RADIO

What is current song?

RSS

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ၄ရက်အတွင်း မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်မည်ဟုဆို


"One" လို့အမည်ပေးထားတဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတစ်ခု မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနောက်ပိုင်းဒေသတွေကို ဝင်ရောက်နိုင်တယ်လို့ အမေရိကန် လေတပ်နဲ့ ရေတပ်ပူးတွဲ မုန်တိုင်းသတင်း သတိပေးဌာနက သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနေပြီး လာမဲ့ရက်ပိုင်းအတွင်း အင်အားပြင်း မုန်တိုင်းအဆင့်ကို ပြောင်းလဲသွားနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်းချင်း ပိုမိုအားကောင်းလာနေပြီးတော့ ဘင်္ဂလားပင်လယ်ကိုဖြတ်ပြီး၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ရခိုင်ကမ်းရိုးတန်း ဒေသတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ခြမ်းဒေသတွေကို အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း "One" အဖြစ်နဲ့ တစ်နာရီ မိုင်၁၀၀ကျော်နှုန်း၊ ဆိုင်ကလုန်းပြင်းအားအဆင့်(၂) အနေနဲ့ ဖြတ်ကျော်ဝင်ရောက်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။အခုလာမဲ့ မေလ ၁၄ရက်နဲ့ ၁၅ရက် (၁၄ရက်သန်းခေါင်ယံ၊ ၁၅ရက် အာရုံစောစော မနက် ၁နာရီခွဲ ၂နာရီဝန်းကျင်မှာ) ဖြတ်သန်းတိုက်ခတ်မယ်လို့ (JTWC)ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
လေပြင်းမုန်တိုင်း တိုက်ခတ်ချိန်မှာ ၆ပေထက်မနည်းတဲ့ လှိုင်းလုံးကြီးတွေ သက်ဆိုင်ရာ ကမ်းခြေဒေသတွေကို ရိုက်ခတ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။ လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး နောက်ဆက်တွဲအနေနဲ့ မိုးအကြီးအကျယ်ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေ၊ ဒေသတွင်းအဆောက်အဦးထိခိုက်ပျက်စီးမှုတွေ၊ လူနဲ့ တိရိစ္ဆာန်တို့ရဲ့ အသက်အန္တရာယ်တွေ စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်လို့ သတိပေးထားပါတယ်။
NASA က ရိုက်ကူးရရှိထားတဲ့ ပုံရိပ်တွေအရ လတ်တလောအနေနဲ့ အိန္ဒိယ သမုဒ္ဒရာအတွင်းမှာ မုန်တိုင်းငယ် ၂ခု ရှိနေပြီး၊ အဲဒီအထဲကမှ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း "One"ဟာ မြန်မာနိုင်ငံဘက်ဦးတည်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ မေလ ၁၀ရက် သောကြာနေ့အထိ နိုင်ငံပိုင်သတင်းစာရဲ့ ကြေညာချက်မှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတော့ ၄င်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်ကြောင်းနဲ့ ဒုတိယ ၁၀ရက် သီတင်းပတ်အတွင်း အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို ဝင်ရောက်နိုင်တယ်လို့ ဖော်ပြထားတာတွေ့ရပြီး မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားတာတော့ မတွေ့ရပါဘူး။
ပြီးခဲ့တဲ့ ၂၀၀၈ခုနှစ် မေလ ၂ရက်နဲ့ ၃ရက်နေ့တွေမှာ ပြင်းအားအဆင့် ၄ ရှိတဲ့ ဆိုင်ကလုန်းနာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခဲ့မှုကြောင့် လူပေါင်း ၁၄၀,၀၀၀ကျော်သေဆုံး၊ ၃,၀၀၀,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဘဝရောက်ခဲ့ရတာကြောင့် မြန်မာ့မုန်တိုင်းသမိုင်းမှာ ထူးထူးခြားခြား ပျက်စီးဆုံးရှုံးမှု ကြီးမားတဲ့ မုန်တိုင်းအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံအဝှမ်းမှာ ယခုနှစ်မိုးရွာတဲ့နေရာတိုင်းလိုလို လေပြင်းပြင်းဟာ အတူတွဲပါ တိုက်ခတ်နေပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း အထိုက်အလျောက်ရှိနေတာ တွေ့ရတာကြောင့် သတိဆို ပိုသည်မရှိ ဆိုတဲ့အတိုင်း သစ်ထူးလွင်မှ သတင်းမျှဝေမှုကို တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါတယ်။ သတ္တဝါအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါေ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment