RADIO

What is current song?

RSS

မင်္ဂလာရှိသောသတင်း...


ယနေ့လွတ်မြောက်လာသည့် ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) အား ရန်ကုန်မြို့ရှိ ၄င်း၏ နေအိမ်တွင် တွေ့ရစဉ်
" နေကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ပျော်တော့ပျော်တာပေါ့။ မိသားစုလည်းပျော်တယ်၊ လွတ်ပေမယ့်လည်း ကျန်တဲ့ တပည့်တွေရှိနေသေးတယ်။ ဟိုမှာ မလွတ်သေးတာပေါ့ကွယ်။ ကျန်တဲ့ တချို့လွတ်သင့်လွတ်ထိုက်တဲ့လူတွေလည်း ရှိနေသေး တယ်။ အားလုံးလွတ်ရင်တော့ ပိုကောင်းတာပေါ့။ အားလုံးမိသားစုတွေနဲ့ ဆုံကြတဲ့အချိန်မှာ ပိုကောင်းတာပေါ့။ သူတို့ကြီးပဲ ဒီလို လွတ်မြောက်လာတာ တစ်ကိုယ်ကောင်းဆန်တယ်လို့တော့ စိတ်ထဲမှာ ဖြစ်မိတယ်။ အားလုံးလွတ်ရင်ကောင်းမယ်။ လွတ်ပါစေလို့ပဲ ဆုတောင်းတယ်။ အချိန်ကာလတစ်ခုမှာ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေမှာဆိုတော့ လွတ်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ပြောကြားခဲ့သည်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းလည်း ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြား
for everyone

ထောင်တစ်ခုချင်းစီအလိုက်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားစရင်း
for everyone
စစ်တွေထောင်
စစ်တွေအကျဉ်ထောင်မှ နံနက် ၉ နာရီ ၂၀ မိနစ်တွင် အကျဉ်သား စုစုပေါင်း (၁၇) ဦးလွတ်မြောက်ပြီး ထိုအထဲတွင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ (၈) ဦးပါဝင်ကြောင်း သိရပါသည်။ အဆိုပါ (၈) ဦးမှာ ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ)ကိုကြီးသန်း၊ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်(ဧရာဝတီ)၊ ဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ်၊ ကျော်ဇင်ဝင်း၊ ဒေါပုံနေနေ တို့ ဖြစ်ကြောင်း သိရပါသည်။
တောင်ကြီးထောင်
တောင်ကြီး - ဂျင်မီ၊မြအေး၊ဇော်သက်ထွေး၊ကျော်
ကိုကို၊ကိုမောင်ကံ၊ဇော်မင်းဦး၊ကိုဇော်ဝင်း၊ကိုအောင်ကျော်ကျော်၊သူ၇စိုး။မန်းဇော်ထွေး ဘူးသီးတောင် - ဌေးကြွယ်၊စည်သူမောင်၊သန့်စင်မျိုး၊အောင်ဇော်ဦး၊ကျော်ဝင်းဆန်း၊မောင်မောင်လတ်၊ဦးပြည်ကျော်၊ကျော်မင်း မြောင်းမြ - စန္ဒာမင်း၊ကိုကံမြင့်၊ကပ်လန်ခွာ ဖားအံ - ဥာဏ်လင်း၊နေမျိုးကျော်(နေဘုန်းလတ်)၊သန့် စင်အောင်၊ကျော်ကျော်နိုင်၊နန္ဒစစ်အောင်၊ပြည့်ဖြိုးအောင် ဦးဂမ္ဘီရ၊ဦးစိုင်းညွန်လွင် တို့  လွတ်ပါတယ်။
သရက်ထောင်
သရက်ထောင်မှ လွတ်မြောက်လာမည့် သူများ စာရင်း ၁- ကိုမင်းကိုနိုင် ၂-မင်းခေါင်ထွဋ် ၃-တင်ထွဋ်ပိုင် ၄-မင်းသိန်းထွန်း ၅-သူရအောင် ၆-ကိုကိုလှိုင် ၇-ဂျော်လီထွန်း ရှမ်း(SSA)အဖွဲ့ မှ ၆ ဦး ၊ ကရင်လူမျိုး ၂ ဦးနှင့် ကိုသန်းဇော်(၁၉၈၉ သန်လျှင်ရေနံချက်စက်ရုံ ဗုံးခွဲမှုဖြင့် စွပ်စွဲခံရသူ) တို့  ကျန်ရှိသေး မိုင်းဆက်ထောင်မှ လွတ်လာမည့်သူများ စာရင် ၁-ကိုကိုကြီး ၂-စောနေထူး တို့ ဖြစ်ပါတယ်။
လာရှိုးထောင်
လာရှိုးအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများဖြစ်ကြသည့် ကိုမင်းဇေယျ၊ ကိုမင်းဟန်၊ ကိုဇာနည်အောင်၊ ကိုနိုင်ဦး(ခ) ဦးနန္ဒ၀ံသ(မြင်းခြံစွန်းလွန်း)၊ ဦးမြင့်နိုင်၊ ကိုအောင်သန်းမြင့်(ခ) မဂ္ဂင်ဆရာတော်ဥူးက္ကန္ဒက၊ ကိုငွေစိုးလင်း၊ ကိုမင်းထွန်း၊ ကိုမြတ်လင်းထွဋ် နှင့် မဟန်နီဦးတို့ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
ဟင်္သာတထောင်
ဟင်္သာတအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများဖြစ်ကြသော ဦးကေလာသ(မန်းလေး)၊ကိုဟန်ဇော်ထွန်း (အောင်လံ)၊ ကိုစည်သူဇေယျ (DVBသတင်းထောက်)တို့  ၁၃.၁.၂၀၁၂ ၈း၄၀ amတွင် လွတ်မြောက်လာကြပါသည်။
မုံရွာထောင်
မုံရွာအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ ၅ ဦးအား နံနက် ၁၁ နာရီတွင် လွှတ်ခဲ့ကြောင်းသိရသည်။ ၎င်းတို့မှာ ဦးလှထွေး(ခ) ဦးဝိလာသက္က၊ လာရန်းကျွရ်၊ ကိုကိုနိုင်(ခ) စူးရှ၊ ဒီငြိမ်းလင်းနှင့် နိုဘယ်လ်အေးတို့ဖြစ်ကြောင်း သိရသည်။
ဘူးသီတောင်ထောင်
ဘူးသီတောင်အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများဖြစ်ကြသည့် ကိုစည်သူမောင်၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်မင်း၊ ကိုထွန်းညို၊ ကိုဌေးကြွယ်၊ ကိုအောင်ဇော်ဦး၊ ကိုပြေကျော်၊ ကိုဝဏ္ဏပံသ၊ ကိုကျော်ဝင်းဆန်း၊ ကိုမောင်မောင်လတ်တို့သည် ယနေ့နံနက် ၇ နာရီတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ဖားအံထောင်
ဖားအံအကျဉ်းထောင်မှ ကိုနေဘုန်းလတ်၊ ဦးညီပု (၁၉၉၀ ဂွ လွှတ်တော်ကိုယ်စားလှယ်)၊ နန္ဒစစ်အောင်၊ သန့်ဇင်အောင် (ဇာဂနာ အမှုတွဲ)၊ ကျော်ကျော်နိုင်၊ ပြည့်ဖြိုးအောင် (ပုသိမ်)၊ ဉာဏ်လင်း (၈၈ မျိုးဆက်) တို့ လွတ်မြောက်လာကြောင်း သိရသည်။
မြောင်းမြထောင်
မြောင်းမြ ထောင်မှ အသျှင် ဂမ္ဘီ ရ နှင့် စည်သူဇေယျ တို့ လည်း လွတ်လာပါသည်။
မြစ်ကြီးနားထောင်
မြစ်ကြီးနားအကျဉ်းထောင်မှနိုင်ငံေ၇းအကျဉ်းသားများဖြစ်တဲ့ သီဟသက်ဇင်၊ကျော်ဝင်း၊ကြည်စိုး။ဇေယျာအောင်၊မျိုးမင်းသန်း၊ဦးဝီရသူတို့ လွတ်ပါတယ်။
သာယာဝတီ
သာယာဝတီထောင်မှ မနီလာသိန်း အပါအဝင် ဆယ်ယောက် လွတ်မြောက်လာ ၁- မနီလာသိန်း ၂- မကြည်ကြည်ဝါ ၃-ဘိုဘို ၄-ဦးရဲမြင့် ၅-လွင်မိုးမြင့် ၆-အောင်သန်း(ခေါ်)အောင်မိုး ၇-ခင်လှိုင်(ခ)ဖိုးဆောင်း ၈-ကျော်အောင် ၉-၀င်းထိုက်(ခ)ဦးရာဇဓမ္မ ၁၀-ဆရာရဲ တို့ ဖြစ်ပါတယ်။
တောင်ငူထောင်
တောင်ငူ အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသူများတွင် နိုင်ငံရေး အကျဉ်းသား ၁၁ ယောက် (အမျိုးသား ၉ ယောက်နှင့် အမျိုးသမီး ၂ ယောက်)၊ ထောက်လှမ်းရေးဟောင်းများ အပါအဝင် ကျန်အကျဉ်းသား ၁၃ ယောက် စုစုပေါင်း ၂၄ ယောက် ပါဝင်ကြောင်း သိရသည်။
မြင်းခြံထောင်
မြင်းခြံထောင်မှ ဒေါက်တာဝင့်သူ ၊ မထက်ထက်အောင် အပါအ၀င် ၁၂ ဦး လွတ်မြောက်လာသည်ဟု သိရသည်။
မန္တလေးထောင်
မန္တလေးအကျဉ်းထောင်မှ ကိုလှမျိုးနောင် ၊ ဒေါ်ဝင်းမြမြ တို့ လွတ်မြောက်လာပါတယ်။
ရှမ်းအမျိုးသားခေါင်းဆောင်ဦးခွန်ထွန်းဦး လွတ်မြောက်လာပုံ (ဓါတ်ပုံ)



ဦးခွန်ထွန်းဦး လွတ်မြောက်လာပုံ (ဓါတ်ပုံ-မက်စင်ဂျာ ဂျာနယ်)
By: သစ်ထူးလွင သမီးလေးနဲ့ ပြန်လည်ဆုံတွေ့ နေတဲ့ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက်
သမီးလေးနဲ့ ပြန်လည်ဆုံတွေ့ နေတဲ့ မနီလာသိန်း
NilarThein by dvbradioသာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက်---» ဟင်္သာတထောင်မှပြန်လွတ်လာတဲ့ ကိုစည်သူဇေယျ နဲ့ ဆက်သွယ်မေးမြန်းချက်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment