RADIO

What is current song?

RSS

အဆုတ်မှာ spot တွေ့တာ အန္တရာယ်ဖြစ်နိုင်လား၊ ကုလို့ရနိုင် သလား သိချင် နေကြတဲ့သူတွေသိဖို့အတွက်

အဆုတ်မှာ spot တွေ့တာ အန္တရာယ်ဖြစ်နိုင်လား၊ ကုလို့ရနိုင် သလား သိချင် နေကြတဲ့သူတွေနှင့်
အဆုတ်မှာ spot တွေ့တာ အန္တရာယ် ရှိနိုင်လား
အဆုတ်မှာ spot တွေ့တာ အန္တရာယ်ဖြစ်နိုင်လား၊ ကုလို့ရနိုင် သလား သိချင် နေကြတဲ့သူတွေနှင့် spot ဖြစ်ရခြင်း အကြောင်းတို့ကို အဆုတ်နှင့် ရင်ခေါင်း ရောဂါအထူး ကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဦးဝင်းနိုင်နှင့် မြန်မာပို့စ်ဂျာနယ်မှ ခဏတာ သွားရောက်မေးဖြစ်ခဲ့တယ်။ အဲဒီမေးမြန်းချက် တွေနဲ့ ပတ်သက်ပြီး တင်ပြလိုက်ပါတယ်။
အဆုတ်မှာ အစက်( spot )တွေ့ရခြင်းက ဘယ် လိုလက္ခဏာ ကနေတွေ့ရတာလဲ ဆရာ။
သွေးကြောလေး ဆိုတာ သွေး ကြောကနေရိုက်လိုက်တဲ့အခါ vascular end-on effect လို့ခေါ် တယ်။ သွေးကြော လေးပေါ်လာတယ်။ အဆုတ်မှာရှိတဲ့ အကျိတ်( gland ) တကယ်လို့ ထုံးဓာတ်( CALCIFY )၀င် သွားရင် လည်း အစက်ပေါ်တယ်။ ဒါ တွေက ရောဂါ မဟုတ်ဘူး။ နောက် တစ်ခု အဆုတ်မှာ အစက်ကလေး ( spot )နှင့်စပြီး တီဘီဖြစ်တာရှိသလို တီဘီ ရောဂါဖြစ်ပြီးလို့ ကောင်းသွား ရင်လည်း အစက် ကလေးကျန်ရစ်ခဲ့ တတ်တယ်။ အဲဒါကြောင့် spot လို့ ပြောလိုက်တဲ့ အချက်က အစက် ကလေး တစ်ခုတွေ့တာဖြစ်တဲ့အတွက် အဲဒီအစက် ကလေးက ဘာမှမဖြစ် တာကနေ အသက် အန္တရာယ်ရှိနိုင် သည်အထိ သူများကို ကူးစက်နိုင်တဲ့ ရောဂါထိဖြစ်နိုင်တယ်။
တီဘီဖြစ်ပြီးတဲ့လူတိုင်း မှာ အဆုတ်ထဲ အစက် ( spot )ရှိနိုင်ပါလား။ ရောဂါကောင်းပြီး အ ဆုတ်မှာ အစက်ကျန်ခဲ့တဲ့သူ ရာခိုင်နှုန်း အားဖြင့် ဘယ်လောက်ထိရှိနိုင်ပါလဲ။
တီဘီဖြစ်တဲ့ လူတိုင်း အဆုတ် မှာ အစက်ကျန်ခဲ့တဲ့သူကို ရာခိုင်နှုန်း နဲ့ခန့်မှန်း လို့မရဘူး။ တီဘီဖြစ်တိုင်း လည်း အစက်ကျန် ရမယ်မဟုတ်ဘူး။ တချို့က တီဘီ ရောဂါ နှစ်ခါကနေ သုံးခါဖြစ်ပါစေ အစက်( spot )မကျန် ခဲ့ဘူး။ တချို့ကျ တော့ တီဘီရောဂါ ဖြစ်တယ်။ ခဏပေါ့ ဆေးသောက် တော့ ပျောက်သွားတယ်။ ဒါပေမယ့် အဆုတ်ထဲ မှာ အစက်ကျန်နေခဲ့တယ်။ အဲဒါကြောင့် တီဘီဖြစ်တဲ့လူ ရာခိုင် နှုန်းဘယ် လောက်က အမာရွတ်ကျန် ခဲ့တယ်၊ မကျန်ခဲ့ဘူး ခန့်မှန်းလို့မရ ဘူး။ မှန်းထားတာလည်း မရှိဘူး။ ကျန်ချင်တဲ့ သူကျန်ခဲ့မယ်။
အဲဒီလိုမျိုး အဆုတ်မှာအစက်( spot )တွေ့ပြီ ဆိုရင် အဲဒီအစက်( spot )ကိုပျောက်အောင် ကုသနည်းတွေ၊ သောက်ဆေးတွေရှိပါသလား။
အစက်( spot )က သွေးကြော ကြောင်းဖြစ်တယ်။ ဒါသဘာဝပဲ။ အနာကျက်သွားလို့ ကျန်နေခဲ့တဲ့ အကျိတ်တွေ ထုံးဓာတ်ဝင်သွားပြီး ပျက်စီးတာ။ အဲဒါကို ကုဖို့လို သလား ဆိုတော့ မလိုဘူး။ တီဘီဖြစ်ပြီးလို့ အမာရွတ် ကျန်တာ ဒါလည်းကုဖို့မ လိုဘူး။ သို့သော် အနာစဖြစ်မယ့်နေ ရာ သန္ဓေတည်တဲ့နေရာက အစက် ( spot )ဆိုရင်ကုရမယ်။ ကင်ဆာ လည်း ဖြစ်နိုင်တယ်။ အမာရွတ်ဆို တဲ့ဟာ က မပျောက်ဘူး။ ပျောက်ချင်တယ် ဆိုရင် အမာရွတ်ကို လှီးထုတ်မှ ရ မယ်။ ဥပမာ ဓားထိ တယ်။ အမာ ရွတ် ကျန်နေခဲ့ တယ်။ အမာရွတ်ကို ပျောက်ချင်ရင် အမာရွတ်ကိုလှီးထုတ် မှရမယ်။ ဆေးသောက်လို့လည်း မပျောက်နိုင်ဘူး။ အဲဒါဆို အမာရွတ် ကိုလှီးထုတ်ရင် သင့်သလား ဆိုတဲ့ မေးခွန်း ထုတ်လာနိုင်တယ်။ အစက် ကလေးတစ်စက် ကျန်တဲ့အတွက် ခွဲထုတ်ရမယ့်အန္တရာယ်နှင့်အဆုတ် ခွဲစိတ်တယ် ဆိုတာ major operation အဲဒါမျိုးရော သင့်တော်ပါ့မ လား မတန်ဘူး။ ဒါပေမယ့် မခွဲစိတ် ရဘဲနှင့် ပျောက်အောင်လုပ်လို့လည်း မရဘူး။
အဆုတ်မှာအစက်( spot )တွေ့ရင် နိုင်ငံခြားက လက်မခံ နိုင်တာ ဘာကြောင့်များလဲဆရာ။
အမာရွတ်ဟုတ်တယ် မဟုတ်ဘူး ဆိုတာကိုက ရှာဖို့ခက်တယ်။ အစ က ပြောတဲ့အတိုင်း အမာရွတ်စဖြစ် မယ့်နေရာ၊ သန္ဓေတည် တဲ့နေရာက နေ ကင်ဆာ ရောဂါထိဖြစ်နိုင်တဲ့အ တွက် အဲဒါကို တိတိကျကျခွဲခြားဖို့ ကိုက ဘယ်သူမှ အာမခံ ချက်မပေး နိုင်ဘူး။ နိုင်ငံခြားကနေ လက်မခံနိုင် ဘူးဆိုတဲ့ဥစ္စာမှာ အဆုတ်မှာ အစက် ( spot )တွေ့ပြီ။ အဲဒါကို သေချာ အောင်ခွဲခြား သိဖို့အတွက် စစ်ဆေး တဲ့ကုန်ကျ စရိတ်က အရမ်းများတယ်။ ဒါလည်း သေချာချင်မှ သေချာမယ်။ သုံးလကနေ ခြောက်လစောင့်ကြည့် ရမယ်။ တစ်နှစ် စောင့်ကြည့်ရမယ် တို့ရှိတော့ နိုင်ငံခြားကအလုပ်ရှင် တွေက အလုပ်ခန့်ဖို့အတွက် အဲ လောက်ထိစောင့်မနေဘူး။ အဲဒါ ကြောင့် ပြန်လွှတ် တာတို့ရှိတယ်။
တချို့ မြန်မာနိုင်ငံမှာစစ်တယ်၊ အကောင်း၊ ဟို ရောက်တော့ရောဂါတွေ့တယ်။ အဲဒါ ဘာကြောင့် လဲဆရာ။
မြန်မာနိုင်ငံမှာစစ်တုန်းက မ ပေါ်ဘူး။ normal ပဲ။ နိုင်ငံခြား ရောက်မှ ရောဂါတွေ့တယ် ဆိုတာ အကြောင်း အမျိုးမျိုးကြောင့်ဖြစ်နိုင် တယ်။ စပြီးစမ်းသပ်တဲ့အချိန်မှာ ရောဂါ မဖြစ်သေးလို့လည်းဖြစ်နိုင် တယ်။ ပိုးဝင်နေတဲ့ အချိန်မှာလည်း ရောဂါလက္ခဏာ မပေါ်ဘူး။ အဲဒါ ကြောင့် ဓာတ်မှန်မှာမတွေ့ရတာ။ တီဘီ၊ ကင်ဆာတို့ ဆိုတာက အချိန် အခါမရွေးဘူး။ ပိုးဝင်ပြီးအချိန်ကျမှ အနာဖြစ်ပြီဆိုတော့ မှသာ ဓာတ်မှန် မှာပေါ်တာ။ အဲဒီ အတွက် အချိန် ကာလကွာလို့ဖြစ်မယ်။ နောက်ပြီး စစ်ဆေးတဲ့ ပစ္စည်း၊ စက်ကိရိယာရဲ့ အရည်အသွေးနဲ့ လည်း ဆိုင်တယ်။
နိုင်ငံခြားသွားတဲ့သူတွေအတွက် ကျန်းမာရေးကို မသွားခင် ဘယ်လိုပြင်ဆင်ထားဖို့လိုမလဲ။
သွားခါနီး သေချာစစ်ကြည့် မရှိဘူးဆိုမှသွား၊ စစ်လိုက်တယ်။ တွေ့တယ်၊ ရှိတယ်။ သူတို့က လက် မခံနိုင်ဘူးဆိုရင် မသွားဖို့ဘဲရှိတယ်။ စစ်တဲ့အခါမှာလည်း အရည်အသွေး ကောင်းတဲ့နေရာမှာစစ်ပေါ့။ ဒါပေ မယ့် ရှိရင်တွေ့အောင်စစ်ဖို့ တာဝန် က ကိုယ့်ရဲ့တာဝန်ပဲ။ စစ်ဆေး ချက်ဆိုတာကလည်း မှန်းလို့မရဘူး။ တစ်ပတ် အတွင်းမှာ ပြောင်းသွားနိုင် တယ်။ ဒီနေ့စစ်တာအကောင်း၊ တီ ဘီက ကိုယ်ထဲဝင်နေ၊ အဆုတ်ထဲ ရေ၀င်နေတယ်။ နောက်တစ်ပတ်မှာ စစ်တော့တွေ့တယ်။ ဒီမှာစစ်သွား လို့မတွေ့ဘူး။ ဟိုကိုရောက်ရင်ရော ချက်ချင်းစစ်မှာလား။ တချို့ဆို တစ် လလောက်ကြာမှစစ်တယ်။ တစ်လ လည်း အာမခံလို့မရဘူး။ ဆေးပညာ ကိုက အဲဒီလိုဖြစ်နေတာ။
တီဘီရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ မသိဘူး။
တီဘီပိုးဝင်နေတာ ဘယ်လိုသိမလဲ ဆရာ။
တီဘီပိုးဝင်မ၀င်ကို အရေပြား အောက်မှာ ဆေးထိုးပြီးစမ်းရတဲ့ နည်းရှိတယ်။ အဲဒါလည်း ရာနှုန်း ပြည့်မ သေချာ ဘူး။ နောက်သွေးစစ် ပြီးစမ်းတဲ့နည်းရှိတယ်။ အဲဒီနည်းက လုံးဝစိတ်မချရဘူး။ WHO က အဲဒီ နည်းကို တီဘီရောဂါသတ်မှတ်ဖို့အ တွက် မသုံးဖို့ပြောပြီးသား၊ ဘယ်တစ် ခုမှ သေချာတာမရှိဘူး။ တီဘီပိုး ၀င်တာနဲ့ ရောဂါဖြစ်တာနဲ့ ကွာသေး တယ်။ ဆရာတို့လို တီဘီအဖြစ်များ တဲ့နိုင်ငံမွှျှာံဥ ခန့်မှန်းထားတာ က လူသုံးဦး ထဲမှာ တစ်ဦးဟာ ပိုးဝင် ပြီးသား၊ ရောဂါဖြစ်ဖို့ပဲကျန်တော့ တယ်။ အဲဒီရောဂါဖြစ်မယ့်အချိန် သည် ဘယ်နေ့လဲ၊ ဘယ်အချိန်လဲ ဆိုတာမသိဘူး။ တီဘီ ရောဂါပိုးတွေ့ တာနဲ့ ဆေးမကုဘူး။ ရောဂါပေါ်မှ ကုတယ်။ အဲဒါကြောင့် ဒါကု လို့မရ ဘူး။ ရောဂါလက္ခဏာပြတယ်ဆိုမှ ကုလို့ရတယ်။ ဓာတ်မှန်မှာပြမလား၊ သလိပ်မှာပြမှာလား။ ဒါတွေက ပို သေချာအောင် လုပ်ရတာပေါ့။ ရော ဂါလက္ခဏာလည်းပြတယ်။ ဓာတ် မှန်မှာလည်း ရောဂါရှိတာကိုတွေ့ ရင်တော့ ဒါကုရတော့မှာ၊ ပိုးဝင်ရုံနဲ့ တော့ကုလို့မရဘူး။
ဝေဟင်သစ်
Posted by www.themyanmarpost.com

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment