RADIO

What is current song?

RSS

ဆရာမျိုးဟန်ကို - 2013, May လ အတွက် ဗေဒင် ဟောစတမ်း




ဆရာမျိုးဟန်ကို - 2013, May လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေ သားသမီးများ အတွက်
ယခုလတွင်းမှာ ဖြစ်ချင်တာတွေ ဆုံးဖြတ်ချက်တွေ ရည်ရွှယ်ချက်တွေ များနေသော အချိန်လေး ဖြစ်ပါတယ်။ အလုပ်အကိုင် ကိစ္စများအတွက် အဆင်ပြေနေသော အချိန်လေး ဖြစ်သော်လည်း အလုပ်ထဲတွင် စိတ်မပျော်ပဲ ဖြစ်နေမည်။ ဒီလအတွင်းမှာ အထက်လူကြီးများမှ အကူညီပေးသူ ပေါ်လာမည်။ ယခုလအတွင်း ငွေကြေးများ ကံကောင်းလာမည်။ အဆင်ပြေနေမည်။ အပိုကုန်ငွေများနေသော အချိန်လေး ဖြစ်သည်။ ဒီလအတွင်းမှာ ခရီးယာယီကိစ္စများ သွားရမည်။ ပျော်ရွှင်သော ခရီး ပညာရေးမှာ ရည်မှန်းချက် တိုးတက်လာမဲ့ အချိန်လေးပါ။ အချိန်တော့ စောင့်ရမည်။ အချစ်ရေးမှာ ချစ်သူနဲ့ဒီလအတွင်း အဆင်ပြေလိုက် ၊ မပြေလိုက်နဲ့ဖြစ်နေပြီး စိတ်ပျော်ရွှင်မှုများလည်း ညစ်လိုက် ပျော်လိုက်ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ နှလုံးသားချင်း ဝေးနေသော အချိန်လေးပါ။ ဒီလအတွက် ကျန်းမာရေးမှာ ဗိုက်အောင့်ခြင်း အစားမှားခြင်း ဖြစ်မည်။
ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့နံနက်တွင် ဘုရားတွင် ဆွမ်းတော်တင်၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ ၆ ၅ ၄ ၀ 
၂။ တနင်္လာ သားသမီးများ အတွက်
ယခုလအတွင်း လိုရာဆန္ဒများ ပြည့်စုံလာမည်။ ရည်ရွယ်နေသော စိတ်ကူးများ အဆင်ပြေလာမည်။ အလုပ်အကိုင် ကိစ္စများ အတွက်နဲ့ စိတ်ပျော်လာရမည်။ အထက်လူကြီးတွေနဲ့ ပြုလုပ်သော ကိစ္စများတွင် အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ ဒီလအတွင်း အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ စုဆောင်းမိသော အချိန်လေးပါ။ ခရီးကိစ္စ အဆင်မပြေ သေးပါဘူး။ မသွားဖြစ်သော ခရီးတစ်ခုကို သွားရမည်။ ပညာရေးမှာ ကံကောင်းနေသော နေ့ရက်လေးပါ။ စိတ်ညစ်မှုများ အနည်းငယ် ရှိသော်လည်း အဆင်ပြေလာမည်။ အချစ်ရေးမှာ စိတ်တူ ကိုယ်တူ အချစ်ကို ပိုင်ဆိုင်ခွင့် ရမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ အဆင်ပြေ ပါသည်။ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ အနည်းငယ် ဖြစ်မည်။ ယတြာ = ကံကောင်းစေရန် အတွက် တနလာင်္နေ့တွင် နံနက် ဖရဲသီး ကပ်လှူ၍ နေအိမ်ဘုရားတွင် လှူဒါန်းပြီး ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၇ ၅ ၄ ၂
၃။ အင်္ဂါ သားသမီးများ အတွက်
ယခုအတွင်း အတွင်းမှာ ရည်မှန်းတာတွေ အဆင်ပြေနေမည်။ အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်လို့ အဆင်ပြေနေသော အချိန်လေးပါ။ အထက်လူကြီးနဲ့ လုပ်ကိုင်ဆောင်ရွက်လိုက်ပါ။ အဆင်ပြေလာမည်။ ငွေကြေးကိစ္စများကတော့ ကံကောင်းနေသော အချိန်လေးပါ။ အဆင်ပြေနေမည်။ ငွေဝင်ကိန်း ရှိနေပါသည်။ ယခုလအတွင်း သူတစ်ပါးကို ဂရုစိုက်၍ ကူညီပါ။ ခရီးကိစ္စများ ကံကောင်းပြီး သွားလာမှု အဆင်ပြေလာမည်။ မိသားစုအတွင်း နေရာထိုင်ခင်း ကိစ္စများ ပြုပြင်ရမည်။ စက်ပစ္စည်း ထိမိခိုက်မိဖြစ်မည်။ အချစ်ရေးမှာ ဒီလအတွင်း အေးချမ်းနေမဲ့ အချိန်လေးပါ။ အိမ်ထောင်ရေးမှာ အဆင်ပြေပြီး စကားများနေရမည်။ယခုလ ကျန်းမာရေးမှာ လက်နာမည် အအေးမိခြင်း ဖြစ်မည်။ ယတြာ = ကံကောင်းစေရန် အတွက် အင်္ဂါနေ့နံနက်တွင် ငှက်ပျောသီး ၅လုံး ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၉ ၅ ၀ ၂ 
၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်
ယခုလ အတွင်းမှာ ရည်ရွယ်သော ကိစ္စများ အဆင်မပြေသေးပါ။ ဖြစ်ချင် လုပ်ချင်သော စိတ်ကူးများ နောက်ပိုင်းမှ အဆင်ပြေလာမည်။ အထက်လူကြီးများနဲ့ လုပ်ကိုင်ဆောင်ရွက်လိုက်ပါ။ ဒီလအတွင်း စိတ်ပျော်ရွှင်မှုများနှင့် စိတ်ညစ်မှုများ သင့်တင့်ရှိပါသည်။ စီးပွားရေး ငွေကြေးကိစ္စများ ကူည်ီပေးသူ ပေါ်မည်။ ငွေကြေးများ မရခင်က ကုန်နေသလို ဖြစ်နေမည်။ ငွေဝင်ကိန်းရှိပါသည်။ ရအောင်သာ စုဆောင်းပါ။ဒီလအတွင်း ပညာရေး ကိစ္စများ အဆင်ပြေပါသည်။ ခရီးတွေကတော့ မသွားတာ ကောင်းပါတယ်။ မိမိရဲ့ စိတ်များ စိတ်တခြား လူတစ်ခြားနဲ့ ဖြစ်နေမည်။ မိတ်ဆွေများမှ ကူညီပေးသူ ပေါ်မည်။ ဒီလအတွင်း အချစ်ရေးမှာ ပုံမှန်ပြန်လည် အဆင်ပြေလာမည်။ စိတ်ညစ်စရာ မရှိပါဘူး။ အိမ်ထောင်ရေး စကားများနေရမည်။ အခုလ ကျန်းမာရေးမှာ မျက်စိအားနည်း ၊ ခေါင်းကိုက်ခြင်း ဖြစ်မည်။ ကျန်းမာရေး ဂရုစိုက်ပါ။ ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့နံနက်တွင် စပျစ်သီးကို မိမိနေအိမ်ဘုရားတွင် ကပ်လှူ၍လိုရာ ဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်း ။ ။ ၉ ၇ ၅၄
၅။ ကြာသပတေး သားသမီးများ အတွက်
ယခုလအတွင်း ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့ အချိန်ကုန်နေမည်။ အလုပ်ကိစ္စများ အထက်လူကြီးများနဲ့ လုပ်ကိုင်ဆောင် ရမဲ့ကိစ္စများတွင် ဂရုစိုက်ပါ။ အပြစ်တင်ခြင်း ခံရမည်။ စီပွားရေး ငွေကြေးကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ မိမိရဲ့ချေးဌား ထားသော ငွေကြေးများ ပြန်လည်ရရှိမည်။ ပုံမှန်လေးပါပဲ။ စီပွားရေးမှာ ကံကောင်းလာမည်။ ဒီလအတွင်း ခရီးကိစ္စများ အဆင်မပြေသေးဘူး။ ခရီဝေး ကိစ္စများ မသွားတာ ကောင်းပါတယ်။ ပညာရေးမှာ ကြိုးစားနေရမဲ့ အချိန်လေးပါ။ ကျန်းမာရေး ဗိုက်နာ ၊ ဗိုက်အောင့် ဖြစ်မည်။ အချစ်ရေးမှာ ဝမ်းနည်း ဝမ်းသာမှုများနဲ့ စိုးရိမ် ပျော်ရွှင်နေရမည်။ ဘယ်လိုပဲဖြစ်ဖြစ် ကံကောင်းမှုတွေ ရှိလာမှာပါ။ အိမ်ထောင်ရေးမှာ အဆင်ပြေပါသည်။ ယတြာ = ကံကောင်းစေရန်အတွက် မိမိနေအိမ်ဘုရားတွင် ကြာသပတေးနေ့ နံနက် ကိတ်မုန့် ကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်းများ။ ။ ၆၄၃၇
၆။ သောကြာ သားသမီးများ အတွက်
ယခုလအတွင်း ရည်ရွယ်သော ကိစ္စများ အဆင်ပြေလာမည်။ အချိန်တော့ စောင့်ရဦးမည်။ ရုတ်တစ်ရက် အလွယ်တကူ ဆုံးဖြတ်တာတို့ ဂရုစိုက်ပါ။ အမှားအယွင်း ရှိပါသည်။ အထက်လူကြီးနဲ့ လုပ်ကိုင်ပါက ဂရုစိုက်ပါ။ စကားပြောဆိုမှုကိစ္စများ အဆင်မပြေပါ။ စီးပွားရေးကိစ္စတွေမှာ ကူညီသူ ပေါ်မည်။ ငွေကြေးကိစ္စများ ဒီလအတွင်း ငွေကြေးများ အဆင်ပြေလာမည်။ ငွေဝင်ဖို့ လမ်းစတွေ ရှိပါသည်။ ပညာရေး ကိစ္စများမှာ ပုံမှန်လေး ကံကောင်းပါသည်။ ခရီးကိစ္စများ သွားလာမှုများ အဆင်ပြေပါသည်။ အချစ်ဟောင်းနဲ့ ပြန်တွေ့ရမည်။ အချစ်ရေးမှာ ပထမ အဆင်မပြေပါ။ နောက်ပိုင်းမှ အဆင်ပြေလာမည်။ အိမ်ထောင်ရေးမှာ ပျော်ရွှင်နေသော နေ့ရက်လေးကို ပိုင်ဆိုင်နေမည်။ အခုလအတွင်း ကျန်းမာရေးမှာ စိတ်ပင်ပန်းခြင်း ၊ သွေးအားနည်းခြင်း ဖြစ်မည်။ ယတြာ = သောကြာနေ့ နံနက်ပိုင်း နေအိမ်ဘုရားတွင် ပန်းသီး ၇လုံး ကပ်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၆ ၅ ၄ ၃
 ၇။ စနေသား သမီးများ အတွက်
ယခုလအတွင်းမှာ စိတ်ကူးလေးတွေကို ပုံမှန်လေးသာ အသက်သွင်းသင့်ပါသည်။ ယခုအချိန်တွင် မည်သည့်ကိစ္စကိုမဆို ပုံမှန်လေး လုပ်ကိုင် ဆောင်ရွက်သင့်ပါသည်။ စီးပွားရေးကိစ္စတွေမှာ အထက်လူကြီးနဲ့ စကားပြောဆိုကိစ္စများတွေသတိထားဆက်ဆံပါ။ အလုပ်အဆင်မပြေဘူး ဖြစ်နေမည်။ ငွေကြေးကိစ္စတွေမှာ ငွေကြေးကိစ္စများကို သေချာလေး လုပ်ကိုင်ဆောင်ရွက် သင့်သည်။ ငွေဝင်ဖို့ လမ်းစတွေ ရှိပါသည်။ ရအောင်သာ စုပေတော့ ငွေကတော့ အဆင်ပြေလာမည်။ ပညာရေး ကြီုးစားအားထုပ်မှု နည်းနေမည်။ ခရီးကိစ္စများ သွားလာမှုများ အဆင်မပြေမှုများ ဖြစ်ပေါ်နေမည်။ အချစ်ရေးမှာ စိတ်ညစ်နေရမည်။ မိမိ ချစ်သူနဲ့ ဝေးရမဲ့ အချိန်လေးပါပဲ။ အိမ်ထောင်ရေးမှာ အဆင်ပြေပါသည်။ မိမိအိမ်ထောင်ဖက် ကျန်းမာရေးညံ့မည်။ အခုလအတွင်း ကျန်းမာရေး စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ၊ ခေါင်းကိုက်ခြင်း ဖြစ်မည်။ ယတြာ = စနေနေ့ နံနက်ပိုင်း မိမိနေအိမ်ဘုရားတွင် သရက်သီး ၂၁ စိပ်ကပ်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်းများ ။ ။ ၈ ၇ ၅ ၎
(အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - ကေအယ် ၊ ကိုတာရာယာ ၊ ဖုန်း- ၀၁၇ ၂၂၆၀ ၇၁၅ ) ယခုလအတွင်း မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို -
Kuala Lumpur Malaysia - Website : http://myohanko1.blogspot.com/ - E-mail : myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment