RADIO

What is current song?

RSS

နာမည်ကြီးနေသည့် အမျိုးသမီး ဘုရားဖက်ပုံနှင့် ပတ်သက်၍ ရှင်းလင်းချက်


             အခုပုံကတော့ တိဘက် ဗုဒ္ဓဘာသာ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ ၀ဇီရာယန ဂိုဏ်းရဲ့ တန်တရာဗုဒ္ဓ
ရုပ်ပုံပါ။ မြတ်ဗုဒ္ဓရဲ့ ပုံတော် အစစ်မဟုတ်တဲ့အတွက် ဗုဒ္ဓရုပ်ပွားတော် အစစ်လို့ ခေါ်လို့မရပါဘူး။
             ပုံကတော့ သူတို့ရဲ့ ယောဂ ကျင့်စဉ်တွေထဲက ကာမဂုဏ် ခံစားတဲ့ ကျင့်စဉ်တစ်ခုကို
ပုံဖေါ်ထားတဲ့ ကာမမုဒြာ ပုံပါ။ တိဘက်ထုံးစံအရ ဇနီးမောင်နှံနှစ်ဦးစလုံးအတွက် အသုံးဝင်တဲ့ ကျင့်စဉ်လို့
ဆိုပါတယ်။
         ၀ဇီရာယန ဆိုတာ လက်ရှိ ဒလိုင်းလားမား လက်ခံယုံကြည်ကျင့်သုံးနေတဲ့ ၀ါဒလည်းဖြစ်ပါတယ်။
သူကိုယ်တိုင် တန်တရာ ယောဂကို ကျင့်ကြံသလားဆိုတာတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ မြန်မာ
ပြည်မှာ အသံထွက်လာတဲ့ ကာမကို အလှူခံလို့ရတယ်ဆိုတဲ့ဝါဒနဲ့တော့ မသက်ဆိုင်ဘူးထင်ပါတယ်။

      ကျွန်တော်တို့ရဲ့ ထေရဝါဒနဲ့ မဟာယန မတူသလို ထေရဝါဒနဲ့ ဝဇီရာယန ဟာလည်း လားလားမှ
မဆိုင် ပါဘူး။ တင်တဲ့သူတွေကတော့ ဘာရည်ရွယ်ချက်နဲ့ တင်ကြလည်းမသိပါ။ ဒီကျင့်စဉ်တွေဟာ
မနေ့တနေ့ကမှ ပေါ်လာတာမဟုတ်ဘဲ နှစ်ပေါင်းရာပေါင်း များစွာကတည်းက တစ်ခြား အယူဝါဒ
ကျင့်စဉ်တွေနဲ့ ရောပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
         
            
           ဒါကြောင့်လည်း ကျွန်တော်တို့ကျင့်သုံးတဲ့ ထေရဝါဒ (မဟာယနတွေအခေါ် ဟိနယန )
ပိဋကတ်တော်တွေ ကို ရှေးမူအတိုင်း မပျောက်မပျက် စင်ကြယ် အောင် သံဃာယနာ ၆ ကြိမ်တိုင်
တင်ခဲ့ရတာ ဝိနယတော်တွေ ကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ ကြရတာ ဖြစ်ပါတယ်။
     ယခုလက်ရှိ ပုံတင်မဟုတ်ဘဲ အခြားဆိုဒ်များမှာလည်း အလားတူ ကာမယောဂ ပုံတွေနဲ့
ကာမ မုဒြာ ပုံတွေကိုလည်း တွေ့နိုင်ပါတယ်။
        ၀ဇီရာယန နဲ့ တန်တရာယောဂ အကြောင်း အသေးစိတ်သိလိုသူများ အောက်ပါလင့်ခ် များမှာ
ဆက်လက် ဖတ်ရှုနိုင်ပါတယ်။
မှ ပြန်လည် မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။
                                                   လေးစားစွာဖြင့်
                                                   ကိုသန်းဇော်
ဖြေရှင်ချက်ကောင်းလေးထင်လို့  ကူးယူဆင်ပြလိုက်ပါသည်....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment