RADIO

What is current song?

RSS

CES မှစိတ်ဝင်စားဖွယ် နည်းပညာပစ္စည်းအသစ်များ


CES ( Consumer Electronics Show) ဆိုတာကတော့ ဆယ်စုနှစ် လေးခုလောက် အောက်မြင်မှုရထားတဲ့ အပြည်ပြည်ဆိုင်ရာ လျှပ်စစ်ထုတ်ကုန် ပြပွဲဖြစ်ပါတယ်။ Consumer Electronics Association (CEA) မှာပါဝင်တဲ့ ကုမ္ပဏီများမှ ထုတ်ကုန်များ၊ ဒီဇိုင်းများ၊ ဆော့ဝဲများ စသည်ဖြင့် လျှပ်စစ်ထုတ်ကုန်ပစ္စည်းများ အားလုံးကို ၀ယ်သူနဲ့ မိတ်ဆက်ပေးတဲ့ပြပွဲကြီးဖြစ်ပါတယ်။ အခုနောက်ဆုံးပြုလိုက်သွားတဲ့နေရာကတော့ Las Vegas, Nevada, USA မှာဖြစ်ပြီး ဇန်န၀ါရီလ ၃ ရက်ကနေ ၆ ရက်နေ့အထိပြုလုပ်သွားတာ ဖြစ်ပါတယ်။ အဲဒီပြပွဲမှာ ပြသသွားတဲ့ ထုတ်ကုန်တွေ ထဲက စိတ်ဝင်စားဖွယ် အကောင်းဆုံးများကတော့ .....
Samsung Galaxy Note

ဆိုက်ကတော့ ၅.၃ လက်မ ဖြစ်ပါတယ်။ Addroid ဖုန်းဆိုလည်း ဟုတ်သလို android tablet ဆိုရင်လည်း ဟုတ်ပါတယ်။ အထူကတော့ iPhone နဲ့အတူတူပါပဲ။ ခဲခြစ်ပုံများ ဆွဲချင်သူအတွင် pen strokes နဲ့ကောက်ကြောင်းများ ကောင်းမွန်စွာ ဖန်တီးလို့ရနိုင်ပါတယ်။
Dell XPS 13 Ultrabook

Dell ရဲ့ အပါးလွှာဆုံး ကွန်ပြူတာ ဖြစ်တဲ့ XPS 13 ကိုပဲ Ultrabook ဖြစ်အောင် ပြန်လည် ပြုပြင်ထားတာဖြစ်ပါတယ်။ အလူမီနီယံ အဖုန်း၊ ကာဘွန် ဖိုင်ဖာ နှစ်မျိုးအသုံးပြုထားတာဖြစ်ပါတယ်။ 13.3-inch screen ဖြစ်ပေးမယ် မော်နီတာ ဘေးအနားများကို ခပ်ကျဉ်းကျဉ်းပဲ နေရာယူပြီး ပြုလုပ်ထားတဲ့အတွက် ခရီးသွားရင်တော့ ၁၁ လက်မ ကွန်ပြူတာ သယ်သွားသလိုလောက်ပဲ ဖြစ်နေမှာပါ။ ဘက်ထရီကတော့ ၉ နာရီခံပါမယ်လို့ အာမခံထားပါသေးတယ်။ အလေးချိန်ကတော့ ၂.၉၈ ပေါင်။ အထူကတော့ ၀.၇၅ လက်မပါ၊ ဖေဖ၀ါရီ နှောင်းပိုင်းလောက်မှာ ၉၉၉ ဒေါ်လာလောက်နဲ့ ဖြန့်ချိမယ်လို့ သိရပါတယ်။
Toshiba Excite X10

Toshiba ရဲ့နောက်ဆုံးထွက်မယ့် tablet က တော့ အလွန်ပါးပြီး အလွန်ပေါ့ပါးတယ်လို့ပဲ ယူဆရမှာပါ။ TV နဲ့ အလွယ်တကူချိတ်ဆက်လို့ရသလို တစ်ခြား အရံပစ္စည်းများစွာနဲ့လည်း အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၂၈ ပေါင်ဖြစ်ပြီ။ ၀.၃ လက်မ လောက်ပဲထူပါတယ်။ ဖေဖ၀ါရီလလောက်မှာ USD 529 လောက်နဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။
Intel Smartphone Reference Design

Intel ကတော့ စမတ်ဖုန်းထဲကို စတင်ခြေချဖို့ထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။ အခုထုတ်မယ့် intel-designed android စမတ်ဖုန်းကို မော်တော်ရိုလာ ရဲ့ ရှိပြီးသား ဒီဇိုင်းများ နဲ့ လေး ငါး နှစ်လောက် အတူတွဲပြီး စမတ်ဖုန်း ဈေးကွက်ထဲ ၀င်ရောက် ယှဉ်ပြိုင်မယ် လို့လည်းဆိုပါတယ်။ ဒီနှစ်ဝက်လောက်မှာပဲ Intel-powered Motoraola စမတ်ဖုန်းဆိုပြီး ထုတ်မယ်လိုလည်း ဆိုထားပါသေးတယ်။ ဈေးနှုန်းကတော့ တစ်ခြား စမတ်ဖုန်းများ နည်းတူပါပဲတဲ့။
Samsung Series 9 Notebook


samsung ရဲ့ဒုတိယမျိုးဆက် ultrabook ပါ။ ၁၃.၃ လက်မ ကတော့ ၂.၅ ပေါင်လေးပြီး လက်မ၀က်လောက်ပဲ ထူပါတယ်။ ၁၅ လက်မ ဆိုရင်တော့ ပေါင်အနည်းငယ်ပိုလေးလာတာပဲ ရှိမှာပါ။ နှစ်ခုစလုံးက 1600X900 resolution screens နဲ့ဖြစ်ပြီး အရင်နှစ်က ထုတ်ထားတဲ့ 1366X 768 screens ကိုပဲ ပိုကောင်းအောင် ပြုပြင်ထားတာပါ။ ဖေဖ၀ါရီလထဲမှာ ပဲ အမေရိကန် ဒေါ်လာ ၁၃၉၉ နဲ့ ဖြန့်ချိမှာပါ။
Nokia Lumia 900

Nokia ပထမဆုံး 4G LTE Windows ဖုန်းပါ။ အနည်းငယ်ကြီးသယောင်ရှိတဲ့ screens နဲ့ polycarbonate ဟန်းဆက် ဖြစ်ပါတယ်။ တစ်ချိန်က မိုဘိုင်းဈေးကွက်မှာ နေရာယူမှ ကြီးမားလှတဲ့ nokia အခုတစ်ဖန် ပြန်လည်နေရာယူဖို့ ကျိုးစားနေသလိုပါပဲ။ ၄.၃ လက်မ စကရင်။ 4G LTE, Windows phone 7.5 software နဲ့ပါ။ ဖေဖ၀ါရီလထဲမှာပါ ဈေးကွက်မှာဖြန့်ချိမှာဖြစ်ပြီး ဈေးနှုန်းတော့မသိရသေးပါဘူး။
Eye-Controlled Computing

မောက်စ် သုံးစရာမလိုပဲ စကရင်ပေါ်ကို မျက်လုံး လိုက်ကြည့်တဲ့နေရာကို mouse pointer က ရွှေ့သွားအောင် ပြုလုပ်ထားတဲ့ နည်းပညာပါ။ consumer တွေအသုံးပြုဖို့ အတွက်ကတော့ နောက်တစ်နှစ်လောက် စောင့်ရအုံးဖြစ်ပေမယ့် CES မှာကတော့ ပြသသွားပါတယ်။ ဆေးပညာလောကမှာတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက အသုံး ပြုနေပြီးဖြစ်ပါတယ်။
Motorola Droid Razr MAXX

စမတ်ဖုန်းရဲ့ နောက်မျိုးဆက် တစ်ခုဖြစ်တဲ့ 4G LTE network ရဲ ဘထရီ အလွန်စားတဲ့ ပြဿကို ဖြေရှင်းထားတဲ့ စမတ်ဖုန်း အသစ်ပါ။ ဘက်ထရီက နာရီ ၂၀ ခံမယ်လို့ အာမခံထားပါတယ်။ အထူကတော့ ဈေးကွက်ထဲရှိတဲ့ တစ်ခြား စမတ်ဖုန်း တွေ အတိုင်းပဲ ဖြစ်ပါတယ်။ ၄.၅ လက်မ 960X540 display, 3,300 mAh, ဘက်ထရီ ၂၁ နာရီပြောနိုင်ပါတယ်။ android 4G LTE, အထူ ၀.၃၅ လက်မ
Windows 8 Tablet/Laptop Hybrids

Microsoft က Windows 8 ကို touch အသားပေးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ကီးဘုတ်နဲ့ မောက်စ် ကို အသုံးပြုရတာ အားသန်နေတုန်းဖြစ်တဲ့အတွက် Microsoft ရဲ့ ပါတနာ ကုမ္ပဏီတွေက နှစ်မျိုးလုံး သုံးလို့ရမယ့် ဟာမျိုး ထုတ်ဖို့ ရည်ရွယ်နေကြပါတယ်။ tablet နဲ့ Notebook နှစ်မျိုးလုံးသုံးလို့ရမယ့်ဟာမျိုးပါ။ windows 8 ထွက်မှ ဒီနှစ်ကုန်ပိုင်းမှာ ပဲ ထွက်လာဖို့ ရှိပါတယ်။
OnLive Desktop

တော်တော်များများကတော့ Onlive ကို cloud gaming service လို့သိကြပါတယ်။ windows user တွေအတွက် application တွေ စက်ထဲ တင်စရာ မလိုပဲ server ပေါ်က application တွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
3D Body-Mapping

Microsoft's Kinect camera က Bodymetrics leverages နည်းပညာကို အသုံးပြုပြီး စကရင် ပေါ်မှာ 3D ပုံစံနဲ့ပြန်ပြပေးမှာဖြစ်ပါတယ်။ သင့်ရဲ့ အဲဒီ 3D ဓါတ်ပုံကို online clothing store မှာ တင်လိုက်ပြီး သင်ကြိုက်တဲ့ အင်္ကျီ ဒီဇိုင်းက ကိုယ့်ကိုယ်ခန္ဓာ နဲ့ တော်မတော် စမ်းသပ်ကြည့်လို့ရမှာဖြစ်ပါတယ်။ လာမယ့် နွေရာသီမှာတော့ စတိုးဆိုင်တွေမှာ တပ်ဆင် အသုံးပြုမှာဖြစ်ပြီး အိမ်သုံးအတွက်တော့ မကြာခင် ဖြန့်ချီမှာ ဖြစ်ပါတယ်။
Asus MeMo Tablet

၇ လက်မ andorid tablet ဖြစ်ပါတယ်။ Nvidia tegra 3 နဲ့ quad-core processor, 1280X800 display resolution, နောက်ဆုံးထွက် Android, 16-gigabytes, 8 megapixel camera. ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၅၀

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment