်မကြီးကို ပေးပို့သည့်ပစ္စည်းတွေထဲက သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း


ဒါတွေဟာ နှစ်ဦးနှစ်ဘက်လုံးမနစ်နာတဲ့ တောင်းဆိုမှူပဲဖြစ်ပါတယ် ။
ဒီသရဖူဟာ သီပေါမင်းဆီက သရဖူ ဖြစ်နိုင်ပါတယ်

ပြီးတော့ ဗြိတိသျှ ပြတိုက်တွေထဲက မြန်မာ့ယဉ်ကျေးမှူ အနုပညာပစ္စည်းတွေ ပြန်ပေးမလား ။ကျွန်တော်တို့ အစိုးရကရော ပြန်တောင်းပေးမလား ။အခုဗြိတိသျှ ဘုရင်မကြီးခေါင်းက သရဖူက ဘာနဲ့လုပ်ထားတယ် ထင်လဲ ။ကျွန်တော်တို့နိုင်ငံကနန်းစဉ်ကျောက်တွေနဲ့လုပ်ထားတာပါ ။တန်ဖိုးလား ။ဟုတ်ကဲ့ ဗြိတိသျှနဲ့ပြင်သစ်နှစ်နိုင်ငံကမြေတွေကို အကုန်ဝယ်လို့ရနိုင်ပါတဲ့ တန်ဖိုးတွေပါ ။ ဒါတွေပြန်ပေးမလား ။
စပစ်ဖိုင်းယားတွေဟာ ဗြိတိသျှရဲ့ အမျိုးသားရေးဂုဏ်တစ်ခုပါ ။တကယ်လေးစားဖွယ်ကောင်းပါတယ် ။ဒီတော့ကာ ဗြိတိသျှတွေဆီရောက်နေတဲ့ ကျွန်တော်တို့ နန်းစဉ်ပတ္တမြားတွေကရော တန်ဖိုးမဲ့ခဲ့ပြီလား ။ဓါးပြတိုက်ယူသွားတဲ့ ကျောက်တွေမို့ အောက်ဈေးနဲ့ပဲ ရနိုင်တာပေါ့လို့ ဖြေသိမ့်တော့မှာလား ။အဲဒီကျောက်တွေကရော ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်တစ်ခုမဟုတ်တော့ဘူးလား ။ကမ္ဘာ့ကျောက်မျက်ရတနာလောကမှာ ပတ္တမြားငမောက်ဆိုတာ ဒဏ္ဍာရီအဆန်ဆုံး နာမည်အကြီးဆုံးပါ ။ Burmese Royal Ruby လို့တသွယ် SuFaYarLatt's Ruby လို့တနည်း နဲ့ ခုချိန်ထိ နာမည်ကြီးဆဲပါ ။တသသပြောလို့မဆုံးတဲ့ ကမ္ဘာ့ကျောက်မျက်လောကရဲ့ စနိုးဝှိုက်ပုံပြင်တစ်ခုပါ ။ ကိုင်း ....အဲဒါနဲ့ တည့်-တည့် ပြန်ချိန်းလိုက်ရအောင်လား ။နိုင်ငံရေးစကားနဲ့ဆိုရရင် Win-Win အခြေအနေပါပဲဗျာ ။

အခု ကမ္ဘာမှာ ဝေဟင်မှာ မောင်းနှင်နိုင်တဲ့ စပစ်ဖိုင်းယားဟာဆိုရင် ၃၆ စီးလို့ဆိုပေမယ့် လက်တွေ့မှာ အစီး ၃၀ သာ တကယ်မောင်းနှင်နိုင်ပါတော့တယ် ။အဲဒီ အစင်း ၃၀ ဟာလည်း တစ်စုတစ်စည်းတည်း မရှိပဲ နေရာအနှံပြန့်ကျဲနေပါတယ် ။ဒီတော့ကာ ကျွန်တော်တို့နိုင်ငံမှာ အစင်း ၂၀ လုံလုံး တစုတစည်းတည်း အကောင်းပတိ ရှိနေပါတယ် ။ ဒီအစီး ၂၀ ကိုပြတိုက်ထဲထည့် လိုက်ရင် ကျွန်တော်တို့ နိုင်ငံခြားငွေ ဘယ်လောက်စီးဝင်လာမလဲ ။ ဒါမှမဟုတ် ၁၀ စီးကို ပြတိုက်ထဲထည့် ၁၀ စီးကို အကောင်းအတိုင်းပြန်ဆင်ပြီး အပျော်တမ်းကလပ်ပုံစံ သို့မဟုတ် ကမ္ဘာလှည့်ခရီးသွားတွေ လေ့လာသူတွေအတွက် မောင်းနှင်စီးနင်းနိုင်အောင် လုပ်ထားခဲ့မယ်ဆိုရင် ???? ။


သူတို့ဒီလေယာဉ်တွေကို စရှာဖွေကတည်းက အခုချိန်ထိ ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော် ကုန်ကျပါတယ်လို့ ပြောခဲ့တယ် ။ဟုတ်ပြီ ကျွန်တော်တို့သာဆိုလျှင် ရှာဖွေပေးခဲ့တဲ့ ဒေးဗစ်ဂျေကန်ဒယ်လ် ကို ဒေါ်လာ သိန်းနှစ်ဆယ် ဆုချလိုက်ပါ့မယ် ။ဘာကြောင့်လဲ ။
ဗြိတိသျှ သားတွေဟာ ကျွန်တော်တို့လိုမျိုး ဇာတိဂုဏ်ကို သိပ်တန်ဖိုးထားသူတွေပါ ။ သူတို့နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ကျွန်တော်တို့ဆီလာကြည့်လာလေ့လာရမှာပါ ။အဲဒီတစ်ခုတည်းနဲ့တင် ကျွန်တော်တို့ မီးခိုးမထွက်တဲ့ စက်ရုံတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ နိုင်ငံခြားငွေ ထိုင်ယူနေရုံပါပဲ ။ဘယ်လောက်ကြာအောင် ထိုင်ယူနေမှာလဲ ။ဒီလေယာဉ်တွေ မြန်မာနိုင်ငံမှာရှိနေသမျှ နဲ့ နောင် သားစဉ်မြေးဆက်အထိ နှစ်ထောင်ပေါင်းများစွာ နိုင်ငံခြားငွေသဲ့ယူလို့ရမဲ့ အရာတွေပါ ။

သူတို့ကလည်း သူတို့နိုင်ငံရဲ့ ဂုဏ်ယူစရာ အမွေအနှစ်ကြီးတွေကို ပြန်တောင်းတယ် ။ကျွန်တော်တို့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ယဉ်ကျေးမှူအမွေအနှစ်တွေ ပြန်တောင်းတယ် ။ကဲ.ဒါ ရာဇဝတ်မှူလည်းမဟုတ်ဘူး ။ မလုပ်ရတဲ့ စည်းမျဉ်းလည်း မဟုတ်ဘူး ။သူတို့လူမျိုးဟာကျတော့ သိတတ်ပြီး
ကျွန်တော်တို့ ဟာတွေကျတော့ ခပ်တည်တည်နဲ့ ပြတိုက်ထဲထည့်ပြီး သူတို့နိုင်ငံက လုပ်စားပြစား ဂုဏ်ယူနေတာတော့ မဟုတ်သေးဘူးခင်ဗျ ။
See More

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS