RADIO

What is current song?

RSS

Copy ပိတ်ထားတဲ့ ဘလော့တွေမှာ အလွယ်ကူရယူနည်း


ဘလော့ကာ သူငယ်ချင်းတွေအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီတစ်ခါ အားလုံးသိပြီးသား နည်းလေးတစ်ခုကိုပဲ ပြန်လည် မျှဝေသွားမှာ ဖြစ်ပါတယ်။ တစ်ချို့ဘလော့တွေမှာ ကော်ပီကူးခွင့်မပေးပဲ ပိတ်ထားတာတွေ ကြုံရမှာပါ။ ဒီလိုဖြစ်နေရင် အောက်က ဖော်ပြပါ နည်းလေးကို သုံးပြီး ကော်ပီရယူနိုင်ပါတယ်။
အရင်က ကျွန်တော်ဆိုက်မှာ ကော်ပီတွေ ပိတ်ထားဖူးပါတယ်။ ကော်ပီပိတ်တဲ့နည်းက အာလုံး ၄ မျိုးလောက် သုံးဖုးပါတယ်။ သိတဲ့သူတွေက လိုချင်တာယူလို့ လွယ်ပေမဲ့ မသိတဲ့ သူတွေအတွက် အဆင်မပြေပါဘူး ကုဒ်တွေ ပေးရင် ယူလို့အဆင်မပြေဖြစ်မှာ စိုးလို့ ကော်ပီကို အလွယ်တကူ ယူလို့ရအောင် ပြန်ဖွင့်ပေးလိုက်တာပါ။
Copy ကူးလို့ မရရင် Mozilla Firefox Browser မှာ Tools ကနေ Options ကို Select လုပ်ပြီး Enable Javascript နဲ့ Block pop -up windows ဆိုတဲ့ အမှတ်လေးကို ဖျက်ပြီး 0k ပေးလိုက်ရင် ရပါပြီ။ နောက်တစ်ခုက Enable Javascrip တစ်ခုပဲဖြုတ်ရပါတယ်။ သူတို့လုပ်ထားတဲ့ အပေါ်မှာ မူတည်ပြီး နှစ်ခု စလုံးဖြုတ်ပေးရပါတယ်။ တစ်ချို့ဘလော့တွေမှာ Right မပြောနဲ့ ဘာတစ်ခုမှ ကလစ်လို့မရတာ ဘယ်လိုပဲ ဖြစ်ဖြစ် HTML/JavaScript နဲ့ ကော်ပီပိတ် ထားတာကို ဒီနည်း နှစ်ခုနဲ့ ဖြေရှင်းလို့ ရပါတယ်။ နောက်တစ်နည်းက Internet Explorer Browser ကိုအသုံးပြုပြီး ဝင်ယူနိုင်ပါတယ်။

အခုလောလာဆယ် အသေးစိပ် ရှင်းပြဖို့အတွက် ကော်ပီကူးခွင့် ပိတ်ထားတဲ့ ကျွန်တော်ရဲ့အစ်ကို တစ်ယောက်ဖြစ်တဲ့ ကိုကြီးမင်းမင်းသူ ဘလော့လေးမှာ http://minmn583.blogspot.com/2012/04/blog-post_3314.html ပိုစ့်တစ်ခုကို ဝင်ယူ လိုက်ပါပြီ။ ဒီနေရာလေးမှာ တင်ပေးထားပါတယ်။
http://www.nayzawlin.com/2012/04/blog-post_2223.html အားလုံး ဘလော့ ရေးနေကြတဲ့သူတွေ အချိန်တွေပေးပြီး ကိုယ်သိတာတွေကို မျှဝေနေကြတာ တကယ်ကောင်းပါတယ်။ ဘလော့ဂါ သူငယ်ချင်း သတိထားရမှာက မိမိကိုယ်ပိုင်စာများ မဟုတ်ရင် မိမိကူးလာတဲ့ ဆိုက်လိပ်စာတော့ ဖော်ပြပေးကြပါ။ ဒီလိုဆို ကံယာရှင်လည်း စိတ်ချမ်းသာမှာပါ။ ဝါသနာတူ သူငယ်ချင်းများအားလုံးကို လေးစားပါတယ်။
အဆင်ပြေကြပါစေ ခင်ဂျာ ....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment