RADIO

What is current song?

RSS

အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံး ဗုံးဖောက်ခွဲရန် ကြံစည်မှုတွင် ပါဝင်ခဲ့သည့် ဗုံးပြုလုပ်သူကို အင်ဒိုနီးရှားတရားရုံးမှ ထောင်ဒဏ် ခုနစ်နှစ်ခြောက်လ ချမှတ် လိုက်သည်။။။။။။။။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် လက်စားချေသည့်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲရန် ကြံစည်မှုတွင် ပါဝင်ခဲ့သည့် ဗုံးပြုလုပ်သူ အစ္စလာမ်မစ်အစွန်းရောက်တစ်ဦးကို အင်ဒိုနီးရှားတရားရုံးမှ ကြာသပတေးနေ့က ထောင်ဒဏ် ခုနစ်နှစ်ခြောက်လ ချမှတ်ခဲ့ကြောင်း AFP သတင်းဌာနမှ သိရသည်။ အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့မှု မအောင်မြင်သည့်နောက်ပိုင်း လေးဦးမြောက်အဖြစ် ထောင်ဒဏ်ချမှတ်ခံခဲ့ရ သူဖြစ်သည်။ အသက် ၂၉နှစ်အရွယ်ရှိ Separiano ကို မေလအတွင်း ဗုံးဖောက်ခွဲမှုပြုလုပ်ရန် သတ်မှတ်ထားသည့် ရက်မတိုင်မီ ညဖက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးစဉ်က ၎င်းသည် လွယ်အိတ်အပြည့် ပိုက်ဗုံးများထည့်ကာ အခြားပူးပေါင်းကြံစည်သူတစ်ဦးနှင့် အတူ ဆိုင်ကယ်ပေါ်တွင် စီးနင်းလိုက်ပါခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။ ပြီးခဲ့သည့် တရားရုံးကြားနာစစ်ဆေးမှုတစ်ခုတွင် ၎င်းက အခြားသော စစ်သွေးကြွများနှင့် လူမှုကွန်ရက်စာမျက်နှာ Facebook မှ တစ်ဆင့်ဆက်သွယ်ခဲ့ပြီး စစ်သွေးကြွဘာသာရေးခေါင်းဆောင် Abu Bakar Bashir ၏ တရားဟောကြားမှုများကို နာယူခဲ့ကြောင်း သိရသည်။ Abu Bakar Bashir သည် ၂၀၀၂ခုနှစ် ဘာလီဗုံးဖောက်ခွဲမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်ကွန်ရက်၏ ဘာသာရေးခေါင်းဆောင်ဖြစ်ပြီး လက်ရှိတွင် အကျဉ်းချခံထားရသူဖြစ်သည်။ ကြာသပတေးနေ့က ဂျကာတာ တောင်ပိုင်းခရိုင်တရားရုံးမှ Separiano ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေများအရ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ “တရားခံ Separiano ဟာ အကြမ်းဖက်မှုအတွက် ဗုံးများပြုလုပ်ခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်းအတွက် တရားဥပဒေအရ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားပါတယ်” ဟု အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး ဖြစ်သူ Suwanto က ပြောကြားခဲ့သည်။ အင်္ဂါနေ့တွင် အဆိုပါ ဗုံးဖောက်ခွဲရန် ကြံစည်မှု၏ ကြိုးကိုင်သူဖြစ်သည့် Sigit Indrajid ကိုလည်း ထောင်ဒဏ် ခုနစ်နှစ် ခြောက်လ ချမှတ်ခဲ့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment