RADIO

What is current song?

RSS

ရီသောသူအသက်ရှည်ဆိုတော့.........သယ်ချင်းအပါင်းတို့ အသက်ရှည်စေရန်။။။။။။။။။

 ဒုခ္တိတ သုံးယောက်
          ခုညဗျာကျနော်...ရုံးကပြန်လာတော့ ဒုခ္တိတ သုံးယောက်နေတဲ့ အိမ်နားကနေ ဖြက်သွားရတာ
သူတို့အိမ်က အမိုးလည်း မလုံဘူး ကြားလိုက်ရတာ ဘာတဲ့လဲ..... မျက်စိ ကန်းနေတဲ့ တစ်ယောက်က ဟာ့ ကောင်းကင်ကြီးက အရမ်းကို သာယာနေလိုက်တာ ကြည့်စမ်းပါဦးကွာ အဲ့တော့ ခြေပြတ်နေတဲ့ တစ်ယောက်က မကျေနပ်လို့ ထ ဟောက်တယ် ဟိတ်ကောင် ငကန်း မင်းက မြင်ရ လို့လားကွာ
ငါ ဖြတ်ကန်လိုက်ရ ခါးကျိုးနေဦးမယ်သူတောင်းစား က အားပေးတယ် လုပ်ထည့်လိုက် စမ်းကွာ ကြာတယ်
ကျိုးသွားရင် ငါလျော်ကြေးပေးလိုက်မယ်တဲ့။.....Oိာန်


  တကယ့် အ ဖြစ် ပြက် လေး ပါ
         တ ခါ က တော သား ညီ အ ကို နှစ် ယောက် မြို့ တတ် လာ တယ် သူ တို့ က ဗလ ကောင်း ကောင်း နဲ့ ရွှာ မှာ လူ မိုက် တွေ ပါ သူ တို့ က မြို့ မှာ တို့ ဆေး တို့ ပြီး ပါ သ မျှ ပေး ခဲ့ ရ တာ တွေ ကြား ဘူး ထား တော့ ညီ အ ကို နှစ် ယောက် တစ် ယောက် ဓား တစ် ချောင်း စီ ယူ လာ ကြ တယ် မြို့ ရောက် တော့ တို့ ဆေး တို့ ခံ ရ ပါ လေ ရော ညီ ဖြစ် သူ က သိ တယ် သူ တို့ မှာ လည်း ဓား ပါ တယ် မ ကြောက် ဘူး အစ် ကို လိုက် သွား ရ အောင် ဆို ပြီး သိ သိ နဲ့ လိုက် သွား ပါ လေ ရော သူ တို့ ခေါ် ခံ ရ တဲ့ အိမ် လည်း ရောက် ရော ဓား တောင် မ ထုတ် ရ ဘူး ခေါင်း ဆောင် လုပ် သူ က သေ နတ် ထုတ် ပြီး ပါ သ မျှ အ ကုန် ပေး ဆို့ လို့ လမ်း စ ရိတ် တောင် မ ကျန် ဘူး အေး ရော တကယ့် အ ဖြစ် ပြက် လေး ပါ။။။။။။။။
  မစားဘူး ကွာ ။
           တောသားနှစ်ယောက် မြို့တက်လာကြတယ်ခရီးကလည်း မရောက်သေး ဗိုက်ကလည်း ဆာနေပြီ ဒီလို့နဲ့ထမင်းဆိုင်တန်းနားကိုရောက်ခဲ့တယ်ဧည့်ကြိုးတွေကလာပါကိုရယ်စားပါဦးမောင်လေးရယ်ဆိုတော့အားနာနာနဲ့ ၀င်စားလိုက်ကြတယ်စားပြီးတာနဲ့ထသွားမယ်ပြင်တော့ပိုက်ဆံပေးသွားဦးလေဆိုတော့ဟာ့မင်းတို့ပဲ ခေါ်ကျွေးပြီးတော့လေ ဆိုင်ရှင်က အော် တော်တော်တုံးတဲ့ တောသားတွေပဲဒါထမင်းဆိုင်ဟဲ့ဆိုတော့ အောက်သီးအောက်သက်နဲ့ပါလာတဲ့ပိုက်ဆံလေးနဲ့ ရှင်းပေးလိုက်ရတယ်ရှေ့သို့ဆက်သွားတော့ ညနေလည်း စောင်းနေပြီ ဗိုက်ကဆာလာပြန်ပြီ ခဏနေ စတ္တုတီတာ ကျွေးနေတဲ့ ရှေ့နားရောက်လာတော့ဧည့်ကြို တွေက ခေါ်ကြတာပေါ့လာပ်ါစားပါအကိုလာပါစားပါမောင်လေးဆိုတော့တောသား နှစ်ယောက်က ပြန်ပြောလိုက်တယ်ဒီမှာ မင်းတို့မြို့သူမြို့သားတွေ လည်တယ်ဆိုတာငါတို့တောသားတွေ အိပ်နေသလောက်ပဲရှိတယ် မစားဘူး ကွာ ။
 မတတ်နိုင်ဘူးးးး:-P
ဆရာဝန်တစ်ယောက်ဟာ ဂွကျတဲ့ လူ့မလိုင် တစ်ယောက်ကို စမ်းသပ်ဖို့ အခြေအနေ
ဖြစ်လာပါတယ်။
“ကောင်းပြီ။ ခင်ဗျား ဘာဖြစ်သလဲ ကျွန်တော့်ကို ပြောပါ။” လို့ ဆရာဝန်က
ပြုံးပြုံးရွှင်ရွှင်နဲ့ မေးပါတယ်။
“ကျွန်တော် ဘာဖြစ်သလဲ ဆိုတာကို ရှာဖွေဖို့က ခင်ဗျား အလုပ်ပဲလေ။” လို့
လူ့ဂွစာက ပြန်ပြောပါတယ်။
ဆရာဝန်က ခဏ စဉ်းစားပြီး ပြောပါတယ်။
“ကောင်းပြီ။ ကျွန်တော့်ကို တစ်နာရီလောက် အချိန်ပေးပါ။
ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို သွားခေါ်ချင်လို့ပါ။ သူကတိရိစ္ဆာန် ကု ဆရာဝန် လေ။
ကျွန်တော် သိသမျှ လူထဲမှာ မေးခွန်း မမေးပဲ ရောဂါရှာနိုင်တဲ့
သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိတယ်။”

 လေးချင်လေးပေစေ...
ဝယ်သူ။ ။ “ဝတ္ထုစာအုပ် တစ်အုပ်လောက် ဝယ်ချင်လို့။ ကူညီပါဦး။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ် မဒမ်။ ဝယ်ချင်တဲ့ စာအုပ်နာမည် ဒါမှမဟုတ်
စာရေးဆရာနာမည်လေး ပြောပါလား။”
ဝယ်သူ။ ။ “အင်း။ အဲဒီလိုမျိုးတော့ မရှိဘူး။ မင်းငါ့ကို သင့်တော်တဲ့
စာအုပ်တစ်အုပ်လောက် အကြံပေးလို့ ရမလား။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ်။ ဒါနဲ့ ပေါ့ပေါ့ပါးပါး စာအုပ်လိုချင်လား။
လေးလေးပင်ပင် စာအုပ် လိုချင်လား။”
ဝယ်သူ။ ။ “ပေါ့တာ လေးတာ ကိစ္စမရှိပါဘူး။ ငါ့ကားက ဆိုင်အပေါက်ဝမှာတင်
ရပ်ထားတာပါ။”

 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment