RADIO

What is current song?

RSS

မိထ္တီလာ ပဋိပက္ခဖြစ်စဉ်တွင် မတ်လ ၂၂ ရက် ညနေပိုင်းအထိ သေဆုံးသူ ၁၁ ဦးနှင် ဒဏ်ရာရရှိသူ ၃၉ ဦးရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်

မိထ္တီလာ ပဋိပက္ခဖြစ်စဉ်တွင် မတ်လ ၂၂ ရက် ညနေပိုင်းအထိ သေဆုံးသူ ၁၁ ဦးနှင် ဒဏ်ရာရရှိသူ ၃၉ ဦးရှိပြီး ဆူပူအကြမ်းဖက်မှုများ ကျယ်ပြန့် မလာစေရေးအတွက် ပြည်သူများ အနေဖြင့် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြန်ကြားရေး ၀န်ကြီးဌာနမှ မတ်လ ၂၂ ရက် ည ၈နာရီ သတင်း အစီအစဉ်တွင် သတင်းထုတ်ပြန်ခဲ့သည်။
သတင်းထုတ်ပြန်ချက်၌ မိထ္တီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် မတ်လ ၂၂ ရက်နေ့ ညနေအထိ ရရှိသော သတင်းများအရ စုစုပေါင်း သေဆုံးသူ ၁၁ ဦးရှိပြီး ဒဏ်ရာရရှိသူ ၃၉ ဦးရှိကြောင်း ပဋိပက္ခကြောင့် ပျက်စီးမှု အနေဖြင့် နေအိမ် ၁၅၂ လုံး၊ မော်တော်ယာဉ် ၂ စီး၊ ပညာရေးမှူးရုံး ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၂ စီး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံးရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပြည်သူများ အနေဖြင့် ဆူပူအကြမ်းဖက်မှုများ ကျယ်ပြန့်မလာ စေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ယခုဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်ခြင်း မီးရှို့ခြင်း သတ်ဖြတ်ခြင်း ဖျက်ဆီးခြင်းများကို ဦးဆောင် ပြုလုပ်ခဲ့သူများ ထပ်မံကာ အလားတူ လုပ်ဆောင်ရန် ကြံစည်သူများအား တွေ့ရှိပါက အရေးယူနိုင်ရေးအတွက် သတင်းပေးပို့ကြပါရန် သက်ဆိုင်ရာ မေတ္တာရပ်ခံ ထားသည်ဟု သတင်းကြေညာချက်တွင် ပါဝင်သည်။
နိုင်ငံတော် သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ၁/၂၀၁၃ ကို မတ်လ ၂၂ ရက်စွဲဖြင့် ယနေ့ ညနေ ၄ နာရီတွင် ထုတ်ပြန်ခဲ့ပြီး ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး အမြန်ဆုံး ဖော်ဆောင်ပေးနိုင်ရေး အတွက် မန္တလေးတိုင်း ဒေသကြီး မိထ္ထီလာ မြို့နယ်၊ ၀မ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်၊ သာစည်မြို့နယ်တို့ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
အဆိုပါ ဒေသများတွင် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိတော့သည့် အတွက်
ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန်အတွက် မတ်လ ၂၂ ရက်နေ့မှ စတင်ပြီး အရေးပေါ် အခြေအနေ ကြေညာလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် အဆိုပါ ဒေသများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ တာဝန်ထမ်းဆောင် နိုင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူနိုင်မည် ဖြစ်ကြောင်း သိရပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment