(၁) အလုပ်တစ်ခုကို ရလာပြီးလျှင်
ထိုအလုပ်ကိုပြီးဆုံးသည်အထိ၊မိမိအတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်၍
စွဲစွဲမြဲမြဲလုပ်နိုင်သောသတ္တိကိုမွေးရန်
(၂)အကြောင်းကိစ္စတစ်ခုခုပေါ်ပေါက်လာလျှင် မိမိကလိုအပ်သည့်ထက်မလျှော့ဘဲတတ်နိုင်သမျှပို၍ပင်၊ကြိုးပမ်း
ဆောင်ရွက်နိုင်သော သတ္တိကိုမွေးရန်၊ထိုသတ္တိမျိုးရှိမှသာ မိမိကိုအားကိုးကြလိမ့်မည်။
(၃)အခက်အခဲတို့ကို ရင်ဆိုင်ပြီးလျှင် ရည်မှန်းသောပန်းတိုင်သို့ ရောက်အောင်မဆုတ်မနစ်ကြိုးပမ်းသော ဇွဲကိုမွေးရန်
(၄)အခက်အခဲများ၊မလိုလားအပ်သော အဖြစ်အပျက်အတွေ့အကြုံများ၊သက်တောင့်သက်သာမရှိခြင်းများ၊
စိတ်ပျက်စရာများအနှောက်အယှက် အကြပ်အတည်းများကို လက်ခံနိုင်သော ခံနိုင်ရည်ရှိစေရန်
(၅)အောင်မြင်ခြင်းကို အရယူမည်ဟူသော စိတ်ဓါတ်နှင့်လေးနက်သော ဆုံးဖြတ်ချက်တို့ဖြင့် ဘ၀မှာအပြည့်အ၀ အဓိပ္ဖါယ်ရှိရှိ
နေမည်ဟူသော ခိုင်မာသောစိတ်ဓါတ်ရှိရန်
(၆)ကိစ္စများ၊ပြဿနာများကို ကောင်းစွာသုံးသပ်ဆင်ခြင်၍ မိမိ၏ကိုယ်ပိုင် အဆုံးအဖြတ်ကို ပြုရန်။
(၇)သူတစ်ပါး၊လူအများတို့နှင့် ပူးပေါင်းဆောင်ရွက်တတ်သော စွမ်းရည်၊အဖွဲ့အစည်းများ၌ အခြားပုဂ္ဂိုလ်များနှင့် လုပ်ဆောင်နိုင်
သော စွမ်းရည်တို့ကို ဆည်းပူးရန်
(၈)ကာလ၊ဒေသ၊ပယောဂ ဟူသော အကြောင်းတို့ကို ထောက်ထား၍ အချိန်ယူတတ်ရန် ၊အများနှင့် ဆက်ဆံရာ၌ အဆင်ပြေပြေ
ဆက်ဆံတတ်ရန်၊အထက်ပါအချက်အလက်တို့ကို သုံးသပ်စီစစ်၍ အဓိပ္ဖါယ်ဖွင့်ဆိုပါသည်။
စိတ်ဓါတ်ရင်ကျက်မှုရရှိရေးအတွက် အောက်ပါနည်းလမ်းများ
9:55 pm |
Labels:
မှတ်သားစရာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment