RADIO

What is current song?

RSS
Showing posts with label ကြော်ငြာ. Show all posts
Showing posts with label ကြော်ငြာ. Show all posts

ဖုန်းဈေးနှုန်းများ ( Mobile Price)



8.4.2013 မှ 15.4.2013 အထိ ပြည်တွင်းမိုဘိုင်းဖုန်းဈေးနှုန်းများကို Myanmar Mobile App Store (www.myanmarmobileapp.com) တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်ပါသည်။ ဖုန်းဈေးနှုန်းများကို Mobile Guide ဂျာနယ်မှပြန်လည်ကူးယူဖော်ပြထားပါသည်။

Apple


Samsung


HTC


Huawei


Sony


LG

Ref & Credit to Mobile Guide Journal
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပြည်သူများ စိတ်ဝင်စားမည် ယုံကြည်၍ ခိုင်လုံသော သတင်းလေးတစ်ရပ်

မြန်မာ့ တပ်မတော် နှင့် ခေတ်ပညာတတ် ဘွဲ့ရ အမျိုးသမီး အရာရှိ စစ်မှုထမ်းခွင့်

ယခုအခါ ပြည်သူများ စိတ်ဝင်စားမည် ယုံကြည်၍ ခိုင်လုံသော သတင်းလေးတစ်ရပ်ကိုလည်း မျှဝေလိုပြန်ပါသည်။
မည့်သည့်နေ့တော့ ထုတ်ပြန်မည်မသိ ဘွဲ့ရ ပညာတတ်သော အမျိုးသမီးများကို စစ်မှုထမ်းလိုက စစ်မှုထမ်းခွင့် တနည်းအားဖြင့်
အမျိုးသမီး အရာရှိများကို တပ်မတော်မှ မွေးထုတ်ပေးတော့မည်ဖြစ်သည်။


မကြာမီ ကာလအတွင်း နိုင်ငံတကာ တပ်မတော်များနည်းတူ မြန်မာ့
တပ်မတော်တွင် အမျိုးသမီးအရာရှိကြီးများ အရာရှိများ တပ်ဖွဲ့ဝင်များကို
တွေ့မြင်နိုင်ရန် မျှော်လင့်နေမိတော့သည်။

ဓာတ်ပုံ - ချမ်းမီမီကို
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Samsung GALAXY S - 4

လာပြန် ပြီကွာ
မင်း တို့ ထုတ်ချင် ရင် နောက် နှစ်မှ ထုတ်ပါလား
မင်းတို့ ဆီက အဆိုတော်တွေလို တစ်ပွဲ ကို Dollar ၃ သန်းလောက် ရတယ်ထင်နေလား
ဒီမှာ MTV ရိုက်ခနဲ့ တင် နင့်နေတာ
လောလောလတ်လတ် ဖုန်းကိုပဲ ပွန်းရာစင်းရာမထင် အောင် ကိုယ်မွေးထားတဲ့ က လေးလို သောက်ဖြစ်သည်းနေရတာ
အားယားတိုင်း တစ်မျိုးပြီးတစ်မျိုး ထုတ် မ နေနဲ့
ထွက်သမျှလိုက်ဝယ်နေရရင် လဲ ခါလီဖြစ်တော့မယ်
ဝယ်ဘူးကွာ ..he heeeeeee
:P
လာပြန် ပြီကွာ
မင်း တို့ ထုတ်ချင် ရင် နောက် နှစ်မှ ထုတ်ပါလား
မင်းတို့ ဆီက အဆိုတော်တွေလို တစ်ပွဲ ကို Dollar ၃ သန်းလောက် ရတယ်ထင်နေလား
ဒီမှာ MTV ရိုက်ခနဲ့ တင် နင့်နေတာ
လောလောလတ်လတ် ဖုန်းကိုပဲ ပွန်းရာစင်းရာမထင် အောင် ကိုယ်မွေးထားတဲ့ က လေးလို သောက်ဖြစ်သည်းနေရတာ
အားယားတိုင်း တစ်မျိုးပြီးတစ်မျိုး ထုတ် မ နေနဲ့
ထွက်သမျှလိုက်ဝယ်နေရရင် လဲ ခါလီဖြစ်တော့မယ်
ဝယ်ဘူးကွာ ..he heeeeeee
:P
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အကြမ်းဖက်ခံရတဲ့ လိင်တူချစ်သူများအတွက် ဆုတောင်းပွဲတွေလုပ်မယ်

နည်းမျိုးစုံနဲ့အကြမ်းဖက်ခံခဲ့ရလို့ သေဆုံးသွားရတဲ့ နိုင်ငံတကာက လိင်တူချစ်သူတွေအတွက်  ဆုတောင်းပွဲကို  ဒီနေ့  မြန်မာပြည် မြို့ကြီး ၆ မြို့မှာ တပြိုင်နက်တည်း ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။
ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲ လုပ်မယ့် မြို့တွေကတော့ ရန်ကုန်၊ ပြည်၊ ကျောက်ပန်းတောင်း၊ မုံရွာ၊  ပုသိမ်၊ မန္တလေး တို့ ဖြစ်ပါတယ်။

ရန်ကုန်မှာဆိုရင် မြို့လယ်က Central ဟိုတယ်မှာ ည ၇ နာရီကနေ  ၉ နာရီအထိ ပြုလုပ်မှာပါ။

ရန်ကုန်က ဆုတောင်းပွဲ  အစီအစဉ်မှာ ၀မ်းနည်းခြင်းအထိမ်းအမှတ် ဆီမီးထွန်းခြင်း အစီအစဉ်သာ ပါဝင်ပြီး၊  နယ်မြို့တွေမှာကတော့  သက်ဆိုင်ရာ ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေက သေဆုံးသွားသူတွေအတွက် အမျှအတန်း ပေးဝေခြင်း ဆိုတဲ့ အစီအစဉ်ပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။



ဆုတောင်းပွဲမှာ ပါဝင်မယ့် အဖွဲ့အစည်းများ
- Human Rights Education Institute of Burma (HREIB)
- King n Queen
- လင်းလက် လို့ ခေါ်တဲ့  အမျိုးသမီးချင်းချစ်ကြိုက်သူ(လက်စဘီယန်)အဖွဲ့
- Myanmar MSM Network
- Equality Myanmar

ဆုတောင်းပွဲ ကျင်းပမယ့် ပုံစံတွေက ဒေသအလိုက် ကွာခြားသွားနိင်တယ်၊ တချို့က လိင်တူအဖွဲ့ တခုတည်းက သီးသန့်ကျင်းပမယ်၊ တချို့ဒေသမှာတော့ ၎င်းတို့ရဲ့ မိဘ၊ သူငယ်ချင်းတွေပါ တက်ရောက်ကြမယ်၊ ဘာသာရေးခေါင်းဆောင်တွေကိုယ်တိုင် ဦးဆောင် စီစဉ်မယ့် ဒေသလည်း ရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီလိုလိင်တူချစ်သူများရဲ့ လှုပ်ရှားမှုတွေကို မကြာခဏ စီစဉ်ကျင်းပလေ့ရှိတယ် လို့ HREIB ရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်းက ဆိုပါတယ်။

 ရန်ကုန်မှာက အခြားနိုင်ငံတွေမှာ လူသေဆုံးသွားအောင်အထိ အကြမ်းဖက်ခံရမှုတွေ မရှိသေးပေမယ့် အခြားနည်းတွေနဲ့ လိင်တူချစ်သူတွေ အစော်ကားခံရတာတွေ ရှိတော့ သူတို့ကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဆက်စပ်ဖတ်ရှုရန် ~

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTkJLAymNWVtRp2GO_co2_73sOKp51PrVbrVnxrXs_ebu2gFwQFuxb1SOQHg06LUTcWMjFaEYHkkK83mOL_uYSOABYBrZNwXjdR2S_PpYR0ZmqDLxXDlex9zZCSpjnx7dqEZyOOpLbVY30/s320/thai-lesbian.jpgYes or No ~ Click

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhumwGEeJdl4S8j5cFFlBUEzbUl9i4mZ3iiW7JG2y2b0xLfic9rnx8sMlCDBDqCSPbutCmQOHuZTAPLKTYl5bE5mOwyl5jQWyf4hebOY04ywSSaN578cwo5C8Cd05WEZtpx3PyVipmIJbL7/s400/557650_228436830593466_202664583170691_339237_1355328326_n.jpg
Homophobia သို့မဟုတ် လိင်တူချစ်သူများအား ရွံမုန်းမှု
~ Click

http://www.irrawaddy.org/wp-content/uploads/2012/07/1.-AP-gay.jpg
ချစ်တာ အပြစ်လား
~ Click

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhc0ugPQ258CeNYSSR49bmWBZ3M4LpTDGc55JtfOU02mZHiqijkbs0mxdiY5WX7vdDsgyPP2Fy66F1MsW7Mqw-Ho0AWqkH3O_bJRgUxRsCdR95FgfR3jU5AH21kz-xk-m6hR6FDAmUnDRa/s400/IMG_001.jpg
အမျိုးသားနှစ်ယောက်ရဲ့ ဖူးစာ ~ Click
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရှိုးပွဲ.....

ဘယ်လိုလည်ဘော်ဒါတို့  ဆွဲမယ် ကဲမယ် ဆိုရင် လုပ်လိုက်တော့နော်.......

http://sphotos-g.ak.fbcdn.net/hphotos-ak-snc7/408324_526023447411843_777520066_n.jpg
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

iPhone 5 ကို TAC Apple Store (ရန်ကုန်)တွင်လည်းဝယ်ယူရရှိနိုင်

TAC Apple Store မှ Apple Fan များအတွက် iPhone 5 ကို မြန်မာနိုင်ငံတွင် စတင်ရောင်းချပေးနေပြီ ဖြစ်ပါသည်။



Apple ဧ။်နောက်ဆုံးပေါ် handset iPhone 5 မှာ ထူးခြားတဲ့ စွမ်းဆောင်ချက် နည်းပညာတွေ များစွာ ပါဝင်လာပါတယ်။ ကြည်လင် ပြတ်သားသော 4” (1136 x 640 resolution) 16:9 widescreen Retina display၊ ပါးလွှာပေါ့ပါးသော အလူမီနီယံ ကိုယ်ထည်နဲ့  သေသပ် ခန့် ငြား လှပ ပါတယ်။ iPhone 4S ထက် 18% ပိုမိုပါးလွှာပြီး 20% ပိုမိုပေါ့ပါးပါတယ်။ iPhone 5 မှာ အသုံးပြုထားသော A6 processor က iPhone 4S, iPad 2, New iPad တို့ တွင် အသုံးပြုထားသော A5 processor များထက် နှစ်ဆ ပိုမို မြန်ဆန်သောကြောင့် apps, surfing, games စသည် လုပ်ဆောင်ချက်များမှာလည်း နှစ်ဆပိုမိုမြန်ဆန် လာပါတယ်။ 3G သာမက 4G LTE နည်းပညာ ကိုပါ ပေါင်းစပ်ထားတဲ့ အတွက် cellular download အမြန်နှုန်း 100Mbps ထိရရှိနိုင်မှာဖြစ်ပါတယ်။ Wifi နည်းပညာ Dual-band 802.11n ကသာမန် handset များနှင့်မတူ အမြန်နှုန်း 150 Mbps ထိရရှိမှာဖြစ်ပါတယ်။ iOS 6 operating system မှာ 28 megapixels မြင်ကွင်းကျယ် 240 degree panoroma camera mode, photorealistic 3D မြေပုံ များရရှိမှာ ဖြစ်ပြီး Siri ကလည်း မိမိသိလိုသမျှကို ဖြေကြားတာထက် ပိုမိုသော လုပ်ဆောင်ချက် အသစ်တွေ ပါဝင်လာမှာဖြစ်ပါတယ်။


Nano SIM Services ကိုလည်း TAC Apple Store မှ ၀ယ်ယူသော Customers များအတွက် အခမဲ့ဝန်ဆောင်မှု့ပေးသွားမည် ဖြစ်ပါသည်။ MPT မှ ဌားရမ်းပေးသော ငွေကျပ် ၁၅သိန်းတန်၊ ၅သိန်းတန် နှင့် ၂သိန်းတန် GSM SIM Card များကို Nano SIM Card အဖြစ် အခမဲ့ပြောင်းလဲပေးသွားမည်ဖြစ်သည့်အပြင် Nano SIM မှ Micro SIM, Mini SIM သို့ ပြောင်းလဲနိုင်သည့် Adaptor များကိုလည်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။
iPhone 5 model များကို 16GB, 32GB, 64GB (အဖြူရောင် / အနက်ရောင်) ရရှိနိုင်ပြီး iOS 6 operating system နဲ့ အတူ အောက်ပါ အတိုင်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။



ihone 5 အား TACApple Storeတွင် အောင်မြင်စွာ စတင်ရောင်းချနေပြီ ဖြစ်ပါ၍ အမှတ်(၄၅)၊၇မိုင်ခွဲ ၊ပြည်လမ်းရှိ Show room သို့ လာရောက်ဝယ်ယူနိုင်ပါသည်။ Phone: 01-662749, 01-660923, Email:sales@tacmm.com သို့ ဆက်သွယ် စုံစမ်းဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။



>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာမိန်းကလေးများ online ပေါ်တွင် sex ကိစ္စပြောဆိုခြင်း၊ပြသခြင်းမှ ရှောင်ကြဉ်ပါ

ဒီလို Chatting မျိုးက အနောက်တိုင်းမှာ အင်မတန် ရေပန်းစားပါတယ်။ အနောက်တိုင်းရယ်လို့တောင်မဟုတ်ပဲ ဂျပန်၊ တောင်ကိုရီးယား၊ဖိလစ်ပိုင်၊ အစရှိသဖြင့် အာရှနိုင်ငံများမှာပါ ရေပန်းစားလာတဲ့ Chatting ဖြစ်ပါတယ်။
စကားပြောဆိုရုံ Chatting, ရုပ်မြင်ရုံ ဗီဒီယိုChatting တင်မဟုတ်တော့ပဲ မမြင်သင့်တာတွေကိုပါ မြင်အောင် ပြတဲ့ Chatting အမျိုးအစား ဟာမြန်မာပြည်မှာပါ ရေပန်းစားလို့နေပါပြီ။ အများစု က နိုင်ငံခြားရောက်နေ တဲ့ ချစ်သူနဲ့ စကားပြော ဆက်သွယ်တဲ့အခါမှာ ဖြစ်ပါတယ်။အနောက်တိုင်းမှာ ခေတ်စားတာကတော့ မဆန်းပြားပါဘူး။
ဒီလိုတွေခေတ် စားသလို Video Chatting က Record လုပ်ထားတာတွေဟာလည်း ပလူပျံနေတတ်ကြပါတယ်။မြန်မာဖြစ် Sexy Chatting – မှတ်တမ်းတင် ထားမှုတွေဟာလည်း အနောက်တိုင်းနဲ့ ရင်ဘောင်တန်းလို့ အင်တာနက်စာမျက်နှာတွေမှာပလူပျံနေပါပြီ။ချစ်သူချင်းမဟုတ်ပဲ အွန်လိုင်းမှာ သိပြီး စိတ်ဝင်စားတဲ့ သူအချင်းချင်းတောင် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ တဲ့ အထိတောင်ကြားနေရပါတယ်။
ဒါဟာဘာကြောင့်လဲ?
ဘုရားဟောတရားနဲ့သာ တရားကိုယ်ကောက်ရရင် တဏှာအရင်းခံပြီး ဖြစ်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။
အိန္ဒြိယ လက္ခဏာ ချို့ ယွင်းမှု တစ်ခုပါပဲ။ ချစ်ရုံကြိုက်ယုံနဲ့ မိမိမှာရှိတဲ့ အရှက် (ဟီရိ) တရားပါ လက်လွတ် စပယ်ပြုလိုက် တာမျိုးဟာမရင့်ကျက်တဲ့ သူများ ဖြစ်ပါတယ်။

အထူးသဖြင့် ဆယ်ကျော်သက်လူငယ်များ၊ အသက်ကြီးသော် လည်း စာရိတ္တပျက်ပြားသော အမျိုးသား၊အမျိုးသမီးများ ဖြစ်ပါတယ်။ပြန့်လွင့်သွားနိုင်တဲ့ ဗီဒီယိုတွေကို ပြန်ပြီး Recover လုပ်ပေး မယ့် ဆော့ဖ်ဝဲ၊ဘာညာ အစရှိသဖြင့် ပေါ်ပေါက်လာပါတယ်။

သို့ပေမယ့် အင်တာနက်ခေတ်ကြီးထဲမှာ ဒါတွေဟာ ပုရွတ်တစ်ကောင်လောက်အောင် အစွမ်းမထက်ပါဘူး။သို့ပေမယ့် အစွမ်းအထက်ဆုံး နည်းလမ်းတစ်ခုရှိပါတယ်။ ဒီနည်းလမ်းက အင်တာနက်ပေါ် ပျံလွင့်မှု လုံးဝ မဖြစ်စေတော့ပါဘူး။လုံးဝ (လုံးဝ) Sexy Chatting မလုပ်ဖို့ပဲဖြစ်ပါတယ်။ ကိုယ်နဲ့ ယခုမှ စသိတဲ့သူပဲ ဖြစ်ဖြစ်၊ နှစ်လရှည်ကြာ တွဲလာတဲ့ ချစ်သူပဲ ဖြစ်ဖြစ်ချက်တင်ထိုင်တဲ့အခါ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းသော ပြောဆိုမှု ကို ရှောင်ရှားရန် လိုအပ်ပါတယ်။အဲလို သာရှောင်ရှားရင်တော့ Sex Chatting ဘက်ကို ရောက်ဖို့ အင်မတန်ဝေးသွားပါပြီ။ အချို့ ကျ သိသိမသိသိ တစ်ဖက်သားကို ဇွတ်အတင်းမြင်အောင်၊ ဖတ်အောင် ကြိုးပမ်းကြ သူများ ဖြစ်ပါတယ်။
ဘာပဲ ဖြစ်ဖြစ် ဘလော့ (Block) ပစ်ဖို့လိုအပ်ပါတယ်။ချစ်သူအရင်းခေါက်ခေါက် ဖြစ်နေခဲ့ရင် လမ်းခွဲမယ်လို့ သတိပေးတဲ့အဆင့် ထိ ပြောဆိုရန် သတ္တိရှိပါတယ်။ ဟုတ်ပါတယ်။ဒီလို မကြိုက်ဘူး လို့ ပြောထားရဲ့ သား ဇွတ်အတင်း ပြောဆိုပြသနေရင် ဒါ တကယ်ချစ်တာမဟုတ်ပါဘူး။အကယ်၍ ပျံလွင့်သွားရင် ဖြစ်လာမယ့် အကျိုးဆက်က စာရေးသူ မပြောလည်း သိကြမယ် ထင်ပါတယ်။အချို့ ကျတော့ Chatting မဟုတ်ပဲ Record လုပ်ထားတဲ့ အပျော် ဗီဒီယို၊ အသံဖိုင် အစရှိသဖြင့် ဖြန့်ဝေ ကြပါတယ်။ဒီမှာလည်း ထိုနည်းတူစွာပါပဲ။ ဒီကိစ္စတွေကို ရှောင်ရှား ထားရင် ပြဿနာဆိုတာ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။
မရှောင်ရှားနိုင်ဘူးဆိုရင်တော့ ဗီဒီယို ရိုက်တဲ့ ချစ်သူမျိုးဆိုရင် မတွဲသင့်တာ လုံးဝ သေချာနေပါပြီ။ ဒါဘာရည်ရွယ်ချက်လည်း။ ဘာလို့မှတ်တမ်းတင်တာလဲ။
အသိဥာဏ်ရှိရှိ စဉ်းစား တွေးခေါ် သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ဒါကြောင့် ဒီ ပြဿနာတွေ၊ အန္တရာယ်တွေ ကင်းကောင် တစ်ခုတည်းသော နည်းလမ်းက လုံးဝ (လုံးဝ) မပြုလုပ်ခြင်း၊ ရှောင်ကြဉ်ခြင်းသာဖြစ်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လေနဲ.မောင်းမဲ့ကား လာပါပြီ....

အိန္ဒိယကားကုမ္မဏီ တာတာ မှ ကားသစ်တစ်မျိုး ဖန်တီးလိုက်ပါတယ်။ တီထွင်မှုကို ဗြိတိန်မှာ ပြုလုပ် တာ ဖြစ်ပါတယ်။

ဘာအင်ဂျင်မှ မလိုပဲ လေနဲ့မောင်းမှာ ဖြစ်ပါတယ်။ လေအိုးမှ ဖိအားနဲ့ သိပ်ထားတဲ့ လေကိုအသုံးပြုပြီး ဘီးတွေကို ရွေ့ စေမှာ ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၅၀ အမြန်ဆုံး မောင်းနှင်နိုင်ပါမယ်။ လေတိုင်ကီထဲမှာ လေ ၁၇၅ လီတ သိပ်ထည့်ထားပါမယ်။ ယင်း Compressed Air ဟာ ကားကို ၁၂၅ မိုင်စာ မောင်းနှင်နိုင်စေမှာ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို Airpod concept car လို့အမည်ပေးထားပါတယ်။ ၁၂၅ မိုင်မောင်းနှင်ပြီးနောက် နောက်ထပ် မောင်းနှင်ဖို့ လေကို ဘယ်လိုထပ်ဖြည့်ရမယ်ဆိုတာကတော့ တာတာ အတွက် ခေါင်းရှုပ်စရာ ဖြစ်နေပါတယ်။ လျှပ်စစ်ကားဆိုရင် ဘက်ထရီတစ်လုံးဆောင်သွား အိုကေပေမယ့် လေအိုးကျတော့ ဘယ်လိုမှ ဆောင်မရ ဖြစ်နေပါတယ်။ ဒါကြောင့် အပြင်က အလိုအလျောက်ရနေတဲ့ လေကို အိုးထဲ သိပ်ထည့်နိုင်တဲ့ (Compressed) လုပ်ပေးနိုင်တဲ့ System သာ ပေါင်းစပ်ပေးလိုက်ရင် တီထွင်မှု အောင်မြင်ပြီလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် မကြာမီကာလမှာ ကြိမ်းသေထွက်လာတော့မယ့် Airpod ကားအတွက် တာတာက ဈေးနှုန်းတောင် သက်မှတ်လိုက်ပါပြီ။ အမေရိကန်ဒေါ်လာ ၁ သောင်းဝန်းကျင်ရှိပါတယ်။ ဘီးသုံးဘီးပါပြီး လူ ၃ဦး စီးနိုင်တဲ့ ယင်းကားကို ဥရောပ၊ အမေရိက၊ အာရှ ကမ္ဘာတစ်လွှား ဖြန့်ချိနိုင်ဖို့ တာတာမှ မျော်မှန်ထားပါတယ်။

ကားအလုပ်လုပ်ပုံ ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက်ကြည့်ရှနိုင် ပါတယ်။

http://youtu.be/0RBl1LFUQ4c



>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

88 ကျောင်းသားခေါင်းဆောင် ပြည်တော်ပြန် ကုလား မိုးသီးဇွန်၏ ရက်စက်ယုတ်မာမှုကို ဖော်ထုတ်ခြင်း

၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကိုထွက်ခဲ့စဉ်က အ များစုဟာ အသက် ၁၉ ၂၀ ပတ်ဝန်းကျင်တွေများပါတယ်။ တချို့ ၁၄ ၊၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့ လို ၂၆၊၂၇ နှစ် အရွယ် ရောက်ပြီသူများလဲ ပါခဲ့ကြပါတယ်။
 စစ်တပ်ကို လက်နှက်ကိုင်ပြန်တိုက်မယ်ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်း အသင်းတွေကြောင့်ဆို မမှားပါဘူ။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင် တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။ စဉ်းစားကြည့်ပါ၊ တရားဥပဒေ စိုးမိုးမူမရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာမိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲ ထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိကမှီခိုအားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့သူတို့ရဲ့ အပေါင်းအ သင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့။
 နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရပြီး လူမျိုးစုအဖွဲ့အစည်းများ၏ သတ်ဖြတ်ချင်းကို ခံခဲ့ ရပါဟတ်တယ်။ အကျည်းတန်းဆုံး နဲ့ ရင်နာစရာ အကောင်းဆုံးက "ကျောင်းသား" ဆိုတဲ့ အမည်ခံထားတဲ့ ခေါင်းဆောင်ဆိုသူအချို့က အုပ်စုဖွဲပြီး ကျောင်းသားတွေကို ရန်သူလူအဖြစ်စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခဲ့ခြင်းပါဘဲ။ မိမိ ကိုယ်ကျိုး အတွက်တခုမှမပါဘဲ တိုင်းပြည်အတွက်ဆိုပြီး မိဘတွေကိုစွန့်ပြီး ထွက်လာ ကြတဲ့ ကျောင်းသား လူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာညှင်းပန်းနိုပ်ဆက်ခံပြီးမှ သတ်ဖြတ်ခံ ခဲ့ကြရတာပါ။ တစ်ရက် မဟုတ်ဘူး၊ တစ်ပတ် မဟုတ်ဘူး၊ တစ်လ မဟုတ်ဘူး၊ လပေါင်းများစွာရက်ရက်စက် ညှင်းဆဲပြီးမှ တရိစ္ဆန်တွေ လို သတ်ခဲ့ကြတာပါ။ မိုးသီးဇွန်က ကိုဌေးနိုင်(၁၉၈၈)တွင်သင်္ချာံနောက်ဆုံးနှစ်ကျောင်းသား၊
 လက်ရွေးစဉ် ဘောလီဘောသမား၊ ရန်ကုန် တက္ကသိုလ်)ကိုစစ်တပ်သူသျှို အဖြစ်စွပ်စွဲပြီး ဖမ်းဆီခဲ့ပါတယ်။ နည်းပေါင်းဆုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့တဲ့အတွက် ကိုဌေးနိုင်တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများဆွဲ ပြီး တကိုယ်လုံးနူခဲ့ ရပါတယ်။· ကိုဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုဆောင့်ရတဲ့ ABSDFကျောင်းသားလေး က "ကိုဌေးနိုင်က မျက်ရည် တွေကျပြီး သူကို သတ်ပြစ်ပေးဘို့သူ့ကိုတောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။· မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေး ခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ ပါတယ်။ဌေးနိုင်ကို သိကြတဲ့ သူများအားလုံး ဌေးနိုင်ဟာတော်တော် သတ္တိကောင်း ပြီးစိတ်ခိုင်မာတဲ့ သူ ဖြစ်တယ်ဆိုတာ ကို သိကြ ပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကိုမောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာတက်ကြွစွာပါဝင်ခဲ့ကြသူတွေပါနိုင်အောင်(ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင်(ထိုင်းနိုင်ငံ)တို့ ခေါင်းဆောင်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ကို အစိုးရသူသျှိုများအဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။လပေါင်း များစွာ တော်ရုံလူ မကြားဝံ့ရဲလောက် အောင် ရုပ်မာရက်စက်သောနည်းလမ်း များဖြင့် ညှင်းပန်းနိုပ်ဆက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။များစုဟာခေါင်းဖြတ်သတ်ခြင်းခံ ရပါတယ်။ အသက် ၁၉နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင်ညှင်းပန်းသော ကာလများ အတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ရုပ်လောင်းအား လူအများရှေ့တွင် ကာမဆက် ရှက်ခိုင်းခြင်း၊ မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ပါးစပ်အတွင်း ဒါးမြောင် ဖြင့်ထိုးမြွှေကာ စစ်ဆေး ခဲ့ပါသည်။· ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။· လက် ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊ လက်ကိုခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက်ခိုင်းခြင်း။· ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှထွက်သော သွေးကိုတခြားဖမ်းဆီးခံ ကျောင်းသား တစ် ယောက်အား သောက်ခိုင်းခြင်း။ တို့အပြင် အခြားနည်းလမ်းပေါင်းဆုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်း စဲခဲ့ပါတယ်။မိဘအရွယ်ရောက်လာကြပြီတဲ့၊ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယောဇဉ် ကို ပိုနားလည်လာကြပါပြီ။ခုလိုအချိန်မှာ အပြောင်းအလဲတွေဖြစ်ပြီး ကျောင်းသားတွေ ပြန်မာပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှားရှိသေးတဲ့ မိဘတိုင်း သူတို့ရဲ့သားသမီးတွေ ကိုမျော်ကြမှာပါ။ ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျော်ကြမှာပါ။ နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့ကျောင်းသား လေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာကိုယ်ချင်းစာကြည့်ကြပါ။ သူတို့လဲ အခြားမိသားစုတွေ လို မျော်ချင်ကြမှာပါ။အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာ သူတို့သားသမီးတွေ ဘယ် တော့မှာပြန်မလာတော့ဘူးဆိုတဲ့ အသိက သူတို့ ကိုဘယ်လောက်ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါ ဘူး။ အဆိုးဆုံးက သူတို့သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက်လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေ ကြပြီး အစိုးရကိုယ်တိုင် အပြင်မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေ ကချီးမြောက် ဆက်ဆံနေတာကိုတွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလည်း၊ ဒီမိုကရေစီ အတွက်ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့ တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွေ အတွက်ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ ဘယ်လောက် ခံစားကြရမလဲ။အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈မျိုဆက်ကျောင်းသားခေါင်းဆောင်များအားလုံး အနေဖြင့် သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ၊ နှင့် ကျနော်တို့အားလုံးအဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ် သမား များကို အသိအမှတ်ပြုပြီးမဆက်ဆံ ဘို့ တိုက်တွန်းချင်ပါတယ်။အဲဒီနေရာမှာ ဒါတွေဟာတောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီးခဲ့ပြီ၊ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့ဟာနည်မည်ကြီး တွေဘဲဆင်သွားရင်လမ်းဖြစ်တယ်၊ မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊ နိုင်အောင်ဟာခင်ဥမ္မာ ယောင်္ကျာံး၊ ငါတို့ မကသ ကလူ၊ ငါတို့ကို အများကြီးထောက်ပံ့ခဲ့တဲ့သူ၊ ဆိုတဲ့ အတွေး မျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ်ဆို လျှင်သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူ များနှင့် သူတို့ရဲ့ မိသားစုများသာမက၊ ခင်များတို့အားလုံး ကို လူအခွင့်အရေး နှင့် တရားမျှတမူ တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြု ထားတဲ့သူအားလုံး နှင့်တကွ ဒီမိုကရေစီရေးတခုလုံး ကို စော်ကားလိုက်တာပဲ ဖြစ်မယ်။ တချိန်တည်းမှာ သမ္မတကြီး ဦးသိန်းစိန် နှင့် ဝန်ကြီး ဦးအောင်မင်းတို့အနေဖြင့်လည်း ခုလို ပြောင်းအလဲကာလ မှာ အတိုက်အခံအုပ်စုများအားလုံးနှင့် ညှိ့နှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်းအမျိုးသား ညီညွတ်ရေးအတွက် ကြိုးပမ်းခြင်းများ အပေါ် အားလုံးကထောက်ခံအားပေး ကြတယ်ဆိုတာကို သိစေချင်ပါတယ်။ ဒါပေမဲ့ ဒီသတ်ဖြတ်မူ တွေဟာငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာသူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ ငါတို့ အုပ်ချုပ်မူ မရှိတဲ့ဒေသမှာဖြစ်ခဲ့တာ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး မိုးသီးဇွန် နှင့် နိုင်အောင် တို့ကို အသိအမှတ် ပြု ဆက်ဆံ မည် ဆိုလျှင် ခင်ဗျားတို့ကြိုးစားခဲ့တဲ့၊ စေတနာထားခဲ့တဲ အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်ကိုများကို ထိခိုက် ရုံသာမက ဒီမိုကရေစီ နှင့် လူအခွင့်အရေး ချစ်မြတ်နိုးသူအားလုံးကို စော်ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါ လိမ်မယ်။ သမ္မတကြီးတို့အနေဖြင့် မြန်မာသမိုင်းမှာ ဒီလို အရုပ်ဆိုး အကျည်း တန်လှတဲ့ရက်စက်ကြမ်း ကြုတ်လှတဲ့ သတ်ဖြတ်မူကြီးမှာ ဘယ်လိုရပ်တည်ခဲ့တယ်၊ဘယ်လိုတာဝန်ယူ ဖြေရှင်း ပေးခဲ့တယ်၊ ကျန်ရစ်သူ မိသားစုတွေကိုဘယ်လိုနှစ်သိပ်မူမျိုး ပေးနိုင်ခဲ့ တယ်ဆိုတာ သမိုင်းမှာ မှတ်တမ်းတင်ကျန်ရစ် ခဲ့မှာပါ။ အဓိကတော့ သမ္မတကြီး တို့အနေနဲ့ မိဘချင်းကိုယ်ချင်းစာနိုင် မယ်လို့ ယုံကြည်ပါတယ်။ပြည်းတွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့် တကွ လူအခွင့်အရေး မြတ်နိုးသူ အားလုံး အနေဖြင့် ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံး အား သူတို့ကျုးလွန်ခဲသော လူမဆန်သည့် ရာဇဝတ်မူများ အတွက် ပြန်လည်ပေးဆပ်ရမယ် ဆိုတာကို သူတို့သဘောပေါက်ရန်ဝိုင်းဝန်းဆောင်ရွက်ကြဘို့တိုက်တွန်းလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်တို့
                                                                                              
                                                                                                              အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။


                                     ပြည်ပရောက် ၈၈မျိုဆက်ကျောင်းသားများ   
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သီတင်ကျွတ် လပြည့်ညအစီစဉ်....

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS