RADIO

What is current song?

RSS
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Facebook တွင် ဓာတ်ပုံတင်သူများ သတိထားပါ - Facebook သုံးသူတိုင်းဖတ်ရန်

Facebook တွင် ဓာတ်ပုံတင်သူများ သတိထားပါ - Facebook သုံးသူတိုင်းဖတ်ရန်
===================================
ဒီ ရက်ပိုင်းမှာ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်လောက် Facebook သုံး ရင်း ပြဿနာတစ်ခု တက်ကြတယ်ဗျ။ အဲ့ ပြဿနာကလည်း အကြီးကြီးနော် .. ဂုဏ်သိက္ခာကို တော်တော် ထိခိုက်စေတယ်ဗျ။ အဲဒါ ဘာ ပြဿနာလည်းဆိုတော့..ဒီလိုဗျ..ကျွန်တော်သူငယ်ချင်း မိန်းကလေးတွေက သူ့တို့လည်း Facebook သုံးတဲ့သူတွေ လုပ်နေကြ သဘာဝအတိုင်း ဓာတ်ပုံတွေရိုက် .. ကိုယ့် ရဲ့ Friends တွေကို tag တွေထိုး …ပုံတွေကို share ကြတာပေါ့… အဲသူတို့ရဲ့ ph နံပတ်တွေကိုလည်း တစ်နေရာရာမှာ share လိုက်တာတို့ …တင်လိုက်တာတို့ ..လုပ်မိတယ်ထင်တယ်ဗျ…အဲမှာစတာပဲဗျာ…
ဘယ်သူကမှန်းမသိ page တစ်ခုထောင်ပြီး ကျွန်တော့်သူငယ်ချင်းရဲ့ ပုံတွေကို သူတို့ရဲ့ profile ကနေပြီး download လုပ် သူ့ရဲ့ page မှာတင် ကျွန်တော့်သူငယ်ချင်းတွေရဲ့ ph နံပါတ်ကိုလည်း သူ့ရဲ့ page မှာတင်ပြီး….မကောင်းတာတွေ လျှောက်လုပ်ပါလေရော…အဲဒီ့ နှမချင်းမစာနာကောင်က သူ့ရဲ့ page ကို ပြည့်တန်ဆာ page လိုမျိုး လုပ်ထား…ပြီးတော့ ကျွန်တော့် friend မိန်းကလေးရဲ့ နံမည်..ဖုန်းနံပါတ်တွေတင်…ပုံတွေတင်…လျှောက် share တော့…သေရော…ကျွန်တော့် Friend ကို ဖုန်းတွေ ဆက်ပါလေရော…တစ်နေ့ကို ဖုန်း ၁၀ ခါပဲ ဆက်ပါဦးဗျာ…ခံရတဲ့ ကာယကံရှင်က ဘယ်လိုနေမလဲ…လုပ်တဲ့သူကလည်း ဘယ်သူမှန်းမသိ…တိုင်လို့လည်းမရ…ပြီးတော့ ဆက်တဲ့ ph ကလည်း အကောင်းပြောမယ့်သူတွေ ဆက်တဲ့ ဖုန်းမဟုတ်တော့ ခံရတဲ့သူက တော်တော်ခံရတယ်ဗျ…ဂုဏ်သိက္ခာလည်း တော်တော်ထိခိုက်သွားပြီ….မသိတဲ့သူတွေကတော့ …ကျွန်တော့် firend ကို တစ်မျိုးထင်ကြတော့မယ်ဗျ…
ပြီးတော့ နောက်တစ်ခုသတိထားရမှာက Facebook မှာ account name ကို တူအောင်ပေးလို့ရတယ်ဗျ….ဥပမာ နံမည်တစ်ခုကို ရှာလိုက်ဗျာ …အဲ့နံမည်နဲ့ account တွေအများကြီး ထွက်လာလိမ့်မယ်ဗျ.. ကဲဒီတော့ friend တို့ကို မကောင်းတာလုပ်ချင်တဲ့သူက friend တို့ နံမည်နဲ့ account လုပ်လိုက်မယ်ပဲထား…ပုံတွေကိုလည်း friend profile ကနေပြီး download လုပ်ပြီးပြန်ထည့်မယ်ဗျာ…ပြီးရင် အဲ့ account နဲ့ မကောင်းတဲ့ page တွေကို like လုပ်မယ်…မဟုတ်တဲ့ status တွေကိုရေးမယ်ဆိုရင်…ကဲ ဘယ်လိုလုပ်မလဲ… ဘယ်မှလည်းတိုင်လို့မရ… ဘယ်သူမှန်းလဲမသိ…..
အဲလိုမျိုး ကြုံလာမှာဆိုးလို့ Friend တို့ကို သတိပေးချင်လို့ ဒါလေးကို ရေးလိုက်တာပါဗျာ….ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းတယ်လို့…စကားပုံတောင်ရှိတယ်မလား…အဲတော့ ဒီလိုမျိုး မကြုံရအောင်..ကိုယ့်ကို Friend request လာလုပ်ထားရင် သူ့ရဲ့ profile ကို သေချာစစ်..ဘယ်သူလဲသိမှ လက်ခံပေါ့နော်…ပြီးရင် ကိုယ့်ရဲ့ privacy ကိုထိခိုက်နိုင်မယ့်…status တွေမတင်မိစေနဲ့ပေါ့နော်…ဥပမာ..ဖုန်းနံပါတ်တို့ လိပ်စာတို့ပေါ့…. Chat box တွေမှာလည်း ကိုတစ်ကယ် မသိရင် မပြောတာ ကောင်းပါတယ်ဗျာ….တစ်ကယ်လို့ အဲလိုမျိုး အလုပ်ခံရမယ်ဆိုရင်…Facebook ကို report တင်လို့တော့ရတယ်ဗျ..အဲ့ account က ဒီလိုလုပ်နေပါတယ်လို့…. ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ Facebook က သူ့ကို လုပ်တဲ့ account ကို block လုပ်ပေးလိုက်လို့ သက်သာရာရသွားတယ်… ဒါပေမယ့် အဲ့လို့မျိုး Facebook က block ပေးတာက percent တော်တော်နည်းတယ်ဗျ… ကဲ Friend တို့ တစ်ခြား

Friend တွေကိုလည်း သိရအောင် share ပေးပါနော်..
သတိလည်းထားပေါ့ဗျာ..သတိထားတာမမှားပါဘူး….
အားလုံးပဲ Facebook မှာ ပျော်ပျော်ရွှင်ရွှင် အန္တရာယ် ကင်းကင်းနဲ့ ပျော်မွေ့နိုင်ပါစေနော်…
credit: mwd

via SearchMyanmar

Credit To :SearchMyanmar
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံး ဗုံးဖောက်ခွဲရန် ကြံစည်မှုတွင် ပါဝင်ခဲ့သည့် ဗုံးပြုလုပ်သူကို အင်ဒိုနီးရှားတရားရုံးမှ ထောင်ဒဏ် ခုနစ်နှစ်ခြောက်လ ချမှတ် လိုက်သည်။။။။။။။။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် လက်စားချေသည့်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲရန် ကြံစည်မှုတွင် ပါဝင်ခဲ့သည့် ဗုံးပြုလုပ်သူ အစ္စလာမ်မစ်အစွန်းရောက်တစ်ဦးကို အင်ဒိုနီးရှားတရားရုံးမှ ကြာသပတေးနေ့က ထောင်ဒဏ် ခုနစ်နှစ်ခြောက်လ ချမှတ်ခဲ့ကြောင်း AFP သတင်းဌာနမှ သိရသည်။ အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့မှု မအောင်မြင်သည့်နောက်ပိုင်း လေးဦးမြောက်အဖြစ် ထောင်ဒဏ်ချမှတ်ခံခဲ့ရ သူဖြစ်သည်။ အသက် ၂၉နှစ်အရွယ်ရှိ Separiano ကို မေလအတွင်း ဗုံးဖောက်ခွဲမှုပြုလုပ်ရန် သတ်မှတ်ထားသည့် ရက်မတိုင်မီ ညဖက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးစဉ်က ၎င်းသည် လွယ်အိတ်အပြည့် ပိုက်ဗုံးများထည့်ကာ အခြားပူးပေါင်းကြံစည်သူတစ်ဦးနှင့် အတူ ဆိုင်ကယ်ပေါ်တွင် စီးနင်းလိုက်ပါခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။ ပြီးခဲ့သည့် တရားရုံးကြားနာစစ်ဆေးမှုတစ်ခုတွင် ၎င်းက အခြားသော စစ်သွေးကြွများနှင့် လူမှုကွန်ရက်စာမျက်နှာ Facebook မှ တစ်ဆင့်ဆက်သွယ်ခဲ့ပြီး စစ်သွေးကြွဘာသာရေးခေါင်းဆောင် Abu Bakar Bashir ၏ တရားဟောကြားမှုများကို နာယူခဲ့ကြောင်း သိရသည်။ Abu Bakar Bashir သည် ၂၀၀၂ခုနှစ် ဘာလီဗုံးဖောက်ခွဲမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်ကွန်ရက်၏ ဘာသာရေးခေါင်းဆောင်ဖြစ်ပြီး လက်ရှိတွင် အကျဉ်းချခံထားရသူဖြစ်သည်။ ကြာသပတေးနေ့က ဂျကာတာ တောင်ပိုင်းခရိုင်တရားရုံးမှ Separiano ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေများအရ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ “တရားခံ Separiano ဟာ အကြမ်းဖက်မှုအတွက် ဗုံးများပြုလုပ်ခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်းအတွက် တရားဥပဒေအရ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားပါတယ်” ဟု အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး ဖြစ်သူ Suwanto က ပြောကြားခဲ့သည်။ အင်္ဂါနေ့တွင် အဆိုပါ ဗုံးဖောက်ခွဲရန် ကြံစည်မှု၏ ကြိုးကိုင်သူဖြစ်သည့် Sigit Indrajid ကိုလည်း ထောင်ဒဏ် ခုနစ်နှစ် ခြောက်လ ချမှတ်ခဲ့သည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မလေးရှားနိုင်ငံ Camp ကိုးခုရှိ မြန်မာနိုင်ငံသား ၁၄၁ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြ................

မလေးရှားမှ ပြန်လည်ခေါ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံသားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်) သီတဂူ အထောက်ကူအပြုအဖွဲ့ (မလေးရှား) ၏အစီစဉ်ဖြင့် မလေးရှားနိုင်ငံရှိ Camp ကိုးခုထဲတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသား ၁၄၁ ဦး ဇန်န၀ါရီ ၂၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။ ယခုပြန်လည်ရောက်ရှိလာသူ ၁၄၁ ဦးတွင် အများစုမှာ မလေးရှားနိုင်ငံရှိ Camp များထဲတွင် Over stay ဖြင့် အထိန်းသိမ်း ခံထားရသူများဖြစ်ကာ အမျိုးသမီး ၁၀ ဦးပါဝင်ပြီး ပြန်လည်ရောက်ရှိလာကြသူများကို တစ်ဦးလျှင် လမ်းစရိတ်ထောက်ပံ့ငွေ ၂၀၀၀၀ ကျပ်စီ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် Camp များထဲတွင် နေထိုင်နေရသည့် မြန်မာနိုင်ငံသားများကို ဖေဖော်ဝါရီလလယ်ပိုင်းတွင် ထပ်မံခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သီတဂူအထောက်ကူပြုအဖွဲ့ (မလေးရှား)မှ ဒေါက်တာမြတ်သူက ပြောကြားသည်။ “အခုပြန်ခေါ်လာတဲ့ မြန်မာတွေက မလေးမှာရှိတဲ့ Camp ကိုးခုထဲကသူတွေပါ။ အမျိုးသမီး ၁၀ ဦးပါတယ်။ အများစုက အော်ပရာစီနဲ့တွေ့ပြီး Camp ထဲ ရောက်ကြတဲ့သူတွေပါ။ တစ်ချို့မိန်းကလေးတွေဆို ရောက်ပြီးငါးရက်လောက် အကြာမှပဲ အဖမ်းခံရတာတွေရှိတယ်” ဟု ၎င်းကပြောကြားသည်။ “ကျွန်တော် Camp ထဲမှာ နှစ်လကျော် ကြာနေခဲ့ရပါတယ်။ အဖမ်းခံရတာက ပတ်စပို့မရှိလို့ပါ။ ဟိုမှာ နေရထိုင်ရတာ အဆင်မပြေပါဘူး။ ခုလိုမျိုး မြန်မာပြည်ပြန်ရောက်လာတဲ့အတွက် အရမ်းပျော်ပါတယ်” ဟု မလေးရှားမှ ပြန်ရောက်လာသူ ရခိုင်ပြည်နယ်မှ ကိုမင်းကျော်နိုင်က ပြောကြားသည်။ ဖားအံမြို့နေ ကိုမြင့်မိုးက “ကျွန်တော် မလေးမှာနေလာတာ ၁၀ နှစ်ကျော်ရှိသွားပါပြီ။ အလုပ်သွားရင်း အော်ပရာစီနဲ့တွေ့လို့ အဖမ်းခံခဲ့ရတာပါ။ Camp ထဲမှာ စားရသောက်ရတာလည်း အဆင်မပြေပါဘူး။ ငါးလကျော်လောက် နေခဲ့ရတယ်။ ကျွန်တော်တို့လို ဒုက္ခရောက်နေတဲ့သူတွေကို ပြန်ခေါ်ပေးလို့ သီတဂူအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။ ၂၀၁၃ ခုနှစ်အတွင်းက မလေးရှားရှိ မြန်မာနိုင်ငံသား ၂၀၀၀ ကျော်အား သီတဂူ အထောက်ကူပြုအဖွဲ့နှင့် ကမ္ဘောဇဘဏ်တို့၏ စီစဉ်မှုဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဟောင်ကောင်တွင် အိမ်အကူအမျိုးသမီး အကြမ်းဖက်ခံရမှုများ ဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ဟောင်ကောင်သို့ အိမ်အကူဆက်ပို့မည်

            အိမ်အကူအမျိုးသမီး အကြမ်းဖက်ခံရမှုများ ဖြစ်ပွားခဲ့ပြီး အိမ်အကူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိတ်ချရမှုမရှိဟူသော စွပ်စွဲချက်များ ရှိနေသော်လည်း မြန်မာနိုင်ငံအနေဖြင့် ဟောင်ကောင်သို့ အိမ်အကူပို့ဆောင်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟောင်ကောင်လစ်ဘရယ်ပါတီ လွှတ်တော်အမတ်နှင့် ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သူ Felix Chung Kwokpan က ပြောကြားခဲ့သည်ဟု South China Morning Post ၏ ဖော်ပြချက်အရ သိရသည်။
           ညှဉ်းပန်းနှိပ်စက်ခြင်း ခံရခြင်းကြောင့် ဆေးရုံတက် ကုသမှုခံယူနေရသူ အသက် ၂၃ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသမီး အိမ်အကူ အပါအဝင် အခြားအိမ်အကူ အမျိုးသမီးနှစ်ဦး၏ အိမ်ပိုင်ရှင်အား တရားစွဲဆိုမှု ပြုလုပ်ပြီးချိန်တွင် Felix Chung Kwokpan သည် တနင်္လာနေ့၌ မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
         “ဝန်ကြီးက ဟောင်ကောင်မှာဖြစ်ခဲ့တဲ့ နှိပ်စက်ခံရတဲ့ အလုပ်သမားကိစ္စကို တွေ့ဆုံပွဲမှာပြောခဲ့ပြီး ဟောင်ကောင်မှာ နိုင်ငံခြားသား အိမ်အကူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ရှိရဲ့လားဆိုတာကို မေးခဲ့ပါတယ်” ဟု Chung က ပြောကြားသည်။
 “ဒါပေမဲ့ အခုဖြစ်သွားတဲ့ အင်ဒိုနီးရှား အိမ်အကူပြဿနာဟာ သိပ်ကြီးမားတဲ့ပြဿနာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဘက်ကလည်း အခုလက်ရှိ အစီအစဉ်က အဆင်ပြေတယ်လို့ ယူဆပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
         Chung က ဟောင်ကောင်သို့ အိမ်အကူများ တင်ပို့ရန်အတွက် ခိုင်မာသော တင်ပြချက်တစ်ခု ပြုလုပ်မည်ဖြစ်ပြီး အိမ်အကူများအား အကာအကွယ်ပေးသည့် ဥပဒေများနှင့် ပတ်သက်၍လည်း ရှင်းပြမည်ဖြစ်ကြောင်း ပြောကြားသည်။ ဟောင်ကောင်-မြန်မာ နှစ်ဖက်မှ တာဝန်ရှိသူများ အနေဖြင့် မတ်လတွင် ထပ်မံတွေ့ဆုံနိုင်ရန် အတွက်လည်း မျှော်လင့်ပါကြောင်း Chung က ပြောကြားသည်။
        ဟောင်ကောင်အခြေစိုက် Golden Mind အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီသည် အလုပ်သမား စုဆောင်းရေးအတွက် မြန်မာအစိုးရထံမှ ခွင့်ပြုချက်ရရှိထားပြီး ပထမဆုံးအသုတ်ဖြစ်သည့် အိမ်အကူ ၅၅ ဦး လာမည့်လကုန်ပိုင်းတွင် ဟောင်ကောင်သို့ ရောက်ရှိမည်ဖြစ်သည်။
       အခြားဟောင်ကောင် အလုပ်သမား အေဂျင်စီတစ်ခုဖြစ်သည့် Technic Employment Service Centre သည် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီလကုန် ဒုတိယအကြိမ် တွေ့ဆုံမည်ဖြစ်သည်။ Chung က ပြောဆိုရာတွင် ၎င်း၏စေ့စပ်ညှိနှိုင်းချက်များကြောင့် မြန်မာနိုင်ငံမှ ဟောင်ကောင်သို့တစ်နှစ်လျှင် အလုပ်သမား နှစ်သောင်းကျော် တင်ပို့နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အရက်နဲ. စိမ်သောက်တဲ.မြွေက ပြန်ကိုက်

မြွေကို အရက်နဲ့ စိမ်သောက်တာက ကျန်းမာရေး အတွက် အကျိုးရှိ တယ်လို့ ယူဆ ကြပါတယ်။ တကယ် လို့ အဲ့စိမ်ထား တဲ့ မြွေက အသက် ပြန်ရှင်လာပြီး ထပေါက် တာမျိုးက တရုတ်ပြည်မှာ တကယ် ဖြစ်ခဲ့ပါတယ်။
Shejiu ဆိုတာ ရိုးရာအရက် တစ်မျိုး ဖြစ်ပါတယ်။ အဆိပ်ပြင်းတဲ့ မြွေများကို အရက်နှင့် စိမ်ထားခြင်း ဖြစ်ပြီး Baijiu နဲ့လည်း တူပါတယ်။
အဆိပ်ပြင်း မြွေများကို သဘာဝ အတိုင်း အရက်နဲ့ စိမ်ထားပြီး သောက်တာ က ခန္ဓာကိုယ်အား အညောင်းညာ ပြေစေခြင်း၊ ကိုယ်ခံစွမ်းအား တိုးပွားခြင်း နဲ့အခြား ကိုယ်တွင်း ရောဂါများပါ ပျောက်ကင်း စေတယ်လို့ ပြောကြ ပါတယ်။
ကျန်းမာရေး အတွက် ခွန်အား ဖြစ်စေတဲ့ အရက် တစ်မျိုး အနေနဲ့ အာရှမှာ မြွေအရက်စိမ်ကို ဒေသတိုင်း လိုလို သောက်သုံး ကြပါတယ်။ လူတိုင်း သောက်နေကျ ပါပဲ။
ဖြစ်ချင် တော့လည်း တရုတ်ပြည် အရှေ့ မြောက်ပိုင်း မြို့လေး တစ်မြို့မှ အမျိုးသမီး တစ်ယောက်ဟာ ဆေးရုံက ဆင်းလာ ပြီးနောက် ၃လကြာ ရှိပြီ ဖြစ်တဲ့ မြွေစိမ် ထားတဲ့ အရက်ကို သောက်လိုက် ရာမှာ ပုလင်း ထဲက မြွေကထပြီး ကိုက်လိုက် ပါတယ်။ အတော့်ကို ကံမကောင်း တာပါပဲ။
Harbin မြို့လေးမှ အမျိုးသမီးက ရာသီဥတု အပြောင်းအလဲ တိုင်းမှာ အဆစ် အမြစ်ကိုက် ရောဂါ ဝေဒနာကို ခံစားနေရလို့ Shejiu ကိုသောက် သုံးရင် ပျောက်ကင်း တယ်လို့ သူငယ်ချင်း တစ်ယောက်က အကြံပေးတဲ့ အတိုင်း သောက်ဖြစ် ပါတယ်။
အဲ့ဒီ မြွေပွေး စိမ်ထားတဲ့ ပုလင်းကို အောက်ခြေထိ ကုန်အောင် သူမက အရက်ကို သောက်လိုက် ပါတယ်။ သောက်လိုက် တော့ သူမ ဝေဒနာ တွေက ချက်ချင်း ပျောက်သွား သလိုပါပဲ။ ဒါကြောင့် ပုလင်းထဲကို အရက် ထပ်ဖြည့်ဖို့ အစို့ကို ဖွင့်လိုက် ပါတယ်။
သူမအဖုံး ဖွင့်လိုက်တာနဲ့ မြွေပွေးက အသက် ရှင်လာပြီး တွန့်လိမ်ကာ အမောက် ထောင်ပြီး ပုလင်းအပြင်ကို ထွက်လာ ပါတယ်။ သူမ ပုလင်းကို ခါထုတ် လွှတ်မပစ် နိုင်ခင်မှာပဲ မြွေပွေးက သူမ လက်ချောင်း လေးကို ကိုက်လိုက် ပါတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်တာကို ကြားကြားခြင်း သူမ မိသားစုက သူမကို အလျင်အမြန် ကူညီပြီး ဆေးရုံကို ပို့ဆောင် ပါတယ်။
Sheiju ကိုမသောက်ရင် ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ခုတော့ မြွေကိုက် တာကြောင့် ဆေးရုံကို ရောက်ရ ပြန်ပါပြီလို့ သူမက လက်က ပတ်တီးကို ကြည့်ရင်း ပြောကြား ခဲ့ပါတယ်။
အံ့အားသင့် စရာပါပဲ။ ဒါမျိုး အဖြစ်က ကြုံတောင့် ကြုံခဲပါ။ မြွေပွေးက ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) နဲ့နှလုံး ခုန်နှုန်းကို ခဏရပ်တန့် ထားပြီး hibernation ဖြစ်စဉ်နဲ့ ငြိမ်နေ ခဲ့တာပါ။မြွေတွေက ဒီလို စိမ်ထားပေမယ့် လေမလုံတဲ့ အခြေအနေမျိုးမှာ အကြာကြီး ပိတ်လှောင် ထားတာတောင် သူတို့ အသက်ရှင် နေနိုင်တယ် ဆိုတဲ့ ထူးခြား ဖြစ်စဉ်ကို မြင်တွေ့ ရမှာပါ။ ဒါက ပထမဆုံး ဖြစ်စဉ်တော့ မဟုတ်ပါဘူး။၂၀၀၉ တုန်းကလည်း ၂လကြာ စိမ်ထားတဲ့ မြွေက ထပေါက်တာမျိုး ဖြစ်ခဲ့ ပါသေးတယ်။ အာဏာပိုင်များက Harbin မြို့အနီးအနား မှာရှိတဲ့ ကျေးရွာ များကို မြွှေပွေးနဲ့ အရက်စိမ် ထားခြင်းကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ ပြဿနာကို သတိထားဖို့ အရေးပေါ် သတိပေး ကြေငြာခဲ့ ပါတယ်။
Myanmar Youth Media Club
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေရောင်ခြည်စွမ်းအင်သုံးသင်္ဘော


     နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော MS Turanor Planet Solar ဟာ မိုနာကိုမြို့ ဟာကျူလီ ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ကမ္ဘာ တစ်ပတ် ခရီးစဉ်ကို အဆုံးသတ် ခဲ့ပါတယ်။ ဒီခရီး စဉ်ဟာ နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော တစ်စီး အတွက် ပထမဆုံး ကမ္ဘာ တစ်ပတ် ခရီးစဉ် အဖြစ်လည်း
သတ်မှတ် ခံခဲ့ရ ပါတယ်။ ဒီသင်္ဘောမှာ စတုန်းရန်း မီတာ ၅၀၀ ခန့်ရှိတဲ့ နေရောင်ခြည် စွမ်းအင် ပြားတွေ တပ်ဆင်ပြီး တည်ဆောက်မှု ကုန်ကျစရိတ် ဒေါ်လာ ၁၆ သန်း ရှိခဲ့တယ်။
       ဒီသင်္ဘောကို အလွန် ပေါ့ပါးတဲ့ ကာဘွန်ဖိုက်ဘာ ကိုယ်ထည်နဲ့ တည်ဆောက် ထားပြီး ဒီဇိုင်းကိုလည်း ရေခွဲအား အကောင်းဆုံး ဖြစ်အောင် ဖန်တီး ထားပါ တယ်။ မြင်းကောင်ရေ ၂၆ ကောင်အား ရှိတဲ့ လျှပ်စစ် မော်တာ ၄ လုံး တပ်ဆင်ထားပြီး တစ်နာရီကို ရေမိုင် ၁၄ မိုင်နှုန်း မောင်းနှင် နိုင်ပါတယ်။
    အရှည် ၁၁၅ ပေ ရှိပြီး အရှည်ဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော စာရင်းဝင်လည်း ဖြစ်ပါတယ်။ ယခု ကမ္ဘာတစ်ပတ် ခရီးစဉ် အတွက် အချိန် ၅၈၅ ရက်ကြာ ခရီးနှင်ခဲ့ ရတယ်လို့ ဆိုပါတယ်။ MS Turanor PlanetSolar သင်္ဘောကို သုတေသန လုပ်ငန်း တွေမှာ အသုံးပြုမှာ ဖြစ်သလို ဈေးကောင်းပေး ၀ယ်ယူ မယ့်သူ ပေါ်လာရင်လည်း ပြန်လည် ရောင်းချ နိုင်တယ်လို့ ဆိုပါတယ်။
Ref : Techspacejournal
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဖိလစ်ပိုင်နိုင်ငံမှ လူသားစားသော မိန်းကလေး

ဖိလစ်ပိုင်နိုင်ငံမှ လူသားစားသော မိန်းကလေး
ဒါဟာ တစ်ကယ့်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တစ်ခုဖြစ်ပါတယ်။ ဖိလစ်ပိုင်တောင်ပိုင်းမှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးဟာ လူတွေကို သတ်ဖျက်ပြီး သူ့ရဲ့ ရေခဲသေတ္တာထဲမှာ စားသောက်ရန် အလို့ငှာ သိမ်းထားခဲ့ပါတယ်။ နောက်ပိုင်းမှာ သူမဟာ လူသားစားရခြင်းကို ပိုမိုခုံမင်လာခဲ့ပါတယ်။
သူမဆက်ပြောတာက သူမဟာ သူမရဲ့ ဆွေမျိုးတွေနဲ့လည်း ညစာစားပွဲတွေပြုလုပ်ခဲ့ပြီး လူသားတွေကို ချက်ကြွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူရဲ့ဆွေမျိုးတွေကတော့ ဒါကို လူသားမှန်း လုံးဝမသိခဲ့ကြပါဘူး။
သူမရဲ့ဆွေမျိုးတွေက သူမချက်ထားတဲ့ဟင်းက အရမ်းကောင်းကြောင်း ဒါပေမယ့် သူမဘာအသားကို အသုံးပြုထားလဲ ဆိုတာကတော့ မသိကြောင်း ပြောပြပါသည်။ သူမဟာ နောက်ဆုံး သူမယောက်ျားကိုတောင် သတ်ပြီး စားသောက်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။
နောက်ဆုံးတော့ သူမဟာ ဖိလစ်ပိုင် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတော့တယ်။

by A ShinNyar Neindamwd's photo. Facebook
https://www.facebook.com/photo.php?fbid=295486587243970&set=a.2...
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိုဘိုင်းဖုန်း အသုံးပြုရာတွင် ဘယ်ဘက်နား ကို အသုံးပြုပါ

မိုဘိုင်းဖုန်း အသုံးပြုရာတွင် ဘယ်ဘက်နား ကို အသုံးပြုပါ Tursday, January 03, 2013 မိုဘိုင်းဖုန်းပြောဆိုမှုပြုလုပ်ရာတွင် ဘယ်ဘက်နားကိုသာ အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။ ညာဘက်နားဖြင့် နားထောင်လျှင် မိုဘိုင်းဖုန်းမှ ထွက်ရှိသော ရေဒီယိုလှိုင်း (Mobile radiation) က ဦးနှောက်ကိုပိုမို ပျက်ဆီးစေသည်ဟု သိရသည်။ များသောအားဖြင့် လူတိုင်းဟာ ညာဘက်သန်သူများ ဖြစ်သည့် အတွက် ညာဘက်ကို ပိုမိုအသုံးပြုတတ်ပါတယ် ။ ထိုအလေ့ကျင့်လေးကို ဆင်ခြင် နိုင်ကြပါစေ..... ယင်းအချက်ကို Apollo Medical Team မှ နောက်ဆုံး လေ့လာတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။ MMSD(Myanmar Mobile Software Developer)
မိုဘိုင်းဖုန်း အသုံးပြုရာတွင် ဘယ်ဘက်နား ကို အသုံးပြုပါ

မိုဘိုင်းဖုန်းပြောဆိုမှုပြုလုပ်ရာတွင် ဘယ်ဘက်နားကိုသာ အသုံးပြုရမည်
ဖြစ်ကြောင်း သိရသည်။ ညာဘက်နားဖြင့် နားထောင်လျှင် မိုဘိုင်းဖုန်းမှ ထွက်ရှိသော ရေဒီယိုလှိုင်း (Mobile radiation) က ဦးနှောက်ကိုပိုမို ပျက်ဆီးစေသည်ဟု သိရသည်။

များသောအားဖြင့် လူတိုင်းဟာ ညာဘက်သန်သူများ ဖြစ်သည့် အတွက် ညာဘက်ကို ပိုမိုအသုံးပြုတတ်ပါတယ် ။ ထိုအလေ့ကျင့်လေးကို ဆင်ခြင်
နိုင်ကြပါစေ.....

ယင်းအချက်ကို Apollo Medical Team မှ နောက်ဆုံး လေ့လာတွေ့ရှိ
ခဲ့ခြင်း ဖြစ်သည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျွန်းစုမြို့၌ ဦးခေါင်းခွံနှင့် မျက်လုံးပေါက်မပါရှိသော ကလေးငယ်တစ်ဦး မွေးဖွား

  ကျွန်းစုမြို့၌ ဦးခေါင်းခွံနှင့် မျက်လုံးပေါက်...


                                                                          မြိတ် စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ သဇင်လမ်းနေ ဦးကျော်စွာမင်း၏ ဇနီးဖြစ်သူ မသူဇာဝင်း (၂၇)နှစ်၊ (ဘ) ဦးမြင့်အေး၊ ကျဘမ်းလုပ်ကိုင်သူသည် စက်တင်ဘာလ (၁၉)ရက်နေ့ ည (၉း၄၈)နာရီအချိန်ခန့်တွင် နေအိမ်၌ အရပ်လက်သည်ဖြင့် သမီးမိန်းကလေးတစ်ဦးမွေးဖွားခဲ့ရာ အဆိုပါကလေးငယ်တွင် ခြေလက်အင်္ဂါပြည့်စုံစွာပ...ါရှိသော်လည်း ဦးခေါင်းငယ်ထိပ် ဦးခေါင်းခွံမပါရှိဘဲ မျက်စိပေါက်အရာသာ ပါရှိကြောင်း၊ ကလေးငယ်၏ နှာခေါင်းမှာလည်း ပီပြင်စွာမပါရှိဘဲ ပါးစပ်ပေါက်နှင့် တဆက်တည်းဖြစ်လျှက် နှုတ်ခမ်းကွဲနေကာ မွေးဖွားလာခဲ့ကြောင်း သိရသည်။

၎င်းမိခင်နှင့်ကလေးအား ထိုနေ့ည (၁၀း၃၀)နာရီအချိန်ခန့်တွင် နေအိမ်မှ ကျွန်းစုမြို့နယ် ပြည့်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ ကလေးငယ်အား စက်တင်ဘာလ (၂၁) ရက်နေ့အထိ အောက်စီဂျင် ပေးထား၍ အသက်ရှင်လျှက်ရှိပြီး ကျွန်းစုမြို့နယ် ဒေသခံပြည်သူများမှ ၄င်းကလေးငယ်အား လာရောက်ကြည့်ရှုလျှက်ရှိကြောင်း သတင်းရရှိသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မြေးဖိုးလပြည့်ကို ယူရို တစ်သိန်းခွဲ ကျော်တန်ကြေးရှိ 2003 Eurocopter EC 130 B4 အမျိုးအစား ရဟတ်ယာဉ် မွေးနေ့ လက်ဆောင်ပေး။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မြေးဖိုးလပြည့်ကို ယူရို တစ်သိန်းခွဲ ကျော်တန်ကြေးရှိ 2003 Eurocopter EC 130 B4 အမျိုးအစား ရဟတ်ယာဉ် မွေးနေ့ လက်ဆောင်ပေး။
=====================================
ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း လက်ရှိ စစ်တပ် ရာထူး နှင့် အဆင့်မှ နှုတ်ထွက် သွားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့် အသက် ၂၀ ပြည့်တွင် ယူရို ငွေတစ်သိန်း ခွဲ ကျော်ခန့် တန်ကြေးရှိသည့် ပြင်သစ် နိုင်ငံလုပ် လေးယောက်စီး Eurocopter EC 130 အမျိုး အစားကို လက်ဆောင် ပေးခဲ့ခြင်း ဖြစ်သည်။
ရဟတ်ယာဉ် သစ်အား သူကိုယ်တိုင် သရုပ်ပြ မောင်းနှင် ပြသသည့် ပွဲတွင် သူ့အား ရဟတ်ယာဉ်မောင်း လေ့ကျင့်ပေးသည့် လေတပ် လေသူရဲ နှစ်ဦး ပါရှိပြီး သူ၏ သူငယ်ချင်း အချို့ကိုလည်း အလှည့်ကျစီ နောက်ခုံတွင် လိုက်ပါ စီးနင်း စေသည်ဟု သိရသည်။
ဗိုလ်ချုပ်မှူးကြီး ဘ၀ဖြင့် သေတစ်ပန် သက်တစ်ဆုံး အရိုးထုတ် သွားမည့် မြန်မာစစ် ခေါင်းဆောင်၏ မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် မှာ သူ၏ အဖိုး ဖြစ်သူ က အာဏာ လွှဲပေးရန် အကြောင်းဖန် လာပါကလည်း သူ့အနေဖြင့် လွှဲပြောင်း လက်ခံ ရယူမည် မဟုတ်ကြောင်း ယခု သီတင်းပတ် အတွင်းက သူငယ်ချင်း ဖြစ်သူများအား သူ၏ ရဟတ်ယာဉ် မိတ်ဆက်ပွဲ အခမ်းအနားကို မင်္ဂလာဒုံ လေယာဉ်ကွင်းတွင် ကျင်းပစဉ် အထက်ပါ အတိုင်း ပြောကြား ခဲ့သည်။
ဖိုးလပြည့် မှာ သူရထားသော အဖိုးဖြစ်သူ၏ မွေးနေ့ လက်ဆောင် ဖြစ်သည့် ရဟတ်ယာဉ် သစ် မိတ်ဆက်ပွဲတွင် သူ့ အနေဖြင့် မော်တော်ကား မောင်းခြင်း၊ မော်တော်ဘုတ် မောင်းနှင်ခြင်းနှင့် ရဟတ်ယာဉ် မောင်းနှင်းခြင်း တို့ကိုသာ စိတ်ဝင်စား ပြီး ရဟတ်ယာဉ် မောင်းနှင်မှု စွမ်းရည်ပြ ပြိုင်ပွဲများကို ၀င်ချင်သည်ဟု သိရသည်။
ဖိုးလပြည့်သည် ရဟတ်ယာဉ်ကို အတော်အသင့် မောင်းနှင်တတ်နေပြီး ယခု မွေးနေ့ လက်ဆောက် ရသည့် ရဟတ်ယာဉ်ဖြင့် စင်္ကာပူ အထိ မောင်းနှင်ချင်သော်လည်း အဖိုးဖြစ်သူက ခွင့်မပြုဟု သိရသည်။
၎င်းသည် မော်တော်ကား မောင်းနှင်ခြင်းလောက် အာဏာကို မမက်မောဟုလည်း ထိုနေ့က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့် အတွက် ရဟတ်ယာဉ် မွေးနေ့ လက်ဆောင် ၀ယ်ပေးသော်လည်း ရန်ကုန်မြို့နေ ပြည်သူ အများစုမှာ ဘတ်(စ)ကား တိုးစီးရဆဲ ဖြစ်သည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ် စတင်နေပြီ


မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ်တွင် ရေဒီယို ထုပ်လွင့်မှု
အစီအစဉ်များကို စေတနာ ၊ ဝါသနာဖြင့် ပါဝင်ကူညီပေးနေသော
Live Free Online Radio Media (Malaysia) မှ တာဝန်ရှိသူများ။
(1) Radio DJ - ,~NLS~' {ALinn} (China)
(2) Radio DJ - Zaw Zaw (Rawang-Malaysia)
(3) Radio DJ - Sky Min (Bangkok - Thailand)
(4) Radio DJ - Zaw Min Tan (Alor Stear-Malaysia)
(5) Radio DJ - Nay Zaw Lin1 (Kuala Lumpuer-Malaysia)
(6) Radio DJ -Aung Phyo(San Diego-California-American)
Live Free Online Radio Media (Malaysia)
သီချင်းတောင်းသူများနှင့် မန်ဘာများ သိစေရန်အတွက်
(က) ကျွန်တော်တို့ရဲ့ ရေဒီယို အစီအစဉ်လေးမှာ သီချင်းများတောင်းဆိုပါက
အဆိုတော်နာမည် ၊ သီချင်းနာမည် ၊ သီချင်းတောင်းဆိုသူ၏ နာမည် ၊
တောင်းဆိုရသည့် စိတ်ကူး ရည်ရွယ်ချက်များ ၊ အကြောင်းအရာများ ၊ စတာတွေကို
Group ထဲမှ Write Post တွင်ရေးသားပြီး တောင်းဆိုနိုင်ပါတယ်။
(ခ) နေ့စဉ် မလေးရှားစံတော်ချိန် ဖြစ်သော
နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိ တစ်ကြိမ် ၊
နေ့လည် ၁၂ နာရီမှ ညနေ ၆ နာရီထိ တစ်ကြိမ် ၊
ညနေ ၆ နာရီမှ ည ၁၂ နာရီအထိ တစ်ကြိမ် ၊
ည ၁၂ နာရီမှ နံနက် 2 နာရီထိ တစ်ကြိမ် ၊
နေ့စဉ် ရေဒီယို အစီအစဉ်များကို တင်ဆက်ပေးနေပါတယ်။
(ဂ) ညနေ ၆ နာရီမှ ည ၁၂ နာရီအထိသာ သီချင်းတောင်းဆိုသူများကို
ချက်ချင်းထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။
အခြား Dj များ ရေဒီယို ထုတ်လွှင့်ပေးနေချိန်တွင်
သီချင်း တောင်းဆိုမှူ့များကို ချက်ချင်းထုတ်လွှင့်ပေးနိုင်မည် မဟုတ်ပါ။
(ဃ) အထူးအစီအစဉ်များ တင်ဆက်နေသော အချိန်နှင့် အော်တိုလွင့်နေသော
အချိန်များတွင် သီချင်းတောင်းဆိုမှူ့များကို ခေတ္တရပ်နားပြီး ယင်းအစီအစဉ်
ပြီးဆုံးမှသာ ပြန်လည်တောင်းဆိုနိုင်မှာဖြစ်ပါတယ်။
(င) ရေဒီယိုမှ သီချင်းတောင်းဆိုရာတွင် ဦးရာလူ စနစ်ဖြင့်
တောင်းဆိုသူများရဲ့ တောင်းဆိုထားသော သီချင်းများကို
အလှည့်ကျ ထုတ်လွှင့်ပေးသွားမှာပါ။
(စ) မန်ဘာများ အနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များကို
လိုက်နာကြပါရန် အသိပေး မေတ္တာရပ်ခံ အပ်ပါသည်။
၁။ သီချင်းတောင်းဆိုမှုများကို Write Post တွင်ရေးသားကြပါရန်။
၂။ မန်ဘာများ အနေဖြင့် အခြားပိုစ့်များ ကိုယ်ရေးကိုယ်ရေးသားတင်ခြင်းနှင့်
အခြား အကြောင်းအရာများကို ရေးသားခြင်း ၊ ဓာတ်ပုံများနှင့်
ခွင့်ပြုချက် မရရှိသော အကြောင်းအရာများ ပိုစ့်များ တင်ခြင်းများ မပြုလုပ်ရ
(တွေ့ရှိပါ အက်ဒမင်များမှ မိမိတင်ထားသော အကြောင်းအရာများကို ဖျက်သိမ်းသွားပါမည်။)
၃။ သီချင်း တစ်ပုဒ်ထဲကို အခါခါ ထပ်၍ တောင်းဆိုခြင်း မပြုရ။
၎။ သီချင်းတောင်းဆိုရာတွင် တစ်ခါတောင်းလျှင် ၂ ပုဒ်ထက် ပိုမတောင်းရ
ပိုတောင်းပါက လွှင့်ပေးမည် မဟုတ်ပါ။
၅။ မန်ဘာတစ်ဦးလျှင် အနည်းဆုံး တစ်နာရီကို တစ်ဗုဒ်တောင်းဆိုနိုင်သည်။
၆။ ပျော်ရွှင်စွာနှင့် စကားပြောဆိုနိုင်ပါသည်။ သို့သော် ညစ်ညမ်းမိုက်ရိုင်းသော
စကားအသုံးနှုန်းများကို ရှောင်ရမည်။
၇။ မိမိတို့ သိလိုသော အချက်အလက်များကို အက်ဒမင်များထံ တိုက်ရိုက် ဆက်သွယ်
မေးမြန်းနိုင်ပါသည်။
လိုအပ်သော စည်းကမ်းချက်များကို ထပ်မံဖြည့်စွက် ပြင်ဆင် သွားပါမည်။
သီချင်းများကို အောက်ပါနေရာတွင်သာ တောင်းဆိုကြပါရန်
https://www.facebook.com/groups/522377324509381/
ရေဒီယို အစီအစဉ်များကို တိုက်ရိုက်နားဆင်လိုပါက
အောက်ပါလိပ်စာများတွင် ဝင်ရောက်နားဆင်နိုင်ပါတယ်။
(1) http://onlineradio1.nayzawlin.com/
(2) http://wwwzawmintan.blogspot.com/
(3) http://beyondlove18.blogspot.com/
(4) http://nayzawlin.com/
(5) http://liveradio4.blogspot.com/
(6) http://malaysia-online-radio.weebly.com/
(7) http://www.malaysiaonlineradiomedia.com/
(8) http://double-beat-fly.weebly.com/
(9) http://ormm.listen2myradio.com/
(10) http://mangflashsongmyotaw.weebly.com/
(11) http://sailinhtet1500.blogspot.com/
(12) http://lusoelaymg.blogspot.com/
ဖုန်းနဲ့ နားထောင်ချင်တယ်ဆိုရင် အောက်ကလင့်မှာဆောဝဲလေး
1.69 MB ပဲရှိပါတယ်။ အောက်ကလိပ်စာမှာ ဒေါင်းပြီးဖုန်းတွင်
install လုပ်ပြီး နားဆင်နိုင်ပါပြီ။
http://www56.zippyshare.com/v/77821321/file.html
ကွန်ပျူတာတွင် Firefox ဘရောက်ဇာတွင် တူးဗားဖြင့်
အသုံးပြုလိုပါက အောက်ပါနေရာတွင် ဒေါင်းလွတ်ရယူနိုင်ပါသည်။
http://www2.zippyshare.com/v/57840561/file.html
မလေးရှား အွန်လိုင်း ရေဒီယိုကို မိမိကွန်ပျူတာမှ နားဆင်ရန် ဆော့ဝဲလ် .. .
ကျွှန်တော်တို့ရဲ့ မလေးရှား အွန်လိုင်းရေဒီယိုကို Website ကနေ ဝင်မအားလို့ ..
မိမိ ကွန်ပြုတာကနေ နားထောင်ချင်တယ်ဆိုရင်တော့ Winamp ဆော့ဝဲလ်လေးကို ..
အောက့်မှာ ဒေါင်းလော့ဆွဲပြီး မိမိစက်မှာ Install လုပ်ထား၍ ..
ORMM.listen.pls ကို ကလစ်နှိပ့်၍ နားဆင်နိုင်ပါတယ် ခင်ဗျာ .. ။
Winamp ကိုအရင်ဒေါင်းပါ။ စက်ထဲ Install လုပ်ပါ။
http://download.nullsoft.com/winamp/client/winamp565_full_emusic-7p...
မိမိ ကွန်ပျူတာ ဒတ်စတော့ပေါ်တွင် ရေဒီယို နားဆင်ရန်အတွက် ဒေါင်းပါ။
http://malaysia-online-radio.weebly.com/uploads/8/2/7/5/8275482/orm...
ကျွန်တော်တို့ရဲ့ ရေဒီယို အစီအစဉ်လေးကို အခုလို ဝေဖန်စာများ ၊
အကြံညဏ်ပေးသည့် စာများ မိမိတို့ရဲ့ အကြောင်းအရာတွေကို ရင်ဖွင့်လိုသူများ
တစ်ခုခု အသိပေးလိုသူများ အားလုံး nayzawlin1@gmail.com ကိုမေးပို့ပြီး
ရင်ဖွင့်နိုင်ပါသည်။ ကျွန်တော်တို့ ရေဒီယိုမှ တစ်ပတ်တစ်ခါ (၃) ရက်ဆက်တိုက်
မိမိတို့မေးလာသော အကြောင်းအရာများကို ကျွန်တော်တို့ ဒီဂျေများမှ
ထုပ်လွှင့် တင်ဆက် ပေးသွားပါမည်။
နေဇော်လင်း
၂၀.၉.၂၀၁၃
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်အနီးရှိ CENTRAL FESTIVAL (chiangmai) ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာအမြင့်ပေါ်မှမြန်မာလုပ်သား ပြုတ်ကြ သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်အနီးရှိ    CENTRAL FESTIVAL (chiangmai)  ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာ ယမန်နေ့က အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦး ၆ ထပ်တိုက် အမြင့်ရှိ ငြမ်းပေါ်ကနေ ပြုတ်ကျ သေဆုံးခဲ့သည်။

ဖြစ်ပွားပုံမှာ မြန်မာနိုင်ငံသား မောင်ရဲထွန်းနိုင်သည် စက်တင်ဘာ ၁၆ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်မှာ အချိန်ပို ဆင်းနေချိန်အတွင်း ၆ ထပ်တိုက်ပေါ် ငြမ်းတပ်ဆင်နေစဉ် ခြေနင်း သံပြား ကျိုးကြရာမှ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်ဟု ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ၏ ပြောပြချက်အရ သိရ သည်။

သေဆုံးသူ မောင်ရဲထွန်းနိုင် အသက် (၂၃)နှစ်သည် မြန်မာနိုင်ငံ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ထိုင်း - မြန်မာ နှစ်နိုင်ငံ အစိုးရ နားလည်မှုစာ ချွန်လွှာ (MOU) ဖြင့်၂၀၁၃ ခုနှစ် အောက်တိုဘာလကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောက်လုပ်ရေး ကုမ္ပဏီ တခုဖြစ်သည့် ပါဝါလိုင်းကုမ္ပဏီမှာ လုပ်ကိုင်နေခြင်း ဖြစ်သည်။

သေဆုံးမှုနှင့် ပတ်သက်ပြီး ပါဝါလိုင်းကုမ္ပဏီက သင်္ဂြိုဟ် စရိတ်ကူညီသွားမှာ ဖြစ်ပြီး နစ်နာ ကြေးအတွက် သေဆုံးသူ၏ မိဘများနှင့် ပြေလည်မူရယူပြီး ဆက်လက်ဆောင်ရွက်သွား မယ်လို့ ပါဝါလိုင်း ကုမ္ပဏီပိုင်ရှင်က ပြောသည်။

မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ (MAP) ဖောင်ဒေးရှင်း နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ နစ်နာကြေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် ကူညီသွား မည်ဟု ဆိုသည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို ဆက်သွယ်ခဲ့သော်လည်း အခုအချိန် အထိ ဆက်သွယ်၍ မရဘဲဖြစ်နေသည်။

ပါဝါလိုင်းကုမ္ပဏီပိုင်ရှင်က အမြန်ဆုံး သင်္ဂြိုဟ်ဖို့ ဆန္ဒရှိနေပြီး မည်သည့်အဖွဲ့အစည်းကိုမှ တိုင်းကြားတာတွေ မပြုလုပ်ရန် နှစ်ဘက်သဘောတူညီမှုယူပြီး ဖြေရှင်းသွားမည်ဖြစ်ကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများကို ပြောဆိုလိုက်သည်။

မြန်မာအသိုင်းအဝိုင်းက သေဆုံးသူ၏ ဆွေးမျိုးသားချင်များနှင့် တွေ့ဆုံပြီးမှ သင်္ဂြိုဟ်နိုင်ဖို့ ဆုံးဖြတ်လိုက်သည့်အတွက် လာမည့် စက်တင်ဘာလ ၂၁ ရက် စနေနေ့တွင် သင်္ဂြိုဟ်မှာ ဖြစ်ပါ သည်။

(ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ)


သေဆုံးသူ ကိုရဲထွန်းနိုင်

ပါဝါလိုင်းသူဌေး

သူနင်းရာမှကျိုးကျသွားသော ငြမ်းစင် နင်းပြား

ဝမ်းနည်းစွာဖြင့်  မြန်မာပြည်သားများ သိစေရန်အတွက် တင်ပြပေးလိုက်ပါတယ်ဗျာ
အခု သေဆုံးမူဟာ  ကျနော်တို့ ရှေ တင် အမှန်တကယ်ဖြစ်သွားတာပါ။   အခုချိန်ထိ ပါဝါလိုင်း
ပါဝါလိုင်းကုမ္ပဏီမှ  မည်သို့ ရော်ကြေး ပေးမည်ကိုတော  သေချာမသေးပါဘူး။
ပြီးခဲ့သောလအနည်းငယ်ကလဲ  ပါဝါလိုင်းကုမ္ပဏီ မှ မြန်မာပြည်သားများဟာ လမ်းမပေါ်သိုထွက်ပြီး
ဆန္ဒပြကြသည် အကြောင်းမှာ ရသည်လစား နှင့် အစားစရိတ်မလောက်မူ လစားနည်းသဖြင့်
နောက်တခု ပတ်စပိုစ့်ကြေးပြီးမှ နောက်ထပ်  လစားနည်းပါသည်ဆိုမှ  ထပ်ရ်ျ ဖြတ်တောက်နေကြသည်။
ထိုဆောက်လုပ်ရေးတွင် မြန်မာပြည်သားများမ၊ှာပါဝါလိုင်းကုမ္ပဏီ SINO THAIကုမ္ပဏီ နှစ်ဖွဲ့ ရှိသည် ။ 
ပါဝါလိုင်းကုမ္ပဏီတွင် မြန်မာလုပ်သားမျာ3း00ကျော်နည်းပါးရှိပါသည်
SINO THAIကုမ္ပဏီမှ မြန်မာပြည်သားများ150လောက်ရှိပါသည်။ ကတော  လစားလည်းဝင်ငွေကောင်းပါသည်။
ကိုရဲထွန်းနိုင် ကောင်းရာမွန်ရာသုဂတိရောက်ပါစေ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တရားမဝင်သည်ဖြစ်စေ၊ တရားဝင်သည်ဖြစ်စေ မြန်မာနိုင်ငံသား အားလုံးကို ကူညီမည်

ကူးယူဖော်ပြပေးလိုက်ပါတယ်နော်......
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ထုတ်ပြန်ကြေငြာချက် မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ {မလေးရှားနိုင်ငံ}

ထုတ်ပြန်ကြေငြာချက် မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ {မလေးရှားနိုင်ငံ} Myanmar Nationalistic Social Network Committee, Malaysia စာအမှတ်။ ။ ၁ / ၂၀၁၃ နေ့စွဲ။ ။ ၁၂.၆.၂၀၁၃ ဖြစ်စဉ်အကျဉ်းချုပ် မလေးရှားနိုင်ငံ ဆလာယမ်းမြို့မှ ကက်ပုန်း၊အမ်ဘန်း၊ကလမ်းဆူဘမ်း၊ရှားအလမ်း၊မာလကာ၊ မွှား၊အီပို့၊ဂျိုဟိုး မြို့နယ်များ သို့ ၅ လပိုင်း ၃၁ ရက်နေ့ နှစ်ထောင့်ဆယ့်သုံးမှသည်ယနေ့အချိန်ထိပြန့်နှံ့ဖြစ်ပေါ်လျက်ရှိသော အထူးသဖြင့်မြန်မာနိုင်ငံ သား ဗုဒ္ဓဘာသာဝင်များနှင့်မူစလင်မဟုတ်သည့် အခြားဘာသာဝင်အချို့အပေါ် ကြိုတင်ကြံစည်၍ အုပ်စုဖွဲ့အကြမ်း ဖက်တိုက်ခိုက် လူသတ်မှု၊ မုဒိမ်းမှု၊ ထိခိုက်နာကျင်စေမှုများ ဆက်လက် ပေါ်ပေါက်နေဆဲဖြစ်ပါသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့အထိ သေဆုံးသူဦးရေ ရှစ်ဦးနှင့် ဒဏ်ရာရသူ၊ အရေးပေါ်ဌာန၌ ဆေးကုသမှုခံနေရသူအယောက် နှစ်ဆယ်ရှိသွားပြီဖြစ်သည်။ဖြစ်စဉ်ကို ခြုံငုံသုံးသပ်ရာတွင်
 နိုင်ငံတကာမှ အထူးလေ့ကျင့်သင်တန်းပေးထားသော အကြမ်းဖက်လူသတ်သမားသို့မဟုတ် ဘာသာရေး အစွန်း ရောက် အကြမ်းဖက်လူသတ်သမားများမှ ကြိုတင်ကြံစည်၍ အုပ်စုသုံးဖွဲ့ခွဲကာ တိုက်ခိုက်ကြသည်ဟု သတင်းများအရ ယူဆရပါသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်၊စစ်သံမှူးဦးဝင်းမော်၊မြန်မာနိုင်ငံ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုဝန်ကြီး ဦးရဲထွဋ်တို့မှ သတင်း အမှားများကို မြန်မာသတင်းဌာနများတွင် ထုတ်ပြန်ကြေငြာခဲ့သည့်အတွက် မလေးရှားရောက် မြန်မာအတိုက် အခံ အဖွဲ့အစည်းများမှ ၆လပိုင်း ၆ရက် ၂၀၁၃ တွင်အချက်ခြောက်ချက်ပါ ဆန္ဒပြတောင်းဆိုမှု ပေါ်ပေါက် ခဲ့ပါ သည်။ဆန္ဒပြတောင်းဆိုမှုမဖြစ်ပေါ်ခင် မလေးရှားရဲတပ်ဖွဲ့မှ အော်ပရာစီဟုခေါ်သည့် ရုတ်တရက် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးချုပ်နှောင်စစ်ဆေးထောင်ချခွင့်ကို ( ၆.၅.၂၀၁၃ ) မှ စတင်လုပ်ဆောင်ကာ ယနေ့ ချိန်ထိ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား စုစုပေါင်း အရေအတွက် တစ်ထောင်ကျော် ရှိမည်ဟု ခန့်မှန်း ရပါသည်။ အရေးပေါ်အခြေအနေအရ အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းခြင်း လက်ရှိမလေးရှားရောက် မြန်မာနိုင်ငံသားများအရေးကို ကူညီဆောင်ရွက်ပေးနေကြသော နာရေးကူညီမှု အသင်းများ၊ လူမှုကွန်ရက်များ၊ တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်းများနှင့် မြန်မာ့အတိုက်အခံအဖွဲ့အစည်း များ မှ ပူးပေါင်း ကမကထ ပြု၍ မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ (Myanmar Nationalistic Social Network Committee) တစ်ရပ် ကို အရေးပေါ်အခြေအနေအရ ၆လပိုင်း၁၂ရက် နေ့တွင် စတင် ဖွဲ့စည်းလိုက်ပါသည်။ ဖွဲ့စည်းပုံ ဖွဲ့စည်းပုံအရ အရေးပေါ်အခြေအနေအချိန်ကာလတစ်ရပ် အတိုင်းအတာတစ်ခုထိသာတည်မြဲမည်ဖြစ်သည်။ ပုံမှန် အခြေအနေပြန်လည်ရောက်ရှိသွားပါက အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်သည်။ အထူးအရေးပေါ် သဘောထား ထုတ်ပြန်ကြေငြာချက် နိုင်ငံတကာရဲတပ်ဖွဲ့သို့ ၆လပိုင်း၁၁ရက်နေ့ ဆီလန်ဂေါပြည်နယ် ရဲတပ်ဖွဲ့မှ ဆီလန်ဂေါပြည်နယ်မှုခင်းစုံစမ်းရေးအဖွဲ့မှူး မိုဟာမက် အက်ဒ်နန်းဘင်အဗ္ဗဒူလာကထုတ်ပြန်သည့် သံသယရှိသဖြင့် အလိုရှိကြောင်းကြေညာချက် ထုတ်ခံရသူ၃ဦးမှ မြန်မာ၂ဦးနှင့် ဘင်္ဂလားဒေ့ရှ်တစ်ဦးတို့မှာယခုဖြစ်စဉ်နှင့်ပတ်သက်ဆက်နွယ်မှုမရှိနိုင်ကြောင်းယူဆရသည်။ သို့ဖြစ်ပါ၍ ယခု ဖြစ် စဉ် နှင့်ပတ်သက်ပြီး နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုအဖြင့် သဘောထားကာ နိုင်ငံတကာ ရဲတပ်ဖွဲ့မှ အဖြစ်မှန်ကိုဖော်ထုတ် အရေးယူပေးပါရန်။ မလေးရှားအာဏာပိုင်များထံသို့ တည်ဆဲမလေးရှားနိုင်ငံ ဥပဒေအရ ယခုဖြစ်စဉ်ကို ချက်ချင်းဖေါ်ထုတ် အရေးယူ ဆောင်ရွက် ပေးရန်။ လူသားချင်း စာနာ ထောက်ထား သည့် အခြေခံလူ့အခွင့်အရေး စံနှုန်းစံထားများဖြင့်မလေးရှားရောက် မည်သည့်မြန်မာ နိုင်ငံသား ကိုမဆို ဥပဒေအကြောင်းအရ လုံးဝအကာအကွယ်ပေးရန်။ မြန်မာအစိုးရအာဏာပိုင်များထံသို့ အာစီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်းရှိနိုင်ငံသားများအချင်းချင်း လူမျိုးဘာသာ အသားအရောင်ခွဲခြားဆက်ဆံမှုမရှိ သည့် အာစီယံအခြေခံစံနှုန်းကျင့်ဝတ်များနှင့်အညီ မြန်မာနိုင်ငံအစိုးရအနေဖြင့် မလေးရှားအစိုးရအား တရားဝင် မေတ္တာရပ်ခံ၍ မိမိနိုင်ငံသားများအရေးကို အထူးအလေးထားဆောင်ရွက်ပေးရန်။မလေးရှားရောက် မည်သည့် မြန်မာနိုင်ငံသားမဆို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့် ၎င်းတို့၏ ဆန္ဒအရ ပြည်ဝင်ခွင့်သို့မဟုတ် မလေးရှားတွင် ဆက်လက်အလုပ်လုပ်ကိုင်ခွင့် တရားဝင်ရရှိရန် မလေးရှား အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်။ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ မြန်မာသံရုံးနှင့် မလေးရှားသက်ဆိုင်ရာ၊ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအသီးသီးတို့နှင့် ပူးပေါင်းကာ အရေးပေါ် ဖုန်းလိုင်းများ မလေးရှားနိုင်ငံအနှံ့ဖွင့်ပေးရန်။သက်ဆိုင်ရာ သာရေး၊နာရေး၊လူမှုရေး နှင့်နိုင်ငံရေး အဖွဲ့အစည်းအသီးသီး တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည့်နာရေးဆောင်ရွက်မှုများကို လိုအပ်သလို အမြန်ဆုံးစီစဉ် ဆောင်ရွက်ပေးရန်။ မလေးရှားနိုင်ငံအတွင်းမလေးရှားရဲတပ်ဖွဲ့မှ ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းထားသော မည်သည့်မြန်မာနိုင်ငံသား မဆို သံရုံးမှ သွားရောက်တွေ့ဆုံဖေးမကူညီပေးရန်။မြန်မာနိုင်ငံပြန်မည့် မြန်မာနိုင်ငံသားများအား သက်ဆိုင် သည့် စာရွက် စာတမ်းအထောက်အထားများအား လိုအပ်သလို မဆိုင်းမတွ အမြန်ဆောင်ရွက်ပေးရန်။ ယခုဖြစ်စဉ်မှသေဆုံးသူ၊ဆေးရုံတက်ကုသနေသူနှင့်ဒဏ်ရာရရှိသူများအား သွားရောက်တွေ့ဆုံကူညီ ထောက် ပံ့ရန် နှင့် သေဆုံးသွားသူမိသားစုများအား ဘ၀လုံခြုံမှုရှိအောင်ဖေးမကူညီစောင့်ရှောက်ပေးရန်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာဝန်ရှင်တော်ရုံးသို့ ယခုဖြစ်စဉ်မှထွက်ပြေးလွတ်မြောက်လာပြီးမြန်မာနိုင်ငံပြန်ရန် စိုးရိမ်ကြောင့်ကြနေသူများအားလုံးကိုတွေ့ဆုံ၍ ဒုက္ခသည် အသိအမှတ်ပြုမှတ်ပုံတင်ထုတ်ပေးရန်။ ယခုဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက်လာပြီး မြန်မာနိုင်ငံပြန်မည့်သူများအားလုံးကို မြန်မာသံရုံးနှင့်မလေးရှား အာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးရန်။ မှတ်ချက်။ ပြည်တွင်း၊ပြည်ပမှလှုဒါန်းသောအလှူငွေများသည်ဤကော်မတီနှင့်လုံးဝသက်ဆိုင်ခြင်းမရှိပါ။
REF: Kyawko Kokyaw
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

(မလေးရှားရောက် မြန်မာများ မဖြစ်မနေလိုက်နာကြပါရန် တောင်းဆိုအပ်ပါသည်)


မလေးရှားနိုင်ငံတွင်ရှိကြကုန်သော မြန်မာနိုင်ငံသားအပေါင်းတို့ (10.6.2013) တနလာင်္နေ့မှစ၍ အလုပ်မဆင်းကြရန် သတိပေးအကြောင်းကြား၍ အသိပေးနှိုးဆော်အပ်ပါသည်။ ယခုမလေးရှားနိုင်ငံအတွင်းတွင် မြန်မာပြည်သားများ နေရာအနှံ့ အသတ်ခံနေရပါသည်။
အိုမြန်မာပြည်သား.... သင့်နေရာတွင်လုံခြုံမှုရှိသည်ဟု သင်ထင်သော်လည်း အခြားသောနေရာများတွင် နေ့တိုင်းခုတ်ထစ် သတ်ဖြတ်ခံနေရသည်ကို သင်သိပါသလား။
အိုမြန်မပြည်သား... သင့်နေရာနှင့်ပတ်ဝန်းကျင်တွင် နာစီလာမား ရောင်းသူ၊ ခေါက်ဆွဲကြော်ရောင်းသူ မျက်နှာစိမ်းများ သင်တို့၏သွားလာလှုပ်ရှားပုံကို
လေ့လာ၍နေသည်ကို သတိပြုမိပါသလား။
အိုမြန်မာပြည်သား... မလေးရှားအစိုးရမှ မြန်မာအလုပ်သမားများအပေါ် (လုံးဝ) အကာအကွယ်မပေးနိုင်သည်ကို သင်ယုံကြည်ပြီလား။ (ယုံသင့်ပြီ)
အိုမြန်မာပြည်သား... သင့်တွင်ပြဿနာဖြစ်က သင့်သူဌေးများမှလည်း မည်သို့မျှအကာအကွယ်မပေးနိုင်သည်မှာ သင်သိပါသလား။ (သူတို့တာဝန်မယူနိုင်ပါ)
အိုမြန်မာပြည်သား... သင့်ကိုမြန်မာအစိုးရဘက်မှလည်း တာဝန်မယူနိုင်သေးသည်ကို သင်သိပါသလား။
အိုမြန်မာပြည်သား...လူသတ်နေသူများမှာ ပတ်စ်ပို့များ၊ နိုင်ငံသားကဒ်များ ကိုင်ဆောင်ထားပါသဖြင့် ရဲများမှအော်ပရာစီဖမ်းသော်လည်း မမိနိုင်တာသင်သိပါသလား။
အိုမြန်မာပြည်သား... ဒီမလေးရှားနိုင်ငံတွင် သင့်ကိုဘာအန္တရာယ်မှမဖြစ်စေရပါဘူးဟု ဘယ်သူမှအာမခံပေးနိုင်သူ မရှိတာသင်သိပါသလား။ (သေချာစဉ်းစား)
ထို့ကြောင့်( 10. 6. 2013 ) တနလာင်္နေ့မှစတင်၍ မလေးရှားတွင်ရှိကြသော မြန်မာလေးသိန်းကျော်တို့ တစ်ညီတစ်ညွတ်တည်း အလုပ်မဆင်းဘဲနေကြရန် တောင်းဆိုအပ်ပါသည်။ စည်းလုံးညီညွတ်ကြပါ မြန်မာနိုင်ငံသားအပေါင်းတို့။
ဤစာကို ကျေးဇူးပြု၍ ရှယ်(Share)... လိုက်(Like) လုပ်ခြင်းဖြင့်ရပ်တန့်မနေကြဘဲ သူငယ်ချင်းအားလုံးသို့ မက်ဆေ့စ် များပေးပို့ခြင်းပြုလုပ်ကြပါရန်တောင်းဆိုအပ်ပါသည်။


ရွှေမြန်မာ
https://www.facebook.com/photo.php?fbid=531724093531582&set=a.4...
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မလေးရှားမှ မြန်မာပြည်သား သွေးချင်းများသို့

မလေးရှားမှညီအစ်ကိုများသို့
(၁) ယခုတလောလမ်းထွက်ရင် အနည်းဆုံး (၅) ယောက်လောက်ခပ်ခွာခွာသွားပါ။ သတိမပြတ်ပါစေနဲ့။
(၂) ကားလမ်းနှင့်မျက်နှာမူ၍ လမ်းလျှောက်ပါ။
(၃) လူပြတ်သောနေရာများကို အထူးသဖြင့်ရှောင်ရှားပါ။
(၄) တစ်ယောက်နဲ့တစ်ယောက် မျက်ခြေမပြတ်ပါစေနဲ့။
(၅) မသင်္ကာစရာတွေ့ပါက မျက်ခြေဖြတ်ပြီး စောင့်ကြည့်ပါ။
(၆) ဖုန်းကဒ်ကို အမြဲ အရေးပေါ်အခြေအနေခေါ်နိုင်ရန် လက်ကျန်ငွေထားရှိပါ။
(၇) အရေးပေါ်တယ်လီဖုန်းနံပါတ်များကို အလွယ်တကူခေါ်ဆိုနိုင်ရန် ဆောင်ရွက်ထားပါ။
(၈) မိမိတယ်လီဖုန်းအား အမြဲအားပြည့်နေစေရန်ဂရုပြုပါ။
(၉) ညအိပ်လျှင် လူစုခွဲအိပ်ပါ။ အရေးပေါ်ထွက်ပေါက်နဲ့နီးစပ်နေပါစေ။ သမရိုးကျထွက်ပေါက် လွယ်ကူသောထွက်ပေါက်မှ မပြေးပါနဲ့။
(၁၀) Body Spray ဗူး နဲ့မီးခြစ်ကို အလွယ်တကူဆောင်ထားပါ။ ရန်ပြုရန်လာပါက မျက်နှာကို Body Spray ဗူးနဲ့ဖြန်းပါ။ အခွင့်ရှိလျင် မီးခြစ်၍သုံးပါ။
(၁၁) အက်ဆစ်၊ ဓါတုပစ္စည်းအရည်၊ ငရုတ်သီးမှုန့်ဗူးများဆောင်ထားပါ။ အန္တရာယ်ကျရောက်လာပါက ပက်ပစ်ပါ။
(၁၂) အရေးအကြောင်းရှိရင်တုံ့ပြန်နိုင်ရန် လူစုခွဲပစ်လိုက်ပါ။ ရန်သူတုံ့ပြန်မှုကို အာရုံလွှဲနိုင်ရန်ဖြစ်သည်။
(၁၃) လိုအပ်ရင်နီးစပ်ရာဗမာလူမျိုးများနဲ့ပေါင်းနေ ပေါင်းအိပ်ပါ။ အချင်းချင်းသစ္စာရှိပါစေ။
(၁၄) အထူးသဖြင့် အရက်သေစာ မူးယစ်ဆေးဝါးသုံးစွဲခြင်းကိုအထူးရှောင်ကြဉ်ပါ။
(၁၅) လိုအပ်ပါက မြန်မာနိုင်ငံပြန်ရန် ချက်ချင်းဆုံးဖြတ်ပါ။ မိမိအသက်ထက်ဘယ်အရာမျှအရေးမကြီးပါ။
အစစအရာရာ သတိကြီးစွာ (သတိကြီးစွာ) ရှိပါစေ။
မလေးရှားမှ ညီအစ်ကိုမောင်နှစ်မများအတွက်။ ဘေးအန္တရာယ်ကင်းကြပါစေ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မလေးမှာ တကယ်ဖြစ်နေတဲ့ ဖြစ်ရပ်များရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေ ကြိုးကိုင်သူ နှင့် သူ့ရဲ့ လုပ်ဇာတ်

စာရေးသူပေးပို့တဲ့ မူရင်းအတိုင်းဖော်ပြထားပါသဖြင့် ရိုဟင်ဂျာနေရာမှာ ဘင်္ဂါလီလို့ ပြင်ဖတ်ပေးပါ။ဒီအကြောင်းသေချာသိသူများ အမှားအမှန်ဝေဖန်ပေးကြပါ။ မလေးရှားမှာ မြန်မာတွေ အသတ်ခံနေရတဲ့ ကိစ္စမှာ ဒီလူတွေရဲ့ ကြိုးကိုင်မှုမှ ကင်းရဲ့လားလို့ တွေးမိတယ်။မနေ့က မလေးရှားက ညီဝမ်းကွဲတွေဆီ စိတ်ပူလို့ဖုန်းဆက်တယ်။ သူတို့က မလေးရှားနိုင်ငံသားတွေ အများစုနေတဲ့နေ၇ာမှာနေလို့ သိပ်စိတ်ပူစရာမရှိပါဘူးတဲ့။ ခုပြဿနာရှာနေတဲ့ မြန်မာတွေကိုသတ်နေတာတွေက မြန်မာပြည်က မွတ်ဆလင်တွေတဲ့။ ဒီပို့စ်ကို ကော်ပီကူးပြီး ပြန်ရှယ်ကြပါ။ မကြာခင်မှာ report လုပ်ပြီးဖျက်သွားပါလိမ့်မယ်။
သို့
ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့
ကျွန်တော် တာဝန်တစ်ရပ်နဲ့ ပါတ်သက်ပြီး စုံစမ်းရင်းနှင့် ဒီစာကို ရေးဖို့တွန်းအားဖြစ်စေတာ ယခုလက်ရှိ ဖြစ်လာတဲ့ ဘာသာရေး ပဋိပက္ခများ၊ နိုင်ငံရပ်ခြားမှာ မြန်မာလူမျိုးတွေ အသတ်ခံရခြင်းများ၊ အမေစုနဲ့ ဗိုလ်ချုပ်ပုံကို မီးရှို့ဝံ့လောက်အောင် သတ္တိကောင်းကောင်းနှင့် ရိုင်းပြနေသူများကြောင့် မရေးမဖြစ်လို့ ရေးလိုက်ရခြင်းပါ။ ယခုလက်ရှိ ဖြစ်နေတဲ့ ဖြစ်ရပ်များနဲ့ ပါတ်သက်ပြီး ကျွန်တော်သိသလောက် ရေးရမယ်ဆိုရင် ပထမဦးဆုံး ပြောချင်တာက မလေးရှားနိုင်ငံမှာ နိုင်ငံသားအဖြစ် ခံယူထားပြီး၊ မြန်မာနိုင်ငံသားအဖြစ်ကလည်း မစွန့်လွှတ်သေးတဲ့ မန္တလေးသား ဒေါက်တာ ကိုကိုကြီးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကုလားနာမည်ဟာ Abdul Rahman Zafrudin လို့လဲ ခေါ်ပါတယ်။ ဒေါက်တာကိုကိုကြီးဟာ ယခုလက်ရှိ မလေးရှားနိုင်ငံမှ မလေးရှားရိုဟင်ဂျာ အဖွဲ့မှာလည်း President ရာထူးကို ရယူထားသူပါ။
သူဟာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာတွေကို မလေးရှားကို တိတ်တဆိတ် ခိုးသွင်းပြီး ရာဘာခြံ၊ ဆီအုံးခြံများမှာ ထားရှိကာ လိုအပ်လျင် အကြမ်းဖက် လုပ်ရပ်များမှာ အသုံးပြုရန် စေခိုင်းလေ့ ရှိသူပါ။ ထိုသို့ခိုးသွင်းရန် စားရိတ်အား အလှူငွေကောက်ခံခြင်းဖြင့် ရယူသကဲ့သို့၊ ရိုဟင်ဂျာများထံမှလည်း လူကုန်ကူးက တောင်းယူကာ နှစ်သီးစားသူပါ။ ဇွန်လက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာနဲ့ ရခိုင်တွေ ပြဿနာဖြစ်တော့ မလေးက မြန်မာနိုင်ငံသား အများစု အသတ်ခံရတာဟာလည်း သူ့လက်ချက် မကင်းပါဘူး။ သူဟာ Klinik Ng dan Lee, Wangsa Maju branch မှာ ဆေးခန်းထိုင်ပြီး သူ့ထံ ဆေးလာကုသူများထံမှ လိပ်စာနဲ့ ဖုန်းနံပါတ်ကို မလိမ့်တပါတ် တောင်းယူထားလေ့ ရှိသူပါ။ ဒါကြောင့် ဇွန်လ ရိုဟင်ဂျာ ရခိုင် အရေးအခင်းနောက်ပိုင်း မလေးမှာ အသတ်ခံရတဲ့ မြန်မာအများစုကို သတ်မယ့်သူတွေဟာ လိပ်စာတွေသိနေခြင်း၊ ဖုန်းကြိုဆက်နိုင်ပြီး လူရှိတဲ့ နေရာကို လိုက်လာပြီး သတ်ဖြတ်ခြင်းများ ပြုလုပ်နိုင်ခဲ့ခြင်းပါ။
မလေးရှားမှာနေထိုင်သူတိုင်း ဆလာရန်းဆိုတဲ့ မလေးရှားလူဆိုးဂိုဏ်းကို သိကြပါတယ်။ ဒေါက်တာကိုကိုကြီးဟာ ဆလာရန်းဂိုဏ်းနဲ့ တော်တော်လေး ရင်းရင်းနှီးနှီးပါတ်သက်နေပါတယ်။ ဆလာရန်းဂိုဏ်းမှာ လူလိုလျင်လည်း ရာဘောခြံ၊ ဆီအုံးခြံများတွင် ဖွက်ထားသည့် တရားမ၀င် ရိုဟင်ဂျာတွေကို ထည့်သွင်းအသုံးပြုစေပြီး ဆလာရန်းဂိုဏ်းအတွင်းမှာ သူ့ရဲ့ သြဇာအာဏာကို တည်ဆောက်ယူလေ့ ရှိပါတယ်။ ဒေါက်တာကိုကိုကြီးဟာ သောကြာနေ့တိုင်း မြန်မာသံရုံးအနီးရှိ Ampang က ဗလီမှာ တက်လေ့ရှိပြီး သူဗလီသွားလျင် နောက်လိုက်နောက်ပါ ကိုယ်ရံတော်များနှင်သာ သွားလာလေ့ရှိပါတယ်။ ဒေါက်တာကိုကိုကြီး၏ နောက်လိုက်နောက်ပါ လူဆိုး လူမိုက်များဟာ သောကြာနေ့ ဗလီဝတ်ပြုပီးချိန်များတွင်း Rohingya စာတမ်းနီပါသည့် တီရှပ်များ လဲလှယ်ဝတ်ဆင်ပြီး သံရုံမှ ပြန်လာသည့် မြန်မာများအား ရိုက်နှက်ခြင်းများ ပြုလုပ်လေ့ရှိသူပါ။
ဒေါက်တာကိုကိုကြီးဟာ မလေးရှား ရိုဟင်ဂျာအဖွဲ့ကို ဦးဆောင်ပြီး မလေးလူမျိုးများနဲ့ ကမ္ဘာအနှံ့မှ ရိုဟင်ဂျာများအတွက် အလှူငွေများ ကောက်ခံပြီး ရွှေလီမှတစ်ဆင့် ပြည်တွင်းကိုပို့ပေးပါတယ်။ မလေးရှား၊ စင်္ကာပူမှာ ရှိတဲ့ ဇေယျာဆိုင်တွေဟာလည်း ဒေါက်တာကိုကိုကြီး ပိုင်ဆိုင်တာဖြစ်ပြီး တရားမ၀င် ငွေလွှဲလုပ်ငန်းများအပြင်၊ ငွေကြေးများစွာရရှိမည့် မူးယစ်ဆေးဝါး မှောင်ခိုသွင်းခြင်းများလည်း လုပ်ပါတယ်။ မနှစ်က မလေးရှားရှိ ဒေါက်တာကိုကိုကြီး ပိုင်ဆိုင်တဲ့ ဆိုင်တစ်ခုမှာ မူးယစ်ဆေးဝါးအပြင်၊ သေနတ်၊ ဓါး အစရှိတဲ့ လက်နက်တွေ ဖမ်းဆီးရမိခဲ့ပါသေးတယ်။ ဒေါက်တာကိုကိုကြီး ဒီလိုမကောင်းမှုတွေ လုပ်နေသော်ငြား ဥပဒေအထက်မှာ ရှိနေခြင်းဟာ သူ၏သားမက်နှင့်လည်း သက်ဆိုင်ပါတယ်။ ဒေါက်တာကိုကိုကြီး၏ သားမက်ဟာ မလေးရှားရှိ D9 ထောက်လှမ်းရေးကို တော်တော်လေး ပိုင်ခဲ့ပါတယ်။ ဒါကြောင့် မလေးရှားရှိ ဒုက္ခသည် စခန်းများမှာ ရိုဟင်ဂျာနှင့် အစ္စလာမ် ဘာသာတူများအား အလှူငွေများ ရရှိစေခြင်း၊ မလေးနိုင်ငံသားဖြစ်စေခြင်း အစရှိတာတွေကို များစွာလုပ်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀၀၀ ကျော်အား လန်ကာဝီတွင် ယာယီစခန်းဖွင့်ပေးထားပြီး ထိုင်းနိုင်ငံ တောင်ပိုင်းဘက်သို့ ပြန်လည် စေလွှတ်နေပါတယ်။ ယာယီ ဒုက္ခသည်စခန်းရှိ မွတ်စလင် Refugee များတွေအတွက် ထောက်ပံ့ကြေးများအားလည်း အပြည့်အ၀ ပေးခြင်းမရှိပဲ ကြားမှဖြတ်တောက် ယူထားခြင်းများ ပြုလေ့ရှိသူပါ။ ဘာသာတူခြင်းအပေါ်တွင်လည်း မလှိမ့်တပါတ်နှင့် အနိုင်အထက်ပြုသူပါ။
မြန်မာနိုင်ငံမှာလည်း ဘာသာရေး ပဋိပက္ခ မဖြစ်၊ ဖြစ်စေရန် သူဟာ နည်းအမျိုးမျိုးနဲ့ ကြံရွယ်လုပ်ဆောင်နေပါတယ်။ ၂၀၁၂ ခုနှစ် လလယ်ပိုင်းတွင် RSO အဖွဲ့မှ နေရူးအစ္စလာမ်နှင့် အင်ဒိုနီးရှားမှာ တွေ့ဆုံခဲ့ကြပြီး ၉ လပိုင်း ကျောက်ဖြူတွင် ဆူပူမှုဖြစ်စေရန် စနစ်တကျ အကွက်ချ ကြံစည်ခဲ့ပါတယ်။ ပြည်တွင်းမှာရှိသော သူ့၏ ညီ မောင်မောင် (ရွှေကရ၀ိတ်) အပါအ၀င်၊ စွမ်းအား အီလက်ထရောနစ်ပိုင်ရှင် အောင်ဇော်ဝင်း၊ မြစ်မခ မီဒီယာမှ သတင်းထောက် မင်းမင်းလတ်နှင့် ပုဂ္ဂလိက စာသင်ကျောင်းပိုင်ရှင် ဇော်မင်းထွန်းတို့နဲ့ သူဟာ တကြိတ်တည်း တဥာဏ်တည်း လုပ်ဆောင်နေခြင်းပါ။ ရံဖန်ရံခါမှာ ရဲရင့်သစ္စာဆိုသူထံ ရိုဟင်ဂျာ လော်ဘီလုပ်ပေးရန်လည်း အကူအညီတောင်းခံရင်း ငွေပို့ပေးလေ့ရှိပါတယ်။ ထိုသူများ၏ အကူအညီဖြင့် မွတ်စလင် လူထုအား ပစ်မှတ်ထားသော M-Media အား ဖေ့ဘွတ်တွင် ဖွင့်လှစ်ထားရှိပြီး သတင်းမှားများနဲ့ ဗုဒ္ဓဘာသာကို မုန်းတီးတဲ့စာများကို အဓိက ဦးစားပေး ဖြန့်ချီစေခြင်းပါ။ ၄၈ လမ်း ဗလီ မီးလောင်သည့်နေ့တွင် မလေးရှားနိုင်ငံ ဆလာရန်းမှာ သူ့လူများအား မြန်မာနိုင်ငံသားများကို ထွက်ရိုက်စေရန် စေခိုင်းခဲ့ပါတယ်။
ဒေါက်တာကိုကိုကြီးဟာ ဇွန်လအရေးအခင်း ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံ သိက္ခာကျစေရန် နိုင်ငံတကာ အဖွဲ့အစည်းများထံ မဟုတ်မမှန် လုပ်ကြံသတင်းများ ပေးပို့စေခဲ့သူဖြစ်သလို၊ အွန်လိုင်းပေါ်မှ မျိုးချစ် မြန်မာလူငယ်များကိုလည်း ခြိမ်းခြောက်ခြင်း၊ ပြင်ပတွင် လိုက်လံသတ်ဖြတ်ရန် ကြိုးစားခြင်းများလည်း ပြုလုပ်ခဲ့သူပါ။ ဒေါက်တာကိုကိုကြီးနဲ့ အချိတ်အဆက် ရှိသူများမှာ အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက်အဖွဲ့များမှ ပုဂ္ဂိုလ်များလည်း ပါဝင်ပါတယ်။ ထို အကြမ်းဖက် ကွန်ယက်များအား ငွေပေး၍ မြန်မာအစိုးရအား ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဆန္ဒပြစေရန် စေခိုင်းလေ့ရှိပါတယ်။ ယခုလက်တလော ဗိုလ်ချုပ်ပုံနဲ့ အမေစုပုံကို မီးရှို့ပြစေခြင်းဟာလည်း ဒေါက်တာကိုကိုကြီးရဲ့ အစီအမံတစ်ခုလည်း ဖြစ်ပါတယ်။ သူဟာ အမေစုကိုလည်း အမြဲတစေ တိုက်ခိုက်လေ့ရှိသူပါ။
ဒေါက်တာကိုကိုကြီးဟာ ရိုဟင်ဂျာအရေးအား ကမ္ဘာမှ အာရုံစိုက်စေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ရာတွင် KL တွင်ပြုလုပ်သည့် ဘင်္ဂါလီ ထောက်ခံပွဲအား မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီ ကိုယ်တိုင် တက်ရောက်ရန် စီစဉ်ခဲ့သလို၊ မြန်မာနိုင်ငံရေး ကျွမ်းကျင်သူလို့ မိမိကိုယ်ကို ခံယူထားတဲ့ ဒေါက်တာဇာနည်ကိုလည်း ရိုဟင်ဂျာအရေးအား နိုင်ငံတကာမှ အာရုံစိုက်လာစေရန် လုပ်ဆောင်ပေးရန် (သို့မဟုတ်) နိုင်ငံတကာ မီဒီယာမှာ မြန်မာလူမျိုးများနှင့် ဗုဒ္ဓဘာသာအား အပုတ်ချပေးရန် အပေးအယူလုပ်ခဲ့ပါတယ်။
အမိ မြန်မာနိုင်ငံကို နည်းလမ်းမျိုးစုံနှင့် စော်ကားနေသည့် ဒေါက်တာကိုကိုကြီးဟာ မလေးရှားနိုင်ငံသား ခံယူထားသော်ငြား၊ မြန်မာနိုင်ငံသား ပတ်စပို့အားလည်း သက်တန်းမှန်မှန်တိုးလျက် ရှိပါတယ်။ ထို့အတူ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အနီးတ၀ိုက် မနက်ဝေလီဝေလင်း အချိန်များနှင့် ညနေစောင်း အချိန်များမှာ ဖြစ်ပေါ်နေသည့် လုယက်မှု အများစုဟာလည်း ဒေါက်တာကိုကိုကြီး၏ လူမိုက်ဂိုဏ်းအုပ်စု၏ လက်ချက်များပင် ဖြစ်ပါသည်။ ထိုကဲ့သို့သော လုပ်ရပ်များကြောင့် ဒေါက်တာကိုကိုကြီး၏ နောက်ကွယ်မှ သွေးထိုးနေခြင်းနှင့် လူမဆန်သည့် လုပ်ရပ်များအား မြန်မာပြည်သူတို့ သိရှိစေဖို့ ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့ထံ စာရေး အကြောင်းကြားလိုက်ရခြင်း ဖြစ်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ၀ ပြုနိုင်မည်

နှစ်စဉ် အာဇာနည်နေ့တွေမှသာ ၀င်ခွင့်ပြုခဲ့တဲ့ ရန်ကုန်မြိုက အာဇာနည်
ဗိမာန်ကို လာမယ့် ဇွန် ၁ ရက်နေ့ကစပြီး အများပြည်သူ ၀င်ရောက်ကြည့်
ရှုနိုင်ဖို့ ဖွင့်လှစ်ပေးသွားမယ်လို့ ရန်ကုန်မြို့ တော်စည်ပင် ပန်းဥယျာဉ်နဲ့ အားကစားကွင်းဌာန

တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။

အာဇာနည်ဗိမာန်ကို တနင်္လာနေ့မှအပ နေ့စဉ် မနက် ၈ နာရီ ကနေ ညနေ
၅ နာရီအထိ ဖွင့်ပေးမှာ ဖြစ်ပြီး ၀င်ကြေးကတော့ လူကြီး ၁ ယောက်ကို
ကျပ် ၂၀၀၊ ကလေး ကျပ် ၁၀၀ နဲ့ နိုင်ငံခြားသား ၃ ဒေါ်လာ သတ်မှတ်
ထားကြောင်း သိရပါတယ်။

အာဇာနည်ဗိမာန်မှာ ၁၉၈၃ ခုနှစ် တောင်ကိုရီးယားသမ္မတနဲ့အဖွဲ့ မြန်မာနိုင်ငံ
ကို အလည်အပတ် လာရောက်စဉ် မြောက်ကိုရီးယားတွေရဲ့ ဗုံးခွဲ တိုက်ခိုက်ခံ
ခဲ့ရပြီးနောက်ပိုင်း အများပြည်သူ ၀င်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"(၉၆၉)ဘာသာဝင်များအား(၉၆၉)ဆိုင်များတွင် ဝယ်ယူစေခြင်းသည် ပြိတ္တာဘုံသို့ရောက်မည့် လမ်းစဉ်ဟု ပြောဆိုသူများအား ပြန်လည်ဖြေကြားချက်"

ဗုဒ္ဓရဲ့ အဆုံးအမအရတော့ သူ့ဟာသူ (မွတ်ဆလင်ဖြစ်ဖြစ်၊
ခရစ်ယာန်ဖြစ်ဖြစ်၊ဂျူးဖြစ်ဖြစ်၊ ဟိန္ဒူဖြစ်ဖြစ်) သူတစ်ဖက်သားရဲ့ စားဝတ်နေရေးကို ကျပ်တည်းအောင်လုပ်တာ ၊ ဒီလို အကျပ်အတည်းဖြစ်နေတာကို ၀မ်းမြောက်ဝမ်းသာဖြစ်နေတာဟာ “အပယ်(၄)ဘုံ” အနက် မစားရမသောက်ရတဲ့ပြိတ္တာဘုံကို သွားလမ်းဘဲ။ ပြိတ္တာလမ်းစဉ်လိုက်နေတာဘဲ။
မယုံဘူးဆိုရင် (တကယ် သမာသမတ်ရှိတဲ့ သံဃာတော် အစစ် တစ်ပါး) ကို သွားမေးကြည့်။ ဒါ ဗုဒ္ဓတရား မဟုတ်ဘူးဆိုရင် ပါးအရိုက် ခံလိုက်မယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ အယူလွဲနေကြပြီ။ “သာသနာ” ဆိုတဲ့ အဓိပ္ပါယ်က “အဆုံးအမ” ပါ။ ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာခြင်းဟာ “သာသနာ” ကို စောင့်ရှောက်ခြင်း အစစ်ပါ။ (တင်ဘိုဘို)

ဝီရ ဓမ္မ ဦးဇင်းလည်းမပြောဘူးလို့နေတာပါ။ ဒါပေမယ့် ပြောရမယ့်အခြေအနေ ဆိုတော့ ပြောပါပြီ။ ဗုဒ္ဓ= မြတ်စွာဘုရား၊(အလုံးစုံသိသူ)၊ ဘာသာဆိုတာ= မြတ်စွာဘုရားရှင်၏စကားတော်၊ သာသနာဆိုတာက= အဆုံးအမ၊ ဘာသာနဲ့သာသနာ စကားလုံးချင်းကွဲပေမယ့် မြတ်စွာဘုရားရှင်၏ စကားတော်သည် အဆုံးအမပင်ဖြစ်တယ်ဆိုတော့ အတူတူပါပဲ။ သာသနာဝင်(ဘာသာဝင်) ဆိုတာက ထိုမြတ်စွာဘုရားရှင်၏ အဆုံးအမတော်(စကားတော်)ကို လိုက်နာကျင့်ကြံသူလို့ဆိုပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမကို လိုက်နာခြင်းဟာ သာသနာကို စောင့်ရှောက်ခြင်းဆိုတာ မှားတယ်လို့မဆိုလိုပါဘူး။ ကိုယ်တစ်ယောက်တည်း လိုက်နာနေလို့ စောင့်ရှောက်နေလို့ သာသနာတည်မလား။ အဲဒီမြတ်စွာဘုရားရှင်၏ အဆုံးအမကို လိုက်နာဖို့ဆိုတာ အားလုံးမှာ တာဝန်မရှိဘူးလား။ ဘာသာရေးလိုက်စားသူတွေ သက်သက်ပဲ တာဝန်ရှိတာလား။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေပဲ လိုက်နာရမှာလား။ သာသနာ့ဝန်ထမ်းရှင်ရဟန်းတွေလိုက်နာမှ သာသနာတည်မှာလား။ လူတွေရော လိုက်နာမသင့်ဘူးလား။ လူပုဂ္ဂိုလ်အားလုံး လိုက်နာနေကြပြီလား။ လူပုဂ္ဂိုလ်တွေအားလုံး လိုက်နာတယ်ဆိုရင် ဦးဇင်းတို့ ဘာမှတောင် ဟောပြော ရေးသားစရာမလိုဘဲ ကိုယ့်တရားကိုယ်နှလုံးသွင်းပြီး နေမယ်ဆိုရင် ကြောင့်ကျမဲ့ နေလို့ရမည့် အနေထားပါ။ အခုက လူတွေတော်တော်များများမှာ သြကာသ ကန်တော့ချိုးတောင် ဖြောင့်တန်းအောင် ဆိုနိုင်ကြပြီလား။ မင်္ဂလသုတ်တွေ၊ မေတ္တာသုတ်တွေ၊ ဝိပဿနာတရားတွေဆိုတာ ဝေးပါသေးတယ်။ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊ ဗုဒ္ဓဘာသာဝင်ဆိုတာဘာလဲဆိုတာကိုတောင် ပြောဖို့ တော်တော်ခက်နေတဲ့ လူတွေ အများကြီး ရှိမနေကြဘူးလား။ အဲဒီလို ဘာသာရေးအခြေခံနည်းတဲ့ လူများကို ဟောဖို့ ပြောဖို့ ဆုံးမဖို့ဆိုတာ သံဃာတော်တွေမှာ တာဝန်မရှိဘူးလား။ ကိုယ့်ဘာသာဝင်တွေ ဆုံးမပိုင်ခွင့် မရှိဘူးလား။ မသိသေးသူများကို သိစေခြင်း သိပြီးသူများ သိသည်ထက်သိအောင် ဆုံးမပေးဖို့ တာဝန်ရှိတယ်။ ဆုံးမလို့ရမည့်သူကို ဆုံးမမှာဖြစ်ပြီး ဆုံးမလို့မရမည့်သူကို ဆုံးမမှာမဟုတ်ပါဘူး။ ကိုယ်မနာခံချင်လို့ ဆန့်ကျင်ချင်တယ်ဆိုရင် ဆန့်ကျင်ပါ။ ဒါပေမယ့် သူများကို ဆွဲမထည့်ပါနဲ့။
ကိုယ့်ဘာသာဝင်များ ရောင်းချတဲ့ဆိုင်ကို အားပေးစေချင်တာက သူတစ်ပါးစီးပွားရေးကို ဖျက်ပစ်ခိုင်းတာမဟုတ်ဘူး။ ကိုယ့်ဘာသာဝင်တွေရောင်းတဲ့ဆိုင်ကို အားပေးပါဆိုတဲ့ စကားက ဦးဇင်းတို့လို ဘာမဟုတ်တဲ့ စာသင်သားအရွယ်စကားမဟုတ်ဘူး။ ကမ္ဘာကျော်မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်တော်မူခဲ့တဲ့ စကားပင်ဖြစ်ပါတယ်။ ဒီစကား ဒီအဆုံးအမကို ယခုအချိန်မှာ အလွန်နေရာကျလို့ ကိုယ့်ဘာသာရောင်းတဲ့ဆိုင်ကို အားပေးပါလို့ဆိုလိုခြင်းသာဖြစ်ပါတယ်။ ဘာသာခြားတွေရောင်းတဲ့ဆိုင်ကို ပိတ်ခိုင်းတာမဟုတ်ဘူး။ မီးရှို့ခိုင်းတာမဟုတ်ဘူး။ ပြိတ္တာဘုံရောက်စေတဲ့အကုသိုလ်ကံ ဆိုတာ ဒီလိုမျိုးမဟုတ်ဘူး။ သူတစ်ပါးအလှူကို ကန့်ကွက်တာ ပိတ်ပင်တာ တားဆီးတာ စတဲ့အကုသိုလ်ကံမျိုးသည်သာလျှင် ပြိတ္တာဖြစ်စေတတ်တဲ့ အပါယ်ကျစေတတ်တဲ့ အကုသိုလ်ကံပါ။ အကျဉ်းချုပ်ပြီးပြောရရင် သူတစ်ပါးပြုလုပ်မယ့် ကုသိုလ်တရား၊ (ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားနာခြင်း၊ ဝိပဿနာပွားခြင်း မေတ္တာပွားခြင်း ဝေယျာဝေစ္စကုသိုလ်များ) စတဲ့ သူတစ်ပါးပြုလုပ်မည့် ကုသိုလ်တရားများကို မအောင်မြင်အောင်၊ မလုပ်ဖြစ်အောင် တားဆီးပိတ်ပင်တဲ့ အကုသိုလ်ကံသည်သာ ပြိတ္တာဘုံရောက်ကြောင်း၊ အပါယ်ကျကြောင်းပင် ဖြစ်ပါတယ်။
ဆက်လက်ပြီးပြောပါဦးမည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဗုဒ္ဓဘာသာဝင်ဆိုင်တစ်ဆိုင်မှာ ဈေးဝယ်သည် ဆိုပါစို့။ အဲဒီဆိုင်ရှင်ဟာ ရောင်းလို့ရတဲ့ ငွေထဲက အမြတ်ငွေကို ဗုဒ္ဓသာသနာအတွက် အထောက်အကူပေးမှာဖြစ်ပါယ်။ ဒါဆိုရင် ကိုယ်ပေးလိုက်တဲ့ငွေက ကိုယ့်ဘာသာ ကိုယ်လူမျိုး ကိုယ်သာသနာအတွက် တကယ်ကောင်းကျိုးဖြစ်မည့် ငွေဖြစ်တာကြောင့် ကုသိုလ်များပင်ရစေမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဘာသာခြားဆိုင်ကို သွားဝယ်လိုက်သည် ဆိုပါစို့။ အဲဒီငွေထဲက အမြတ်ငွေက ဗုဒ္ဓသာသနာအတွက်လား၊ သူတို့သာသနာအတွက်လား သေချာစဉ်းစားနော်။ အဲဒီအမြတ်ငွေတွေနဲ့ပဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးကို ခြေမှုန်းဖို့ အင်အားတစ်ရပ် ဖြစ်တယ်ဆိုတာ အာလုံးတွေ့မြင်ဖူးကြတာပဲမဟုတ်လား။ ဒါဆိုကိုယ်ဈေးဝယ်မှားတာက ကိုယ့်ဘာသာကို ဖျတ်ဆီးဖို့ အားပေးသလိုဖြစ်နေတယ်ဆိုတော့ အဆိပ်ပင်ကို ရေလောင်းတာနဲ့ တူမနေဘူးလား။ အဲဒါကသာလျှင် အဆိပ်ပင်ကိုရေလောင်းတာနဲ့တူပြီး ကိုယ့်ဈေးဝယ်တာမှားယွင်း မှုကြောင့်ပင် ဘာသာ သာသနာ လူမျိုးကို ဖျတ်ဆီးမည့်သူအား အားပေးရာရောက်ခြင်းကြောင့် ပြိတ္တာဘုံသွားမည့် လမ်းစဉ်၊ အပြစ်မကင်းတဲ့အလုပ်မျိုးဆိုတာကိုရော စဉ်းစားမိလား။
တကယ်လို့သာ အထက်ပြောတဲ့အတိုင်း ကိုယ့်လူမျိုး ကိုယ့်ဘာသာဆိုင်ကို ဝယ်ယူအားပေးကြပါလို့ တိုက်တွန်းခြင်းဟာ ပြိတ္တာဘုံရောက်စေသည့် လမ်းစဉ်ဖြစ်မည်ဆိုပါက အရှေ့ဆုံးမှနေ၍ ဦးဇင်းအရောက်ခံမည်ဖြစ်ပါသည်။ ထိုထက်ပိုဆိုးသော ငရဲကြီးရှစ်ထပ်ရဲ့ အောက်ဆုံးအထပ်ဖြစ်သော အလွန်ဒုက္ခကြီးတဲ့ အဝီစိငရဲကြကြောင်း ဖြစ်မည်ဆိုပါကလည်း အမျိုး ဘာသာ သာသနာအတွက် ရှေ့ဆုံးမှပင် အကျခံသွားမည်ဖြစ်ပါကြောင်းထပ်လောင်းပြီး အသိပေးလိုက်ပါရစေ။
စာဖတ်သူ(ဗုဒ္ဓဘာသာဝင်)များအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ၄ရက်အတွင်း မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်မည်ဟုဆို


"One" လို့အမည်ပေးထားတဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတစ်ခု မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနောက်ပိုင်းဒေသတွေကို ဝင်ရောက်နိုင်တယ်လို့ အမေရိကန် လေတပ်နဲ့ ရေတပ်ပူးတွဲ မုန်တိုင်းသတင်း သတိပေးဌာနက သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနေပြီး လာမဲ့ရက်ပိုင်းအတွင်း အင်အားပြင်း မုန်တိုင်းအဆင့်ကို ပြောင်းလဲသွားနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်းချင်း ပိုမိုအားကောင်းလာနေပြီးတော့ ဘင်္ဂလားပင်လယ်ကိုဖြတ်ပြီး၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ရခိုင်ကမ်းရိုးတန်း ဒေသတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ခြမ်းဒေသတွေကို အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း "One" အဖြစ်နဲ့ တစ်နာရီ မိုင်၁၀၀ကျော်နှုန်း၊ ဆိုင်ကလုန်းပြင်းအားအဆင့်(၂) အနေနဲ့ ဖြတ်ကျော်ဝင်ရောက်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။အခုလာမဲ့ မေလ ၁၄ရက်နဲ့ ၁၅ရက် (၁၄ရက်သန်းခေါင်ယံ၊ ၁၅ရက် အာရုံစောစော မနက် ၁နာရီခွဲ ၂နာရီဝန်းကျင်မှာ) ဖြတ်သန်းတိုက်ခတ်မယ်လို့ (JTWC)ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
လေပြင်းမုန်တိုင်း တိုက်ခတ်ချိန်မှာ ၆ပေထက်မနည်းတဲ့ လှိုင်းလုံးကြီးတွေ သက်ဆိုင်ရာ ကမ်းခြေဒေသတွေကို ရိုက်ခတ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။ လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး နောက်ဆက်တွဲအနေနဲ့ မိုးအကြီးအကျယ်ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေ၊ ဒေသတွင်းအဆောက်အဦးထိခိုက်ပျက်စီးမှုတွေ၊ လူနဲ့ တိရိစ္ဆာန်တို့ရဲ့ အသက်အန္တရာယ်တွေ စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်လို့ သတိပေးထားပါတယ်။
NASA က ရိုက်ကူးရရှိထားတဲ့ ပုံရိပ်တွေအရ လတ်တလောအနေနဲ့ အိန္ဒိယ သမုဒ္ဒရာအတွင်းမှာ မုန်တိုင်းငယ် ၂ခု ရှိနေပြီး၊ အဲဒီအထဲကမှ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း "One"ဟာ မြန်မာနိုင်ငံဘက်ဦးတည်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ မေလ ၁၀ရက် သောကြာနေ့အထိ နိုင်ငံပိုင်သတင်းစာရဲ့ ကြေညာချက်မှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတော့ ၄င်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်ကြောင်းနဲ့ ဒုတိယ ၁၀ရက် သီတင်းပတ်အတွင်း အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို ဝင်ရောက်နိုင်တယ်လို့ ဖော်ပြထားတာတွေ့ရပြီး မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားတာတော့ မတွေ့ရပါဘူး။
ပြီးခဲ့တဲ့ ၂၀၀၈ခုနှစ် မေလ ၂ရက်နဲ့ ၃ရက်နေ့တွေမှာ ပြင်းအားအဆင့် ၄ ရှိတဲ့ ဆိုင်ကလုန်းနာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခဲ့မှုကြောင့် လူပေါင်း ၁၄၀,၀၀၀ကျော်သေဆုံး၊ ၃,၀၀၀,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဘဝရောက်ခဲ့ရတာကြောင့် မြန်မာ့မုန်တိုင်းသမိုင်းမှာ ထူးထူးခြားခြား ပျက်စီးဆုံးရှုံးမှု ကြီးမားတဲ့ မုန်တိုင်းအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံအဝှမ်းမှာ ယခုနှစ်မိုးရွာတဲ့နေရာတိုင်းလိုလို လေပြင်းပြင်းဟာ အတူတွဲပါ တိုက်ခတ်နေပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း အထိုက်အလျောက်ရှိနေတာ တွေ့ရတာကြောင့် သတိဆို ပိုသည်မရှိ ဆိုတဲ့အတိုင်း သစ်ထူးလွင်မှ သတင်းမျှဝေမှုကို တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါတယ်။ သတ္တဝါအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါေ
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS