RADIO

What is current song?

RSS

ဟောင်ကောင်တွင် အိမ်အကူအမျိုးသမီး အကြမ်းဖက်ခံရမှုများ ဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ဟောင်ကောင်သို့ အိမ်အကူဆက်ပို့မည်

            အိမ်အကူအမျိုးသမီး အကြမ်းဖက်ခံရမှုများ ဖြစ်ပွားခဲ့ပြီး အိမ်အကူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိတ်ချရမှုမရှိဟူသော စွပ်စွဲချက်များ ရှိနေသော်လည်း မြန်မာနိုင်ငံအနေဖြင့် ဟောင်ကောင်သို့ အိမ်အကူပို့ဆောင်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟောင်ကောင်လစ်ဘရယ်ပါတီ လွှတ်တော်အမတ်နှင့် ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သူ Felix Chung Kwokpan က ပြောကြားခဲ့သည်ဟု South China Morning Post ၏ ဖော်ပြချက်အရ သိရသည်။
           ညှဉ်းပန်းနှိပ်စက်ခြင်း ခံရခြင်းကြောင့် ဆေးရုံတက် ကုသမှုခံယူနေရသူ အသက် ၂၃ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသမီး အိမ်အကူ အပါအဝင် အခြားအိမ်အကူ အမျိုးသမီးနှစ်ဦး၏ အိမ်ပိုင်ရှင်အား တရားစွဲဆိုမှု ပြုလုပ်ပြီးချိန်တွင် Felix Chung Kwokpan သည် တနင်္လာနေ့၌ မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
         “ဝန်ကြီးက ဟောင်ကောင်မှာဖြစ်ခဲ့တဲ့ နှိပ်စက်ခံရတဲ့ အလုပ်သမားကိစ္စကို တွေ့ဆုံပွဲမှာပြောခဲ့ပြီး ဟောင်ကောင်မှာ နိုင်ငံခြားသား အိမ်အကူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ရှိရဲ့လားဆိုတာကို မေးခဲ့ပါတယ်” ဟု Chung က ပြောကြားသည်။
 “ဒါပေမဲ့ အခုဖြစ်သွားတဲ့ အင်ဒိုနီးရှား အိမ်အကူပြဿနာဟာ သိပ်ကြီးမားတဲ့ပြဿနာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဘက်ကလည်း အခုလက်ရှိ အစီအစဉ်က အဆင်ပြေတယ်လို့ ယူဆပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
         Chung က ဟောင်ကောင်သို့ အိမ်အကူများ တင်ပို့ရန်အတွက် ခိုင်မာသော တင်ပြချက်တစ်ခု ပြုလုပ်မည်ဖြစ်ပြီး အိမ်အကူများအား အကာအကွယ်ပေးသည့် ဥပဒေများနှင့် ပတ်သက်၍လည်း ရှင်းပြမည်ဖြစ်ကြောင်း ပြောကြားသည်။ ဟောင်ကောင်-မြန်မာ နှစ်ဖက်မှ တာဝန်ရှိသူများ အနေဖြင့် မတ်လတွင် ထပ်မံတွေ့ဆုံနိုင်ရန် အတွက်လည်း မျှော်လင့်ပါကြောင်း Chung က ပြောကြားသည်။
        ဟောင်ကောင်အခြေစိုက် Golden Mind အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီသည် အလုပ်သမား စုဆောင်းရေးအတွက် မြန်မာအစိုးရထံမှ ခွင့်ပြုချက်ရရှိထားပြီး ပထမဆုံးအသုတ်ဖြစ်သည့် အိမ်အကူ ၅၅ ဦး လာမည့်လကုန်ပိုင်းတွင် ဟောင်ကောင်သို့ ရောက်ရှိမည်ဖြစ်သည်။
       အခြားဟောင်ကောင် အလုပ်သမား အေဂျင်စီတစ်ခုဖြစ်သည့် Technic Employment Service Centre သည် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီလကုန် ဒုတိယအကြိမ် တွေ့ဆုံမည်ဖြစ်သည်။ Chung က ပြောဆိုရာတွင် ၎င်း၏စေ့စပ်ညှိနှိုင်းချက်များကြောင့် မြန်မာနိုင်ငံမှ ဟောင်ကောင်သို့တစ်နှစ်လျှင် အလုပ်သမား နှစ်သောင်းကျော် တင်ပို့နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment