RADIO

What is current song?

RSS

မလေးရှားနိုင်ငံ Camp ကိုးခုရှိ မြန်မာနိုင်ငံသား ၁၄၁ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြ................

မလေးရှားမှ ပြန်လည်ခေါ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံသားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်) သီတဂူ အထောက်ကူအပြုအဖွဲ့ (မလေးရှား) ၏အစီစဉ်ဖြင့် မလေးရှားနိုင်ငံရှိ Camp ကိုးခုထဲတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသား ၁၄၁ ဦး ဇန်န၀ါရီ ၂၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။ ယခုပြန်လည်ရောက်ရှိလာသူ ၁၄၁ ဦးတွင် အများစုမှာ မလေးရှားနိုင်ငံရှိ Camp များထဲတွင် Over stay ဖြင့် အထိန်းသိမ်း ခံထားရသူများဖြစ်ကာ အမျိုးသမီး ၁၀ ဦးပါဝင်ပြီး ပြန်လည်ရောက်ရှိလာကြသူများကို တစ်ဦးလျှင် လမ်းစရိတ်ထောက်ပံ့ငွေ ၂၀၀၀၀ ကျပ်စီ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် Camp များထဲတွင် နေထိုင်နေရသည့် မြန်မာနိုင်ငံသားများကို ဖေဖော်ဝါရီလလယ်ပိုင်းတွင် ထပ်မံခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သီတဂူအထောက်ကူပြုအဖွဲ့ (မလေးရှား)မှ ဒေါက်တာမြတ်သူက ပြောကြားသည်။ “အခုပြန်ခေါ်လာတဲ့ မြန်မာတွေက မလေးမှာရှိတဲ့ Camp ကိုးခုထဲကသူတွေပါ။ အမျိုးသမီး ၁၀ ဦးပါတယ်။ အများစုက အော်ပရာစီနဲ့တွေ့ပြီး Camp ထဲ ရောက်ကြတဲ့သူတွေပါ။ တစ်ချို့မိန်းကလေးတွေဆို ရောက်ပြီးငါးရက်လောက် အကြာမှပဲ အဖမ်းခံရတာတွေရှိတယ်” ဟု ၎င်းကပြောကြားသည်။ “ကျွန်တော် Camp ထဲမှာ နှစ်လကျော် ကြာနေခဲ့ရပါတယ်။ အဖမ်းခံရတာက ပတ်စပို့မရှိလို့ပါ။ ဟိုမှာ နေရထိုင်ရတာ အဆင်မပြေပါဘူး။ ခုလိုမျိုး မြန်မာပြည်ပြန်ရောက်လာတဲ့အတွက် အရမ်းပျော်ပါတယ်” ဟု မလေးရှားမှ ပြန်ရောက်လာသူ ရခိုင်ပြည်နယ်မှ ကိုမင်းကျော်နိုင်က ပြောကြားသည်။ ဖားအံမြို့နေ ကိုမြင့်မိုးက “ကျွန်တော် မလေးမှာနေလာတာ ၁၀ နှစ်ကျော်ရှိသွားပါပြီ။ အလုပ်သွားရင်း အော်ပရာစီနဲ့တွေ့လို့ အဖမ်းခံခဲ့ရတာပါ။ Camp ထဲမှာ စားရသောက်ရတာလည်း အဆင်မပြေပါဘူး။ ငါးလကျော်လောက် နေခဲ့ရတယ်။ ကျွန်တော်တို့လို ဒုက္ခရောက်နေတဲ့သူတွေကို ပြန်ခေါ်ပေးလို့ သီတဂူအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။ ၂၀၁၃ ခုနှစ်အတွင်းက မလေးရှားရှိ မြန်မာနိုင်ငံသား ၂၀၀၀ ကျော်အား သီတဂူ အထောက်ကူပြုအဖွဲ့နှင့် ကမ္ဘောဇဘဏ်တို့၏ စီစဉ်မှုဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment