RADIO

What is current song?

RSS
Showing posts with label အချစ်. Show all posts
Showing posts with label အချစ်. Show all posts

တရုတ်နိုင်ငံက အနမ်းပြိုင်ပွဲ...

လူငယ်အတွဲ စုံတွဲ (၅၀)ကျော် ပါဝင်ယှဉ်ပြိုင်တဲ့ တရုတ်နိုင်ငံ Anhui ခရိုင်က အနမ်းပြိုင်ပွဲတစ်ခုပါ... ပြိုင်ပွဲအတွင်း မူးလဲသူတွေက မူးလဲ...မေ့လဲသူတွေက မေ့လဲ... ဇွဲကောင်းကောင်းနဲ့ အကြိုတ်အနယ် ယှဉ်ပြိုင်နေတာကို တွေ့ရမှာပါ... နောက်ဆုံးမှာတော့ ၂ နာရီနဲ့ ၄၃ မိနစ်ကြာအောင် အဆက်အပြတ် အနမ်းပေးနိုင်ခဲ့တဲ့ လူငယ်စုံတွဲ တစ်တွဲက အနိုင်ရရှိခဲ့ပါတယ်... အနိုင်ရတဲ့ စုံတွဲကတော့ တရုတ်ယွမ်းငွေ (၅၀,၀၀၀)တန်တဲ့ စိန် ၁ ကာရက်(1 carat) ကို ရရှိမှာ ဖြစ်ပါတယ်..
(မှတ်ချက်...ခံတွင်းသန့်ရှင်းရေး...ပါးစပ်သန့်ရှင်းရေတို့...လုပ်ရန်ပျက်ကွက်ပါက မိမိရဲ့အဖော် မူးလဲပြီး...ရှုံးပွဲနှင့်ရင်ဆိုင်ရဖွယ်ရှိနိုင်သည်.. (3-1-2012 ရက်စွဲနဲ့ လွမ်းမပြေ သုတရပ်ဝန်းမှာ တင်ခဲ့တဲ့ ပို့စ်ကို ပြန်လည်ဖော်ပြသည်..)




>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

♥ယောက်ျားလေးတွေနားလည်စေချင်တဲ့  ♥


၁။ သူအမြဲမေးတတ်တယ်…”နင်ဘယ်မှာလဲ? နင်အခုဘာလုပ်နေလဲ?”
(သူမင်းကို သတိရနေတာပါ၊ မင်းနဲ့ စကားပြောချင်တာပါ၊မင်းသူ့ဆီကို စာမပို့ပေးတော့သူဇဝေဇ၀ါ ဖြစ်နေ
တယ်။ မင်းအလုပ်ရှုပ်နေမှာ ကိုလဲ စိုးရိမ်တယ်။ ဒါပေမဲ့ သတိရနေတာကို မအောင့်နိုင်ဘူး။တခြားလူဆိုဘာ
လုပ်လုပ်ပေါ့… သူဂရုမစိုက်ဘူး။

ဒါကြောင့် အချိန်လေးရရင် သူ့ကို ဆက်သွယ်ပါ၊ သူစိတ်ချပါစေ၊ မင်းရဲ့စိတ်ထဲမှာ သူရှိပါတယ် ဆိုတာကို
သူသိပါစေ၊ သူ့ဘက်ကနေအမြဲတမ်း မင်းကို စပြီး ဆက်သွယ်နေရင် သူ့ကိုသူ အရှုပ်ထုတ်လို့ ထင်နေမိနိုင်
ပါတယ်။)

 ၂။ သူပြောလေ့ရှိတယ်… “ငါ မပျော်ဘူး၊ စိတ်ရှုပ်တယ်။”
(ဒါကို အားအားရှိ စိတ်အနှောင့် အယှက် ဖြစ်စရာ လို့ မထင်လိုက်ပါနဲ့။ သူ တကယ်မပျော်တာမဟုတ်ပါဘူး။
 သူ မင်းကို သတိရနေတာပါ။ သူမင်းရဲ့ နှစ်သိမ့် စကား လေးကို တောင့်တ နေလို့ပါ။ အရိုးရှင်းဆုံး “လိမ္မာ
တယ်… မဆိုးနဲ့နော်” ဆိုတာလေးနဲ့လဲ သူကျေနပ်နိုင်ပါတယ်။)

၃။ သူပြောလေ့ရှိတယ်… “နေကောင်းအောင်နေနော်၊ လမ်းမှာ သတိထား၊ ကိုယ့်ကိုယ်ကိုဂရုစိုက်ဦး။”
(ဒါကို သူအပိုတွေပြောနေတယ်လို့ သဘော မထားလိုက်ပါနဲ့၊ မင်း သူ့ရဲ့စိတ်ထဲမှာ ရှိတယ်၊ သူမင်းကို စိတ်
ပူတတ်တယ် ဆိုတာကို ပြောချင်တာပါ။)

 ၄။ သူအမြဲပြောတတ်တယ်… “၀လာပြန်ပြီ… ဒါမှ မဟုတ် မလှတော့ဘူး။”
(ဒါကို သူ့ကိုယ်သူ သိမ်ငယ်နေတာ၊ ဒါမှမဟုတ် အရမ်းကို လှချင်နေတယ်လို့ မထင်လိုက်ပါနဲ့။
သူက မင်းရဲ့မျက်လုံးမှာ မလှပ မပြည့်စုံမှာ ကို အမြဲ စိုးရိမ်နေတာပါ။ သူ မင်းအတွက်ကြောင့် ပြောင်းလဲဖို့
တော်တော်လေးကြိုးစားနေပါပြီ။)

 ၅။ သူပြောလေ့ရှိတယ်… “မင်းကို ကူညီချင်တယ်… ဘာဖြစ်ဖြစ်သူ့ကိုပြောပြပါ။”
(ဒါပေမဲ့ သူသိတယ်၊ သူမင်းကို ဘယ်လောက်ထိမှ မကူညီနိုင်ဘူးဆိုတာကို။ သူမင်းကို သိစေချင်တာက…
 သူ မင်းဘေးမှာ အမြဲရှိနေမယ်၊ မင်းကို အမြဲအားပေးနေမယ်။)

 ၆။ “မင်းတခြား ကောင်မလေးတွေနဲ့ ရင်းရင်းနှီးနှီး ရှိနေတာကို မြင်ရင် စိတ်ဆိုးတယ်၊
စိတ်ကောက်တတ်တယ်။”
(ဒါကို သူ သဘောထားသေးတယ်၊ မင်းကို မယုံကြည်ဘူးလို့ သဘောမထားလိုက်ပါနဲ့။ သူက
သ၀န်တိုနေတာပါ၊ သူမင်းအပေါ်ကို အရမ်း အလေးထားလို့ စိတ်ညစ်နေရင်တောင်ကိုယ့်ကိုယ်ကို
နှစ်သိမ့်တတ်တယ်။)

၇။ “ဘာကိစ္စလုပ်လုပ် မင်းရဲ့ သဘောထားကို မေးတတ်တယ်။”
(သူ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းမရှိတာ၊ မင်းကို မှီခိုလွန်းနေတာ မဟုတ်ဘူး။ သူမင်းကို လေးစားတာ၊ အရာ
ရာ မင်းကို ဦးစားပေးတတ်လို့ပါ။”)

 ၈။ “ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် သူ မင်း နဲ့ နီးနီးကပ်ကပ် ဘဲ ရပ်နေတတ်တယ်။”
(ဒါကတော့ သူမင်းကို ယုံကြည်တယ် ဆိုတာကို ပြတာပါ။)



 ၉။ “သူ ၀မ်းနည်းတတ်တယ်၊ လျှောက်စဉ်းစားတတ်တယ်။”
(သူ အတွေးလွန်နေတယ်၊ မဟုတ်တာတွေပူပန်နေတယ်လို့ သဘော မထားမိလိုက်ပါနဲ့။တခါတလေသူလဲ
လုံခြုံစိတ်ချစေတဲ့စိတ်မျိုး ကင်းမဲ့နေတတ်ပါတယ်။)

 ၁၀။ “သူစိတ်ဆိုး ဟန်ဆောင်ပြီးလှည့်ထွက်သွားတယ်။”
(အမှန်တကယ်မှာတော့ သူ တကယ်သွားချင်တာမဟုတ်ဘူး။ သူ လှည့်ထွက်တဲ့ အချိန်မှာ မင်းရဲ့ နောက်
ကနေ ပွေ့ဖက်ပြီး ထွက်မသွားပါနဲ့ ဆိုတာမျိုးလေးကို လိုချင်လို့ပါ။)

 ၁၁။ “သူ ကရုတ်တရက် မင်းကို အေးတိအေးစက်၊ ဒါမှ မဟုတ် စိတ်ဆိုးစိတ်ကောက်တတ်တယ်။”
(သူ ကလေးဆန်တယ်လို့ အပြစ်မတင်လိုက်ပါနဲ့၊ သူ မင်းချော့တာလေးကို ခံချင်လို့ပါ။)

 ၁၂။ “သူ တနေ့နေ့မှာ မင်းကို လမ်းခွဲဖို့ ပြောကောင်း ပြောလာလိမ့်မယ်။”
(အမှန်တကယ်မှာတော့ သူ မင်းကို ချစ်နေတာ တော်တော်လေးကို ကြာနေပါပြီ၊ ဒီ သံယောဇဉ်လေး ဟာ
အစစ် အမှန်လားဆိုတာကို သူဝေခွဲ မရလို့ပါ။ သူ မင်းဆီကနေမင်းရဲ့စိတ်ချလို့ရတယ်ဆိုတဲ့ခံစားချက်လေး၊
 သူ့ကို နှမြောတွန့်တိုတယ်ဆိုတဲ့ စိတ်လေး၊ သူ့ကို မထားသွားပါနဲ့ ဆိုတဲ့ စကားလုံးလေးတွေကို ဘဲ လိုချင်
တာပါ။)သူမင်းကို မချန်ထားရစ်ရက်လို့ပါ။

 သူ မင်းရှေ့မှာ တခြား ကောင်လေးတွေ အကြောင်းတမင်ပြောနေတာ သူရှုပ်ပွေနေတာမဟုတ်ဘူး…
သူ မင်းကို နည်းနည်းဆွပေးနေတာပါ၊ သူ့ကို နည်းနည်း ပိုပြီး ဂရုစိုက်စေချင်လို့ပါ။သူ မင်းဆီကို စပြီး ဖုန်း
မဆက်တာ၊ စာမပို့တာ သူ သတိမရလို့မဟုတ်ဘူး…မင်းဖုန်းကိုင်တဲ့ အချိန်၊ စာ ရတဲ့ အချိန်မှာ လဲ သူ့ကို
သတိရနေမှာလားဆိုတာကို သူ့ကိုယ်သူ မယုံကြည်လို့ပါ။



 သူ မင်းကို မချစ်တော့ဘူးဆိုရင် မင်းကို စိတ်ဆိုးစိတ်ကောက်တော့မှာ မဟုတ်ဘူး…
သူ စိတ်ကြီးတာကို အပြစ်တင်မနေပါနဲ့… မိန်းကလေးတွေက သူတို့ ချစ်တဲ့ သူ အပေါ်မှာဘဲ စိတ်ကောက်
တတ်တာပါ။သူမင်းရှေ့မှာ အမြဲတမ်း ပျော်အောင်နေနေတာ… သူ့မှာ ခံစားတတ်တဲ့ နှလုံးသားမရှိလို့၊ တုံး
အအ ဖြစ်နေလို့ မဟုတ်ဘူး…မင်းရဲ့ ရှေ့မှာ အလှပဆုံး ပုံရိပ် ကိုဘဲ ချန်ထားပေးခဲ့ချင်လို့ပါ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"GF" ဆိုတဲ့ အဓိပ္ပာယ်လေး သင့်ချစ်သူသိပါစေ...

ကောင်မလေးနဲ့ ကောင်လေးတစ်ယောက် စတင်တွေ့ဆုံခဲ့ကြတယ်.. သူတို့နှစ်ယောက် ခင်မင်သွားပြီး မကြာမီမှာ ကောင်လေးက ကောင်မလေးကို ပြောတယ် "ကောင်မလေးရေ GF ဆိုတာ ဘာလဲသိလား" တဲ့.. ကောင်မလေးက ခဏကြောင်သွားတယ်...ပြီးတော့ "မသိဘူးလေ အဲတာဘာလဲ" လို့ ပြန်မေးလိုက်တယ်...ကောင်လေးက ပြုံးပြီးဖြေလိုက်တယ်... "GF ဆိုတာ Good Friend" ပါတဲ့... နောက်ကြာတော့ သူတို့နှစ်ယောက်ချစ်သူဖြစ်သွား တယ်.. အဲအခါမှာ ကောင်မလေးက ကောင်လေးကို ထပ်မေးတယ်.. "GF ဆိုတာ ဘာလဲ ခုသိပြီလား" တဲ့.. ကောင်မလေးက နားမလည်ဟန်နဲ့ ခေါင်းခါပြတယ်.. ကောင်လေးက ကောင်မလေးကိုရင်ခွင်ထည့်ပြီး... "GF ဆိုတာ Girlfriend" ပါတဲ့... အဲဒီနောက် လက်ထပ်ကာနီးမှာ ကောင်လေးက ထပ်မေးတယ်... "GF ဆိုတာ သိပြီလား ချစ်သူ" တဲ့.. ကောင်မလေးက ရယ်ရယ်မောမောနဲ့ "Girlfriend" လေလို့ဖြေတယ်... ကောင်လေးက ကောင်မလေးလက်ကို ကြင်ကြင်နာနာဆုပ်ကိုင်ရင်း ပြန်ပြောတယ်... "မဟုတ်ဘူး GF ဆိုတာ ကိုယ့်အတွက်မင်းဟာ Great Future" ပါတဲ့... အဲဒီလိုနဲ့ လက်ထပ်ပြီးလို့ ကလေးတွေရလာတော့.. ယောင်္ကျားဖြစ်သူက မိန်းမကို မေးတယ်... "မိန်းမရေ GF ဆိုတာ ဘာလဲကွယ်" မိန်းမက "ဒီတခါ ဘာဖြစ်သွားပြီလဲ ယောင်္ကျားရေ" လို့ ပြန်မေးလိုက်တယ်.. ယောင်္ကျားက ကလေးလေးကို ချီရင်း မိန်းမပခုံးလေးကို ဖက်လို့ "GF ဆိုတာ Gleeful Family ပါ" လို့ ဖြေလိုက်တယ်... အဲဒီနောက် သားသမီးတွေလည်း အိမ်ထောင်ကျ သူတို့နှစ်ယောက်လည်း အိုမင်းလာကြတာပေါ့.... အဲဒီအခါမှာ အဘိုးကြီးက အဘွားကြီးကို မေးတယ်.. "အဘွားကြီးရေ GF ဆိုတာ ဘာအဓိပ္ပာယ်လဲကွယ်" လို့မေးလိုက်တယ်... အဘွားကြီးက အဘိုးကြီးပခုံးပေါ်မှီရင်း "ပြောပါအုံး အဘိုးကြီးရယ်" လို့ အသံတိုးတိုးလေးနဲ့ ပြန်ပြောတယ်... အဘိုးကြီးက အဘွားကြီး နဖူးလေးကို ကြင်ကြင်နာနာ နမ်းရင်း "အဘွားကြီးက အဘိုးကြီးအတွက် Girl Forever ပေါ့ကွယ်" လို့ ဖြေလိုက်ပါတော့တယ် ....
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ယောက်ျားလေးတစ်ယောက်ကိုချစ်ရင် အောက်ပါ(၁၅)ချက်တွေထဲက ဘယ်အရာတွေကို လုပ်ပေးနိုင်သလဲ...............







၁။ သ၀န်မတိုရဘူး
၂။မချုပ်ခြယ်ရဘူး
၃။နားလည်ပေးနိုင်ရမယ်
၎။ခွင့်လွှတ်ပေးနိုင်ရမယ်
၅။အကောင့် ပတ်ဝှက်မတောင်းရဘူး
၆။ဖုန်းမစ်ကောလစ်တွေ ၊မက်ဆေခ်ျချက်တွေ လှန်လှောမကြည့်ရဘူး
၇။ဂိမ်းကစားခွင့်ပေးရမယ်။
၈။ဘောလုံးကိုလွတ်လပ်စွာကန်ခွင့်ပေးရမယ်
၉။တခြားမိန်းကလေးနဲ့ တွဲသွားမိရင် စိတ်မဆိုးရဘူး
၁၀။လူကြားထဲမှာ တမောင်မောင်နဲ့  ဒါမှမဟုတ် ကိုကို ကိုကိုနဲ့  မပြောရဘူး
၁၁။သူငယ်ချင်းတွေစုံတဲ့  အချိန် အတင်းမပြောရဘူး
၁၂။နှစ်ပတ်လည်နေ့တွေ မေ့ခဲ့ ရင် မဆူရဘူး
၁၃။တခြားကောင်မလေး အကောင့်ကို ကွန်မန့်ပေးမိရင် မငြူစူရဘူး
၁၄။ဖုန်းမှန်မှန် မဆက်ရင် နားလည်ပေးရမယ်
၁၅။ဘယ်လို အကြောင်းအရာအဖြစ်အပျက်တွေကြုံကြုံ ဘယ်တော့ မှ အချစ်မလျော့ ဘူးလို့  အမြဲတမ်း ကတိပေးရယ်
....
....
နောက်ဆုံးတချက်ကတော့  တွေ့တိုင်း ချစ်တယ် ချစ်တယ်ပြောရမယ်
ကဲ ဘယ်လိုလဲ ချစ်ရဲသေးလား....

အပျင်ပြေသဘောလေးတင်ပေးလိုက်ပါတယ်.......
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တွေ.့ကြုံတတ်တဲ့အချစ်များ တူနေကြရင်ပြောနော်...


(၁) ချစ်သူသေဆုံးပြီးနောက် အသက်ရှင်ကျန်ရစ်သူက မေ့မရနိုင်တဲ့အမှတ်တရတွေနဲ့ ချစ်သူကို ဆက်ပြီးချစ်နေသတဲ့ ဒါကြောင့်...အချစ်အတွက် အသက်ပေးရတာကို "အချစ်"လို့ မထင်လိုက်နဲ့...တကယ်ချစ်ရင် ချစ်သူအတွက် အသက်ရှင်ပါ။ အိုမင်းတဲ့အထိ အသက်ရှင်ပါ။
(၂) ကိုယ့်ကို သူမချစ်တော့တဲ့အခါ၊ ခွဲသွားတော့မယ့်အခါ သူ့ကိုချစ်သေးလားလို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ ကိုယ်လည်းသူ့ကိုမချစ်တော့ဘူးဆိုရင် ကိုယ့်ကိုယ်ကိုသနားပြီး သူ့ကိုမခွဲနိုင်မဖြစ်ပါနဲ့.... တကယ်လို့ သူ့ကို ကိုယ်ချစ်သေးတယ်ဆိုရင် သူပျော်ရွှင်တာကိုပဲ ကိုယ်မြင်ချင်ခဲ့တယ်။ သူပျော်ရွှင်ဖို့ သူချစ်တဲ့သူနဲ့အတူနေခွင့်ပေးလိုက်ပါ။ သူထွက်သွားဖို့ မတားပါနဲ့.... သူပျော်ရွှင်ဖို့ကိုယ်တားခဲ့မိရင် သူ့ကိုကိုယ်တကယ်မချစ်တော့လို့ပါပဲ။ သူ့ကို တကယ်မချစ်တော့ဘူး ဆိုမှတော့ သူ နောက်တစ်ယောက်ပြောင်းတာကို ကိုယ်ဘာလို့ ငြိုငြင်နေဦးမလဲ??????
(၃) ချစ်သူတွေလမ်းခွဲပြီးနောက် သူငယ်ချင်းဆက်မဖြစ်နိုင်တော့ဘူး။ တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာရခဲ့စေလို့....ချစ်သူတွေလမ်းခွဲပြီးနောက် ရန်သူလည်းမဖြစ်နိုင်ဘူး။ တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ဖူးလို့.... ချစ်သူတွေလမ်းခွဲပြီးနောက် အရင်းနှီးဆုံးသူစိမ်းတွေပဲ ဖြစ်ခဲ့ကြတယ်။
(၄) ကိုယ်ချစ်တဲ့မိန်းကလေးကို မင်္ဂလာဝတ်စုံဝတ်မပေးနိုင်ရင် ကျေးဇူးပြုပြီး သူ့အင်္ကျီကြယ်သီးကို ဖြုတ်နေတဲ့ ရှင့်လက်တွေရပ်လိုက်ပါ။
(၅) ကိုယ်တကယ်ချစ်တဲ့ လူတစ်ယောက်အတွက် "သူ့ကိုဘာကြောင့်ချစ်ရတယ်"ဆိုတဲ့ အကြောင်းပြ ချက်တွေ မလိုဘူး။ ကိုယ်ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေ ကိုယ့်ဘေးမှာ သူရှိစေချင်ခဲ့တယ်။တကယ်အချစ်ဆိုတာ အခက်အခဲကြုံချိန် လက်တွဲမဖြုတ်ခဲ့ဘဲ၊ တောင်းဆိုမှုတွေမများဘဲ အချင်းချင်းပေးဆပ်နေတာပဲ ဖြစ်တယ်။
(၆) ကမ္ဘာပေါ်မှာ ထက်မြက်တဲ့ယောက်ျား၊ လှပတဲ့မိန်းကလေးတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုယ်နဲ့သင့်တော်တာ တစ်ယောက်ပဲရှိတယ်။ သူတစ်ပါးရဲ့အမြင် အပြောကြောင့် ကိုယ့်အချစ်ကို မပြောင်းလဲလိုက်ပါနဲ့။ သူတစ်ပါးရဲ့အမြင်ထဲမှာ ရှင်သန်ပြီး ကိုယ့်ကိုမပျောက်ဆုံးစေနဲ့ နောက်ပြီး လောဘမကြီးပါနဲ့.။
(၇) တကယ်လို့ လူတစ်ယောက်က ကိုယ့်ကို "ချစ်တယ်" လို့ပြောတဲ့အခါ သူ့ကိုယုံကြည်လိုက်ပါ။ တကယ်လို့ ကိုယ့်ကို "မချစ်တော့ဘူး" လို့ပြောတဲ့အခါ သူ့ကို ယုံကြည်လိုက်ပါ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်ကိုမချစ်တော့တဲ့လူတစ်ယောက် ကိုယ့်အနားကခွဲထွက်သွားတာကို ကံကောင်းခြင်းတစ်မျိုးလို့ မှတ်ယူလိုက်ပါ။
(၈) လူတစ်ယောက်ကိုချစ်တယ်ဆိုရင် သင့်တော်တဲ့အချိန်မှာ သူ့ကိုချစ်ကြောင်းဖွင့်ပြောပါ။ အဖြေမရခဲ့လည်း အနည်းဆုံးတော့ ကိုယ်ကြိုးစားခဲ့ဖူးလို့ နောင်တဆိုတာ ရှိမှာမဟုတ်ဘူး။

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်သူနဲ့ အမြဲအဆင်ပြေနိုင်ဖို့သိသင့်တဲ့ အချက်များ

၁. အကယ်၍ သင်ဟာ သင့်ချစ်သူကို တကယ်ချစ်မိပြီဆိုရင် အရာရာကို ပေးဆပ်ရပါတော့မယ်..
ဒါပေမယ့် ကိုယ်ဟာမိန်းကလေးဆိုရင် ချစ်သူတောင်းဆိုတိုင်းမလိုက်လျော့သင့်ပါဘူး
ယောက်ျားလေးတယောက်ဆိုရင်လည်း ချစ်သူကို တကယ်ချစ်ရင် ရမ္မက်ပါတာမျိုးကို မတောင်းဆိုသင့်ပါဘူး.။ကိုယ့်ချစ်သူကို တန်ဖိုးထားသင့်ပါတယ်..။
မိန်းကလေးတွေဘက်ကလည်း ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူကမှ တန်ဖိုးမထားတော့ဘူးဆိုတာ သဘောပေါက်ထားပါ..။
၂. အကယ်၍ သင်ဟာ ချစ်သူကို စိတ်ဆိုးစေမယ့်အရာတစ်ခုခုကို လုပ်မိတယ်ဆိုရင် ချစ်သူ စိတ်ဆိုးပြေတဲ့အထိ ရှင်းပြပါ.. ဖြေရှင်းချက်ပေးပါ... ။ တစ်နေ့နေ့ နားလည်လာပါလိမ့်မယ် တကယ်ချစ်ရင် ခွင့်လွှတ်မှာပေါ့ဆိုတဲ့ ရူးကြောင်ကြောင် အတွေးမျိုးတွေကို ဖျောက်ဖျက်ထားပါ...
၃. ကိုယ့်ချစ်သူက မှားကြောင်းဝန်ခံပြီး ဖြေရှင်းချက်ပေးတာက အကျိုးအကြောင်းသင့်လျော်ရင် ခွင့်လွှတ်ပေးလိုက်ပါ.. တစ်ခုတော့ ရှိပါတယ် သစ္စာမရှိတဲ့ လုပ်ရပ်ဆိုရင်တော့ ပြန်စဉ်းစားလိုက်ပါတော့.....။
၎. သင်ဟာ သင့်ချစ်သူကို စိတ်ဆိုးခဲ့ပြီဆိုရင်လည်း သူ ဘာ့ကြောင့် ဒီလိုဖြစ်တယ်.. သူ့ကို ဘာကြောင့် စိတ်ဆိုးတယ်ဆိုတာကို ပြောပြပါ... သူက အကြားအမြင်ရနေတဲ့ လူတစ်ယောက်မဟုတ်သလို သင့်စိတ်ထဲကိုလည်း သူအကုန် ၀င်ကြည့်လို့ မရပါဘူး သင်မှ မပြောရင် သူမသိနိုင်ပါဘူး ..
၅. စိတ်ဆိုးလို့ ဖုန်းမကိုင်တာ အဆက်အသွယ် မလုပ်တာမျိုးတွေကို ရှောင်ပါ.. သူ့ဖြေရှင်းချက်ကို ဆုံးအောင်နားထောင်ပြီးမှ ဆုံးဖြတ်ပါ.. တစ်ခဏ အတွေးတိမ်ခြင်းဟာ ဘ၀တစ်ခုလုံး အတွက် နောင်တရစရာဖြစ်နိုင်လို့ပါ.
၆. ချစ်သူကို စိတ်ချမ်းသာအောင်ထားပါ။ သင့်ကြောင့် စိတ်ဆင်းရဲ စေမယ်ဆိုရင် ကြာရင် စိတ်ကုန်သွားပြီး နောက်ထပ် အသစ်ရှာသွားနိုင်လို့ပါပဲ..။စိတ်ချမ်းသာအောင်ဆိုတဲ့နေရာမှာလည်း သူ့နေရာနဲ့ သူ့အတိုင်းကို ဆိုလိုခြင်းဖြစ်ပါတယ်..။
၇. ချစ်သူအချင်းချင်း ကိုယ့်ဘက်က မှားတာရှိရင် တောင်းပန်ဖို့ ၀န်မလေးပါနဲ့..။မိန်းကလေးမို့ ယောက်ျားလေးကပဲ ချော့ရမယ်ဆိုပြီး မတောင်းပန်တာမျိုးကိုရှောင်ပါ...။ယောက်ျားလေးမို့သိက္ခာကျတယ်ဆိုပြီး မတောင်းပန်တာမျိုး မလုပ်မိပါစေနဲ့..။ချစ်သူတွေမှာ ကိုယ်နာတာ သူသာတာမရှိပါဘူး ..
၈. ဆွယ်တော်ရွက်လိုသဘောထားနိုင်ပါစေ...။၂လွှာပေါင်းမှ တရွက်ဆွယ်တော်ရွက်လိုပဲ ချစ်သူ၂နှစ်ကလည်း ၂ယောက်ပေါင်းမှ တစ်ဘ၀ဆိုတာ အမြဲသတိရနေပါ.။ စိတ်ညစ်စရာကအစ ပျော်စရာအဆုံး ဖွင့်ဟနိုင်အောင်လုပ်ပါ. မိသားစု အရေးက အစ နှစ်ဖက် ပွင့်ပွင့်လင်းလင်း ပြောပါ.. ဘာလို့လဲဆိုတော့ တစ်နေ့ဒီလူနှစ်ယောက်ပဲ တစ်သက်လုံးပေါင်းဖက်မှာ မို့လို့ပါပဲ..။ရှက်စရာမဟုတ်သလို သရော်လှောင်ပြောင်ရမယ့် ကိစ္စလည်း မဟုတ်ပါဘူး .။
၉. ရိုးသားပွင့်လင်းကြပါ..။တစ်ယောက်နဲ့တစ်ယောက်လျှို့ဝှက်ချက်မထားပါနဲ့..။အခု မသိလည်း နောင်သိမယ့် ကိစ္စတွေပဲဆိုတာ သတိရပါ...။
၁၀. စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ ကိစ္စမှန်သမျှကို ရှင်းပါ.. ။ အခုရှုပ်မှ နောင်ရှင်းမည်ဖြစ်သည်..( အခုရှင်းမှ နောင်မရှုပ်မည်... :P )
မသိချင်ယောင်ဆောင်မနေပါနဲ့ .။ ရင်ထဲက အလုံးတွေများလာရင် တစ်ချိန်ချိန်မှာ အစုလိုက်အပုံလိုက်ပေါက်ကွဲထွက်ပြီးတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်စရာတွေ ဖြစ်လာပါလိမ့်မယ်.. ။ တစ်ခုကို တစ်ခု ဖြစ်ဖြစ်ချင်းရှင်းတတ်ကြပါစေ.....
၁၁. ကိုယ့်ရဲ့ ချစ်သူရည်းစားမှာ ယောက်ျားလေး သူငယ်ချင်း မိန်းကလေးသူငယ်ချင်းဆိုတာ အနည်းနဲ့ အများရှိမှာပဲလေ.. ချစ်သူကို ယုံကြည်တယ်ဆိုရင် သိပ်မချုပ်ချယ်ပါနဲ့.။ စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ရဲ့ သစ္စာတရားကို အထင်မလွဲမိပါစေနဲ့..။ပညာရှိနည်းသုံးပြီး သူ့သူငယ်ချင်းအားလုံးကို ကိုယ်နဲ့ ခင်အောင်ပေါင်းထားပေါ့..။ သူ့အကြောင်းတောင် စုံစမ်းလို့ရသေး :P
၁၂. မိမိကိုယ်တိုင်လည်း သစ္စာရှိပါစေ.. ။ ချစ်သူက ဘယ်လောက်ပဲ သစ္စာရှိနေပါစေ..။ ကိုယ်က ရှုပ်နေခဲ့မယ်ဆိုရင် အဲ့လိုအချစ်မျိုးက ကြာကြာခံမယ် မထင်ပါနဲ့..။ မင်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ ကျန်တဲ့ချစ်သူတွေက အလကားပါလို့ ပြောတိုင်း မယုံမိပါစေနဲ့..။ ပါးစပ်ပါရင် စကားဆိုတာဖြစ်မှာပါ..။ကိုယ်တိုင်သစ္စာရှိမှ ချစ်သူက သစ္စာရှိနိုင်မယ်ဆိုတာ အမြဲတွေးထားပါ..။
၁၃. ကြားစကားများကို တတ်နိုင်သလောက်မယုံမိအောင်ကြိုးစားပါ..။ ပတ်ဝန်းကျင်ဆိုတာ လိုတဲ့လူတွေ ရှိသလို မလိုတဲ့လူတွေ မနာလိုတဲ့လူတွေဆိုတာကလည်း ရိုက်သတ်လို့ ကုန်မယ်မထင်ပါဘူး.။ ဒီတော့ ကိုယ်ကိုကိုယ် ချင့်ချိန် စဉ်းစားပြီးမှ ယုံပေါ့...။ မျက်စိနဲ့ တပ်အပ်မြင်တာမျိုးဖြစ်ဖြစ် သက်သေ အထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်တာမျိုးပဲဖြစ်ဖြစ် ကိုယ်တကယ် ကိုယ့်အပေါ်ကောင်းစေချင်တဲ့ လူမျိုးက ပြောမှ ယုံသင့်ပါတယ်..။ ကြားလေသွေးလို့ ဝေးသွားရတာမျိုးမဖြစ်စေရအောင် ကိုယ့်ဦးနှောက်နဲ့သေချာစဉ်းစားပြီး ယုံသင့်ပါတယ်.။
၁၄. နားလည်မှုရှိတတ်ကြပါစေ..။ချစ်သူတွေကြားမှာ အရေးကြီးဆုံး က နားလည်မှုပါပဲ..။ နားလည်မှုနဲ့ အရာရာကို တည်ဆောင်နိုင်လို့ပါပဲ။ ကိုယ့်ချစ်သူကို အချစ်စစ်နဲ့ချစ်တယ်ဆိုရင် နားလည်မှု တတ်နိုင်သလောက်ပေးပြီး အစစ အရာရာ အတွက် ညှိနှိုင်းဖြေရှင်းနိုင်ကြပါတယ်...။
၁၅. အကောင်းမြင်တတ်ပါစေ။ ကိုယ်က ချစ်နေတဲ့လူဆိုရင် ကိုယ့်ချစ်သူ ဘာပဲ လုပ်လုပ် ကောင်းတယ်လို့ ဖြစ်တတ်ကြတာသဘာဝ ပါပဲ..။ချစ်သူရဲ့ အပြုအမူတိုင်းဟာ ကိုယ့်အတွက် ချစ်ဖို့ကောင်းပြီး လုပ်သမျှ အကောင်းမြင်လို့ရနေရင် သေချာပါပြီ ကိုယ်ဟာ သူ့အပေါ်အကောင်းမြင်ဝါဒီစွဲ တစ်ယောက်ဖြစ်ခြင်းမသိဖြစ်နေပါပြီ...။
၁၆. ကိုယ့်ချစ်သူနဲ့ပတ်သတ်ပြီး အရာရာ အလေးအနက်ထားတတ်ပါစေ..။သင်ဟာ ယောက်ျားလေး ဖြစ်စေ မိန်းကလေးဖြစ်စေ သင့်ချစ်သူနဲ့ ပတ်သတ်တဲ့ အရာတိုင်းကို အလေးအနက်ထားပါ..။
ဥပမာ- ချစ်သူရဲ့ မွေးနေ့ ၊ အမှတ်တရ ရက်စွဲများ ၊ နှစ်ပတ်လည်များကို တတ်နိုင်သလောက် မမေ့ပါစေနဲ့..။ ချစ်သူရဲ့ အလေးအနက်ထားတတ်ခြင်းက ချစ်ခံရသူရဲ့ စိတ်ကို 90% လောက်အထိ အချစ်တွေ တိုးတက်လာစေပါတယ်...
အားလုံး ချစ်ရသူနဲ့ အဆင်ပြေပြီး ထာဝရ လက်တွဲသွားနိုင်ကြပါစေ...။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်တွင်းမှ ဖြစ်ရပ်မှန် (တမလွန်ဘ၀မှ အချစ်ကြီးသူ )

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)
တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့။
ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာ
အဓိက သရုပ်ဆောင်များဖြစ်ကြ လေသည်။

တောင်ကြီး လွိုင်လင် မိုးနဲမြို့များသို့ ကုန်စိမ်းများသယ်ယူပို့ဆောင်ပေးနေသော ကိုဒေါင်းစိန်၏ဂျစ်ကားကို မစီးဘူးသူတော်တော်ရှားသည်။ အထူးသဖြင့် နန်းစင်ချိုတစ်ယောက် ယာဉ်မောင်း ကိုဒေါင်းစိန်ဘေး ဂျစ်ကားရှေ့ခန်းမှ လိုက်ပါလေ့ရှိကြောင်းကိုလဲ လူတိုင်းသိကြပြီးဖြစ်သည်။ ကိုဒေါင်းစိန်က မိတ္ထီလာသား၊ နန်းစင်ချိုက မိုးနဲသူ။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြသည့်အကြောင်းကိုလဲ မိုးနဲတစ်မြို့ လုံးအသိပင်ဖြစ်သည်။

“အစ်ကို နန်းကိုဘယ်တော့ လက်ထပ်ယူမှာလဲဟင်”

“အစ်ကို ရုန်းကန်နေရတဲ့ဘ၀ကိုလည်း နန်းအသိသားနဲ့။ နန်းကို တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ပဲ ကြိုးစားပြီးငွေစုနေတာလေ”

“ဒါတော့ ဒါပေါ့အစ်ကိုရယ်…ယောကျာင်္းလေးတို့ရဲ့အချစ်သည် တစ်ခဏ၊ မိန်းကလေးတို့၏ အချစ်သည် တစ်ဘ၀ဆိုတာလေးတော့ အစ်ကိုသိမှာပါ”

“အစ်ကိုက အဲ့အမျိုးအစားထဲပါနေလို့လား…”

“အဲဒီလို မဟုတ်ပါဘူး အစ်ကိုရယ်၊ နန်းတို့မိန်းမသားဆိုတာရှေ့ရေးကို မျှော်တွေးနေကြတဲ့သူတွေပါ၊ နန်းအစ်ကို့ကို ယုံပါတယ်။ နန်းကို အစ်ကိုဘယ်လောက်ချစ်တယ်ဆိုတာနန်းသိပါတယ်”

နန်းစင်ချိုရဲ့ ချိုသာသော အပြုံးလေးနဲ့ ချစ်စကားပြန်တုံပြန်လိုက်တော့ ဒေါင်းစိန် တစ်ယောက်ပီတိတွေ လွှမ်းလို့ပေါ့…

“မကြာခင် နန်း စိတ်တိုင်းကျဖြစ်စေရမှာပါ နန်းရဲ့”

မိုးနဲဈေးနေ့၊ လွိုင်လင်ဈေးနေ့ တောင်ကြီးဈေးနေ့များတွင် ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကို အမြဲလိုလို မြင်တွေ့နေကြရသည်…

တစ်ဦးအပေါ် တစ်ဦး အနစ်နာခံနားလည်မှုရှိကြပြီးအချစ်ကြီးချစ်ခဲ့ကြသောယာဉ်မောင်းသမားလေး ဒေါင်းစိန်နဲ့ ဈေးသည်မလေးနန်းစင်ချိုတို့ ၃ နှစ်အတွင်းမှာပင် လက်ထပ်ခဲ့ကြသည်။

မိုးနဲတစ်မြို့လုံးကလဲ ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ဇနီးမောင်နှံကို နေနဲ့လ ရွှေနဲ့မြပုံပမာဆိုသည့် သီချင်းထဲကလိုတောင် ထောပနာပြုကြသည်။

နှစ်ဦးသား အနှစ်နှစ်အလလကြိုးစားရှာဖွေခဲ့ကြသည့်ငွေလေးနဲ့ မိဘများနှင့် အိမ်ခွဲ နေထိုင်ကြသည်။

တစ်ဦးအပေါ် တစ်ဦး နားလည်မှုပေး၊ တစ်ဦး အခက်အခဲ များကို တစ်ဦး ဖြေရှင်းပေး ဒေါင်းစိန် က လဲ အိမ်ထောင်ဦးစီးပီပီ နေ့မနား ညမအား စီးပွားရှာ ကားဆွဲ၊ နန်းစင်ချိုကလဲ အိမ်ထောင်ရှင်မကောင်းဖြစ်အောင် နေထိုင်လေသည် ၊ သို့သော်လဲ တစ်နေ့တွင် ရှေ့သွားနောက် လိုက်ညီနေသော ဇနီးမောင်နှံအတွက် အနှောင့်အယှက်လေးတစ်ခု ၀င်ရောက်လာလေသည်…

“အစ်ကို ဒေါင်း မနက်ဖြန်လည်း အကိုဒေါင်းကားနဲ့ပဲလိုက်မှာနော်၊ ရှေ့ခန်း အစ်ကို့ဘေး မှာ နေရာချန် ထားပေး” အိမ်ရှေ့ဆီမှ အမျိုးသမီးတစ်ဦး၏ ခရာတာတာနွဲ့တဲ့တဲ့ အသံကို ကြားလိုက်ရသဖြင့် နန်းစင်ချို တစ်ယောက် ဝေ့ကြည့်လိုက်သည်။
သူအင်မတန်ချစ်သော လင်တော်မောင် ဒေါင်းစိန်ဘေး၌ ပွတ်သီးပွတ်သပ် ထိုင်နေသည့် ချောချောလှလှ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရသည်…

“ဒီနေ့တော့ ကားရေဆေးရမှာမို့ ချယ်ရီ ဒီကနေပဲဆင်းသွားတော့နော်၊ မနက်ဖြန် ချစ်ရီအိမ်ကို အကိုဝင်ကြိုမယ်”

“Ok ချယ်ရီသွားမယ်”

ဂျစ်ကားရှေ့ခန်းမှ လှုပ်လီလှုပ်လဲ့နှင့် ခပ်ယဲ့ယဲ့ဆင်းသွားသော ချယ်ရီအား စူးရှသောမျက်လုံးအစုံနှင့်ကြည့်နေသူက နန်းစင်ချို။

“ကားဆရာကြီး ဒီနားကိုခဏကြွပါအုန်း”

ရိသဲ့သဲ့စကားကြောင့် ဒေါင်းစိန်သိလိုက်ပြီဖြစ်သည်။

“အဲ့ဒီ ချယ်ရီဆိုတဲ့ကောင်မက ဘယ်ကလဲ၊ ဘာကြောင့် အစ်ကို့ဘေးနားမှာ ကပ်ထိုင်နေရတာလဲ၊
အစ်ကို့ဘေးမှာ နန်းစင်ချိုဆိုတဲ့ သူ့မိန်းမကလွဲရင် ဘယ်သူမှ ထိုင်ခွင့်မရီဘူးလေဆိုတဲ့ စကားလုံးတွေနဲ့ အစ်ကို့ကို တိုက်ခိုက်တော့မယ် မဟုတ်လား။ အခုတော့ အစ်ကို အရမ်းပင်ပန်းလာလို့ စိတ်ရှည်ရှည် ထားပေး အုံးနော်၊ နောက်တော့ အားလုံးရှင်းသွားမှာပါ နန်းရဲ့”

နန်းစင်ချို ဘာမှပင်မပြောလိုက်ရမီ ဒေါင်းစိန်တစ်ယောက် ကားရေဆေးရန်ဟုဆိုကာ ထွက်သွားလိုက် သဖြင့် စကားနည်းရန်ဆဲဖြစ်ခဲ့ရသည်။
သို့ရာတွင်လည်း နေ့စဉ်လိုလို ပတ်ဝန်းကျင်မှ အတင်းအဖျင်းလေများတိုက်ခတ်မှုကြောင့် နန်းစင်ချို ခံပြင်းစိတ်များ အုံကြွလာသည်။ ချယ်ရီဆိုသော မိန်းကလေးကိုတွေ့လျှင် အရှုပ်ကို ရှင်းမည်ဟု ဆုံးဖြတ် ထား လိုက်သည်။

သို့နှင့် မည်သူမျှ အသိမပေးပဲ ဒေါင်းစိန်ရှိမည့် ဂျစ်ကားဂိတ်သို့ တစ်ဦးတည်းလိုက်သွားသည်။
“နန်း ဘာဖြစ်လို့ လိုက်လာတာလဲ၊ ချယ်ရီနဲ့ အကို ဘယ်လိုပုံစံနဲ့မှ မပတ်သက်ဘူးဆိုတာ အစ်ကို ရှင်းပြပြီးပြီလေ”

“အစ်ကိုပြောတာတွေအားလုံးကို နန်းနားလည်ပါတယ်၊ ဒါပေမယ့် အစ်ကိုရယ် အရင်တုန်းကလိုပဲ အစ်ကို ကားမောင်းနေရင် အစ်ကို့ဘေးနားမှာပဲ နန်းအမြဲလိုက်နေချင်တာ အစ်ကိုရဲ့”

“ခက်လိုက်တာ နန်းရယ် အစ်ကိုတို့ ကားသမားဆိုတာ ခုနှစ်ရက်သားသမီးနဲ့အလိုက်သင့်ပေါင်းရတယ် ဆိုတာ နန်းလည်းအသိသားနဲ့”

“ဟုတ်ပါတယ် အစ်ကိုရဲ့၊ ဒါပေမယ့်လဲ အကို့ဘေးနားမှာ ဘယ်သူမှ ထိုင်တာ မကြိုက်ဘူး”

“နန်းကလဲ ကလေးဆန်လိုက်တာ။ ကဲလာ ခုလည်းအစ်ကို လိုက်ပို့မယ်၊ အကို့ဘေးနားမှာပဲထိုင်ပေါ့၊
ရှေ့ခန်းမှာ ဘယ်မိန်းကလေးမှ မတင်တော့ဘူး ကျေနပ်လား”

နန်းစင်ချိုက ကနွဲ့ကယနှင့်ခေါင်းအသာညိတ်ပြလိုက်သည်။ ဒေါင်းစိန်တစ်ယောက် ခရီး သည်   မပြည့်သော်လည်း ဂိတ်မှထွက်ခဲ့သည်။ မိုးနှင်းများကျထားသဖြင့် စိုစွတ်နေသော လမ်းပေါ် ၀ယ် ဒေါင်းစိန်၏ဂျစ်ကားမှာ တရိပ်ရိပ်ပြေးလွှားရင်း တောင်တက်တောင်ဆင်းတို့တွင် ကွေ့လိုက် ပတ်လိုက်နှင့်ကျော်ဖြတ်နေကြောင်းတွေ့ရသည်။

နန်းစင်ချိုမှာမူ ဒေါင်းစိန်နံဘေးမှလိုက်ပါလာရသည်ကိုပင်ပီတိဖြာလျက်တမှေးပင်အိပ်ပျော်သွားဟန်တွေ့နေ ရသည်။ ခရီးသည်များကလဲ သူ့အတွေးနဲ့သူ့အရေး၊ မှေးသူကမှေး ငေးသူကငေးလို့ပေါ့။
ဂငယ်ဂွေ့တစ်ကွေ့အရောက် မမျှော်လင့်ဘဲ ကုန်တင်ကားယာဉ်ကြီး တစ်စီးကွေ့ထွက်လာသည်ကိုတွေ့လိုက်ရသော ဒေါင်းစိန်လည်း စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ဖြင့် ကားကိုဘယ်ဘက်သို့ကွေ့ချလိုက်သည်။ အမှတ်မထင်ဖြစ်ပျက်လိုက်မှုကြောင့် နန်းစင်ချိုခမြာ ကား၏ ညာဘက်သို့လွင့်ကျသွားတော့သည်။

ကားကလဲ အရှိန်နဲ့ဖြစ်တာကြောင့် ကျသွားသော အရှိန်နဲ့ပေါင်းပြီး သွေးသံရဲရဲဖြင့် မေ့လဲသွားသော နန်းစင်ချိုအား ချက်ခြင်းပင် လွိုင်လင်ဆေးရုံသို့ အမြန်ပို့ကြသည်။ သို့သော်လဲ နောက်နေ့   မနက်တွင် နန်းစင်ချို တစ်ယောက် သေဆုံးသွားကြောင်း သိကြရ၍ မိုးနဲတစ်မြို့လုံးနှင့် ဒေါင်းစိန်တို့ယူကြုံး မရဖြစ်ကြရတော့သည်။

ဒေါင်းစိန်သည် နန်းစင်ချိုအလောင်းအား မိုးနဲသင်္ချိုင်းတွင် ကောင်းမွန်စွာမြှုပ်နှံခဲ့သည်။

ရဲ့တပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုပြုလုပ်ချက် အပေါ်အခင်းဖြစ်စဉ်က ဂျစ်ကားပေါ်တွင်ပါလာသူများအားလုံးက
နန်းစင်ချိုမှာ အိပ်ငိုက်နေသဖြင့် ကားရုတ်တရက်အကွေ့တွင် ကျသွားခြင်းဖြစ်ကြောင်း ထွက် ဆိုကြခြင်းကြောင့် ဒေါင်းစိန် အပြစ်နှစ် အနည်းငယ်သာ ကျခံခဲရသည်။

နေ့များသည် လျှင်မြန်စွာဖြတ်သန်းနေ၏ ဒေါင်းစိန်က ယာဉ်မောင်းအလုပ်ကိုသာ ပြန်လုပ် ကိုင်နေကြောင်းတွေ့ရသည်…။
တစ်ခုထူးခြားချက်က ညဘက်ရောက်လျှင် ဒေါင်းစိန်အိမ်တစ်ဝိုက်မှာ ခွေးများ အလွန် အူကြချင်းဖြစ်သည်။
နောက်တစ်ချက်ကမူ ဒေါင်းစိန် ကားလိုက်လို့ ကားခေါင်းခန်းတွင် အမျိုးသမီးပါလာလျှင် အနံဆိုးကြီးရခြင်း
တစ်ခါတစ်ရံ ကားပေါ်မှ ဆွဲချသလိုတောင် ခံစားရသည်ဟု ပြောစမှတ်ဖြစ်လာကြသည်။

“နန်းစင်ချိုက သူ့လင် ဒေါင်းစိန်ကို ဘယ်လောက်စွဲလမ်းလဲဆိုတာနင်တို့အသိပဲလေ။ပြီးတော့ သေရ တာက အစိမ်းသေ ကျွတ်နိုင်လွတ်နိုင်ပါ့မလားဟဲ့”

“အဲဒါကြောင့် သရဲဘ၀အဖြစ်နဲ့များ သူ့အိမ်သူပြန်နေတာ နေနေမှာပေါ့”

အဲဒါကတော့နန်းစင်ချိုရဲ့ အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်သည့် နန်းကြာယုံနှင့်မြမြ၀င်းတို့၏လေသံ။

“ငါ့အထင်တော့ တို့သူငယ်ချင်း ဒေါင်းစိန်က သူ့မိန်းမကို အရမ်းချစ်တော့ ကားပေါ်က ကျသေတဲ့နေရာ ကနေ ခေါ်လာတာပဲဖြစ်ရမယ်”

“ဘယ်လိုပဲဖြစ်ဖြစ်ကွာ နန်းစင်ချို သရဲ ဒီအိမ်မှာရှိနေတာတော့သေချာပြီ”

“အိုကွာ ဘာပဲဖြစ်ဖြစ် ငါတို့ ချောင်းကြည့်ရအောင်”

ဒေါင်းစိန်၏သူငယ်ချင်း သံချောင်းနှင့်စိုင်ဇော်ထူးတို့၏ စူးစမ်းသံ ဒေါင်းစိန် အိမ်ပြန်မလာသော ညတည၊
မိုးနှင်းများကျပြီး အအေးဒဏ်ကလဲ လွန်ကဲချိန်ဖြစ်၍မိုးနဲတစ်မြို့လုံး တိတ်ဆိတ်နေချိန်ဖြစ်သည်။

အမှောင်ထုထဲမှာ ခွေးအူသံ တစ်ချက် ကြားရသည်နှင့် သံချောင်းတို့ ဒေါင်းစိန်၏အိမ်သို့ချဉ်းကပ်လိုက် သည်။ မှောင်ပြပြမီးဖိုချောင်ဘက်မှ အသံကြားရသဖြင့်နှစ်ဦးသား အာရုံစိုက်ပြီး အကြည့် သူတို့တွက်ထား သည့်အတိုင်း နန်းစင်ချို သရဲကိုတွေ့ရလေပြီ။
ထမင်းချက်သည်၊ ပန်းကန်ဆေးသည် ရေနွေးတည်သည်။ ရေအိုးတွေ ရေဖြည့်သည် လူဖြစ်စဉ်က လုပ်ခဲ့ပုံအတိုင်းလုပ်ဆောင်လေသည် ။
သို့သော် ဘုရားစင်ရှိသည့်ဘက်ကိုတော့ မသွားချေ…။

ထိုစဉ် ဒေါင်းစိန်ပြန်လာသည်ကို တွေ့ရသဖြင့် သံချောင်းတို့ပုန်းနေလိုက်သည်။ ဒေါင်းစိန်  တစ်ယောက် သရဲ မနန်းစင်ချို ချက်ပြုတ်လုပ်ကိုင်သွားသည်များကို မတွေ့။ မည်သို့မျှမမှုသည့်အပြင် ပူပူနွေးနွေး ထမင်းဟင်းများကို အားပါးတရစားနေကြောင်းတွေ့ကြသည်။

“သံချောင်းမင်းတို့ မြင်တွေ့ခဲ့တာတွေက အမှန်ပဲလား”

“မှန်ရုံတင်ဘယ်ကမလဲ ဆရာရယ် မိုးနဲတစ်မြို့လုံးကလဲ သိနေကြပြီပဲဟာ”

အထက်ပါဖြစ်ရပ်မှန်များအား သံချောင်းတို့က စာရေးသူကိုပြန်လည်ပြောပြနေခြင်းဖြစ်သည်။
သို့ကြောင့်လဲ စာရေးသူကိုယ်တိုင်ပင် ဖြစ်ရပ်မှန်များထဲသို့ စူးစမ်းလိုစိတ်နှင့်ဝင်ရောက်ခဲ့ရလေတော့သည်။

“နေစမ်းပါအုန်း မင်းတို့သရဲမကိုတွေ့ရတယ်ဆိုတာက လူပုံစံနဲ့တွေ့လိုက်ရတာလား”

“အဲလိုတော့မဟုတ်ဘူး ဆရာရ၊ ဟိုအင်္ဂလိပ်ကားတွေထဲကလိုတော့ပုံစံကြီးနဲ့မတွေ့လိုက်ရဘူး အသံနဲ့လှုပ်ရှားမှုကိုပဲ သိရတာ”

“ကဲ ဒီကိစ္စကို ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ မင်းတို့လည်း ဗုဒ္ဓဘာသာတွေမလား၊ ဆရာတော်ဆီ သွားလျှောက်ကြည့်မယ်လာ”

စာရေးသူက အသက်ကြီးသူပီပီ ဆရာလုပ်ကာ မိုးနဲမြို့ဘုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ကြရသည်။
အိုမင်းနေပြီဖြစ်သော ဆရာတော်ကြီးမှာ ရှမ်းလူမျိုးဖြစ်ပြီး မြန်မာစကားမတက်သဖြင့် စိုင်းဇော်ထူးက စကားပြန်လုပ်ပေးရသည်။

နန်းစင်ချိုမှာ မိမိ၏လင်သားနှင့် မိမိအိမ်အပေါ်စွဲလမ်းမှု ဥပဒါန်ကြီးပါးမှုကြောင့် အစိမ်းသရဲဖြစ်နေကြောင်း၊
ဖုတ်၊ ပြိတ္တာ သရဲတစ္ဆေတို့မည်သည် အချိန်ကြာမြင့်လာလျှင် အစွယ်ပါထွက်လာပြီး
တစ်ရွှာလုံးရှိ ကလေး သူငယ် လူအပေါင်းကိုဒုက္ခပေးတတ်ကြောင်း၊
နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊
ယင်းအပေါက်မှထွက်လာပြီး ရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း၊
မိမိတို့သံယာတော်များအနေဖြင့် ၀ိနည်းကိုစောင့်ထိန်းနေရသူများဖြစ်သောကြောင့် ဤကိစ္စကို
မည်သို့လုပ်ဆောင်ရမည်ကို မညွှန်းပြအပ်ကြောင်း မိန့်ကြားလိုက်လေသည်။

သို့နှင့် စာရေးသူ၏ အကြံပြုချက်ဖြင့် နန်းစင်ချို၏ယောကျာင်္းဖြစ်သူ ဒေါင်းစိန်ကိုခေါ်ယူကာ မြို့ခံလူကြီးများရှေ့မှောက်တွင် မေးမြန်းကြရတော့သည်

“သံချောင်းတို့ တွေ့ခဲ့ကြတယ်ဆိုတာတွေဟာ မှန်ပါတယ်၊ ကျနော်မိန်းမ ကျနော်ဆီပြန်လာနေတာကြာပါပြီ၊
လင်ခန်းမယားခန်းအနေနဲ့လည်း လူ့ဘ၀တုန်းကလိုပဲ နေခဲ့ကြပါတယ်၊
တခြားသူတွေကို သတိမပေးဘူးဆိုတာ ကျနော့်မိန်းမ ကို ကျနော်အရမ်းချစ်ပါတယ်၊ သူနဲ့ခွဲလိုက်မှာစိုးပါလို့ပါ”

ဒီတော့ စာရေးသူက တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒါဟာ ဒီတိုင်းဆိုရင် ရှေ့ရေးမမြင်ရသေးတဲ့ ဒုက္ခတွေများတယ် သူဒုက္ခဖြစ်နိုင်တယ်

ကဲ ဒေါင်းစိန် ဒီအခြေအနေကျမှတော့ မဖြစ်တော့ဘူး၊ မြို့နာမည် ရွှာနာမည်ဆိုတာကို ငဲ့ပြီး လူကြီးတွေ စီစဉ်တာကို မင်းလိုက်နာရတော့မှာပေါ့လို့ စာရေးသူက ခက်ပြတ်ပြတ်ပြောလိုက်မှ စကားပြတ်သွားသည်။
သို့နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပြီး ဆိုင်ရာပိုင်ရာ ကွင်းပိုင် နယ်ပိုင် သင်္ချိုင်းစောင့် အပါအ၀င် ပုဂ္ဂိုလ်အားလုံး၏ ခွင့်ပြုချက်နှင့်အတူ နန်းစင်ချို၏ အလောင်းကို ဖော်ယူရန် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစီစဉ်ကြတော့သည်။

မြို့နယ်အတွင်းရှိ ရွှာနီးစပ်များမှ ဒီသတင်းကို ကြားသိသွားကြရာမှ အလောင်းဖော်မည့်နေရာတွင်
ဆိုင်ခန်းများပင် ရောင်းရလျှက် စည်ကားနေကြောင်း တွေ့ရသည်။ နန်းစင်ချို၏    ယောကျာင်္းဖြစ် သူ ဒေါင်းစိန် နှင့် သူ၏သူငယ်ချင်းများဖြစ်ကြသော သံချောင်း စိုင်းဇော်ထူးတို့နှင့်အတူ စာရေးသူပါ စိတ်ဝင်တစားကြည့်ရူ့လေ့လာကြသည်။

နန်းစင်ချို၏အခေါင်းပုံကို ပုံမပျက်စေရန် မြေကိုတူးစွမတင်ကြပြီး မီးရို့နိုင်ရေးအတွက် ထင်းပုံပေါ် သို့တင်လိုက်ကြသည်။

“နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊
ယင်းအပေါက်မှထွက်လာပြီး ရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း” ဆရာတော် မိန့်ကြားခဲ့သည့်အတိုင်း
ကြည့် ကြည့်မိရာ အခေါင်း၏ ခေါင်းရင်း ဘက်တွင် အပေါက် ငယ် တစ်ပေါက်ကိုတွေ့လိုက်ကြရသဖြင့်
  ကြည့်ရှု့သူအားလုံး တအံ့တသြဖြစ်သွားကြရသည်။

သေချာနေပြီဖြစ်သောကြောင့် သံချောင်းတို့အုပ်စုသည် အလောင်းအား ဓာတ်ဆီလောင်းကာ မီးရှို့ လိုက်ကြလေတော့သည်…။

မီးတောက်များနဲ့အတူ နန်းစင်ချိုအားချစ်ခဲ့ရသည့်အချစ်မီးတောက်များမှာလည်း ဒေါင်းစိန်   ၏ ရင်တွင်းဝယ် တောက်လောင်နေမည်မှာလည်း မလွဲဧကန်ပင်ဖြစ်မည်ဆိုခြင်းကို ငြင်းချက် ထုတ်စရာ ပင်မလိုတော့။

ထိုနေ့ ထိုရက်များမှ စပြီး မိုးနဲမြို့၌တစ္ဆေမလေး နန်းစင်ချိုအကြောင်း မည်သို့မည်မျှ မကြားရသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ချိမ့်မည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အကြင်လင် နှင့် မယားတို့ ကိုယ်စိတ်နှတ်ဖြာ ချမ်းသာစေနိုင်သော နည်း ၇ နည်း

အကြင်လင် နှင့် မယားတို့ ကိုယ်စိတ်နှတ်ဖြာ ချမ်းသာစေနိုင်သော နည်း ၇ နည်း
ဥပဒေသ အမှတ် ( ၁ )။ ။နားပူနဆာ မလုပ်ပါနှင့်
ဥပဒေသ အမှတ် ( ၂ )။ ။အကြင်လင်မယားတို့သည် တစ်ဦးကို တစ်ဦး ငြီးငွေ့အောင်မလုပ်သင့်ပါ
ဥပဒေသ အမှတ် ( ၃ )။ ။ဆူပူကြိမ်းမောင်းခြင်း မပြုပါနှင့်
ဥပဒေသ အမှတ် ( ၄ )။ ။စေတနာဖြင့် ချီးကျူးရန် မမေ့နှင့်
ဥပဒေသ အမှတ် ( ၅ )။ ။တဖက်သားကို ကြင်နာယုယ ပါ
ဥပဒေသ အမှတ် ( ၆ )။ ။ရိုသေလေးစားပါ
ဥပဒေသ အမှတ် ( ၇ )။ ။အိမ်ထောင်သည်တို့ ၏ ရာဂစိတ် ပြေငြိမ်းကြောင်း စာအုပ်ကောင်းကို ဖတ်ပါ
၁၉၉၃ ခု ဇွန်လတွင်ထုတ်ဝေသော် အမေရိကန်မဂ္ဂဇင်း တစ်စောင်တွင် အမ္မက်ကရိုဇီယာ ရေးသားသော `အိမ်ထောင်များ အဘယ့်ကြောင့်ပျက်ရသနည်း` ဆောင်းပါးတစ်စောင်ပါရှိလေသည်။ အောက်ပါမေးခွန်းတို့သည် ထိုဆောင်းပါးမှ ကောက်နုတ်၍ ဖော်ပြလိုက်ချင်း ဖြစ်ပါသည်။ ထိုမေးခွန်းများ ကို သင်ကိုယ်တိုင်ဖြေဆိုနိုင် အကျိုးရှိပေလိမ့်မည်။ `ဟုတ်ကဲ့` ဟု ဖြေနိုင်သော အဖြေတိုင်းကို အမှတ် ၁၀ မှတ်ပေးပါ။ အားလုံးကို ဖြေပြီးလျှင် သင်အမှတ်မည်မျှရသည်ကို တွက်ကြည့်ပါလေ။
ယောက်ျားများအတွက်
၁။ သင်သည် သင်၏ မိန်းမကို မညားမီအခါက ဂရုစိုက်ခဲ့သကဲ့သို့ ယခုတိုင် ပန်းကလေးက အစ လက်ဆောင်ကလေးအစ ပေးလျက်ရှိပါသေးသလား။ မညားမီကကဲ့သို့ သင်၏ မိန်းမအပေါ်တွင် ကြင်ကြင်နာနာနှင့် ယုယ ထွေးပိုက်ခြင်းရှိပါသေးရဲ့လား။
၂။ အခြားလူများရှေ့တွင် သင့်မိန်းမကို ပြစ်တင် ဆူပူကြိမ်းမောင်းခြင်း မျိုးမှ အထူဂရုစိုက်ကာ ရှောင်ရှားပါရဲ့လား။
၃။ သူ သဘောကျ သလို သုံးစွဲနိုင်ရန် သင့်မိန်းကို အိမ်စရိတ် အပြင် ငွေပိုများ ပေးပါရဲ့ လား။
၎။ သင့်မိန်းမ၏ လိုအင်ဆန္ဒတို့ကို ကောင်းစွာ သိရှိအောင် သင်ကြိုးစားပါရဲ့လား။ သင့်မိန်းမသည် ပင်ပန်းနွမ်းလျက်ရှိသောအခါ ၌ လည်းကောင်း၊ စိတ်မအီမသာ ဖြစ်နေသောအခါ ၌ လည်းကောင်း သင်သည် သင့်မိန်းမကို အကူအညီပေးပါရဲ့လား။
၅။ သင်သည် သင်ရသော အားလပ်ချိန်ကို တစ်ဝက်ခွဲ ၍ သင့်မိန်းမနှင့် အတူတူ ကြည်ဖြူစွာ နေထိုင်ပါရဲ့လား။
၆။ သင့်မိန်းမ ၏ အချက်အပြုတ်နှင့် အိမ်ထောင်ထိန်းသိမ်းမှုသည် သင်၏ မိခင် (သို့) ကိုဖြူ့ ၏ မိန်းမ အချက်အပြုတ် အိမ်ထောင်ထိန်းသိမ်း မှု့ထက် ညံ့သည်ဟု မပြောပဲ ပို၍ကောင်းသည် ဟု အလိမ္မာဖက်ကာ ယှဉ်ပြပါရဲ့လား။
၇။ သင်မိန်းမ ဖတ်ကြားသောစာအုပ်များ သင့်မိန်းမ၏ အပေါင်းအဖော်များ မြို့ရွာအရေး နှင့် စပ်လျှင်း ၍ သင့်မိန်းမ၏ ယူဆချက်များပေါတွင် သင်သည် အသေအချာ စိတ်ဝင်စားပါရဲ့ လား။
၈။ သင်သည် သ၀န်ကြောင်သောစကားမျိုးကို မသုံးပဲနှင့် သင့်မိန်းမအား အခြားယောက်ျားများနှင့် စကားပြေဆိုသည်ကို လည်းကောင်း၊ မိတ်ဆွေတို့၏ ဘာဝ ဂရုတစိုက်ပြုသည်ကိုလည်းကောင်း ခွင့်ပြုနိုင်ပါရဲ့လား။
၉။ အခွင့်အလမ်းများပေါ်တိုင်း သင့်မိန်းမကို ချီးကျူးရန်နှင့် မြှောက်စားရန် သင့်မှာ အသင့်ရှိပါရဲ့လား။
၁၀။ သင့်အင်္ကျီ ကြယ်သီးပြုတ်နေသည်ကို ပြန်တပ်ပေးခြင်း၊ သင့်ခြေအိတ်ပေါက်နေသည်ကို ဖားပေးခြင်း၊ သင့်အ၀တ်အစားများလျှော်ဖွတ်ပေးခြင်း စသောအလုပ်လေးများအတွက် သင်သည် သင့်မိန်းမအား ကျေးဇူးတင်စကားပြောပါရဲ့လား။
မိန်းများအတွက်
၁။ သင့်ယောက်ျား၏ အလုပ်တွင် ၀င်မစွက်ပဲ သီးသန့်နေပါရဲ့လား၊ သူ့အပေါင်းသင်းများကို ဘယ်သူနဲ့ မပေါင်းပါနဲ့၊ ဘယ်သူဟာ လူရှုပ်ပဲ အစရှိသဖြင့် အပြစ်ပြောခြင်း၊ သူ့အလုပ်လက်ထောက်ကို ခန့်ထားရာ၌ ၀င်ရောက်ပြောဆိုခြင်း၊ သူသွားရောက်လည်ပတ်ရာ၌ ဆူပူခြင်းများမှ ကင်းလွတ်ပါရဲ့လား။
၂။ သင့်နေအိမ်နှင့် တကွ သင့်အပေါတွင် သင့်ယောက်ျားသည် စိတ်ဝင်စားအောင် သင်သည် အစွမ်းကုန် ကြိုးစားပါရဲ့လား။
၃။ ယနေ့တော့ ဟိုဟင်းကြီးစားရအုံးမှာပဲ ဟူ၍ စိတ်ထဲမှာ မတွေးနိုင်အောင် စားဖွယ်သောက်ဖွယ် အမျိုးမျိုးတို့ကို သင်ကိုယ်တိုင် စီမံ၍ သင့်ယောက်ျားအား ချက်ပြုတ်ကျွေးမွေးပါရဲ့လား။
၎။ သင့်ယောက်ျားသည် သူ့အလုပ်အတွက် သင့်ထံမှ အကူအညီလိုချင်ခဲ့ပါလျှင် အကူအညီပေးနိုင်အောင် သင့်ယောက်ျား၏ အလုပ်အေကြောင်းကို သင့်လေ့လာပါရဲ့လား။
၅။ စီးပွားပျက်သောအခါ ဘယ်သူတွေလုပ်လိုက်တာ ဘယ်လိုချမ်းသာသွားတာပဲ၊ သူ့လုပ်ပုံကို ကဒီလိုဖြစ်မှာပေါ့ အစရှိသဖြင့် သင့်ယောက်ျားကို ဆူပူခြင်း မလုပ်ပဲ အေးအတူ ပူအမျှ ခံနိုင်သော သတ္တိ သင့်မှာ ရှိပါရဲ့လား။
၆။ သင့်ယောက်ျား၏ မိခင်နှင့်သော်လည်းကောင်း၊ ဆွေမျိုး ဉာတိများနှင့် သော်လည်းကောင်း၊ သင့်တင့်ညီညွတ်စွာ ပေါင်းသင်းဆက်ဆံနိုင်ရန် ကြိုးစားပါရဲ့လား။
၇။ အ၀တ်အစားဝတ်ရာ၌ လည်းကောင်း သင့်ယောက်ျား မကြိုက်သော အဆင်နှင့် အ၀တ်အစားများကို ရှောင်ရှားပြီးလျှင် သင့်ယောက်ျးကြိုက်သော အဆင်နှင့် အ၀တ်အစားများကို ၀တ်ဆင်ပါရဲ့လား။
၈။ လင်မယားခြင်း သင့်မြတ်စွာပေါင်းသင်း ဆက်ဆံနိုင်ရန်အတွက် အနည်းငယ် သဘောကွဲလွဲချက်များကို သင်သည် လျှော့ပေးပါရဲ့လား။
၉။ သင့်ယောက်ျားနှင့် အားလပ်ချိန်များတွင် အတူတူ နေနိုင်ရန် သင့်ယောက်ျား ၀ါသနာပါသော အားကစားများကို သင်ကြားထားပါရဲ့လား။
၁၀။ သင့်ယောက်ျား၏ ပါရမီကို ကူညီသောအားဖြင့် နေ့စဉ် သတင်ထူး၊ စာအုပ်များ အကြံသစ်များကို သင်ကိုယ်တိုင်စုဆောင်ပေးပါရဲ့လား။
တိုက်တွန်းချက်
အိမ်ထောင်သည် ယောက်ျားတိုင်း မိန်းမတိုင်း အထက်ပါမေးခွန်းများ အနက် မိမိတို့နှင့်ဆိုင်ရာ မေးခွန်းများကို ဖြေပြီးလျှင် အမှတ် ၁၀၀ မရမချင်း မလျှော့သော လုံ့လဖြင့် အမှတ် ၁၀၀ ရနိုင်အောင်း ကြိုးစားကြပါစေသတည်း။
ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်ရေးကို တည်ဆောက်နိုင်ကြပါစေ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အချစ်ဆိုတာကို သိခြင်သူတွေအတွက်.....။

အချစ်ဆိုတာ အရမ်းကိုဆန်းကြယ်လှတယ်... တစ်ခါတလေ ပူလောင်မူတွေ တစ်ခါတလေ ပျော်ရွင်မူတွေနဲ့.... ။ တစ်နေ့ ကျွန်တော်သူငယ်ချင်းတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့ရတယ်.. ဘာလို့လဲဆိုတော့ သူ့ချစ်သူကြောင့်ပါ... ဒါပေမယ့် ကြားသုံးကြားမ၀င်ရဆိုသလို ကျွန်တော် မသိချင်ယောင်ဆောင်နေတော့မယ်ပေါ့လို့ ဆုံးဖြတ်လိုက်တယ်...။ သူချစ်သူက သူကိုသိပ်အလေးမထားသလိုပဲ သူတို့အကြောင်းတွေကို သေချာမသိရပေမယ့် သူစိတ်ညစ်နေပြီး အသဲကွဲကဗျာတွေရေးကတည်းက သူဘယ်လောက်ခံစားနေရတယ်ဆိုတာ မှန်းဆ နိုင်ပါတယ်...။ သူက သူ့ချစ်သူကို တော်တော်ချစ်တယ်....ဒါကြောင့်... ကျွန်တော် ကိုညီသက်ပိုင်ရုပ်ပြကာတွန်း လေးထဲက အချစ်နဲ့ ပက်သက်တဲ့ အတွေးခေါ်တွေကို ဖော်ပြခြင်မိတယ်..။ ချစ်တက်ဖူးသူတွေ လွမ်းဖူးသူတွေ ကြေကွဲဖူးသူတွေ အချစ်ဆိုတာကို သိချင်နေတဲ့သူတွေ အတွက် ပေါ့....။ ကိုညီသက်ပိုင်စာသားလေးတွေက ဒီလိုဗျ....
-သံယောဇဉ်ဆိုတာ တစ်ယောက်ရင်ညွန့်အောက်က ထွက်လာတဲ့ ကြိုးတစ်ချောင်းနဲ့ နောက်တစ်ယောက် ရင်ညွန့်အောက်က ထွက်လာတဲ့ ကြိုးတစ်ချောင်းချင်း ချည်နှောင်မိကြခြင်းပါပဲ ခိုင်လည်းခိုင်တယ် ပြတ်လဲမပြတ်ဘူး မြင်လဲမမြင်ရဘူး...။
- အချစ်ဆိုတာ ကောင်လေးဆီကပဲ စတင်ပေါက်ဖွားတက်ပြီး အမုန်းဆိုတာ ကောင်မလေးတွေ ဆီကပဲ စတင်ပေါက်ဖွားတက်ပါတယ်..။
- များသောအားဖြင့် ချာတိတ်လေးတွေက အချစ်ဆိုတာ ရယူခြင်းလို့ မြင်တက်ကြပြီး ချာတိတ်မလေးတွေကတော့ အချစ်ဆိုတာပေးဆပ်ခြင်းလို့ မြင်တက်ကြပါတယ်..။
- အချစ်ကြောင့်ရတဲ့ ဝေဒနာကို ဘယ်အရာနဲ့ မှ မကုစားပါနဲ့ မထိရောက်ပါဘူး..။ အချစ်ကြောင့်ရတဲ့ဝေဒနာကို အချစ်နဲ့ပဲ ကုစားပါ အချစ်ကို အချစ်ကပဲ နိုင်တယ်...။
- အချစ်ဆိုတာ လူတွေရဲ့ စိတ်ကူးယဉ် ခံစားမူကနေ ပေါက်ဖွားလာတာပါ.. စိတ်ကူးယဉ်ခံစားမူသာမရှိခဲ့ရင် လူတွေမှာ အချစ်ဆိုတာ မရှိနိုင်ပါဘူး ရမ္မက်တွေပဲရှိပါလိမ့်မယ်....။
- ချစ်တက်လာတဲ့အခါ ကောင်လေးတွေက ပျော့ညံ့သွားတက်ကြပြီး ချစ်တက်လာတဲ့အခါ ကောင်မလေးတွေက သတ္တိတွေ ပိုရှိလာတက်ကြတယ်...။
- အချစ်ဆိုတာ ကောင်မလေးနဲ့ ကောင်လေး အဖြေတွေတောင်းကြ အဖြေတွေပေးကြမှ အချစ်ဖြစ်လာတာ မဟုတ်ပါဘူး..။ အဖြေမတောင်းခင် အဖြေမပေးခင် ရင်ထဲမှာ သန့်သန့်လေး ခံစားကြည်နူးနေတာကိုက အချစ်ပါပဲ..။
- မျက်ရည်ဆိုတာ အမုန်းကြောင့် ကြေကွဲစွာ ကျတက်သလို အချစ်ကြောင့် ပျော်ရွင်ရတဲ့ အခါလည်း ကျတက်ပါတယ်..။
- အချစ်ဆိုတာ ပါးပါးလေး ယုံကြည်မူ ခိုင်မာရင် သစ္စာရှင် ၊ အချစ်ဆိုတာ ပါးပါးလေး ယုံကြည်မူ ပျက်ပြားရင် သစ္စာဖောက်..။
- ပစ်လိုက်မိတဲ့ မြှားလို ပြောလိုက်မိတဲ့ စကားလို ချစ်လိုက်မိတဲ့ အသည်းကလည်း ပြန်လည်း ရုတ်သိမ်းလို့ မရနိုင်တော့ပါဘူး..။
- အချစ်ဆိုတာ အမုန်းတွေကို သိမ်းထုတ်ထားတဲ့ အရာပါ..။ အချစ်ဆိုတဲ့ အကာ ကို ထိရှဖျက်ဆီးမိရင် အမုန်းတွေက ပြင်းထန်စွာ ပေါက်ကွဲ ထွက်လာပါလိမ့်မယ်...။
- အချစ်ကြောင့် လူတွေဟာ အားလုံးကို စွန့်လွတ်ရဲခဲ့ကြတယ်.. မိမိဓနကို စွန့်ခဲ့ကြတယ်။ မိမိ ဘ၀ ကိုစွန့်ခဲ့ကြတယ်.။ မိမိ အသက်ကိုတောင် စွန့်ခဲ့ကြတယ်..။ အရာအားလုံးကို စွန့်ရဲစေခဲ့တဲ့ သတ္တိကို အချစ်က မွေးဖွားပေးနိုင်ခဲ့ပါတယ်..။
- ထာဝရ ဘုရားသခင်က အချစ်ကို စတင်ဖန်းဆင်လိုက်တဲ့အခါ စာတန်နတ်ဆိုးက အမုန်းကို အမြန်ဖန်ဆင်းလိုက်တယ်...။ ဒါကြောင့် ဒင်္ဂါးပြားရဲ့ မျက်နှာပြင် နှစ်ဖက်လို အချစ်နဲ့အမုန်းက ကျောချင်းကပ်ပြီး မွေးဖွားလာခဲ့ကြပါလေရဲ့..။
- အချစ်ဆိုတာ သေမိန့်တစ်ခုပါပဲ အချစ်မရှိခင်က ငါတို့အားလုံးဟာ အပူပင်မဲ့စွာ လွတ်လပ်ခဲ့ကြတယ်..။ အဲ့ဒီလွတ်လပ်မူတွေကို သေဆုံးစေခဲ့တဲ့အရာကတော့ အချစ်ပါပဲ...။ အချစ်ကြောင့် ငါတို့အားလုံး သေဆုံးခဲ့ကြတယ်....။ ညီသက်ပိုင်
 ကဲ ဆရာညီသက်ပိုင် ရေးသွားတဲ့ အချစ်အတွေးခေါ်လေးတွေကတော့ တော်တော်ကိုကောင်းတယ်နော်.......ဒီလိုပဲ ကျွန်တော်လဲပြန်လည်းတွေးမိတာတွေရှိတယ် လောကမှာ အချစ်ကြောင့် ရာဇာဝင်တွေပြန်ကြည့်ရင်... စပါတာ300 ဇတ်ကားမှာ စပါတာ ဘုရင်ဟာ သူစစ်ထွက်သွားချိန်မှာ သူဇနီးကို စိတ်ထဲကနေပဲ..(.နူတ်ဆက်ခဲ့ပါတယ်အချစ်ရယ်လို့) ပြောခဲ့ပြီး နူတ်ကမထွက်ခဲ့ဘူးတဲ့လေ...ဘာလို့လည်းဆိုတော့ စပါတာသားတွေဟာ နှလုံးသားမာကျောရမယ်ဆိုတာကြောင့်ပါပဲ.....။ ဒီလိုပဲ  try ကားကို ကြည့်ဖူးကြမှာပါ.... မိန်ကလေးတစ်ယောက်တွက်နဲ့ စစ်ဖြစ်ခဲ့ရတဲ့ try ဇတ်ကားပေါ့.....သူချစ်သူကို မစွန့်လွတ်နိုင်လို့  သူရဲကောင်းများစွာ သေဆုံးခဲ့ရတယ်.. try ဟာ လည်းပျက်သုန်းခဲ့ရတယ်...ဒါဟာ သမိုင်းမှာ ထင်ကျန်နေဆဲပေါ့....။ နောက်ပြီး တိုက်တန်းနစ် ကားထဲမှာ လီယိုနာဒိုဟာ သူချစ်သူအတွက် တံခါးချပ်ပေါ်တက်စေခဲ့ပြီး သူကတော့ ရေထဲမှာနေနေခဲ့တယ် အအေးဒဏ်တွေကြားမှာ သူချစ်သူလက်ကလေးကို ဆုပ်ကိုင်ရင်းး သူ့ချစ်သူသီချင်းသံကိုနားထောင်နေခဲ့တယ်..တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်းနဲ့  ကျွန်တော်သိချင်လိုက်တာ တစ်ခုက ခွဲခွားရကြတော့ချစ်သူနှစ်ယောက် ရင်ထဲမှာ ဘာတွေရှိနေမလဲဆိုတာကိုပေါ့... နောက်ဆုံးတော့ လီယိုနာဒိုဟာ ပင်လယ်ကြမ်းပြင်ကို မြုပ်သွားခဲ့တယ်... သူချစ်သူကတော့ အသက်ရှင်ခဲ့တယ်...ဒါဟာပေးဆပ်ခြင်းတစ်ခုပေလာ.....အချစ်ဆိုတာ အရမ်းကိုဆန်းကြယ်လှပြီး အမျိုးမျိုးရှင်သန်နေတဲ့ အရာလို့ပဲ ပြောရလေမလား.....အချစ်ကြောင့်ပျော်ရွင်မူတွေရှိသလို အချစ်ကြောင့်ပူဆွေးမူတွေလည်းရှိတယ်...။
အချစ်ဆိုတာ .......ဘယ်လိုလဲလို့ ကျွန်တော် စာဖတ်ပရိတ်သတ်တွေကို ပြန်မေးလိုက်ပါရစေ..........?
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပန်းရောင်ကမာကောင်ရဲ့ရာဇဝင်......(ဝတ္တုတို)

ပန်းရောင်ကမာကောင်ရဲ့ရာဇဝင်

“ကောင်လေး… ကမာကောင်ရဲ့ ရာဇဝင်ကိုသိလား? ကြားဖူးတာတစ်ခုက ပန်းရောင်ကမာကောင်ရဲ့ ဆက်နေတဲ့ အခွံနှစ်ခုကို ချစ်သူနှစ်ယောက် ပင်လယ်ထဲအတူ ပစ်ချခဲ့ရင် အဲဒီချစ်သူနှစ်ဦး ရာသက်ပန် ပေါင်းရတယ်တဲ့”
“အူကြောင်ကြောင်နဲ့ ကောင်မလေးရယ်! ဒီလို ရာဇဝင်ကိုလည်း ယုံသတဲ့လား! စိတ်ချပါ… ဒီလိုကမာကောင်မရှိလဲ ငါတို့နှစ်ယောက် ရာသက်ပန် ပေါင်းရမှာပါ။ ပေါင်းရအောင်လဲ ငါကြိုးစားမယ်။ နင်အတွေး မများနဲ့နော် ကောင်မလေး!”
“အင်း… ငါတို့ ကမာကောင် မလိုပါဘူးနော် ကောင်လေး”
ကောင်လေးရဲ့အပြောကို ကောင်မလေးက ခပ်ပြုံးပြုံးပြန်ဖြေတယ်။
လအနည်းငယ်အကြာမှာ ကောင်မလေး ပျောက်သွားခဲ့တယ်။
ဖုန်းလည်း ဆက်သွယ်လို့မရ၊ အိမ်လည်း သော့ခတ်လို့ ကောင်မလေး တစ်ယောက် ခြေရာ ဖျောက်သွားခဲ့တယ်။ ကောင်မလေးကို ကောင်လေး အတတ်နိုင်ဆုံး လိုက်ရှာခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူး။ သူ့ကို ကောင်မလေး လှည့်စား လိမ်ညာသွားပြီလို့ ကောင်လေး မျှော်လင့်ချက်မဲ့ ထင်ခဲ့တယ်။ မကြာပါဘူး…. ကောင်မလေးကို လွမ်းတဲ့စိတ်နဲ့ ကောင်လေး ပေတေခဲ့တယ်။ အရက်သောက်တယ်၊ ရန်ဖြစ်တယ်။
—————————————————————————————————————————————————-
“သူ့ကို မပြောပြတာကို နင်နောင်တ မရဘူးလား?”
ကောင်မလေးရဲ့ သူငယ်ချင်းက ကောင်မလေးကို မေးတယ်။
“အင်း… မရပါဘူး။ ငါ့မှာရောဂါရှိကြောင်း သူ့ကိုမသိစေချင်ဘူးလေ.. ဒါကြောင့် ငါပုန်းရှောင်နေတာ”
“သူငိုမှာစိုးလို့လား? သူစိတ်မကောင်းမှာ စိုးလို့လား?”
“အင်း… ” သူငယ်ချင်းရဲ့အမေးကို ကောင်မလေး ခေါင်းညိတ်ရုံသာ အဖြေပေးနိုင်ခဲ့တယ်။
“နင်မရှိတော့မှ သူ့ကို ငါပြောပြရမလား?”
ဒီအမေးကို ကောင်မလေး ဖြေနိုင်စွမ်း မရှိခဲ့ဘူး။ သူငယ်ချင်းကို ဗွီဒီယိုရိုက်စက် ယူခိုင်းပြီး သူ့ကို ဗွီဒီယို ရိုက်စေခဲ့တယ်။
“ရိုက်ပြီးရင် ဒီအခွေ သူ့ကို ပေးပေးပါနော်”
—————————————————————————————————————————————————-
ကောင်လေးရဲ့မွေးနေ့မှာ ကောင်မလေးရဲ့သူငယ်ချင်း ရောက်လာခဲ့တယ်။
“ရော့… ဒါ နင့်အတွက်”
“ငါ့မွေးနေ့ လက်ဆောင်လား! နင်ကလဲ အားနာစရာဟာ၊ ငါ့ကို နောက်ဖို့တော့ မဟုတ်ပါဘူးနော်”
“ဒီခွေကို နင်ကြည့်ပြီးရင် သိလိမ့်မယ်”
ကောင်မလေးရဲ့သူငယ်ချင်းက မျက်ရည် အဝဲသားနဲ့ ပြောတယ်။
သူငယ်ချင်းရဲ့အပြုအမှုကြောင့် ကောင်လေးတစ်ချက် မှင်သက်သွားတယ်။ အိမ်ရောက်ရောက်ချင်း အခွေကို သူဖွင့်ကြည့်တယ်။ ခွေထဲမှာ ကောင်မလေးရဲ့ အရိပ်ကိုမြင်တယ်။ လူနာ ကုတင်ပေါ်မှာ ကောင်မလေး ခပ်ပြုံးပြုံးထိုင်ရင်း စကားစတယ်။
“ကမာကောင်ရဲ့ ရာဇဝင်ကို မှတ်မိသေးလား ကောင်လေး? ပန်းရောင် ကမာကောင်ကို ငါသွားရှာသေးတယ်။ ရှာလို့လည်း မတွေ့ခဲ့ပါဘူး။ ငါ့ကို အူကြောင်ကြောင်နဲ့ ဆိုပြီး နင်ပြောဦးမလား? ပန်းရောင် ကမာကောင်ကို ငါအရမ်းရှာတွေ့ချင်တယ်။ နင်နဲ့ငါ ရာသက်ပန် အတူနေချင်လို့ပါ…. ”
သက်ပြင်း ခပ်တိုးတိုးလေး တစ်ချက် ကောင်လေး ချမိတယ်။ အခွေထဲက ကောင်မလေးရဲ့ဆို့နင့်သံက လွှင့်ပျံလာပြန်တယ်။
“ငါရှောင်ပုန်းနေလို့ ငါ့ကို နင်အရမ်း မုန်းမိမှာပဲနော်။ နင့်ကိုငါ လှည့်စားသွားပြီလို့ နင်ထင်နေမှာပဲ။ ငါဘာဖြစ်လို့ ကမာကောင် သွားရှာခဲ့လဲ နင်သိလား ကောင်လေး! နင်နဲ့ ရာသက်ပန် အတူနေဖို့ ငါ့မှာ ကိုယ်ပိုင်အင်အား မရှိလို့ပါကောင်လေး..
ငါ အစာအိမ် ကင်ဆာရောဂါ ခံစားနေရတယ် ကောင်လေး! နှစ်ဝက်တောင် အသက် မရှင်နိုင်တော့ဘူးလို့ ဆရာဝန်က ပြောတယ်။ ဒါကြောင့် နင့်ကိုငါ ရှောင်ပုန်းခဲ့တယ် ကောင်လေးရယ်။ နင့်ကိုငါ ပြောမပြတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် ငါ့သူငယ်ချင်းက ငါမရှိတော့တဲ့နောက် နင့်ကို သွားပြောပြမှာပဲ။ အဲဒီအချိန်ကျရင် သူ့စကားကို နင်ယုံမှာ မဟုတ်ဘူး။ ဒါကြောင့် ငါခွေရိုက်ပြီး ထည့်ပေးလိုက်တယ်။ နင့်အတွက် ငါ့ရဲ့ နောက်ဆုံး စကားတွေပေါ့။ ဒီခွေကို နင်လက်ခံရရှိတဲ့အချိန် ငါ့အတွက် အချိန်ဘယ်လောက်မှ ကျန်တော့မှာမဟုတ်ဘူး။
“နင့်ကို ငါချစ်တယ်” ငါပြောခဲ့ပါရစေ…. အခုချိန်မှာ ငါဟာ ပန်းရောင် ကမာကောင်ကို အရမ်းလိုအပ်နေပါတယ် ကောင်လေးရယ်..”
ကောင်မလေးရဲ့ ကြေကြေကွဲကွဲ အသံကြောင့် ကောင်လေး မျက်ရည်တွေ ဆို့တက်လာတယ်။ မျက်ရည်တွေ ပြည့်နေတဲ့ အကြည့်တွေကြားမှာ ကောင်မလေးရဲ့ ပုံရိပ်ကို မှုန်ဝါးဝါးသာ မြင်ရပြီး တိုးညင်းတဲ့ အသံကိုပဲ ကောင်လေး ကြားနေရတယ်။
“ကောင်လေး…. နင့်ကိုငါ အရမ်းချစ်တယ်… ငါနှုတ်ဆက်ခဲ့ပါတယ်”
မျက်လုံးအိမ်မှာ ပြည့်နေတဲ့ မျက်ရည်တွေက ကောင်လေး ပါးပြင်ထက် တရဟော စီးကျလာခဲ့တယ်။
“ငါ မငိုခဲ့တာ တော်တော်ကြာပြီ ကောင်မလေးရဲ့…”
ခွေကိုစက်ထဲကထုတ်ပြီး ရင်ခွင်ထဲ တင်းတင်းပွေ့ထားရင်း ကောင်လေးပြောတယ်။
“နင့်ကိုလဲ ငါအရမ်းချစ်တယ် ကောင်မလေးရယ်…”
—————————————————————————————————————————————————-
ရက်အနည်းငယ် အကြာမှာ ကောင်မလေးရဲ့ သူငယ်ချင်းက ကောင်လေးကို သွားခေါ်ခဲ့တယ်။
“နင်တကယ်ပဲ ပန်းရောင် ကမာကောင်ကို ရှာတွေ့ခဲ့တာလား!”
“အင်း… ဟုတ်တယ်။ ဘယ်တော့မှ သူ့သူငယ်ချင်းတွေ သူ့ကို ဝင်တွေ့ခွင့်ပေးမလဲ?”
“အင်း.. အခုရပြီ ထင်တယ်.. လာ”
ကောင်မလေးရဲ့ အသုဘ အခမ်းအနားထဲဝင်ပြီး ကောင်မလေးကို သူတို့ ဝင်တွေ့ခဲ့တယ်။
ကောင်မလေးကို တွေ့တော့ ကောင်လေးက “နင် မကောင်းဘူး… ငါ့ထက်အရင် ထွက်သွားခဲ့တယ်။ ပန်းရောင် ကမာကောင်ကို ငါရအောင် ရှာခဲ့တယ် ကောင်မလေး။ အခွံတစ်ခြမ်းကို ငါပင်လယ်ထဲ ပစ်လိုက်ပြီ။ ဒီအခွံတစ်ခြမ်းက နင့်အတွက်….”
ကောင်လေးက ပြောပြောဆိုဆို အခွံတစ်ခြမ်းကို မီးထဲ ပစ်ထည့်လိုက်တယ်။
“နင်လည်း ဒီအခွံကို ပင်လယ်ထဲ ပစ်လိုက်နော်။ ဒါမှ နောင်ဘဝမှာ ငါတို့ အတူတူ ထာဝရ နေကြရမှာ”
သူ့အတွက် ကောင်မလေးထားခဲ့တဲ့ ဆွဲကြိုးကို ကောင်လေးနမ်းရှုံ့လိုက်ပြီး
“ဒီဆွဲကြိုးကို ငါတစ်သက်လုံး သိမ်းထားမယ်။ နင့်ကို ပန်းရောင် ကမာကောင်ပေးလို့ ပြန်ရတဲ့ လက်ဆောင်အဖြစ် ငါ တစ်သက်လုံး သိမ်းထားမယ်။ နင်လည်း နင့်လက်ထဲက လက်စွပ်ကို ဘယ်တော့မှ မချွတ်နဲ့နော်… နင့်ကို ငါချစ်တယ် ကောင်မလေး ပန်းရောင် ကမာကောင်ရဲ့ ရာဇဝင်ကိုလည်း ငါဘယ်တော့မှ မမေ့ပါဘူး။ နောင်ဘဝမှာ ငါတို့ရာသက်ပန် ပေါင်းဖက်ကြမယ် ကောင်မလေးရယ်”
ပန်းရောင် ကမာကောင်ကို မြင်ဖူးပါသလား! ပန်းရောင် ကမာကောင်ရဲ့ ရာဇဝင်ကို ကြားဖူးပါသလား! မမြင်ဖူး၊ မကြားဖူးလည်း ချစ်သူတိုင်း ရာသက်ပန် ပေါင်းဖက်နိုင်ပါစေ…
မူရင်း– google search or 貝殼ㄉ傳說
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရင်...76 ချက်ထဲက ဘယ်နှချက် သင် လုပ်နိုင်သလဲ???

အဲလိုနေပေးရင်ကောင်းမလားဆိုတာကို ဖတ်ပေးကြအုံးနော်..သယ်ချင်းတို့ 

၁။ facebook password ကို သူမကို ပြောပြပါ...


၂။ သူမကို မရက်စက်ပါနဲ့...

၃။ စိတ်ထိခိုက်အောင် မလုပ်ပါနဲ့...

၎။ သူမကို အနိုင်မကျင့်ပါနဲ့...

၅။ မညာပါနဲ့...

၆။ မရိုက်ပါနဲ့...

၇။ တစ်ခုခုနဲ့ ကောက်ပေါက်တာမျိုးမလုပ်ပါနဲ့..
.

၈။ သူမဖုန်းကို မချပစ်ပါနဲ့....

၉။ အသံကျယ်နဲ့  အော်ပြီး သူမကို စကားမပြောပါနဲ့...

၁၀။ သူမ စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့...

၁၁။ သူမအတွက် အနှောင့်အယှက်ဖြစ်မဲ့ အရာတွေ သူမနဲ့ အတူ မရှိပါစေနဲ့...

၁၂။ မလုပ်ချင်တဲ့ အရာကို အတင်းမခိုင်းပါနဲ့...

၁၃။ ရည်းစားဟောင်းမိန်းကလေးနဲ့ သူမကို နှိုင်းပြီး မပြောဆိုပါနဲ့...

၁၄။ မလုပ်တတ်တဲ့ အရာကို အပြစ်မပြောပါနဲ့...

၁၅။ သူမကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကို မကျွေးပါနဲ့...

၁၆။ တခြားတစ်ယောက်က သူမထက် ပိုတော် ပိုကောင်းတယ်လို့ မပြောပါနဲ့...

၁၇။ အေးတဲ့ ရာသီမှာ သူမရဲ့ လက်ကလေးတွေကို နွေးထွေးစွာ ဆုပ်ကိုင်ထားပေးပါ...

၁၈။ လမ်းသွားတဲ့အချိန်မှာ သူမလက်ကို မြဲမြဲကိုင်ထားပါ...မလွှတ်လိုက်ပါနဲ့...

၁၉။ လမ်းကူးတဲ့အခါ... သူမလက်ကို တင်းကြပ်စွာ ကိုင်ထားပေးပါ...

၂၀။ သူမနဲ့ အတူတူ ဈေးဝယ်ထွက်တဲ့အခါ ပင်ပန်းလိုက်တာလို့ မပြောပါနဲ့...

၂၁။ ဈေးဝယ်ထွက်ရင် ပစ္စည်းကူသယ်ပေးပါ...

၂၂။ အထိမ်းအမှတ်နေ့တွေမှာ အမှတ်တရလက်ဆောင်ပေးပါ...

၂၃။ သူမ ဆာလောင်တဲ့အခါ...သူမနဲ့ အတူတူ စားသောက်ပေးပါ...

၂၄။ ရန်ဖြစ်ရင် အရင်ဆုံး တောင်းပန်ပါ....

၂၅။သူမ ကလေးဆန်တဲ့အခါ အဖော်ပြုပေးပါ...

၂၆။ နေမကောင်းတဲ့အခါ သတိတရ ဆေးတိုက်ပါ...

၂၇။ သူမ ဖုန်းဆက်ရင် ဆက်ဆက် ကိုင်ပါ...

၂၈။ နေမကောင်းတဲ့အခါ သူမဘေးမှာ နေပေးပါ...

၂၉။ ၀မ်းနည်းစရာနဲ့ သူမကြုံတဲ့အခါ...နှစ်သိမ့်ပေးပ

၃၀။ သူမ ငိုတဲ့အခါ... နွေးထွေးစွာ ဖက်ထားပါ..

၃၁။ သူမ မွေးနေ့ရောက်တဲ့ အခါ.. ပထမဆုံး သူမကို ပျော်ရွှင်စေသူဖြစ်ပါစေ...

၃၂။ သူမကို ပြောတဲ့ အတိုင်း ကတိတည်ပါ...

၃၃။ ဟန်းဖုန်းကို သူမကို ကြည့်ခွင့်ပေးပါ...

၃၄။ ကိစ္စရှိလို့ သူမခေါ်တဲ့အခါ...သွားနိုင်အောင်ကြိုးစားပါ...

၃၅။ ညဘက် ဖုန်းပိတ်မထားပါနဲ့...

၃၆။နေ့တိုင်း သူမကို ဖုန်းဆက်ပေးပါ....

၃၇။ online ပေါ်ရောက်တဲ့အခါ...သူမ ရှိမရှိ အရင်သတိပြုပါ...

၃၈။ တနေရာကို သူမ တစ်ယောက်ထဲသွားတဲ့အခါ... သူမကို ဖုန်းဆက်ပြီး
သတိထားသွားဖို့ ပြောဆိုပါ...

၃၉။ သူမ ကြိုက်ရင် ၀ယ်ပါစေ...

၄၀။ သူမကို သေချာစောင့်ရှောက်ပါ...နေမကောင်းမဖြစ်ပါစေနဲ့...

၄၁။ သူမရဲ့ ဖုန်းနံပါတ်ကို ဖုန်းနံပါတ် စာရင်းထဲမှာ နံပါတ် ၁ ရှိပါစေ....

၄၂။ သူမနဲ့ စိတ်တူကိုယ်တူရှိပါစေ...

၄၃။ သူမ မက်ဆေ့ခ်ျ ပို့ရင် ချက်ခြင်း ပြန်ပါ....

၄၄။ သူငယ်ချင်းတွေရဲ့ ရှေ့မှာ သူမကို မျက်နှာသာပေးပါ...

၄၅။ လမ်းအတူတူသွားတဲ့အခါ သူမရဲ့ ဘယ်ဘက်မှာ နေပေးပါ...

၄၆။ ချစ်သူသက်တမ်းဘယ်လောက် ကြာပါစေ...အချစ်တွေ အမြဲ သစ်လွင် လန်းဆန်းနေပါစေ...

၄၇။ အန္တရာယ်ရှိရင် သူမကို မခိုင်းပါနဲ့...

၄၈။ မိုးရွာရင်... သူမကို ထီးဆောင်းပေးပါ...

၄၉။ သူမရဲ့ အကြိုက်ကို မှတ်ထားပေးပါ...

၅၀။ ပျော်ရွှင်တဲ့အခါ သူမနဲ့ အတူ မျှဝေခံစားပါ...

၅၁။ ၀မ်းနည်းစရာရှိရင် သူမကို အသိပေး တိုင်ပင်ပြောဆိုပါ...

၅၂။ သူငယ်ချင်းအားလုံးကို သူမနဲ့ မိတ်ဆက်ပေးပါ...

၅၃။ သူမကို ရယ်မောပျော်ရွှင်အောင် ထားပါ...

၅၄။ ပြောတဲ့အတိုင်း လုပ်ပါ...

၅၅။ တတ်နိုင်ရင် ဟင်းချက်သင်ပြီး သူမကို ကျွေးပါ....

၅၆။ သူမကို ယုံကြည်ပေးပါ...

၅၇။ အမြင်သဘောထားချင်း မကြာမကြာ ဖလှယ်ပါ...

၅၈။ သူမအိပ်တဲ့အခါ စောင်ခြုံပြီး နွေးထွေးအောင်လုပ်ပေးပါ....

၅၉။ သူမရဲ့ အတိတ်ကို နားလည်ပေးပါ...

၆၀။ သူမအတွက် လုံခြုံမှု ရှိပါစေ...

၆၂။ သူမစိတ်ဆိုးတဲ့အခါ ပျော်ရွှင်အောင် နှစ်သိမ့်ပြောဆိုပါ...

၆၃။ သူမ အလိုရှိတာကို အတတ်နိုင်ဆုံး ကြိုးစားပေးပါ...

၆၄။ ချိန်းတွေ့တဲ့အခါ..သူမထက် စောရောက်ပါစေ...

၆၅။ ချိန်းတွေ့တဲ့နေရာမှာ သူမကို စောင့်ရတာ အရမ်းကြာလို့ ပြန်သွားတာမျိုး
မလုပ်ပါနဲ့...

၆၆။ သူမနဲ့ အတူတူ အဖော်ပြု
လည်ပတ်ပေးတဲ့အခါ...အချိန်မရှိဘူးလို့မပြောပါနဲ့...သူမသွားချင်တဲ့နေရာကို
ရွေးချယ်ပါစေ...

၆၇။ အချိန်တိုင်း သူမကို သတိရ ပါစေ....

၆၈။ တခြားမိန်းကလေးတစ်ယောက်ကို ၃ စက္ကန့်ထက်
ပိုမကြည့်ပါနဲ့...မကြည့်တာအကောင်းဆုံးပါပဲ...

၆၉။ အိမ်ပြန်တဲ့အခါ သူမကို အိမ်ဝ အထိလိုက်ပို့ပေးပါ... သူမအိမ်ပေါ်ရောက်မှ ပြန်ပါ...

၇၀။ အိမ်ပြန်ပို့ပေးတဲ့အခါ ကောင်းသောညပါလို့ နှုတ်ဆက်ဖို့ မမေ့ပါနဲ့...

၇၁။ သူမလုပ်တဲ့အရာကို ကူညီလုပ်ပေးပါ... သပ်သပ်ရပ်ရပ် ကူညီလုပ်ဆောင်ပေးပါ...

၇၂။ စားကောင်းတဲ့ အစာကို သူမကို ကျွေးဖို့ သတိရပါ...

၇၃။ မနက်အိပ်ရာထဖို့ သူမကို နှိုးပေးပါ...

၇၄။ မနက်စာ ၀ယ်ကျွေးပါ...
၇၅။ဘ၀မှာ သူမကို အရေးကြီးဆုံးနေရာမှာထားပါ...

၇၆။ သူမဟာ သင့်ကြောင့် ကံအကောင်းဆုံး မိန်းကလေးဖြစ်ပါစေ...
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS