RADIO

What is current song?

RSS

ကမ္ဘာ့တက်တူ အများဆုံး ထိုးသောပုဂ္ဂိုလ်

ပုံမှာ မြင်တွေ့ရတဲ့ ပုဂ္ဂိုလ်ကတော့ ၂၀၀၆ ခုနှစ်ကစလို့ ယနေ့တိုင်အထိ ကမ္ဘာ့ တက်တူးအများဆုံး ထိုးသော ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ထားသူ Lucky Diamond Rich ဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံသားဖြစ်ပြီး လူဖြူလူမျိုး ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  တစ်ကိုယ်လုံး ပြည့်နေတဲ့ တက်တူးကြောင့် လူမည်းတစ်ဦးပမာ ထင်ချင်စရာ ရှိပါတယ်။ တက်တူးထိုးတာမှ မျက်ခွံအထဲထိတောင် ထိုးထားပါ တယ်။ ပြီးတော့ အမျိုးသား အစိတ်အပိုင်းပါမချန် နေရာအားလုံး တက်တူး ထိုးထားသူ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ၁၀၀ ရာခိုင်နှုန်းပြည့် တက်တူး ထိုးထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၄၀ ကျော်ပြီဖြစ်တဲ့ ဆက်ကပ်အဖွဲ့သား တစ်ဦးဖြစ်ပြီး အာခေါင်ကို ဓားထိုး၊ စတန့်စက်ဘီး၊ ကျွန်းဘား၊ ဘောလုံးလက်ပစ် အစရှိသဖြင့် စတန့်ပြကွက်တော်တော်များများကိုလည်း ပိုင်နိုင်သူ ဖြစ်ပါတယ်။

အသက်ငယ်ငယ်လေးကတည်းက တက်တူးထိုးတာ ဝါသနာ ပါသူ ဖြစ်ပြီး ကမ္ဘာ့စံချိန်တင် တက်တူးထိုးသူများကိုလည်း လေ့လာစောင့်ကြည့်ခဲပါတယ်။ ထို့နောက် သူကိုယ်တိုင်လည်း တက်တူးအများဆုံး ထိုးနိုင်တယ်ဆိုပြီး တစ်နှစ်ထက် တစ်နှစ် တက်တူးများ ဆက်တိုက် ထိုးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ရောက်မှ မူလ တက်တူးအများဆုံး ပိုင်ဆိုင်သူ Tom Leppard ကို ကျော်လွန်ပြီး ကမ္ဘာ့နံပါတ် ၁ ဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ်။

သူ့ထက် တက်တူးထိုးသူ ပေါ်လာနိုင်ချေနည်းသွားပါပြီ။ ဘာလို့လဲ Lucky Diamond Rich ဟာ ယနေ့ချိန်ထိ တက်တူးထိုးခြင်းကို မရပ်တန့်သေး တဲ့ ဆေးမဲပေါ်မှာ တက်တူးဆေးဖြူများ ထပ်ထိုးလျက် ရှိကြောင်း သိရပါတယ်။
---
Ref: wiki
International news for myanmar

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment