RADIO

What is current song?

RSS

စတတ် နောက်တတ်သော သူ

   ဟိုတုန်းက တောအုပ်ကြီးတစ်ခုထဲမှာ နွားနဲ့ ကျားဟာ အဆွေခင်ပွန်းဖွဲ့ပြီး နေကြတာပေါ့...... တစ်ဦးနဲ့တစ်ဦး အပြန်ပြန်အလှန်လှန် ချစ်ချစ်ခင်ခင်နဲ့ သူငယ်ချင်းဖွဲ့ပြီး အတူတူ နေကြတာပေါ့...... သူတို့နှစ်ဦးထဲမှာ နွားကတော့ တစ်ခါတစ်လေ စတတ်နောက်တတ်သတဲ့လေ........ 
   ဒီလိုနဲ့ တစ်နေ့ကြတော့ ကျားက တော်ထဲမှာ သွားလာရင် ခြူကလုံလေးတစ်ခု ကောက်တွေ့တာနဲ့ အိမ်ကိုယူလာပြီး သူ့သူငယ်ချင်းဖြစ်တဲ့ နွားကိုပေးပြီး ပြောလိုက်သတဲ့လေ............
   `` သူငယ်ချင်း နွားရေ ငါ သွားရင်းလာရင်း ခြူကလုံးလေးတစ်ခု ကောက်တွေ့တာနဲ့ ယူလာခဲ့တယ် သူငယ်ချင်း........ ရော့ ဒီခြူကလုံးလေးကို မင်းရဲ့လည်ပင်းမှာ အမြဲဆွဲထားနော် သူငယ်ချင်း......... မင်း သွားရင်းလာရင်း အန္တရာယ် တစ်ခုခုနဲ့ ကြုံတွေ့လို့ အကူအညီလိုအပ်လာတဲ့အခါ ဒီခြူကလုံးလေးကို လှုပ်လိုက်ပါ သူငယ်ချင်း......... ဘယ်လောက်ပဲ ဝေးလံနေပါစေ ငါ မင်းဆီကို မရောက်ရောက်အောင်လာပြီး ကူညီမယ်နော် သူငယ်ချင်း.........´´ 
   ကျားက သူ့သူငယ်ချင်းဖြစ်တဲ့ နွားကိုပြောပြပြီး ခြူကလုံးလေးကို ပေးလိုက်တာပေါ့....... အဲလိုပေးတော့ နွားကလည်း
  ``ကျေးဇူးပါပဲ သူငယ်ချင်းရာ ငါ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့လာတဲ့အခါ သူငယ်ချင်းပြောသလို ခြူကလုံးလေးကိုလှုပ်လိုက်ပါ့မယ် သူငယ်ချင်း.......´´  လို့ပြောပြီး သူငယ်ချင်း ကျားကပေးတဲ့ ခြူကလုံးလေးကို ယူပြီး သူ့ရဲ့လည်ပင်းမှာ ကြိုးနဲ့ချီပြီး ချိတ်ဆွဲထားလိုက်တာပေါ့........
   အဲလိုပေးပြီး နောက်နေ့မနက်မှာ သူငယ်ချင်းနှစ်ယောက် အစာရှာထွက်ဖို့ ပြောကြပြီး တောအုပ်ထဲကို ကိုယ်ဆီကိုယ်ဆီ တစ်နေရာဆီ အစာရှာထွက်ခွာသွားကြတာပေါ့......... ဒီလိုနဲ့ နွားဟာ အစာရှာထွက်နေရင်း စဉ်းစားသတဲ့လေ........ အင်း ငါ့ရဲ့လည်းပင်းမှာ သူငယ်ချင်းကျားက ပေးထားတဲ့ ခြူကလုံးလေးရှိတယ်........... ငါ့သူငယ်ချင်းကျားဟာ ငါ့အပေါ်မှာ တကယ်ချစ်မချစ်ဆိုတာ စမ်းကြည့်အုံးမှပဲ....... သူငယ်ချင်းကျားကို စနောက်ကြည့်လိုက်အုံးမှာပဲဆိုပြီး နွားဟာ သူ့ရဲ့လည်ပင်းက ခြူကလုံးလေးကို တအားလှုပ်လိုက်သတဲ့လေ........
   အဲလို နွားဟာ သူရဲ့လည်ပင်းက ခြူကလုံးလေးကို တအားလှုပ်လိုက်တော့ အခြားနေရာမှာ အစာရှာထွက်နေတဲ့ သူ့ရဲ့ သူငယ်ချင်း ကျားဟာ ကြားပြီး....... ဟာ ငါ့သူငယ်ချင်းနွားရဲ့ ခြူကလုံးသံပဲ....... ငါ့သူငယ်ချင်း အန္တရာယ် တစ်ခုခုနဲ့ ကြုံတွေ့နေရပြီ....... ငါအမြန်ဆုံးသွားပြီး ကူညီမှဖြစ်မယ်လို့ စဉ်းစားပြီး ခြူကလုံးအသံကြားရာဘက်သို့ ဦးတည်ကာ ကျားဟာ မနားတမ်းပြေးလွှားပြီး သွားလိုက်တာ သူ့သူငယ်ချင်း နွားရှိရာဆီသို့ ရောက်လာတာပေါ့.........
   သူ့သူငယ်ချင်းရှေ့ လည်းရောက်ရော
  `` သူငယ်ချင်း ဘာဖြစ်တာလဲ......... ဘာအန္တရာယ်နဲ့ ကြုံတွေ့နေရာတာလဲ သူငယ်ချင်း....... ဘာမှစိတ်မပူနဲ့နော်သူငယ်ချင်း  မင်းရှေ့ မှာ ငါရောက်နေပြီ သူငယ်ချင်း........ ဘာမှမကြောက်နဲ့နော် သူငယ်ချင်း.......´´
   အဲလို ကျားဟာ မောပန်းစွာနဲ့သူငယ်ချင်း နွားကို အားပေးစကားတွေ လှိုင်လှိုင်ပြောနေတော့ နွားဟာ ရယ်ချင်လာတာနဲ့ ရယ်မောပြီး.......
  `` ဟားဟား........ သူငယ်ချင်းကလည်း ခဏလေးနားပြီးမှ ပြောပါ သူငယ်ချင်းရ........ ငါဘာမှ မဖြစ်ပါဘူး သူငယ်ချင်းရ...... ဘာအန္တရာယ်မှလည်း မကြုံပါဘူး သူငယ်ချင်းရ......´´
   အဲလိုနွားကပြောလိုက်တော့ ကျားကလည်း
   ``ဒါဆို ဘာဖြစ်လို့ ခြူကလုံတအားလှုပ်နေရတာလဲ သူငယ်ချင်းရ.......´´
   အဲလိုကျားကမေးတော့ နွားကလည်း..... 
   ``သူငယ်ချင်းငါ့ကို တကယ်ချစ်မချစ်ဆိုတာ သိချင်လို့ စမ်းကြည့်တာ..... သူငယ်ချင်းကို စနောက်လိုက်တာပါ သူငယ်ချင်းရ......´´
  အဲလိုနွားကပြောတော့ ကျားကလည်း......
   ``မသိပါဘူး သူငယ်ချင်းရာ ငါက သူငယ်ချင်းတကယ်အန္တရာယ်နဲ့ ကြုံတွေ့နေရပြီထင်လို့ မနားတမ်းပြေးလာခဲ့တာ...... ဘာမှ အန္တရာယ်မရှိဘူးဆိုတော့ တော်သေးတာပေါ့ သူငယ်ချင်းရာ........ ငါလည်း ဘာမှမစားရသေးဘူး...... စောစောကနေရာ ပြန်ပြီး အစာရှာသွားလိုက်အုံးမယ် သူငယ်ချင်း..........´´ လို့ပြောပြီး ကျားဟာ အစာရှာဖို့ စောစောကနေရာပြန်သွားသတဲ့လေ........
   အဲလိုနဲ့ သွားနေရင်း လမ်းတစ်ဝက်လောက်လဲ ရောက်ရော သူ့သူငယ်ချင်းနွားဆီးက ခြူကလုံသံ တအားလှုပ်နေတာကို ကြားပြန်သတဲ့လေ...... အဲလိုကြားတော့ ကျားကလည်း စောစောလေးကမှ သူ့ဆီက ပြန်လာတာပါ....... အော် သူငယ်ချင်း ငါ့ကို စနောက်နေတာနေမှာပါလေ ဆိုပြီး ကျားဟာ ခြူကလုံသံကြားပေမယ့် သူသူငယ်ချင်းနွားက သူ့ကို စနောက်နေတယ်ထင်ပြီး မသွားပဲနေလိုက်သတဲ့လေ......
   ဒီလိုနဲ့ ညနေအိမ်ပြန်ချိန်ကြ ကျားဟာပြန်လာပြီး ခါတိုင်းဆုံနေကြ လမ်းဆုံက သစ်ပင်ကြီးအောက်မှာ သူငယ်ချင်းနွား မရောက်သေးလို့ စောင့်နေသတဲ့လေ....... အဲလိုစောင့်နေတာ အချိန်းကလည်း  တော်တော်ကြားသွားတော့ ကျားက စဉ်းစားလိုက်တယ်......... အော် ခါတိုင်းဆို ငါ့သူငယ်ချင်းက ဆုံနေကြ ဒီသစ်ပင်ကြီးအောက်မှာ သူအရင်ရောက်နေတာပါ........ ဒီနေ့ ဘာဖြစ်လို့ နောက်ကြနေရတာလဲ ဆိုပြီး ကျားဟာ စိတ်ပူလာတာနဲ့ မနက်က သူ့သူငယ်ချင်နွားနဲ့ တွေ့ခဲ့တဲ့ နေရာကို သွားပြီး လိုက်ရှာတာပေါ့.......
   အဲလိုရှာနေရင်း တစ်နေရာရောက်တော့ ကျားဟာ သူလက်ဆောင်ပေးထားတဲ့ ခြူကလုံးလေးကို တွေ့သွားတယ်....... အဲလိုတွေ့တော့ ကျားဟာ သူ့သူငယ်ချင်းအတွက်အရမ်းစိတ်ပူသွားပြီး အနီးအနား ရှာကြည့်တော့ သူ့ရဲ့သူငယ်ချင်နွားကို သွေးသံရဲရဲနဲ့ သတ်ဖြတ်ခုတ်ထစ်ခံရပြီး  သေနေတာကို တွေ့လိုက်တော့ ကျားဟာ အရမ်းဝမ်းနည်သွားတယ်........ ကျားဟာ ငိုကြွေးပြီး...........
   ``သူငယ်ချင်း မင်းအခုလိုဖြစ်သွားတာ ငါမကူညီလိုက်ရတာ ငါအရမ်းဝမ်းနည်းတယ် သူငယ်ချင်းရာ........ မင်းအပေါ်ကြရောက်နေတဲ့ အန္တရာယ်ကို မကူညီလိုက်ရလို့ ငါ့ကို ခွင့်လွှတ်ပါသူငယ်ချင်းရာ........ မနက်က မင်း ခြူကလုံ အရမ်းလှုပ်လိုက်တာ အန္တရာယ်နဲ့ ကြုံတွေ့နေရလို့ လှုပ်လိုက်တာပေါ့နော် သူငယ်ချင်း....... မင်းဆီက ခြူကလုံသံ ငါမကြားလို့ ရောက်မလာတာ မဟုတ်ပါဘူး သူငယ်ချင်း....... ငါကြားပါတယ် သူငယ်ချင်းရာ........အဲဒီတုန်းက ခြူကလုံသံ ကြာပေးမယ် သူငယ်ချင်း စနောက်နေတယ်ထင်ပြီး မလာခဲ့မိတာ ငါ့ကို ခွင့်လွှတ်ပါသူငယ်ချင်ရာ...... အဲဒီတုန်းက ငါ မင်းဆီကို ပြေးလာပြီး ကူညီရင် ငါ့သူငယ်ချင်း အခုလို အသေဆိုးနဲ့ သေရမှာမဟုတ်ဘူး........ ´´ လို့ ပြောဆိုပြီး ချူကလုံလေးကို လက်ထဲမှာဆုပ်ကိုင်ထားရင်း ကျားဟာ သူ့သူငယ်ချင်းနွားအတွက် စိတ်မကောင်ဖြစ်ပြီး ပူဆွေးဝမ်းနည်းစွာနဲ့ ငိုကြွေး နေပါတော့တယ်..............................။ 
   ကိုယ်က တစ်ဖက်လူကို စနောက်တော့မယ်ဆိုရင် အချိန်ကာလ၊ နေရာဒေသကို အရင်ကြည့်ပြီး  စနောက်သင့်သလား၊ ပြောသင့်သလားဆိုတာ အရင်စဉ်းစားပြီမှ စနောက်သင့်ပါတယ်။ တစ်ခါတစ်ရံမှာ စနောက်မှုတွေဟာ ပျော်စရာတွေနဲ့ ဝေးကွာသွားတတ်သလို  ကိုယ်စနောက်လိုက်တဲ့ စကားတစ်ခွန်းကြောင့် နှစ်ဦးနှစ်ဖက် ပျော်ရွှင်မှုတွေ ရောက်ရှိမလာပဲ စိတ်ညစ်စရာ ဖြစ်ရပ်တွေ၊ မလိုလားအပ်တဲ့ ကိစ္စရပ်တွေ ရောက်ရှိလာတတ်ပါတယ်..............။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ.............................။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment