RADIO

What is current song?

RSS

အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ၀ ပြုနိုင်မည်

နှစ်စဉ် အာဇာနည်နေ့တွေမှသာ ၀င်ခွင့်ပြုခဲ့တဲ့ ရန်ကုန်မြိုက အာဇာနည်
ဗိမာန်ကို လာမယ့် ဇွန် ၁ ရက်နေ့ကစပြီး အများပြည်သူ ၀င်ရောက်ကြည့်
ရှုနိုင်ဖို့ ဖွင့်လှစ်ပေးသွားမယ်လို့ ရန်ကုန်မြို့ တော်စည်ပင် ပန်းဥယျာဉ်နဲ့ အားကစားကွင်းဌာန

တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။

အာဇာနည်ဗိမာန်ကို တနင်္လာနေ့မှအပ နေ့စဉ် မနက် ၈ နာရီ ကနေ ညနေ
၅ နာရီအထိ ဖွင့်ပေးမှာ ဖြစ်ပြီး ၀င်ကြေးကတော့ လူကြီး ၁ ယောက်ကို
ကျပ် ၂၀၀၊ ကလေး ကျပ် ၁၀၀ နဲ့ နိုင်ငံခြားသား ၃ ဒေါ်လာ သတ်မှတ်
ထားကြောင်း သိရပါတယ်။

အာဇာနည်ဗိမာန်မှာ ၁၉၈၃ ခုနှစ် တောင်ကိုရီးယားသမ္မတနဲ့အဖွဲ့ မြန်မာနိုင်ငံ
ကို အလည်အပတ် လာရောက်စဉ် မြောက်ကိုရီးယားတွေရဲ့ ဗုံးခွဲ တိုက်ခိုက်ခံ
ခဲ့ရပြီးနောက်ပိုင်း အများပြည်သူ ၀င်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment