RADIO

What is current song?

RSS

ဖတ်ဖြစ်အောင်တော.ဖတ်စေချင်ပါတယ်......"ကုန်းဘောင်ခေတ်ကအမှန်တရားကိုအသက်နဲ.လဲဝံ.တဲ.ပုဂ္ဂိုလ်တစ်ဦး

ကုန်းဘောင်ခေတ်ကအမှန်တရားနဲ.ပက်သက်လာရင်အသက်နဲ.လဲဝံ.သောပုဂ္ဂိုလ်တစ်ယောက်ရှိပါတယ်။သူသည်မင်း

လိုမင်းကြိုက်ခစားသူများအကြားမှ မှန်မည်ထင်ရာယုံကြည်ရာကိုရဲဝံ.စွာပြောဆိုခြင်းကြောင်.ရာထူးမှမကြာခဏအချခံရပြီးအိမ်နိမ်.စံဘ၀ဖြင်.

ကွယ်လွန်သွားသောဝန်ကြီးလည်းဖြစ်ပါတယ်။(သူငယ်ချင်းတို.အဲလိုကဘယ်သူလို.ထင်လည်းဟင်..)

သူကတော.ယောအတွင်းဝန်ဦးဘိုးလိုင်ပဲဖြစ်ပါတယ်။သူကမင်းတုန်းမင်းနှင်.မြောက်ဆောင်တော်မိဖုရားတို.

၏မွေးစားသားအဖြစ်ချီးမြှောက်ခြင်းခံရထားသူလည်းဖြစ်ပါတယ်။ယောမြို.ကိုအပိုင်စားရ၏။သို.သော်သူသည်ဟုတ်တိုင်းမှန်ရာကိုယူဆပြော

ဆိုသောကြောင်.ရာထူးမှမကြာခဏချခြင်းခံရပါသည်။အသက်(၂၃)နှစ်အရွယ်ကမင်းတုန်းမင်းကြီးနှင်.အယူအဆမတူသောကြောင်.တစ်ကြိမ်။

ကနောင်မင်းသားလုပ်ကြံခံရပြီးဗျစ်ရည်သည်ဆေးခါးကြီးနှင်.တူကြောင်း၊အနည်းငယ်သောက်ကအပြစ်မရှိကြောင်းပြောဆိုသဖြင်.ဒုတိယအ

ကြိမ်ရာထူးချခံရသည်။တတိယအကြိမ်ရာထူးချရပုံကသူမို.သာလုပ်ရဲသည်ဟုတ်ဆိုရမည်။အဖြစ်ကတော.ဒီလိုပါ.................။

မင်းတရားကြီး၏သဘောလွဲမှားနေမူကိုအကြောင်းပြုပြီးဘုရင်မင်းမြတ်သည် အစ်မ၊နှမ၊သမီးကညာအပ်နှင်းခြင်းတံစိုးလက်ဆောင်ဆက်သခြင်းကိုအကြောင်းပြုလျက်အတတ်ပညာမရှိသူများကိုဝန်ကြီး၊အမတ် စသည်ဖြင်.ခန်.အပ်ခဲ.သော်တိုင်းပြည်ပျက်တတ်ကြောင်းဘုရားမင်းတရားကြီးအားမထောက်မညှာဝေဖန်ထောက်ပြလျောက်ထားလိုက်

သည်။အဲမှာပဲမင်းတုန်းမင်းကြီးကစိတ်ဆိုးပြီးဦးဘိုးလိုင်အားသူ၏ဖခင်ယင်းတော်ဝန်ကြီးအားကွပ်မျက်ခဲ.သောလှံကိုပြသလျက်ထိုးမည်

ပြုရာရင်.ကိုကော.လျက်"ထိုးတော်မူပါဘုရား"ဟုတ်လျောက်တင်ခဲ.သည်။မင်းတုန်းမင်းကမထိုးဘဲလှံကိုင်ပြီးအတွင်းတော်ဝင်သွားသော

ကြောင်.အသက်ချမ်းသာရာရလေးသည်။အခြားဝန်ကြီးများကအတွင်းဝန်ဦးဘိုးလိုင်အားထို.သို.တင်းတင်းမာမာဘုရင်ကိုပြန်မလျောက်

သင်.ကြောင်.၀ိုင်းပြောသောအခါဦးဘိုးလိုင်ကပြန်ပြောလိုက်တဲ.စကားမှာအလွန်တန်းဘိုးရှိလှပါတယ်။ဦးဘိုးလို်င်က.....

"ကျွနုပ်အားလှံဖြင်.ထို.လို.သေရခြင်းကားမြတ်ပါ၏။နေရာတိုင်းမင်းအလိုလိုက်ပြီးဆောင်ရွက်ပေးနေရမူမကောင်းမူဖြစ်ပွားလာပါကနိုင်ငံတော်

ပျက်စီးခြင်းရောက်လေသည်ဟုနာမည်ဆိုးဖြင်.ကျန်ရစ်သော်သေရကျိုးမနပ်" ဟုပြောခဲ.ခြင်းဖြစ်သည်။အဲလိုနဲ.မင်းအလိုလိုက်မင်းအကြိုက်မခစားသောကြောင်.တတိယအကြိမ်ရာထူးမှကျခဲ.ခြင်းဖြစ်ပါတယ်။

သူငယ်ချင်းတို.ဒီဘလော.လေးကိုဖတ်ပြီးတဲ.အခါမှဆိုလိုရင်းလေးကိုနားလည်ကြမယ်လို.ထင်ပါတယ်။အရာရာမှအများလိုက်အကြိုက်

ဆောင်ခြင်းကတခါတရံမှာအဆင်ပြေတတ်ပေမယ်.အမြဲတမ်းတော.မနေသင်.ကြောင်.နဲ.။"မှန်တာပြောရွာပြင်ထုတ်ခံရမယ်"ဆိုတဲ.စကား

ပုံလေးကိုစိတ်မကွက်ကျင်.ကြံရဲပါသလာ..?တကယ်လို.ဦးဘိုးလိုင်နေရာမှာသူငယ်ချင်းတို.ဆိုရင်ရော.....?။ရာထူးကိုပဲတွယ်တာမလား

အမှန်တရားကိုပဲတန်ဘိုးထားကြမလား..?

မှတ်ချက်။ ။စာအုပ်ထဲမှာဖတ်ရတာလေးကိုသိစေလိုသောစိတ်ကလေးနှင်.ရေးဖြစ်ခြင်းပါ။

အခြားသောစိတ်ဆန္ဒတစ်စုံတစ်ရာမပါဝင်ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment