RADIO

What is current song?

RSS

ဗဟုသုတရစရာလေးပါ

မှုရင်း ..... ထိုင်ဝမ် စာရေးဆရာ “လီဂျာထုံ” (Chia Tung L**)
ကျောင်းအုပ်ဆရာတစ်ဦး ဖြစ်ရသည်မှာ တစ်ခုတော့ ကောင်းသည်။ အခြားကျောင်းများသို့ သွားရောက် မေးမြန်း လည်ပတ်နိုင်ပြီး သွားရောက်တိုင်း အထူးဧည့်သည်အဖြင့် လက်ခံကြိုဆိုသောကြောင့် ဖြစ်သည်။ ကျွန်တော် အနှစ်သက်ဆုံးက အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ် တစ်ခုသို့ သွားရောက်ရခြင်းဖြစ်သည်။ ထိုကျောင်းအုပ်မှာ ကျွမ်းကျင်သည့် စက်မူပညာရှင် တစ်ဦးဖြစ်သော်လည်း စကားပြောရာတွင် လိမ္မာ ပါးနပ်ပြီး ယဉ်ကျေးသိမ်မွေ့သည်။ နေထိုင်မူ အဆင့်အတန်းမှာလည်း အထက်တန်းကျသည်။
ထိုတက္ကသိုလ်ရှိ ဧည့်ထမင်းစားဆောင်၏ ပြတင်းပေါက်များသည် မှန်ဖြင့် ပြုလုပ်ထားပြီး ပြတင်းပေါက် အပြင်ဖက်တွင် ကြီးမားသော မြက်ခင်းတစ်ခုရှိသည်။ မြက်များကို ညီညာအောင် အမြဲညှပ် ထားပြီး မြက်ခင်း အလယ်ရှိ ပန်းသီးပင်တစ်ပင်ကြောင့် ထိုရှုခင်းမှာ ပိုလှပနေသည်။ ကျွန်တော် ထိုကျောင်းသို့ အလည်အပတ်ရောက်ခဲ့သော နွေဦးရာသီတစ်ခုတွင် ပန်းသီးပင်မှ အပွင့်များ ဖူးပွင့်ဝေဆာနေသည့် အချိန်ဖြစ်သည်။ ကျောင်းအုပ်က ကျွန်တော့်အား ထိုပြတင်းပေါက်နှင့် ကပ်ရက် စားပွဲတွင် ဧည့်ခံခဲ့သည်။ စားကောင်း သောက်ဖွယ်များကို သုံးဆောင်ရင်း လှပသော ရှူခင်းများကို ခံစားရသည့် အရသာကို ကျွန်တော့်အား အားရကျေနပ်စေခဲ့သည်။
ဒီနှစ်လည်း ထိုကျောင်းသို့ ကျွန်တော်ရောက်ခဲ့ပြန်သည်။ ပြတင်းပေါက် အပြင်ဖက်က ရှုခင်းသည် ယခင်နှစ်တွေအတိုင်း ညီညာသော မြက်ခင်းစိမ်းနှင့် ပန်းသီးပင်မှ ပန်းများဖြင့် လှပဝေဆာ နေသည်။ သို့သော် ပြတင်းပေါက်ဘေးတွင် ယခင်ကရှိခဲ့သော ထမင်းစား စားပွဲခုံကို မတွေ့ရတော့။ အခန်း၏ အတွင်းဆုံး စားပွဲခုံတွင် ကျွန်တော်တို့ စားသောက်ခဲ့ရသည်။ ကျောင်းအုပ်စားသော အစားအစာမှာလည်း သာမန်မျှသာဖြစ်သည်။ ကျန်သူများလည်း ထိုနည်း၎င်း ပေါင်မုန့်နှင့် စွပ်ပြုပ်ရည် တစ်ခွက်သာဖြစ်သည်။ အင်္ဂလိပ်လူမျိုး၏ အစားအစာဖြစ်သော အမဲသားခြောက်အား ကျွန်တော်လုံးဝ မကြိုက်ခဲ့။ ယခုကဲ့သို့ သာမန်အစာများကို ကျွန်တော် ပိုကြိုက်ခဲ့သည်။ သို့သော် ပြတင်းပေါက် ဘေးက စားပွဲခုံရော...?ဘာကြောင့် အစားအစာတွေ ဒီလောက် သာမန်နေသလဲ?သိလိုစိတ်ကြောင့် ကျွန်တော့် မတင်မကျဖြစ်နေခဲ့သည်။ ကျွန်တော်သိချင်နေသော အကြောင်းအရာကို ကျောင်းအုပ်က သိပုံရသည်။ ဘာကြောင့်ဆိုသည်ကို သူပြောပြခဲ့သည်။
+++++++++++++++++++++++
တစ်ခါက ကျောင်းအုပ်ကြီးသည် အိန္ဒိယနိုင်ငံရှိ Kolkata တွင် အစည်းအဝေးတစ်ခုအတွက် သွားရောက်ခဲ့ရသည်။ လမ်းထွက်လျှောက်တုန်း စားသောက်ဆိုင် တစ်ဆိုင်ကို တွေ့ခဲ့သည်။ ဆိုင်ထဲတွင် မှန်များဖြင့် ပြုလုပ်ထားသော ပြတင်းပေါက်ရှည်ကြီးများ ရှိသည်။ ပြတင်းပေါက်ဘေးတွင် အခြားစားပွဲခုံများလည်း ရှိပြီး ခုံတိုင်းအား ဖြူဖွေးသော စားပွဲခင်းများဖြင့် ဖုံးအုပ်ထားပြီး ခုံပေါ်တွင် လှပသော ငွေထည်၊ ဘော်ထည်များဖြင့် ခင်းကျင်းထားသည်။ ကျောင်းအုပ်မှာ တုန့်နှေး မနေတော့ဘဲ ဆိုင်ထဲသို့ ၀င်ရောက်ပြီး ပြတင်းပေါက်ဘေးရှိ ခုံတစ်ခုံတွင် နေရာယူလိုက်သည်။ ဆိုင်မှာ အပြင် အဆင် သပ်ရပ်သည့်အပြင် အစားအသောက်လည်း မဆိုးလှပေ။ ကျောင်းအုပ်မှာ အားရကျေနပ်ခဲ့သည်။ သူမှာခဲ့သော အစားအစာမှာ ဆိတ်ပေါင်ခြောက်ဖြစ်ပြီး ယခုထက်တိုင် ထိုဟင်းကို သူအမှတ်ရ နေသေးသည်။
ထိုအရသာရှိသော ဆိတ်ပေါက်ခြောက်အား မြီးစမ်းကြည့်ရန် ခံတွင်းကို ဟလိုက်စဉ် ရုတ်တရက် ပြတင်းပေါက် အပြင်ဖက်တွင် မမှိတ်မသုန် စိုက်ကြည့်နေသော သူတောင်းစားငယ် တစ်ဦးအား သူတွေ့လိုက်သည်။ ထိုကောင်လေးမှာ အပေါ်ပိုင်းတွင် ဗလာကျင်းနှင့် ဆိတ်ပေါင်ခြောက်အား စူးစိုက် ကြည့်နေခဲ့သည်။ ဆိတ်ပေါင်ခြောက်အား သေချာစွာ မြင်နိုင်ရန် မှန်ပြတင်းအား လက်ဖါးဝါး နှစ်ဖက်ဖြင့် ထောက်ထားပြီး မျက်နှာ တစ်ခုလုံးကို မှန်နှင့် ကပ်ထားသည်။
အရသာခံပြီး မြီးစမ်းကြည့်ရန် ရည်ရွယ်ထားသော ကျောင်းအုပ်ကြီး၏ စိတ်များ ကြက်ပျောက် ဌက်ပျောက် ပျောက်ခဲ့ရသည်။ ခံတွင်းထဲသို့ ထည့်ရန် ပြင်ထားသော ဆိတ်သားနှင့် ဇွန်းခက်ရင်း များကို သူ ချလိုက်သည်။ ကောင်လေးမှာ ထိုနေရာတွင် ရပ်နေဆဲ...... မျက်စိအာရုံက အရသာရှိသော အစားအစာပေါ်တွင် စူးစိုက်ကြည့်နေဆဲ........
အိန္ဒိရှိ စားသောက်ဆိုင် တော်တော်များများက လုံခြုံရေးထားတတ်ကြသည်။ ထိုခဏ၌ တာဝန်ရှိ လုံခြုံရေးတဦး လျောက်လာသည်ကို တွေ့သော် သူတောင်းစားငယ်မှာ ထွက်ပြေးသွားခဲ့ သည်။ ကျောင်းအုပ်လဲ ဆိုင်မှထွက်ပြီး ကောင်လေးနောက် လိုက်ခဲ့သေးသည်။ သို့သော် အရိပ်အရောင်မျှပင် မတွေ့တော့။ ဆိုင်ထဲသို့ သူပြန်ဝင်လာပြီး အစာများကို မစားတော့ဘဲ ကျသင့် ငွေကို ရှင်းပေးပြီး ဆိုင်မှ သူထွက်လာခဲ့သည်။
ထိုအဖြစ်အပျက်နောက်ပိုင်း ပြတင်းပေါက်ဘေးတွင် အစာထိုင်စားတိုင်း ထိုသူတောင်းစား ငယ်လေးအား သူ မြင်ယောင်လာမိသည်။ ထိုမျှသာမက အစားကောင်းစားတိုင်း ဆာလောင် ငတ်မွတ်နေသော သူတောင်းစားလေးများ သူ့အား ကြည့်နေသည်ဟု ခံစားမိသည်။ နောင်တွင် ထိုပြတင်းပေါက်ဘေးက စားပွဲခုံအား သူလုံးဝ အသုံးမပြုတော့။ နောက်ဆုံးတွင် တာဝန်ရှိလူများက ထိုစားပွဲခုံအား နေရာရွေ့ခဲ့ကြသည်။ ဆာလောင်ငတ်မွတ်နေသော ကလေးငယ်များ သူ့အား ကြည့်နေသည့် ခံစားချက်မျိုး မခံစားချင်သောကြောင့် ကျောင်းအုပ်သည် အစားကောင်း အသောက်ကောင်း များကို မစားသုံးတော့။ ထိုကျောင်းရှိ ဆရာများကလဲ ကျောင်းအုပ်ကြီးကြောင့်ဖြစ်မည် လူတိုင်း အစာကောင်းများအစား သာမန်အစာ များကိုသာ စားသုံးတော့သည်။
+++++++++++++++++++++++
အပြန်ခရီးတွင်ဖြစ်သည်။ လေယာဉ်ပေါ်ရှိ အစားအစာများမှာ အထူးစီမံထားသော အစားအစာ များသာဖြစ်ကြောင်း ကျွန်တော် သတိပြုမိသည်။ သိလိုစိတ်ဖြင့် ရုတ်တရက် လေယာဉ်မယ်အား သာမန်အစားအစာများ မရနိုင်ဘူးလားဟု ကျွန်တော်မေးလိုက်သည်။ လေယာဉ်မယ်က ရနိုင်ကြောင်း ပြောပြီး ကျွန်တော့်အား ပေါင်မုန့်၊ စွပ်ပြုပ်ရည်နှင့် ဆလပ်ရွက်သုပ်များ ပေးခဲ့သည်။
လေယာဉ်မယ်က ကျွန်တော့်အား အခုတစ်လော လူတော်တော်များများက သာမန်အစာများသာ စားလိုသောကြောင့် လေကြောင်းကုမ္ပဏီက ဤသို့သော အစာများကို ပြုလုပ်ခဲ့ကြောင်း၊ ဘာကြောင့် လူအများက သာမန်အစာများကိုသာ စားလိုရသလဲဟု ကျွန်တော့်အား မေးခဲ့သည်။ သူ့အမေးအား ကျွန်တော် ပြန်မဖြေဖြစ်ခဲ့။ ပြတင်းပေါက် အပြင်ဖက်ရှိ ကလေးငယ်များ ကျွန်တော်တို့ စားသောက်နေသည်ကို ကြည့်နေသည်ဟု ကျွန်တော်ပြန်ဖြေခဲ့လျှင် သူ နားလည်လိမ့်မည် မထင်ပေ။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

English-Myanmar Dictionary v1.0.0.4 Free Version

အတော်လေးကို ပြည့်စုံကောင်းမွန်တဲ့ English to Myanmar Dictionary လေးတစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ အခု Dictionary လေးမှာတော့ စကားလုံးစုစုပေါင်း 29618 လုံးတိတိထည့်သွင်းထားတဲ့အတွက် တော်တော် စုံလင်တယ်လို့ပြောလို့ရပါတယ်ဗျာ။ English စကားလုံးတစ်ခုရဲ့ ဘာသာပြန်တင်မကဘဲ အသံကိုပါထွက်ဆို နိုင်ပါတယ်ဗျာ။ အခု Dictionary ကိုတော့ မြန်မာ Programmer ဖြစ်တဲ့ Nyein Chan ကရေးသားထားတယ်လို့ သိရပါတယ်။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Google ထုတ်ကုန် အသစ် Chromecast


‪#‎Chromecast‬ ဆိုတဲ့ အရာလေးဟာ မိမိ အသုံးပြုတဲ့ Mobile Device က အွန်လိုင်း ရုပ်သံများကို တီဗွီ ကနေ တဆင့် မြင်ကွင်းကျယ် ရုပ်သံ ပီပြင်စွာ ကြည့်ရှုနိုင်ဖို့  Wireless ချိတ်ဆက် အသုံးပြုနိုင်တဲ့ Adapter လေး တစ်ခု ပဲ ဖြစ်ပါတယ်။
နှစ်လက်မ အရွယ် ရှိပြီး Memory Stick နဲ့ ဆင်တူပါတယ်။ အွန်လိုင်း ပေါ်က ဖျော်ဖြေရေး ၀ဘ်ဆိုက်များဖြစ်တဲ့ Yube Tube နဲ့ Netfix တို့ လို Streaming Media များကို ကြည့်ရှုနိုင်ဖို့  ဖန်တီးထားတဲ့ အရာလေးပါ။
Android နဲ့  iOS သုံး မည့်သည့် Mobile Device နဲ့ မဆို ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ မိမိအသုံးပြုတဲ့ Device နဲ့ ချိတ်ဆက်ပြီးပြီးဆိုရင်တော့
ထို Device ကို တီဗွီ မှာ ကြည့်ရှုလိုတဲ့ Program များအတွက် Remote Control အဖြစ် အသုံးပြုနိုင်ပါမယ်။
ထို Gadget လေးကို အသုံးပြုတဲ့ အခါမှာတော့ TV မှာပါတဲ့ HDMI Port မှာ ထည့်သွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။
#Chromecast က Google က ထုတ်လုပ်တာ ဖြစ်တဲ့ အတွက် Google နဲ့  ချိတ်ဆက်ထားတဲ့ digital Media များကိုသာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ထို Media များအတွက် App များကတော့ မိမိအသုံးပြုတဲ့ Mobile Device မှာ ထည့်သွင်းထား ရပါမယ်။
အွန်လိုင်းမှာ တိုက်ရိုက်ကြည့်ရှု့ နိုင်တဲ့ အစီအစဉ်များကို တီဗွီနဲ့ ချိတ်ဆက် ကြည့်ရှု နိုင်ဖို့  ပြုလုပ်ထားပေးတဲ့ အရာလေးလို့ ပဲ အလွယ်တကူ မှတ်ယူနိုင်ပါတယ်။
ကိုယ်တွေ တုန်းကတော့ Fiber Internet လိုင်းကနေ ‪#‎Youtube‬ က ဇာတ်ကားတွေကို Projector နဲ့ ထိုးပြီး ကြံဖန် ကြည့်ခဲ့ရတော့ ..
သူတို့ လည်း ဒီလို မြင်ကွင်းကျယ် ကြည့်နိုင်ဖို့  အိုင်ဒီယာများ ရလေသလားလို့  ထင်မိစရာပါ ။
ဘာဘဲ ပြောပြော မြင်ကွင်းကျယ်နဲ့  အွန်လိုင်း ရုပ်သံများကို ကြည့်ရှုနိုင်
မှာ ဖြစ်ပါတယ်။
ဈေးနှုန်းက ၃၅ဒေါ်လာ ဆိုပြီး Google မှာ တရားဝင် ရောင်းချနေပါပြီ ။
ဦးဆုံးအနေနဲ့  US မှာရောင်းချနေပြီး နောက်ပိုင်း မကြာခင်တော့ နိုင်ငံတကာကို ဖြန့် ချီမယ်လို့  သိရပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိန်းကလေး တို့ သတိထားသင့်သော ယောင်္ကျား တို့ ခဏ

၁ ။ ခဏလေးပါကွာ .... မကြောက်ပါနဲ့ .. တကယ်ကိုခဏလေး ပါပဲ
ခပ်တိုးတိုး နဲ့ လေသံကချွဲပစ်ပြီး ကြက်သီးထဖွယ်ကောင်းလောက်အောင် သာမက ရင်တွေ တစ်ဒိုင်းဒိုင်း ခုန် လာစေသော ထိုစကားသံ နှင့်အတူ တစ်ဆတ်ဆတ်တုန်ရီနေတဲ့ အပျိုစင်မလေး ရဲ့ ခန္ဒာပေါ်က စုန်ဆန်ချည် အလုပ်များနေတဲ့လက်တစ်စုံ ပိုင်ရှင် ရဲ့ စကားလေး တစ်ခွန်းက
ညီမ တို့ ဘဝတစ်ခုလုံးကို စုတ်ပြတ်ကြေမွ သွားစေနိုင်တယ် ဆိုတာ သတိထားစေ လိုပါတယ်။
တစ်သက်စာ ထိန်းသိမ်းလာခဲ့ရတဲ့ အပျိုစင် ဘဝ ဟာ ထို ပုရိသ ရဲ့ ခွင့်တောင်းလိုဟန်နှောပေမယ့်
အမိန့် ပေးသံပျော့ပျော့ ရဲ့ ထို ခဏ အောက်မှာ တစ်သက်စာ ကြေမွ ပျက်သုန်းသွား နိုင်တယ်။တစ်မိနစ် အတွင်းမှာတင် အပျိုစင်ဘဝ ပျောက်ကွယ်ပျက်စီးသွားနိုင်တယ်ဆိုတာ သတိချပ်စေလိုပါတယ်။
မိန်းကလေး တို့ သိထားဖို့ က အပျိုစင်ဘဝ ကို မင်္ဂလာရှိသော မင်္ဂလာဦးည တိုင် ထိန်းသိမ်းဖို့ ၊တန်ဖိုးထားဖို့ အင်မတန် ချုပ်တည်း ထိန်းသိမ်းခဲ့ရ တာ ကိုက ဘဝ တစ်သက်စာ အတွက် တန်ဖိုးရှိသော၊ မင်္ဂလာရှိသော သတို့ သမီးအဖြစ် ခင်ပွန်းသည်ရဲ့ တန်ဖိုးထားမှု၊မြတ်နိုးမှု ၊ လေးစားမှု ကို တစ်သက်စာ ပိုင်ဆိုင်နိုင်ဖို့ ဖြစ်ပါတယ်။မိမိကို လက်ထပ်မည်၊ လက်မထပ်မည် မသေချာ သေးတဲ့ ချစ်သူရည်းစား တစ်ယောက် ရဲ့ခဏလေး ပါကွာ ဆိုတဲ့ အလေးမထားတဲ့စကား တစ်ခွန်းအောက်မှာ သင်အရည်ပျော်နစ်မွန်းခဲ့ မိရင်တော့..သင်ပေးဆပ်ရမယ့် တန်ဖိုးက ထိုခဏလေး အတွက် တန်ပါရဲ့ လား လို့ ထိုစကားကြားစဉ် ခဏမှာ တွေးမိ စဉ်းစားမိစေချင်ပါတယ်။
၂ ။ ခဏလေး လိုက်ခဲ့ပါကွာနော်ခဏလေး ဟိုနားလိုက်ခဲ့ပါ ။
ဒီနားလာခဲ့ပါဆိုတဲ့ ချိန်းဆိုမှု တွေ အောက်မှာ အပျိုစင်ဘယ်နှစ်ေ ယာက်
လောက် လမ်းပျောက်ခဲ့ကြ ပြီးပြီလဲ ။ခဏလေး လိုက်ခဲ့ပါ ကွာ နော် ဆိုတဲ့စကားနောက်မှာ ကောက်ကောက်ပါအောင် လိုက်ခဲ့မိတဲ့ အပျိုမလေး တို့ ရောက်သွားနိုင်တဲ့အပေါစားတည်းခိုခန်း တွေ၊ထူထပ်တဲ့ခြုံဖုတ်တွေ၊လူပြတ်တဲ့လမ်းကြားတွေ၊စသည်စသည် နေရာများ ကို အလွယ်တကူ အလျော့ပေးအလိုမလိုက် အားမနာပဲငြင်းဆန်နိုင်တဲ့သတ္တိ နဲ့ ခွန်းအား ပြည့်ဝ နေစေလိုပါတယ်။
မိမိ ယုံကြည်လေးစားရတဲ့ ချစ်သူ ပင်ဖြစ်လင့်ကစား ပုံမမှန်တဲ့ နေရာဒေသတွေ ကို ချိန်းဆိုခေါ်ဆောင်သွားတဲ့အခါ မိမိတန်းဖိုးထား ရတဲ့ အပျိုစင်ဘဝကို အစွမ်းကုန်ထိန်းသိမ်းကာကွယ်ဖို့ သတိလေးကပ်ပြီး အလိမ္မာစကားနှင့်ငြင်းပယ် နိုင်ဖို့ ကြိုတင်စဉ်းစား ပြင်ဆင်ထားသင့်ပါတယ်။
၃ ။ ခဏတော့ စောင့်ပါကွာ
တစ်ချို့ ယောင်္ကျားတွေဟာ ရည်မှန်းချက်တစ်စုံတစ်ရာ အတွက် ကြိုးပန်းချိန်မှာ ၄င်းတို့ရဲ့ ချစ်သူ မိန်းကလေးများကို စိတ်ရှည်လက်ရှည်စောင့်စား နေဖို့ ခွင့်ပန်လေ့ရှိပါတယ်။
သိပ်ကောင်းပါတယ်။ ဒါပေမယ့် တစ်ချို့သော ကတိမတည်တဲ့ယောင်္ကျားအချို့ ကို စောင့်မျှော်ရင်း တန်ဖိုးရှိတဲ့ ပျိုမြစ်ခြင်းတွေ ကိုပေးဆပ်လိုက်ရတဲ့ အညာခံ အပျိုကြီးတွေ လဲအများကြီး ရှိနေတယ်ဆိုတာ တော့မမေ့စေချင်ဘူး။
ဒါဆို မစောင့်ပဲနေဖို့ လားဆိုတော့လဲ မဟုတ်ပါဘူး။စောင့်မျှော်ပါ ။ မိမိချစ်သူ ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ တတ်နိုင်ရင် ပါရမီဖြည့်သင့်ရင်ဖြည့်ပြီးစောင့်မျှော်ပါ။ ဒါပေမယ့် ညီမတို့ ရဲ့ နှလုံးသားတံခါး ကိုသာ ချစ်သူအတွက်သော့ခတ် ထားပေးပြီး ညီမတို့ မျက်လုံးတွေကိုဖွင့်၊ နားတွေကို စွင့် ပြီး အဝေးရောက်ချစ်သူကို မျက်ချေမပြတ်ဖို့ လဲလိုတယ်ဆိုတာ မမေ့စေချင်ဘူး။
မိမိတို့ ချစ်သူရဲ့ ခဏလောက်စောင့် ပေးပါကွာ ဆိုတဲ့စကားကို နာခံနေစဉ် ထိုခဏ မှာလဲ မိမိတို့ တတ်စွမ်းသလောက် ကိုယ်ရေကိုယ်သွေး ပြည့်ဝနေအောင်လဲ ကြိုးစားထားဖို့ လိုတယ်။
တစ်ချို့ ကရှိတတ်တယ်။ ကိုယ့်ချစ်သူက နိုင်ငံခြားမှာပါရဂူဘွဲ့ ၊ သို့ ၊ စီးပွားရေးအတွက် အတွက်ကြိုးပန်းနေစဉ်ခဏမှာ ပြန်လာရင် ပါရဂူကြီး ပရော်ဖက်ဆာကြီး ၊ သူဌေးကြီး ဖြစ်မှာမို့ ငါကတော့ အလှအပပဲ ပြင်ထားမယ် ကျန်တဲ့အရည်အချင်းတွေ ရှိစရာမလိုဘူးလို့ တွေးရင်း အချိန်တွေဖြုန်းတီးနေတဲ့ မိန်းမငယ်တစ်ချို့အတွက် တော့ ရင်လေးစရာပါပဲ။
ရုပ်ခနွ့ာ အလှအပ သည် ကြာရှည် မတည်မြဲ ၊ ပညာအလှသည်သာ ထာဝရ မြဲမြံပါတယ်။
တစ်ချို့ ယောင်္ကျားတွေ များကျတော့လည်း ခဏတော့စောင့်ပါကွာ ဆိုတဲ့စကားနောက်မှာ
စုန်းစုန်းမြုတ်ပျောက်ကွယ်ရင်း အိပ်မက်တွေ အဖန်ဖန်ပေး ကြေအေးဖို့တေးတွေ ခဏခဏ ဆိုနေဆဲပဲပေါ့။
ဘာပဲဖြစ်ဖြစ် ပါ...လူ့ ဘဝက သိပ်တိုပါတယ်။ တကယ်ကို ခဏလေး ပါပဲ။ ထိုခဏလေး များစွာတွေထဲမှာ မှ ယောင်္ကျားများရဲ့ ထိုခဏ အတွက်တော့ ညီမတို့ ရဲ့ အပျိုစင်ဘဝနဲ့ မိမိတို့ ကိုယ်ပိုင်ဖန်းတီးတည်ဆောက်နို်င်စွမ်းတွေကို အယုံမလွယ်ပဲ အလေးအနက်ထား ကြိုးပမ်းထိန်းသိမ်းသင့်တယ် လို့ အကြံပြု လိုက်ပါရစေနော်။
ကိုယ်ပေါင် ကို လှံထောင်းမိသလိုပါ သို့သော်လည်း ကိုညီမလေးတွေ ကိုအစ်မတွေ သိသင့်သိထိုက်တယ်မို့ တင်ပြပေးလိုက်တာပါ
ကျနော်အစ်ကို တွေ ညီတွေ မျက်နာမညိုး ပန်းလိုလှပနိုင်ပါစေဗျာ
ကျနော်အစ်မတွေ ညီမလေးတွေလဲ အမြဲသွားသတိ စားသတိ နေသတိ အမြဲတမ်းထားနိုင်ကြပါစေဗျာ။
ရိုင်းတဲ့အသုံးနုန်း ပါခဲ့ရင်တော အနူညွှတ် တောင်းပန်အပ်ပါတယ်ဗျာ ဒီလိုတင်ပြမှသာ သိသာ မြင်သာမှာမို့ပါခမျာ။
အားလုံးကို ခင်မင်လျက်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

LOCAL CALL(အူတက်အောင်ရီရသောဟာသ)


သက္ကရာဇစ် ၂၀၉၉ ခုနှစ်ငရဲပြည်မှာပေါ့ကွယ်...အိုစမာဘင်လာဒင်။ဆာဒမ်ဟူစိန်။ဟစ်တလာ။
ဂဒါဖီနဲ့ မြန်မာပြည်ကို ၁၉၈၈ နောက်ပိုင်း ချောက်ထဲကျမှာစိုး၍ ကယ်တင်ခဲ့သူဆိုလား...ဗိုလ်ချုပ်မှူးကြီးဆိုသူ တစ်ဦးလဲရောက်နေပါတယ်။
တနေ့....ငရဲမင်းကသူတို့ ကို နဲနဲသနားသွားလို့ ..
.
ဟေ့..ဟိုကောင်တွေ...
မင်းတို့ အိမ်ကိုPh ခေါ်ချင်သလား....
ကြိုက်သလောက်ပြောကြ ...ပီးရင်ကျသလောက်ရှင်း......ဆိုပီး ဖုန်းဆက်ခွင့်ပေး.လိုက်တယ်...
အိုစမာကစပြီးသူ့ မိန်းမတွေစီဖုန်းဆက်တယ်..၃မိနစ်ကြာသွားတယ်ဒေါ်လာ၃၀ ကျတယ်.ထုတ်ရှင်းလိုက်တယ်...........
ဆာဒမ်ဟူစိန်လည်း..အိမ်ကိုအလွမ်းသည်တာ..၄မိနစ်ကြာတယ်။ဒေါ်လာ၄၀ကြလို့ ရှင်းလိုက်တယ်။
ဟစ်တလာလည်း..ဂျာမနီကိုလှမ်းဆက်တာ ၅မိနစ်ဆိုတော့.ဒေါ်လာ၅၀ရှင်းရပြန်ရော......
ကဒါဖီလည်းသူ့မြေးကိုဆက်တာ..၄ မိနစ်ကျော်လို့ ၄၅ ဒေါ်လာရှင်းရတယ်...
နောက်ဆုံးမှ..ဗိုလ်ချုပ်မှူးကြီး.........ကသူ့ အိမ်ကိုဆက်တယ်.....
ဇနီးနဲ့ ဖုန်းအီတာ..၁နာရီ.သမီး.. နဲ့ ပြောတာ၁နာရီ.....
ဟို...မော်တော်ပီကယ် ကို တီးတဲ့ မြေးနဲ့ပြောတာအီစီကလီသူငယ်ပြန်တာ..၃ နာ၇ီ...တောင်ကြာတယ်တဲ့ ...
စုစုပေါင်းဖုန်းပြောချိန် ၅နာရီကြာသွားတော့
.
....ငရဲရောက်ဖေါ်ရောက်ဖက်တွေကစိတ်ဝင်စားတာပေါ့ဒီကောင်တော့ဖုန်းဖိုးနဲ့ နာပြီဆိုပြီး.............
ဗိုလ်ချုပ်မှူးကြီးဆိုသူကငရဲမင်းကိုဘယ်လောက်ကျလည်းမေးတော့..၁ဒေါ်ကျတယ်တဲ့ ......
အဲ့မှာ...ဘင်လာဒင်တို့ ..ဟစ်တလာတို့ အုပ်စုကတင်းရော..................
ကျုပ်တို့ မိနစ်ပိုင်းလေးဆက်တာကြတော့ဒေါ်လာ၃၀ ၄၀ ကြတယ်.....ဒီကောင်ကြီးကျတော့ ၅နာရီဆက်တာကြတော့ ၁ဒေါ်လာပဲကြတယ်..
မတရားဘူး..ဒါကိုရှင်းပါ..ဆူပူကြတာပေါ့......................
အဲ့ဒီမှာငရဲမင်းက..........မင်းတို့ တွေဘာကြောင်နေတာလဲမင်းတို့ ခေါ်တာOVER SEA လေ..
.သူခေါ်တာ...LOCAL CALL ကွ..သူ့ အိမ်ကတမိသားစုလုံးကလူတွေ ဟိုဖက်ခန်းတင်ရှိတယ်......တဲ့ ..............................................
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS