RADIO

What is current song?

RSS

♥ကောင်မလေးတွေတကယ်လိုချင်တဲ့.....ကောင်လေးတွေဆီကအရာ♥

သူငယ်ချင်းမောင်နှမများအားလုံးကောင်းသောနေ့လေးပါနော်...မနေ့ညက
ဆရာလူနေရဲ့စာအုပ်လေးဖတ်ကြည့်ပြီး...အဲဒီထဲကအိုင်ဒီယာလေးကိုကြိုက်လို့...အဲဒီအိုင်ဒီယာလေးကို
ဆုဂျေရေးဟန်လေးနဲ့ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...
                         တစ်နေ့မှာ...ရေကန်နားကခုံတန်းလေးမှာပေါ့...ကောင်လေးတစ်ယောက်နဲ့
ကောင်မလေးတစ်ယောက်ထိုင်နေတယ်တဲ့လေ...သူတို့ကချစ်သူစုံတွဲတွေတော့မဟုတ်ပါဘူး...
ကောင်လေးကကောင်မလေးကိုအဖြေတောင်းနေတာပေါ့....
                     * နင်ပြောပါ...ငါ့ကိုအဖြေမပေးတာ..ငါ့မှာဘာလိုအပ်ချက်ရှိလို့လဲ..*
                      *ငါ့အချစ်ကိုရဖို့..နင့်မှာ  100% ရှိရမယ့်...အရာတစ်ခုနင့်မှာရှိရမယ်...အဲဒီအရာကို
                      နင်သိတာနဲ့နင့်ကိုငါအဖြေပြန်ပေးမယ်...*
                      *အိုကေလေ...ဘယ်လိုအရာကိုပြောတာလဲ..*
                      *A B C ဒီစာလုံးလေးတွေကို...အစဉ်လိုက်တိုင်းအဓိပ္ပာယ်နင်ဖွင့်ရမယ်...သူတို့မှာတန်ဘိုးက
                      A ဆိုရင် 1 ပေါ့  B ဆိုရင်  2ပေါ့   C ဆိုရင် 3ပေါ့   နင့်ဆီမှာလိုအပ်နေတဲ့အရာကို..
                      ဒီစာလုံးလေးတွေနဲ့အဓိပ္ပာယ်ဖော်ပြီး 100%ပြည့်တဲ့အရာတစ်ခုကိုသိအောင်လုပ်ရမယ်..
                      သိတာနဲ့.   ငါ့အဖြေရပြီ..*

                    ကောင်လေးလည်း...သူ့မှာလိုအပ်နေတာဘာလဲဆိုပြီးအသဲအသန်ကိုစဉ်းစားပါတော့တယ်..ဟုတ်ပြီ..
နင့်ဆီကအချစ်ရဖို့အတွက်က  ငါကံကောင်းဖို့လိုမယ်ဆိုပြီး..Luck ကိုတွက်ကြည့်ပါတော့တယ်..။
                    L+U+C+K= 12+21+3+11=47%
                    ဟင်...47% ပဲရှိတယ်..ဒါဆို..ကောင်မလေးတွေကကျန်းမာသန်စွမ်းတဲ့ကောင်လေးဆိုသဘောကျတယ်
ဆိုတော့...ဟုတ်ပြီ...Health  
                  H+E+A+L+T+H= 8+5+1+12+20+8=54%
                   ဒါလည်းမဟုတ်သေးပါလား...ဟူး...အိုကေ...နင့်ဆီကအချစ်ရဖို့အချစ်လိုတာပေါ့...Love ကိုတွက်ကြည့်
ရမယ်...
                  L+O+V+E= 12+15+22+5=54%
                  ဟိုက်! ဒါလည်းမဟုတ်သေးပါလား...အိုကေ...မိန်းကလေးတွေကငွေကိုမက်တာများတယ်..ဒီတော့
လာထား..Money
                   M+O+N+E+Y= 13+15+14+5+25=72%
                   ဟုတ်ပြီငွေလည်းမဟုတ်သေးဘူးဆိုရင်...ဗဟုသုတနဲ့ပြည့်စုံတဲ့သူကို..မိန်းကလေးတွေအထင်ကြီး
ကြတာပဲံ.... Knowledge
                   K+N+O+W+L+E+D+G+E= 11+14+15+23+12+5+4+7+5=96%
                   ဒါလည်းမဟုတ်သေးဘူးဆိုရင်..အလုပ်ကြိုးစားတဲ့ကောင်လေးဆိုရင်သူတို့ဘယ်လိုမှမငြင်းနိုင်
ပါဘူးလေဆိုပြီး...Hardworking ကိုတွက်ကြည့်ပါသတဲ့..။
                   H+A+R+D+W+O+R+K+I+N+G= 8+1+18+4+23+15+18+11=98%
                 ကောင်မလေးရေ...ငါလည်းဘယ်လိုမှမစဉ်းစားတတ်တော့ဘူး....နင်ပြောတဲ့ 100%ပြည့်တဲ့အရာ
ရှိသေးလို့လား..နင်တို့မိန်းကလေးတွေမက်မောတန်ဖိုးထားတဲ့အရာတွေလည်းကုန်ပြီဟ...လို့လည်းဆိုရော..
                ကောင်မလေးက...စာလုံးလေးတစ်လုံးကိုချရေးပြလာပါတော့တယ်...ကောင်မလေးရေးပြလိုက်တဲ့
စာလုံးလေးက....Attitude  တဲ့လေ...ကဲပေါင်းကြည့်...
                A+T+T+I+T+U+D+E=1+20+20+9+20+21+4+5=100%
               မြဲမြဲမှတ်ထားကောင်လေးရဲ့...ငါတို့မိန်းကလေးတွေနင်တို့ကောင်လေးတွေဆီကနေလိုအပ်နေတဲ့
အရာက...နင့်ရဲ့ကောင်းမွန်တဲ့စိတ်သဘောထားနဲ့..ငါ့အပေါ်ဆက်ဆံတဲ့အပြုအမူတွေပဲ...လေ...
              ကောင်မလေးရဲ့စကားလေးကိုကြားလိုက်ရတဲ့ကောင်လေးဟာ..အောက်ပါအတိုင်းမှတ်ချက်တစ်ခုကို
သူ့ရင်တွင်းတစ်နေရာမှာခိုင်ခိုင်မာမာပိုက်သွားပါတော့တယ်...။
            (  တစ်ဦးနှင့်တစ်ဦးအလွန်ချစ်ကြသော..ချစ်သူနှစ်ဦးဖြစ်စေရန်...တစ်ဦးအပေါ်တစ်ဦးထားတဲ့..
ကောင်းမွန်သောစိတ်သဘောထားနဲ့...အပြူအမူများကသာ..အဓိကကျသည်ဟု...ကျွန်တော်သေသေချာချာ
သဘောပေါက်ယုံကြည်မိပါတော့သည်။)
                 
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဟာသလေးတွေးကြည့်လိုက်ကြအုံးနော်....

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခု

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခု



မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့
အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါ တယ်။
ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့်
Camera, မြန်မာ နိုင်ငံမှာ ရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း
တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ
ပါတယ်။ ကိုင်နေ တဲ့ လူအများစုဟာ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။
ဒါကြောင့် ဒီထက်ပိုပြီး
အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရေးပေါ် ကွန်ရက်ရှာရန်
Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ ၁၂၂ ဆိုတဲ့
နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး
ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့
ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့
ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။
ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်
တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင်
မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီအားနည်းလာပြီဆို ရင်
*3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့ 
ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီထက်ဝက်အားပြန်
ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ်မိုဘိုင်းဖုန်းဘက်
ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက်
ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ
လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင်
အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကား အသုံးပြုသူ တွေအတွက် ကား ထဲမှာ
သော့ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ်
ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။
အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို
မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင်
အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ်
ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့
ဖုန်းကိုတော့ ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက်
ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါ
တယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင်
မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ
စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့
ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့
ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ
ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း
ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်
မှာပါ။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့်
ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော
ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ်
စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ်
မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ် တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။
ဒါပေမဲ့ Nokia ဖုန်းအသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေ ကို
ဖော်ပြပေးလိုက်ပါတယ်။ ကုတ် နံပါတ်တွေအနေနဲ့ IMEI (International Mobile
Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး
ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီးရှင်းလင်းပြတ်
သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။
ဖုန်းမှာအသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို
ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth
device တွေရဲ့တည်နေရာကိုကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး
ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့်
ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအ ရာနဲ့
ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689#
ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသောဖုန်းနံပါတ်များကို
ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60
ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock
လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defult code 12345
ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်
From : http://multivitaminforall.blogspot.com
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နားလည်ပေးဖို့ ခက်နေပြီ ( ငါးထောင်တန်ဖုန်းအထူးဆောင်းပါး)

မိုဘိုင်းဖုန်းတွေ အဆမတန်ဈေးကြီးနေရတာနဲ့ ပတ်သက်လို့ ဆဲလူလာခေတ်က ဆက်သွယ်ရေးမှ အသိ အငယ်တန်းအင်ဂျင်နီယာလေးတစ်ယောက်ကို ကျွန်တော် မေးကြည့်ခဲ့ဖူးရဲ့... သူပြောခဲ့တာက ဘတ်ဂျက်မလုံ လောက်လို့ ရှိတဲ့ဘက်ဂျက်လေးနဲ့ပဲ လုပ်ရတော့ လိုင်း အင်အားသောင်းဂဏန်းအတွက်ပဲ တည်ဆောက်ရေးလုပ် ရတယ်... ဒီတော့ တစ်လိုင်းအတွက် ကုန်ကျစရိတ်က သူများနိုင်ငံထက်မြင့်တယ် တဲ့...
ဘတ်ဂျက်မလုံလောက်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုနဲ့ လုပ်ပါလား... အနောက်တိုင်း Sanction ရှိပေမဲ့ တရုတ်လို အာရှနိုင်ငံကြီးတစ်နိုင်ငံနဲ့ ဖက်စပ်လုပ်နိုင်တာ ပဲလို့ ကျွန်တော်က ပြန်ပြောတော့ ဆက်သွယ်ရေးလို အသက်သွေးကြောကိစ္စကို လူကြီးတွေက ပြည်ပနဲ့ လုပ် ချင်ပုံမရလို့ ဖြစ်မှာပေါ့လို့ သူက ပြန်ပြောခဲ့တယ်... ဆက်ပြီး သူက သူလည်းဌာနတာဝန်နဲ့ နိုင်ငံခြားသွားရင် ဒီကိစ္စနဲ့ မျက်နှာတောင်မပြရဲပါဘူးတဲ့... လာအို တို့ ဘင်္ဂ လားဒေ့ရှ်တို့ကတောင် ကိုယ့်ထက် ဖုန်းလိုင်းအရေအတွက်ကော၊ သိပ်သည်းဆပါ မယှဉ်သာအောင်များနေတာ မို့ အသာလေးလျှိုနေခဲ့ရတယ်လို့ ပြောရှာတယ်...
အဲဒီ အင်ဂျင်နီယာလေးရဲ့ စကားကို ကျွန်တော် နားလည်ပေးနိုင်ခဲ့ပါတယ်... ဒါပေမဲ့ တိုင်းပြည်ရဲ့ တခြားအသက်သွေးကြောလို့ ဆိုနိုင်တဲ့ လေဆိပ်တို့၊ ရေ ဆိပ်တို့ ကားလမ်းတို့လို ကိစ္စတွေကိုတော့ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေနဲ့ လုပ်နေတာ ကြားရမြင်ရတိုင်း သက်ပြင်း ချမိပါတယ်။
ဒါနဲ့ပဲ ဆက်သွယ်ရေးကနေပြီး မြန်မာ့ပထမဆုံး GSM ဖုန်းကို ဆင်းမ်ကတ်တစ်ကတ် ငါးသိန်းနှုန်းနဲ့ ပုဂ္ဂ လိကကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်စချပေးခဲ့တော့ လုပ်နိုင်သူမို့ စလုပ်ခွင့်ပေးတာပဲလေလို့ နားလည်ပေးခဲ့ပါ တယ်။ (SKY LINK CO လို့ ခပ်ရေးရေးမှတ်မိပါတယ်။ သေချာတာက ဦးနေဝင်းရဲ့မြေးများ ပိုင်ဆိုင်ခဲ့တာပါ)
နောက်တော့ အကြောင်းကြောင်းတွေကြောင့် အဲဒီ ကုမ္ပဏီကလည်း ဆက်လုပ်ခွင့်မရတော့ဘဲ ဆက်သွယ် ရေးကသာလျှင် GSM စီမံကိန်းကို ဆက်လုပ်ခဲ့တယ်... ငါးသိန်းနဲ့ပဲ ရောင်းတယ်... ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတော့ အပြင်ပေါက်ဈေး သိန်း ၃ဝ ကျော်ထိဖြစ်ပြီး အခွင့်ထူးသူတွေ ထီဆုကြီးပေါက်သလောက်နီးနီး ပွကုန် တယ်... ကျွန်တော့်မိတ်ဆွေ စာနယ်ဇင်းအဖွဲ့ဝင်အချို့ တောင် ထောက်ခံချက်တွေနဲ့ လျှောက်လိုက်ကြတာ ရတဲ့ လူရ... မရတဲ့လူမရ... ဒါနဲ့ပဲ နောက်တော့ တရားဝင် ဈေးကိုပဲ ၁၅ သိန်း သတ်မှတ်လိုက်တော့ အမြတ်နည်းသွား ကြတယ်။
တိုးယူလိုက်တဲ့ငွေတွေ အစိုးရဘတ်ဂျက်ထဲ ရောက် သွားတော့လည်း ပြည်သူ့အကျိုးပြုစီမံကိန်းတွေမှာ သုံး စွဲနိုင်တာပေါ့လို့ နားလည်ပေးခဲ့ပါတယ်... ၁၅ သိန်းနဲ့ တောင် လိုအပ်သလိုမရတာမို့ အပြင်ပေါက်ဈေးက သိန်း နှစ်ဆယ်/အစိတ် ဖြစ်နေခဲ့သေးတာ... အိမ်နီးချင်းနိုင်ငံ တွေနဲ့တော့ အကွာကြီးကွာဆဲပေါ့။
အဲဒီနောက်တော့ အစိုးရသစ်မပြောင်းခင်မှာ မူလ ဈေးငါးသိန်း ပြန်သတ်မှတ်ပေးခဲ့ပါတယ်... တိုးချဲ့လိုင်း အင်အားကလည်း သိန်းနဲ့ချီပြီးဖြစ်လာပြီ...တပ်ဆင်ခ ဒီထက်မလျှော့သင့်ပေဘူးလား တွေးမိပေမဲ့ အခွန်အခ အရနည်းတဲ့ တိုင်းပြည်ပဲလေ ... အစိုးရမှာ ငွေလိုနေ တာပဲလို့ နားလည်ပေးခဲ့ပြန်ပါတယ်။
ဒီလိုနဲ့ GSM သာမက CDMA 450/800 ဆိုတဲ့ ဖုန်းတွေ...FEC ၂ဝ တန်/ ၅ဝ တစ်ခါသုံးကတ်တွေ ပေါ်လာပြီး ဆက်သွယ်ရေးနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့် ကုမ္ပဏီတစ်ခုတည်းကို ချပေးလိုက်ပြန်တော့လည်း ပထမ ဆုံး GSM တုန်းကလိုပဲ လုပ်နိုင်သူမို့ ပေးလိုက်တာပဲလေ လို့ နားလည်ပေးရပြန်ပါတယ်။
ဒါပေမဲ့ မတွေးဘဲတော့ မနေနိုင်... အဲဒီလုပ်ပိုင် ခွင့်ရသူက တရုတ်က HUAWEI စက်ပစ္စည်းတွေ အဓိက ဝယ်ယူလုပ်ကိုင်တာကို သိရတော့... HUAWEI ကုမ္ပဏီ အကြောင်း အင်တာနက်မှာ ရှာကြည့်မိရဲ့... ဒီတော့ HUAWEI ဆိုတာ အစိုးရတစ်ပိုင်းလုပ်ငန်းဖြစ်ခဲ့ပေမဲ့ အခု တော့ ဝန်ထမ်းတွေကိုလည်း ရှယ်ယာပိုင်ဆိုင်ခွင့်ပေးထား လို့ တိုးတက်မှုအလွန်လျင်မြန်ခဲ့ပြီး တရုတ်မှာသာမက နိုင်ငံတကာဈေးကွက်မှာလည်းကုန်ပစ္စည်းတွေကိုဈေးသက်သာစွာဖြန့်ဖြူးရောင်းချပေးနိုင်တဲ့ကုမ္ပဏီတစ်ခုဆိုတာသိရပါတယ်။ ပြည်ပနိုင်ငံတွေမှာ ဘယ်လိုပဲ ဈေးချိုပေမယ့် မြန်မာ ပြည်မှာတော့ ဖုန်းကတ်ပေါင်း တစ်သိန်းပြီးတစ်သိန်း တိုးလာတာတောင် တစ်ကတ် ငါးသိန်း (ဒေါ်လာခြောက် ရာဝန်းကျင်) ကနေ မလျှော့ ပေးခဲ့တာကိုတော့ နားလည် ပေးဖို့ စ.. ခက်ခဲလာပါပြီ။
ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာ လိုင်းကတ်ပေါင်း သန်းချီလာမယ်ဆိုရင် ၊ကုမ္ပဏီအများ ပါဝင်ခွင့်ရမယ်ဆို ရင် ဆင်းမ်ကတ်တစ်ကတ်တန်ဖိုး (သူများလောက်ဈေး မပေါသေးတောင်) ဒေါ်လာတစ်ရာအောက်လောက်တော့ ဖြစ်လာမယ်လို့ ခန့်မှန်းမျှော်လင့်ထားခဲ့မိပါတယ်။
အထူးသဖြင့် အစိုးရသစ်တက်လာပြီး သမ္မတကြီး စပြောခဲ့တဲ့ သမိုင်းဝင်မိန့်ခွန်းတွေ၊ နိုင်ငံရေးအရ ပြုပင် လုပ်ဆောင်ချက်တွေ၊ မီဒီယာများဖြေလျှော့ပေးမှုတွေ၊ ကားဟောင်းလဲလှယ်ခွင့် အစရှိတာတွေဟာ လစ်ဟာချက် အချို့ ရှိပေမယ့် လူ/နတ် သာဓုခေါ်ရမယ့် လုပ်ဆောင် ချက်တွေ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆက်သွယ်ရေးသိပ်သည်းမှုက ၆ ရာခိုင် နှုန်းသာ ရှိသေးလို့ လိုအပ်ချက်မြင့်မားနေဆဲဖြစ်တဲ့ ၉၄ ရာခိုင်နှုန်းသော ပြည်သူအများစုအတွက်တော့ အဲဒီဖုန်း ကိစ္စ မျှော်လင့်ချက်ဟာ ရိုက်ချိုးခံလိုက်ရပြန်ပါတော့ တယ်။
လိုင်းအင်အား သန်းချီတပ်ဆင်လာရင် တို့တိုင်းပြည် မှာလည်း ဖုန်းဈေး လူတိုင်းသုံးနိုင်အောင်ဖြစ်လာမှာပါ ကွာလို့ အကောင်းမြင်ဟောကိန်းထုတ်ပြခဲ့တဲ့ ကျွန်တော် ဟာ မိတ်ဆွေများအလယ်မှာ ရယ်သွမ်းသွေးခံရပါတော့ တယ်။
ငါးနှစ်အတွင်း သန်း ၃ဝ တပ်ပေးမယ်။ ပထမ ဆုံးနှစ်မှာတင် ၄ သန်း တပ်ပေးမယ်။ ကနဦးတပ်ဆင်ခ ကတော့ နှစ်သိန်းခွဲ၊ သုံးသိန်းဝန်းကျင် (ဒေါ်လာ ၃ဝဝ/ ၃၇ဝ) ဆိုတဲ့ သတ်မှတ်ချက်ဟာ အိမ်နီးချင်းနိုင်ငံတွေ မှာ ကျပ် ၂ဝဝဝ သုံးဒေါ်လာဝန်းကျင်ပဲ ပေးရမှန်းသိ နေသူတွေအတွက် စိတ်အပျက်ကြီးပျက်စရာပါပဲ။ နောက် နှစ်တွေမှ တဖြည်းဖြည်းလျှော့ပေးမယ်၊ ငါးနှစ်ကြာလျှင် တစ်သိန်းအောက် ရောက်ချင်ရောက်သွားနိုင်တယ်ဆိုတာ မျိုးက လူထုအတွက် နှစ်သိမ့်စရာမဖြစ်တော့ပါ။ တစ် သိန်းဆိုတာ ဒေါ်လာတစ်ရာကျော်ပါ၊ ငါးနှစ်ပြည့်တာ တောင် ကတ်တစ်ကတ် ဒေါ်လာတစ်ရာဖြစ်ဖို့ မသေချာ သေးဆိုတော့ ''ငါတို့လက်ထက်မှာ အိမ်နီးချင်းတွေလို သုံးဒေါ်လာလောက်တော့ မမျှော်လင့်နဲ့လို့'' ပြောတာနဲ့ အတူတူပဲလို့ ထေ့ငေါ့လာတဲ့ မိတ်ဆွေတချို့ကို အဆိုးမြင် သူတွေလို့တောင် အရင်လို ကျွန်တော် မချေပနိုင်တော့ ပါ။
တစ်လိုင်း သုံးသိန်းနှုန်းဝန်းကျင်နဲ့သာ ကတ်လေး သန်းရောင်းမယ်ဆိုတော့ တစ်နှစ်အတွင်း လူထု ၉၄ ရာခိုင်နှုန်းဆီကနေ ကျပ်ဘီလီယံပေါင်း ၁၂ဝဝ လောက် ရယူမယ့် စီမံကိန်းကြီး ဖြစ်နေပါရောလား၊ ဒေါ်လာသန်း ပေါင်း ၁၅ဝဝ လောက် ရှာဖွေမယ့်သဘောဖြစ်နေရာ ဓာတ်ငွေ့ရောင်းရသလောက်နီးနီး ပြည်သူတွေက ဖုန်းအ တွက် ကုန်ကျရမလို ဖြစ်နေပါတယ်။ (တစ်လိုင်း နှစ်သိန်း ခွဲနဲ့ ရောင်းလျှင်တောင် ကျပ်ဘီလီယံ ၁ဝဝဝ=ဒေါ်လာ သန်း ၁၂၅ဝ လောက် ဖြစ်ပါတယ်)
အရင်းအနှီးက ကုမ္ပဏီ ၂၃ ခုပေါင်း ကျပ်ဘီလီယံ ၅ဝဝ လို့ သိရတော့ ပြောခတွေ တစ်ပြားမှ မပါသေးဘဲ ဌာနနဲ့ ပုဂ္ဂလိကတွေပေါင်းပြီး တစ်ကျပ်ရင်းပြီး တစ်နှစ် အတွင်း နှစ်ကျပ်ချက်ချင်းပြန်ရှာမယ့်ပုံစံကြီးဖြစ်နေတာ ကို အလွန်အံ့သြစရာ တွက်ချက်မိပါတယ်။
ပြောခကလည်း တစ်မိနစ် ၅ဝ မို့ အဲဒီဖုန်း ၄ သန်း တစ်လအနည်းဆုံး မိနစ်တစ်ရာ ပြောတယ်ထား၊ ၄ သန်း x ၅ဝx၁ဝဝ= ကျပ်ဘီလီယံ ၂ဝ ရပါမယ်။ တစ် နှစ်ဆိုလျှင် အနည်းဆုံး ကျပ်ဘီလီယံ ၂၄ဝ ရပါမယ်။ တွက်ကြည့်ကြပြီး သူငယ်ချင်းတွေက နိုင်ငံခြားကို ဓာတ် ငွေ့တွေဘာတွေမရောင်းဘဲ ပြည်တွင်းမှာပဲ ဖုန်းတွေ ဒီ အရေအတွက် ဒီဈေးနှုန်းနဲ့ရောင်းပြီး ဘီလီယံချီပြီးရနိုင် တာ နိုင်ငံတကာစီးပွားရေးပညာရှင်တွေ သိကြပုံမရဘူး လို့ သရော်ကြပါတယ်။
အဲဒီနောက် ရွှေပြည်တံခွန်ကုမ္ပဏီရဲ့ ငါးထောင်တန် ဖုန်းဂယက်ထလာတော့ ဘာအဖြေပေးမလဲဆိုတာ ကျွန် တော်တို့ အစောကြီးမှန်းဆထားမိသလိုပါပဲ။
ဒါပေမဲ့ အဲဒီ ငါးထောင်ဆိုတဲ့ တန်ဖိုးနဲ့ပဲ တစ်နှစ် နီးပါး အချိန်ယူတည်ဆောက်နေရပါတယ်ဆိုတဲ့ ဆင်းမ် ကတ် လေးသန်းမြှောက်ကြည့်လိုက်တော့ ကျပ်ဘီလီယံ ၂ဝ ရပါတယ်။ စောစောကတွက်ပြခဲ့သလို ဖုန်းတစ်လုံး တစ်လအနည်းဆုံး ပျမ်းမျှကျပ်ငါးထောင်ဖိုး ပြောတယ် ထား၊ တစ်နှစ် ကျပ်ဘီလီယံ ၂၄ဝ နဲ့ နှစ်နှစ်အကြာမှာ အနည်းဆုံး ကျပ်ဘီလီယံ ၄၈ဝ ရမှာမို့ ကတ်ဘိုးနဲ့ပေါင်း လိုက်ရင် အရင်းပြန်ရပါပြီ။ ဒီနေရာမှာ ဖုန်းတစ်လုံး တစ်လ ငါးထောင်ဆိုတာ တကယ့်ကို အနည်းဆုံးနှုန်း နဲ့ တွက်ထားတာပါ။ ကတ်ဘိုး သက်သာတာမို့ ပြောခ ကို မချွေတာကြဘဲ တစ်လတစ်ကတ် ပျမ်းမျှ ကျပ်တစ် သောင်းဖိုးလောက် ပြောကြမယ်ဆိုရင် ပြောခနဲ့တင် တစ်နှစ်အတွင်း အရင်းကျေသွားနိုင်ပါတယ်။
ဟုတ်ကဲ့ ကိုယ့်ဘာသာကိုယ် အေးအေးနေလို့ရပေ မယ့် တိုင်းပြည်အတွက် အနစ်နာခံလုပ်နေရပါတယ်ဆိုတဲ့ လုပ်ငန်းရှင်ကြီးတွေ၊ အသက်တွေဘာတွေစွန့်စရာမလို ပါ၊ အရင်းပေါ်ဖို့ နှစ်နှစ်လောက်သာ ထိုင်စောင့်ပေးကြ ပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။
ငါးထောင်ထိတော့ ချမပေးနိုင်ဘူး။ နိုင်ငံတော်ကို လည်း အခွန်အခတွေသွင်းရဦးမှာဆိုလျှင်လည်း မြန်မာ ပီပီ ဆယ်ဆတိုးပြီး တစ်ကတ် ကျပ်ငါးသောင်းနဲ့ ရောင်း ကြည့်ပါ၊ ၅ သောင်း x ကတ် ၄ သန်း= ကျပ်ဘီလီယံ ၂ဝဝ တိတိရပါမယ်။ အထက်ကလိုပဲ ပြောခ တစ်နှစ် စောင့်ယူလိုက်ရင် အရင်းကြေသွားပါလိမ့်မယ်။ ရှေ့ ဆက်ပြီး ပြည်သူတွေပြောသမျှ အမြတ်ထွက်နေမှာပါ။ (အရင်ဆောင်းပါးမှာ ရေးခဲ့ပြီးပါပြီ)
ဥပဒေအသစ်ဆွဲထားပြီးပြီ၊ လွှတ်တော်မှာတင်လို့ အတည်ဖြစ်တဲ့အခါ Phone Operator တွေ ထပ်ပေါ်လာ ပြီး ဈေးတွေထပ်လျော့ကျနိုင်ပါတယ်လို့ ဆက်သွယ်ရေး တာဝန်ရှိသူတစ်ယောက်က ဖြေတယ်ဆိုတော့ အဲဒီအခါ ကျ မဖြစ်မနေ ထပ်လျှော့ပေးရမှာမို့ လောလောဆယ် ပြိုင်ဘက်ကင်း ဈေးတင်ထားတာလားလို့ တွေးစရာ၊ ဆယ့်ငါးသိန်း/ငါးသိန်းပေးထားရတဲ့ ဖုန်းတွေအကြောင်းကြောင်းကြောင့် ဆင်းမ်ကတ် ပျက်/ပျောက်လို့ အသစ် လဲချင်ရင် ငါးသောင်း (အရင်က တစ်သိန်း၊ အခု သ နားလို့) အမည်ပေါက်နာမည်ပြောင်းချင်ရင် ကိုယ့်တာ ဝန်ကိုယ်ယူ၊ အာမခံလက်မှတ်ထိုး၊ နာမည်ပြောင်းခရေး ခကတော့ ငါးသောင်း၊ လိပ်စာပြောင်းချင်သေးလား၊ တစ်သောင်းဆိုတဲ့ သတ်မှတ်နှုန်းတွေဟာလည်း ပြိုင်ဘက် တွေပေါ်လာပါမှ ပျောက်သွားမယ်ထင်ပါရဲ့လို့ တွေးမိပါ တယ်။
Transition Costs များ လျှော့ချရေး ပြည်ပရင်းနှီး မြှုပ်နှံမှုများ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လယ်ယာ ကဏ္ဍ ဈေးကွက်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးရယူလာသူ တိုင်းရင်းသားတွေရဲ့ လူမှုဘဝမြှင့်တင်ရေး၊ နည်းပညာ တိုးတက်ရေး၊ အလွန်နိမ့်ကျနေဆဲ Tele density အလျင် အမြန် တိုးတက်ရေး၊ ဂျီဒီပီကို အထောက်အကူပြုရေး ဆိုတဲ့ ရည်မှန်းချက်တွေနဲ့……
တန်ဖိုးနိမ့်ပါဆိုတဲ့ ဖုန်းတစ်လုံး အနည်းဆုံး ဒေါ် လာ ၃ဝဝ ….လတ်တလောတစ်နှစ်အတွင်း ဖုန်းလေးသန်း အတွက် ဒေါ်လာ သန်း ၁၂ဝဝ ….ပြောခမပါသေးပါ … ဟုတ်ကဲ့ ……. ကျွန်တော်တော့ ဘယ်လိုမှ နားမလည်နိုင်တော့ပါ။
မင်းမြတ်စံ (မက်ဆင်ဂျာဂျာနယ်)   posted  by
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

facebook မှာ အထင်မှားနေတဲ့ သတင်းမှားတစ်ခု


Htut Shwe Ye
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ

Facebook အင်တာနက်စာမျက်နှာပေါ်မှာ....

ကျောင်းသူလေးငါးဦးဖဲရိုက်နေပုံတက်လာပါတယ်....

ဝတ်စုံကို ကြည့်တဲ့အခါ... ကွန်ပျူတာတက္ကသိုလ်က လုံချည်အရောင် စိမ်းပြာလေးနဲ့ပါ...


သို့သော်.. ကွန်ပျူတာကလိုလို.. နည်းပညာကလိုလို....မသိသူများ အမျိုးမျိုးက

ပညာရေးတိုးတက်အောင် လေ့လာနေကြတာပါဆိုတဲ့ ပုံစံမျိုးနဲ့...

နှိမ့်ချပြီး Share လုပ်ကြပါတယ်....။

အဲဒီပုံကို ပထမဆုံးကြည့်လိုက်တဲ့အချိန်မှာ.. သတိထားမိတာက...

လုံချည်အရောင်က ကွန်ပျူတာတက္ကသိုလ်က အရောင်နဲ့ ဆင်တူပေမယ့်

ယူနီဖောင်းပုံစံပါ.... မိန်းကလေးတွေ ဝတ်ထားတဲ့ ယူနီဖောင်းအကျီ င်္က

ကွန်ပျူတာကျောင်းကမိန်းကလေးတွေဝတ်ရတဲ့ အိကျီ င်္ပုံစံမဟုတ်ပါဘူး...

ရင်ဘတ်မှာလည်း စာတမ်းလေးတစ်ခုပါတာကိုတွေ့ရပါတယ်....

မူလ Source ကို လိုက်ရှာတဲ့အခါ.....

အောက်ပါ လင့်ခ်မှာတွေ့ပါတယ်




http://moreimagesrally.blogspot.com/2011/12/blog-post_1516.html



ကမ္ဘာဒီယားက ခမာဘာသာနဲ့ ရေးထားတဲ့ Blog Site တစ်ခုကပုံဖြစ်ပါတယ်...

ကမ္ဘောဒီယား ကျောင်းသူတွေပါ...



ဒါကို မူလပထမဦးဆုံး ရှယ်ယာ စလုပ်သူက....

ဘယ်လို ရည်ရွယ်ချက်နဲ့လုပ်ပါသလဲ...

ကိုယ့်တိုင်းပြည်.. ကိုယ့်လူမျိုး... သိက္ခာကျအောင် လုပ်တာဆိုရင်

အင်မတန်မှကို အောက်တန်းကျတဲ့လုပ်ရပ်တစ်ခုအဖြစ်

သတ်မှတ်ပြီး ကန့်ကွတ်ရှုတ်ချပါတယ်....



Facebook မှာတော့ အင်မတန်မှကို ပြန့်နှံ့နေပါပြီ...

နည်းပညာကျောင်းသား.. ကျောင်းသူများ...

ကွန်ပျူတာ ကျောင်းသား.. ကျောင်းသူများ....

ဒီကျောင်းအသိုင်းအဝန်းနဲ့ပတ်သက်နေသူများအားလုံး...

လင့်ခ်အမှန်ကို လက်လှမ်းမှီရာများမှာ.. ပြန်လည်ဖြန့်ဝေခြင်းဖြင့်

မိမိတို့ ဂုဏ်သိက္ခာ... ကျောင်း၏ ဂုဏ်သိက္ခာ.... နိုင်ငံ့ဂုဏ်သိက္ခာကို


ပြန်လည် မြှင့်တင်ပေးကြပါလို့...........
မှတ်ချက်။ ။ face book မှာ နာမည်ကြီးနေတဲ့သတင်းတစ်ပုဒ်ပါ... မြန်မာပြည်က မဟုတ်ဘူးဆိုတာသိရအောင်
ပြန်ရှယ်ပေးခြင်းဖြစ်ပါတယ်....
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗိုလ်ချုပ်မှူးကြီး(ဟောင်း)ဦးသန်းရွှေ ရဲ့  အမိန့်ကို နာခံစရာ မလိုတော့ပါဘူးလို့  ၀န်ကြီးဦးအောင်မင်း ပြောကြား

ဗိုလ်ချုပ်မှူးကြီးအဖြစ် နှစ် ၂၀ နီးပါး တန်ခိုးထွားခဲ့တဲ့ ဦးသန်းရွှေ စာဖတ်နေတယ် လို့ အစိုးရ၀န်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောလိုက်ကြောင်း Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။

နိုင်ငံခြားသတင်းဌာနတခုနဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းရာမှာ ၀န်ကြီးက အဲဒီလိုပြောလိုက်တာပါ တဲ့။

"သူ့အိမ်ဘေးမှာ စာကြည့်တိုက် အကြီးကြီး ရှိတယ်။ သူတာဝန်ရှိစဉ်ကာလတုန်းကတော့ စာအုပ်ဖတ်ချိန် မရခဲ့ဘူး။ ခုတော့ ဖတ်နေပါပြီ။ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီကို ငြိမ်းငြိမ်းချမ်းချမ်း အသွင်ကူးပြောင်းနိုင်ခဲ့တာ သူ့ရဲ့ ဦးဆောင်မှုကြောင့်ပါပဲ" တဲ့၊ ၀န်ကြီးက ဆိုတယ်။"ဦးသန်းရွှေက လုံးဝ အနားယူသွားပါပြီ။ သူ့သြဇာ သူ့အမိန့်ကို ကျနော်တို့ နာခံစရာ မလိုတော့ပါဘူး။ အခု လုံးဝကို အဆက်အသွယ် မရှိတော့ပါဘူး"
"သူ ၀င်ပါစရာ မလိုတော့ဘူးလေ။ လက်ရှိအခြေအနေကို အဝေးကနေကြည့်ပြီး သူ ၀မ်းသာကျေနပ်နေမှာပါ" တဲ့။
ဦးအောင်မင်း (ဓာတ်ပုံ - ဧရာဝတီ)

လက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုအခြေအနေကိုလည်း သူက ထည့်ပြောခဲ့ပါတယ်။

အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့
၃ လ အတွင်း အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းပြီးစီးနိုင်လိမ့်မယ်၊
အရပ်သားအစိုးရကို သူပုန်အဖွဲ့တွေက ယုံကြည်မှု ရှိကြတယ်လို့ ဆိုတယ်။

တိုက်ပွဲမှာ ကျဆုံးသွားသူဟာ တိုင်းရင်းသားတပ်ဖွဲ့က ရဲဘော်ပဲ ဖြစ်ဖြစ်၊ စစ်တပ်ကပဲ ဖြစ်ဖြစ် သူတို့အားလုံးဟာ ကျနော်တို့ရဲ့ မိသားစုဝင်တွေပါပဲ တဲ့။

အစိုးရအဖွဲ့ထဲမှာ ပြုပြင်ပြောင်းလဲလိုသူတွေနဲ့ သဘောထားတင်းမာသူတွေကြား ပဋိပက္ခရှိတယ်ဆိုတဲ့ ပြောဆိုခန့်မှန်းချက်တွေကိုတော့ ဦးအောင်မင်းက ပယ်ချတယ်လို့ ဆိုတယ်။

သမ္မတရဲ့ နောက်မှာ အားလုံး တညီတညွတ်တည်း ရှိနေပါတယ် တဲ့။

KIA နဲ့ ချနေကြတဲ့အကြောင်း၊ ထိုးစစ်ရပ်ဖို့
သမ္မတက ကြည်းတပ်ဦးစီးချုပ်ကို အမိန့်ပေးတာတောင် တိုက်ပွဲတွေ မရပ်သေးတဲ့အကြောင်းကိုတော့ ၀န်ကြီးက မှတ်ချက်ပေးဖို့ ငြင်းတယ်လို့ ဆိုတယ်။
ဧရာဝတီ ညွှန်း - http://www.chicagotribune.com/news/sns-rt-us-myanmar-conflictstre81e0wk-20120215,0,230022.story

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မင်းတုန်းမင်းကြီးတင်လှူပူဇော်ခဲ့သည့် ရွှေတိဂုံစေတီတော်ရှိ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဆံတော်ကြိုစေတီများရှိရာ မြို့နယ် လေးခုသို့ ယခုလ ၁၁ ရက်နေ့မှစတင်၍ လှည့်လည်အပူဇော်ခံ


ရွှေတိဂုံစေတီတော်ရှိ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဆံတော်ကြိုစေတီများရှိရာ မြို့နယ်လေးခုသို့ ယခုလ ၁၁ ရက်နေ့မှစတင်၍ လှည့်လည်အပူဇော်ခံကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သတင်းရရှိပါသည်။

အဆိုပါလှည့်လည် အပူဇော်ခံသည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့မှာ ရွှေတိဂုံစေတီတော်သို့ မင်းတုန်းမင်းကြီးကိုယ်တိုင် တင်လှူပူဇော်ခဲ့သည့် ပစ္စည်းများဖြစ်ကြပြီး ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနှင့် ဆိပ်ကမ်းတို့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ လှည့်လည်အပူဇော်ခံ မည်ဖြစ်သည်။ ထိုသို့အပူဇော်ခံရာတွင်လည်း ရွှေတိဂုံစေတီတော်ရှိ ရုပ်ပွားတော်များနှင့် ရွှေပြားသင်္ကန်းတို့ကိုပါ ပင့်ဆောင်လှည့်လည်အပူဇော်ခံခြင်းဖြစ်ပြီး ညပိုင်းကိန်းဝပ်သော ဒေသများတွင် ဒေသခံများကဓမ္မဒေသနာတော်များကို အလှည့်ကျရွတ်ဆိုပူဇော်ခြင်း၊ ပန်းဆီမီးစုပေါင်းပူဇော်ခြင်း၊ ဆွမ်းတော်ကြီးပို့ခြင်းနှင့် ဆွမ်းတော်ကြီး ဆပ်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

''ရွှေတိဂုံစေတီတော်မှာ ဌာပနာထားတဲ့ဆံတော်မြတ်ကို ပင့်ဆောင်တဲ့ လမ်းတစ်လျောက်မှာရှိတဲ့ ဒေသတွေမှာ ဆံတော်ကြိုစေတီတော်တွေကို တည်ထားခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထားတွေရှိခဲ့တာကြောင့် ရွှေတိဂုံစေတီတော်နှစ် ၂၆၀၀ ပြည့်ပွဲတော်ကို အမှီပြုပြီး အဲဒီဒေသတွေမှာ ဆံတော်ကြိုစေတီရှိတာကို ဒေသခံတွေသတိပြုမိစေဖို့ အခုလို လုပ်ဆောင်ရတာပါ။ ဒါကြောင့် ရွှေတိဂုံစေတီတော်ရဲ့အင်္ဂါရပ်တော် အစိတ်အပိုင်းတွေကို အနီးကပ် ဖူးတွေ့ပူဇော်နိုင်အောင် ရုပ်ပွားတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နဲ့ ရွှေသင်္ကန်းတော်တွေကို အဲဒီဒေသတွေမှာ လှည့်လည်အပူဇော်ခံတာပါ'' ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။

ဆံတော်ကြိုစေတီများသည် တွံတေးတွင်နှစ်ဆူ၊ ဗိုလ်တထောင်တွင် တစ်ဆူ၊ ကော့မှူးတွင် ငါးဆူနှင့် ကွမ်းခြံကုန်းတွင် တစ်ဆူစီရှိကြောင်း သိရှိရပါသည်။ 
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အပျိုကြီးဖတ်စာ

က-ကောင်လေးငယ် ချစ်စဖွယ်။
ခ-ချစ်သူမြန်မြန်ယူ။
ဂ-ဂဏန်းတွက် တချက်ချက...်။
င-ငယ်ကျွမ်း တလို့ လွမ်း။
စ-စိပ်ပုတီး ချလို့ ညည်း။
ဆ-ဆံပင် အလွန်ပြင်။
ဇ-ဇရာထောင်း ကြည့် မကောင်း။
ဈ-ဈေးကွဲတွင် ရောင်းဖို့ ပြင်။
ည-ညအခါ ငိုချင်လာ။
တ-တိုးတိုးဖော် လိုပြီနော်။
ထ-ထောင်းထောင်းကြေ စိတ်ဓာတ်တွေ။
ဒ-ဒေါသ ထိန်းမရ။
န-နဖူးစာ လွဲခဲ့တာ။
ပ-ပူညံညံ လုပ်တတ်ပြန်။
ဖ-ဖွံ့ ဖွံ့ ဖြိုး အသားတိုး။
ဗ-ဗေဒင်မေး နောင်အရေး။
ဘ-ဘုတ်ဆုံမ ရှောင်ရှားကြ။
မ-မာယာစုံ သုံးလို့ ကုန်။
ယ-ယတြာများ ချေလို့ ထား။
ရ-ရွှင်အပြုံး ဟန်ဆောင်သုံး။
လ-လူလွတ်များ လာသာထား။
ဝ-၀မ်းစာရေးကြံလို့ တွေး။
သ-သံသရာ ရှည်လှတာ။
ဟ-ဟုတ်မှန်တာ လုပ်တော့မှာ။
အ-အထုပ်ပြင် စခန်းဝင်။
တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ကြပါ။( PS--- I found it from facebook)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗိုလ်ချုပ်အောင်ဆန်း၏ ၉၇နှစ်မွေးနေ့နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇နှစ်ကို ရည်ရွယ်၍ မင်္ဂလာပါ ၉၇+၆၇ ပန်းချီပြပွဲပြုလုပ်


ဗိုလ်ချုပ်အောင်ဆန်း၏ ၉၇ နှစ်ပြည့်မွေးနေ့နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်ပြည့် မွေးနေ့ကို ရည်ရွယ်၍ အမ်ပီပီရဲမြင့်၏ မင်္ဂလာပါ ၉၇+၆၇ တစ်ကိုယ်တော်ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

အဆိုပါပန်းချီပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပန်းချီကား ၆၁ ကားနှင့်အတူ ဆရာတော် ဦးဥတ္တမ၊ ဦးသန့်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဂျာနယ်ကျော်မမလေး၊ ဒဂုန်တာရာ၊ ဆရာ အောင်သင်းအစရှိသည့် စာရေးဆရာများ၊ ဆရာဦးခင်မောင်ရင်၊ ဦးနန်းဝေ၊ ဦးဝင်းဖေ၊ ဗဂျီအောင်စိုး အစရှိသည့် ပန်းချီဆရာများ၏ ပုံတူပန်းချီကား ၃၉ကား စုစုပေါင်း ပန်းချီကားပေါင်း ၁၀၀ကို ပြသထားကြောင်းသိရသည်။

''တစ်ကိုယ်တော် ပြပွဲလုပ်တာ လေးကြိမ်မြောက်ရှိသွားပါပြီ။ ဒီပန်းချီပြပွဲက ဗိုလ်ချုပ်ရဲ့ ၉၇နှစ်ပြည့်မွေးနေ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇နှစ် မွေးနေ့တွေကို အမှတ်တရရည်ရွယ်ပြီး ပြုလုပ်တာပါ။ စာရေးဆရာ၊ ပန်းချီဆရာတွေရဲ့ ပုံတူတွေကတော့ သူတို့ ဖန်တီးခဲ့တဲ့ အနုပညာကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ရေးဆွဲထားတာပါ။ ကျန်တဲ့သူတွေလည်း ကျန်နေပါသေးတယ်''ဟု ပန်းချီ အမ်ပီပီရဲမြင့်က ပြောပြခဲ့ပါသည်။

မင်္ဂလာပါ ၉၇+၆၇ ပန်းချီပြပွဲတွင် ပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်းပန်းချီကားများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကား ၆၁ ကားထဲမှ ရောင်းရငွေ ၅၀ ရာခိုင်နှုန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လှူဒါန်းသွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။ ပြပွဲတွင်ပြသထားသည့် ပန်းချီဆရာ၊ စာရေးဆရာများ၏ ပုံတူပန်းချီကားများကိုမူ ပန်းချီပြပွဲ နောက်ဆုံးနေ့တွင် သက်ဆိုင်ရာ မိသားစုများသို့ အမှတ်တရ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အမေရိကန်က ကချင်လူမျိုးfighterသတ္တိပြောင်မြှောက်တဲ.မြန်မာပြည်ဖွား

အမေရိကန်က ကချင်လူမျိုးfighter

ကချင်လူမျိုးမြန်မာသတ္တိခဲ အောင်လပါ သူ.ကို ဗမာ.စပါးအုန်းလို.အမည်ပြောင်ပေးထားပါတယ် ဗမာ.စပါးအုန်းဆိုတာလဲ သိကျတဲ.အတိုင်းပဲ အားလုံဖိုက်ရဲတယ်နော.
သူ.ရဲမတ်လ ၁၆ ရက်နေ.အမေရိကန်နိုင်ငံ.. SHEET METAL WORKER’S UNION HALL, PHILADELPHIA, PENNSYLVANIA, ပင်ဆယ်ဗေးနီးယားပြည်နယ်ရဲ့.. ဖီလာဒဲဖီးယားမြို့ မှာ ဖိုက်မဲ.ပွဲနဲ.သူရဲ.အချက်အလက်တချို.ပါ
ဒီလိုလဲဆော်ဖူးတယ်
ဒီလိုလဲခံရဲတယ်
ဒီလိုလဲ ယှဉ်ရဲတယ်
ဟောဒီလိုလဲ ကိုင်ပေါက်တယ်
နောက်က လူ တောင်ကြောက်နေသလိုပဲ အောက်ကလူကတော.မပြောနဲ.
မြန်မာပြည်ဖွားတွေသတ္တိကွ
သတ္တိပြောင်မြှောက်တဲ.မြန်မာပြည်ဖွားကချင်လူမျိုးလေးအောင်လ ကို ဒီနေရာက ဂုဏ်ပြုပါတယ်ခင်ဗျားးး
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မလေးရှားရောက် ရွှေမြန်မာများအား အထူး သတိပေးချက် - 2


မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ အခု အချိန်တွင် မလေးရှားနိုင်ငံအတွင်း အော်ပရာစီ(စစ်ဆင်ရေး) ကိစ္စများကို စတင်ပြုလုပ် အကောင်အထည် ဖော်ဆောင်လျှက် ရှိနေပါတယ်။ သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက်အထား မရှိသူ အိုဗာစတေး သမားများ အနေဖြင့် သတိဖြင့် နေထိုင် သွားလာကြပါရန် သတိပေး အပ်ပါသည်။

အခု အရေးပေါ် သတင်းအရ ဖေဖော်ဝါရီ 15-16-17 ရက်နေ့များတွင် မလေးရှားနိုင်ငံအတွင်း အသေးစား အော်ပရာစီ(စစ်ဆင်ရေး) လုပ်ငန်းများ စတင်မည် ဟု သတင်း ရရှိပါသည်။ မလေးရှား လ၀က နှင့် ရဲ အရာရှိများက အရပ်ဝတ်ဖြင့် လှည့်လည်နေပြီး မိမိတို့ စစ်ဆေးချင်သောသူအား .... ၄င်းတို့၏ ၀န်ထမ်းကဒ်များ ထုပ်ပြပြီး စစ်ဆေးကြပါသည်။ အိုင်စီ (နိုင်ငံသား လက်မှတ်) ကိုင်ဆောင် ထားသူများပင် မသင်္ကာပါက ကားဖြင့် ခေတ္တ တင်ဆောင်သွားပြီး သေချာ စစ်ဆေးပြီးမှ ပြန်လွှတ်ပါသည်။

ဆက်လက်၍ ကျွန်တော့်ထံသို့ ဖုန်းမှ သတင်းပေးချက်အရ မနက်ဖြန်အတွက် ရာဝမ်းနယ်မြေတွင်း အော်ပရာစီ(စစ်ဆင်ရေး) လုပ်ငန်းများ စတင်မည် ဟု ပြောပြလာပါတယ်။ နေ့ရက် ၊ အချိန် ၊ နေရာများကို တိတိကျကျ ပြောပြခြင်း မရှိပါဘူး ။

ယခု 6P ကိစ္စများ နဲ့ ပက်သက်ပြီး အားလုံး တရားဝင် ဖြစ်ရေးအတွက် အော်ပရာစီ(စစ်ဆင်ရေး) များ စတင်နေပြီ ဖြစ်ပါတယ်။ သို့ ဖြစ်ပါ၍ စနေနေ့ တနင်္ဂနွေနေ့ နှင့် တစ်ခြားရက်များတွင် ရွှေမြန်မာများ လူစည်ကားသော နေရာများ နှင့် မိမိနေထိုင်သော ပတ်ဝန်းကျင်များအတွင် သတိထား၍ နေထိုင် သင့်ပါကြောင်း နှင့် မိမိ ခရီးသွားလာပါက မိမိ၏ ပတ်စပို့ နှင့် အထောက် အထား တစ်စုံတရာ မရှိပဲ သွားလာခြင်းအား ဂရုစိုက် သတိထား သင့်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

အဖမ်း အဆီး ကိစ္စများနဲ့ ပက်သက်ပြီး သတင်းများ ကို ကျွန်တော်သိရှိ လက်လှမ်းမှီ သလောက်တင်ပြ ပေးပါမည်။ မလေးရောက် ရွှေမြန်မာများ ဘေးရန် အန္တရာယ် ကင်းဝေး စေရန်အတွက် သတင်း ကဏ္ဍမှ မိမိသိရှိတာ တင်ပြသင့်တာကို အကူအညီပေး အကြံညဏ်ပေး နိုင်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

February လ အတွက်ဗေဒင်

ဆရာမျိုးဟန်ကို - 2012, February လ အတွက် ဗေဒင် ဟောစတမ်း
၁။ တနင်္ဂနွေသားသမီးများ အတွက်

သင့်ရဲ့ ရည်မှန်းချက်တွေ အဆင်ပြေလာမည်။ အလုပ်အကိုင်ကိစ္စများ အဆင်ပြေနေသော အချိန်ဖြစ်ပါသည်။ ဒီလ အတွင်းမှာ သူတစ်ပါးအတွက်နဲ့စိတ်ညစ်နေရမည်။ ငွေကြေး အတွက်နဲ့ စိတ်ညစ်နေရမည်။ ငွေကြေးများ မစုမိသော အချိန်ဖြစ်ပါသည်။

ဝင်သလောက် ကုန်ကျမှုများ ရှိနေပါသည်။ ဒီလတွေထဲ အနည်းငယ် စိတ်ညစ်နေရမည်။ ခရီးကိစ္စများ အဆင်ပြေမည်။ ခရီးယာယီ ကိစ္စများသွားနေရမည်။ အချစ်ရေးမှာ အဆင်ပြေနေပေမဲ့ စကားပြောဆိုမှုများ အဆင်မပြေပဲ ဖြစ်နေမည်။

ချစ်သူနဲ့ခွဲရမည်။ အိမ်ထောင်ရေးမှာ အဆင် မပြေသေးပါဘူး။ ဒီလအတွင်း ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။ယတြာ = ကံကောင်း စေရန်အတွက် အိမ်ဘုရားတွင် ပန်းအဝါရောင် ၈ ပွင့်ကို တင်လှူ၍ ဆုတောင်းပါ။ အကျိုးပေးသောဂဏန်း ။ ။ 4 7 8 6

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်းမှာ ရည်ရွှယ်တာလေးတွေ ပုံမှန်လေးသာ အဆင်ပြေနေမည်။ ဒီလအတွင်းမှာ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ စီးပွားရေးကိစ္စတွေမှာတော့ ကူညီပေးသူများ ပေါ်လာမည်။အထက်လူကြီးနဲ့ စကားပြောဆို ကိစ္စများ သိပ်အဆင်မပြေဘူး ဖြစ်နေပါသည်။ အလုပ်ထဲ စိတ်တစ်ခြား လူတစ်ခြားဖြစ်နေမည်။

ငွေကြေးကိစ္စတွေမှာ ငွေဝင်ဖို့ လမ်းစတွေ ရှိပါသည်။ ရအောင်သာ စုပေတော့ ငွေကတော့ဝင်လာမှာပါ။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။ မိသားစုအတွင်း အလှူအတန်းကိစ္စများ ပြုလုပ်ရမည်။ အချစ်ရေးကတော့ မိမိချစ်သူ အတွက်နဲ့ အမြဲစိတ်ညစ်နေရမည်။

အိမ်ထောင်ရေးမှာ အဆင်ပြေနေမဲ့ အချိန်လေးပါ။ အခုလ ကျန်းမာရေး သွေးအားနည်းတာတို့ ခေါင်းမူးတာတို့၊ သွေးတိုးတာတို့ ဖြစ်မည်။ ယတြာ = သောက်တော်ရေခွက် နှစ်ခွက်ကို ဆင့်၍ အိမ်ဘုရားတွင် ကပ်လှူရင်းလိုရာ ဆုတောင်းယူပါ။ ကံကောင်းလာမည်။ အကျိုးပေးသော ဂဏန်း ။ ။ 4 0 2 3

၃။ အင်္ဂါ သားသမီးများ အတွက်

ဒီလအတွင်းမှာ စိတ်မောလူမောနဲ့ လှုပ်ရှားနေရမဲ့ အချိန်လေးပါပဲ။ အလုပ်အကိုင်များ ပုံမှန်လေးပါပဲ ပြုလုပ်နေရမည်။ အလုပ်အတွက်နဲ့ ပက်သက်၍ အနည်းငယ် စိတ်ညစ်ရတာမှအပ ထူးထူးထွေထွေ မရှိပါဘူး။ မိသားစုအတွင်း ပျော်စရာကိစ္စများ ဝမ်းသာစရာများ ဆက်တိုက်ဖြစ်ပေါ်နေမည်။ ရုတ်တစ်ရက် ကံကောင်းမှုများ ကြုံတွေ့ရမည်။ ငွေကြေးကိစ္စများ အဆင်ပြေနေမဲ့ အချိန်လေးပါ။

မိမိမျှော်မှန်းနေသာ ကိစ္စများ အဆင်ပြေလာမည်။ ခရီးတွေကတော့ ရုတ်တစ်ရက် သွားနေရမည်။ သူတစ်ပါး ကိစ္စများမှာလည်း ပါဝင်ကူညီရမည်။ သူငယ်ချင်း မိတ်ဆွေများနဲ့ ဆုံတွေ့ရမည်။ အချစ်ရေးမှာ စိတ်ချပါတဲ့ ။ အိမ်ထောင်ရေး ဝေးကွာနေမည်။

ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။ယတြာ = အသက်ကြီးသူ တစ်ဦးကို တရားစာအုပ် တစ်အုပ်လှူ၍ ကံကောင်းလာစေရန် အတွက်ဆုတောင်းယူပါ။
အကျိုးပေးသောဂဏန်း ။ ။ 8 9 6 3

၎။ ဗုဒ္ဓ္ဓဟူးသားသမီးအတွက်

ဒီလအတွင်း လိုရာ ဆန္ဒတွေဟာ ပြည့်စုံလာမှာပါ။ အလုပ်အကိုင်ကိစ္စများ အဆင်ပြေနေမည်။ သူတစ်ပါး ကိစ္စများကို ဝင်ပါတာတို့ ရှောင်သင့်ပါတယ်။ ဒီလအတွင်းမှာ စိတ်လွတ်ကိုယ်လွတ်လေး အလုပ်လုပ်နေရမည်။ စီးပွားရေး ငွေကြေးကိစ္စများကတော့ အဆင်ပြေနေမည်။

ငွေကြေးကိစ္စများနှင့် ပက်သက်၍ ခေါင်းအေးအေးထားပြီး စဉ်းစားဆုံးဖြတ်ပါ။ သူတစ်ပါးအတွက်နဲ့ ရုတ်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ခရီးတွေက ပုံမှန်လေးသွားလာ နေရမည်။ မိမိသူငယ်ချင်း မိတ်ဆွေများနဲ့ စကားများရမည်။

အချစ်ရေးမှာ ပျော်စရာကောင်းသော အချစ်ကိုတွေ့ရမည်။ အိမ်ထောင်ရေးကတော့ အဆင်ပြေနေမည်။ ကျန်းမာရေးမှာ ဒူးနာ ၊ ခါးနာဖြစ်မည်။ ယတြာ = နေအိမ်ဘုရားတွင် ဖယောင်းတိုင် ၈ တိုင်ထွန်း၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ အကျိုးပေးသောဂဏန်း ။ ။ 2 4 8 5

၅။ ကြာသပတေး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်များ အဆင်ပြေနေမည်။ မျှော်လင့်သော ရည်ရွှယ်ချက်များ အကောင် အထည်ပေါ်မည်။ လက်ရှိ အလုပ်တွင် နေရာရနေသော်လည်း စိတ်ညစ်မှု အနည်းငယ် ရှိပါသည်။ ယခုလအတွင်း ငွေကြေးကိစ္စများ ပုံမှန် အဆင်ပြေပါသည်။

သူတစ်ပါးအတွက် ငွေကြေးများ ကူညီနေရမည်။ သူငယ်ချင်း မိတ်ဆွေများနှင့် ဆုံတွေ့ရမည်။ ခရီးယာယီများ ဆက်တိုက် သွားနေရမည်။ပညာရေး ကြိုးစားနေရမဲ့ အချိန်လေး ဖြစ်ပြီး ပညာရေး ကံကောင်းပါသည်။

အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေမည်။ ပျော်ရွှင်နေမဲ့ အချိန်လေးပါ။ အိမ်ထောင်ရေးမှာ ရန်စကား များနေရမည်။ မိသားစု အိမ်တွင်းရေး အတွက် အနည်းငယ် စိတ်ညစ်ရမည်။ ယခုလ ကျန်းမာရေးမှာ ခါးနာမည် ၊ ဇက်ကြောတက်မည်။

ယတြာ = ကံကောင်းလာ စေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက်ပိုင်းတွင် ရေသန့်တစ်ဗှူးကို ကလေး တစ်ယောက် အား လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 4 0 4 9

၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ အလုပ်အကိုင်ကိစ္စများ အဆင်ပြေပါသည်။ အလုပ်ထဲတွင် စိတ်ညစ်မှု မရှိသော်လည်း စကားပြောဆိုရသော ကိစ္စများတွင် စိတ်ညစ်နေရမည်။

ငွေကြေး ငွေကံကောင်းပါသည်။ အဆင်ပြေလာမည်။ မိတ်ဆွေ သူငယ်ချင်းများနှင့် စကားပြောဆိုမှု အဆင်မပြေပါ။ စေတနာကို ဝေဒနာ အထင် ခံရမည်။ အလှူအတန်း ကိစ္စများ ပြုလုပ်ရမည်။ ခရီးယာယီ သွားရမည်။

အချစ်ရေးမှာ အဆင်ပြေ ကံကောင်းနေမည်။ ယခုလ အိမ်ထောင်ရေးကိစ္စများ ရန်စကားများ နေရပေမဲ့ အဆင်ပြေပါသည်။ အခုလအတွင်း ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေ ညံ့မည်။ ယတြာ = စနေနေ့ နံနက်ပိုင်းတွင် သခွားသီး တစ်လုံးကို ခါးမှ ချိုး၍ ရေမျှောရင်း ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 8 2 1 1

၇။ စနေသားသမီးများ အတွက်


ဒီလတွင်း ဖြစ်ချင်သော ရည်ရွှယ်သော ကိစ္စလေးတွေ များနေမည်။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေ နေသော်လည်း အနည်းငယ် စိတ်ညစ်နေမည်။ ယခုလက်ရှိ ဆုံးဖြတ်ရခက်သော ကိစ္စများ ဖြစ်ပေါ်နေမည်။

ငွေကြေးကိစ္စများ ရလိုက် ကုန်လိုက် ဖြစ်နေသော်လည်း အဆင်ပြေလာမည်။ သူငယ်ချင်း မိတ်ဆွေအသစ်များ ရရှိမည်။ ပျော်ရွှင်သော ခရီးများ သွားရမည်။ ပညာရေး ကံညံ့နေမည်။ ဒီလအတွင်း အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ ဝေးနေရသော ချစ်သူ ထံမှ ဆက်သွယ်မှု ပြန်ရမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။

ဒီလအတွက် ကျန်းမာရေးမှာ ခြေထောက်နာမည် ၊ အိပ်ရေးပျက်မည်။ ယတြာ = ကံကောင်းစေရန် အတွက် တနင်္ဂနွေနေ့ တွင် မိမိ နှစ်သက်ရာ သစ်သီး ၅ မျိုးကို အသက်ကြီးသူ တစ်ဦးဦးအား လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 2 2 4 7
ဆရာမျိုးဟန်ကို

NO. 314 , Block P/B ,
Jin Cheras Taman Cheras ,56100
Kuala Lumpur Malaysia

Ph; 017, 226 0715
myohankonew@gmail.com

http://www.myohanko.br.ms/
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတာ နှင့် ငယ်ဘဝ....

   မြန်မာ့လွတ်လပ်ရေး ဗိသုကာာ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
  
၁၉၁၅-ခုနှစ် rgb(255, 0, 0); font-weight: bold;"">ဖေဖော်ဝါရီ ၁၃ ရက် -
၁၉၄၇ခုနှစ် ဇူလိုင်‌ ၁၉ ရက်သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊
တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့်
နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု
ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော
မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင်
မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင်
ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး
လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း ဇာတာ
ဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါ ကမျှ ထိန်လင်းဟုမခေါ်ဟု
အစ်ကိုဦးအောင်သန်းက ပြောဆိုခဲ့ဖူးသည်။ နောင်အခါ၌ အစ်ကို ကိုအောင်သန်းနှင့်
နာမည်လိုက်အောင် မောင်အောင်ဆန်းဟု ခေါ်တွင်လေသည်။
ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း
ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ 0, 0);"">အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင်
ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် 0);"">ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက်
နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည်
ဖြင့်ထင်ရှားသည်။
ဗိုလ်ချုပ်၏ မွေးချင်းများမှာ-
  1. မခင်ညွန့် (လယ်ဝန်ကတော်) ကွယ်လွန်၊
  2. မ၀က် (အိမ်ထောင်မပြု) ကွယ်လွန်၊
  3. မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်တို့နှင့်အတူ လုပ်ကြံခံရ)၊
  4. မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)၊
  5. မောင်နေအောင် (အမိန့်တော်ရရှေ့နေ ကွယ်လွန်)၊
  6. ခုနစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်းကွယ်လွန်)၊
  7. ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ် ကွယ်လွန်)၊
  8. ဗိုလ်ချုပ်အောင်ဆန်းတို့ ဖြစ်ကြသည်။

ငယ်ဘဝ

ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က အနာအဖျား ထူသည်။ အသားစား ကြူးသည်။ အမဲ သားငါး အလွန်ကြိုက်သည်။ အတီးအမှုတ် ၊ အကအခုန်
အလွန် ဝါသနာ ပါသည်။ အထူးသဖြင့် ဆိုင်းတီး ဝါသနာ ပါသည်။ စားပွဲ ဖြစ်စေ ၊
ခေါက်စရာတွေ့လျှင် ဖြစ်စေ အမြဲ ခေါက်နေလေ့ ရှိသည်။ ချောင်တစ်ချောင်တွင်
ကပ်၍ မှိုင်တွေကာ စဉ်းစား၍လည်း နေတတ်သည်။ အများအားဖြင့် က္ကုနြေ္ဒကြီးသည်။
ကစားခုန်စားကို များစွာ မလေ့ကျင့်သော်လည်း ကစားသည့်အခါ ကြမ်းတမ်းသည်။
ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်။ မျက်နှာလို မျက်နှာရဖြင့်
အထက်လူကြီးအား တိုင်တောခြင်းကို ငယ်စဉ်ကတည်းက အထူးစက်ဆုပ်သည်။

လူငယ်‌ဘဝ

သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်း တို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊
ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ သူသည်
ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင် အဖွဲ့ဝင်အဖြစ်
ရွေးချယ်ခြင်း ခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသောအိုးဝေမဂ္ဂဇင်းတွင်
အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ငရဲ‌ခွေးကြီး
လွတ်နေသည် ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို
ရည်ညွှန်းထားသည့် ဆောင်းပါး၏ ဆောင်းပါးရှင်အား မဖော်ပြမှုဖြင့် ကိုနု(နောင်
သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရသည်။
ထို့ကြောင့်သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။
နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။ ၁၉၃၈
ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့်
ကျောင်းသားသပိတ် မန္တလေးသို့ ကူးစက်ပြီး နောက်ဖွဲ့စည်းသော
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဌအဖြစ်
ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ်
အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ်
ရွေးချယ်ခဲ့သည်။
၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့
ကူးပြောင်းခဲ့သည်။ ဤအချိန်မှစ၍ သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့်
ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည်
ဒို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်လာသောအခါတွင် သခင်
(အရှင်သခင်/ဆရာ-မြန်မာလူမျိုးများသည် ဗမာပြည်၏ အရှင်သခင်/ဆရာစစ်များ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့များက သူတို့သာလျှင် အသုံးပြုရန် မတရား
သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။) တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃၀ ခုနှစ်
မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏
အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့သည်။
ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀၀ ပြည့် အရေးတော်ပုံဟု လူသိများသည့်
နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့သည်။ ထိုစဉ်ကပင်
ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအား ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းးအဖွဲ့ကြီးမှာ
ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသော
ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်း
ဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှုး ဖြစ်လာခဲ့သည်။ သူ၏
သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉-ခုနှစ်
ဩဂုတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီ ကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့်
ပထမဆုံး အထွေထွေအတွင်းရေးမှုး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။ များမကြာမီတွင်
သူသည် ပြည်သူ့ တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။
ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု
ပြန်လည်အမည်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လတွင်
အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော်
စည်းဝေးပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို
သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် အောင်ဆန်းအား
ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံတွင်း
လှည့်လည်ပုန်းရှောင်နေခဲ့ပြီးနောက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရသည်။ ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ
အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား
အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန်
တိုက်တွန်းခဲ့လေသည်။

ဒုတိယကမ္ဘာစစ်‌ကာလ

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဖူမီမာရိုကိုနိုး
အစိုးရထံမှ လက်နက်နှင့် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များရလာသည်။ ထိုနောက်
ရဲဘော်သုံးကျိတ်အဖွဲ့ဝင်များနှင့် အတူ စစ်သင်တန်းတက်ရောက်ရန် ဂျပန်ပြည်သို့ ခေတ္တပြန်လည် ထွက်ခွာသွားခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင်
လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ မီနာမီကီးကန်း၏ အကူအညီဖြင့်
မြန်မာလမ်းမကြီး(စစ်အတွင်း တရုတ်နိုင်ငံအား ကုန်းကြောင်းမှ
စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန် မြန်မာနိုင်ငံကို
ဖြတ်သန်း၍ဖောက်ထားသောလမ်း၊ယနေ့ ရှမ်းပြည်နယ် နှင့်
တရုတ်နိုင်ငံအားဆက်သွယ်ထားသည့်လမ်းမကြီး)အား ပိတ်ဆို့ရန်နှင့် ပြည်တွင်းရှိ အမျိုးသားပုန်ကန်ထကြွမှုအား ထောက်ပံကူညီရန်အတွက်
ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှုးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့်
ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့(ထိုအချိန်တွင်
ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင်
ထူထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး
ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်သည်
ဂျပန်တို့လက်အောက်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ကျရောက်သွားပြီး (ဒုတိယ
ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်) ဂျပန်စစ်ဘက်
အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။ ဇူလိုင်လတွင်
ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ဖိအားပေးမှုအရ ဗမာ့လွတ်မြောက်ရေးတပ်မတော်
(ဘီအိုင်အေ)အား ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ်
ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း
ဤအကြိမ်တွင် ဗိုလ်မှုးကြီးအောင်ဆန်း အဖြစ်သာနေခဲ့သည်။ ၁၉၄၄ ခုနှစ် မတ်လတွင်
သူ့အား ဗိုလ်ချုပ်ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်။ များမကြာမီတွင်
ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ
တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁
ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေး
ကိုကြေညာပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး
၎င်း၏ တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု
ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ သူ၏ ဂျပန်တို့နှင့် ပူးပေါင်းမှုမှာကြာကြာမခံပေ။
ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို
သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေးကိုလည်း
မနှစ်မြို့ပေ။ ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို
ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်း နှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား
တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ်
ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ
၂၇ ရက်တွင် သူသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျူးကျော်သူများအား
မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ ထို့ကြောင့် မတ်လ ၂၇
ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောင်တွင် စစ်အစိုးရမှ
တပ်မတော်နေ့ဟု ပြောင်းလဲခေါ်တွင်ခဲ့လေသည်။



ဒုတိယကမ္ဘာစစ်ပြီးခေတ်

‌ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက်
ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ်
အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ
ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး
ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။
ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ်ဗမာ့တပ်မတော်အဖြစ်
ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက်
တဖြည်းဖြည်းဖျက်သိမ်းခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလက သီရိလင်္ကာတွင်
ပြုလုပ်ခဲ့သော ကန္ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ
မျိုးချစ်ဗမာ့တပ်မတော်သားများအား ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။ စစ်ပြန်ရဲဘော်အချို့ကို
ပြည်သူ့ရဲဘော်တပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏အုပ်ချုပ်မှုအောက်တွင် အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ
စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက
မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။ ဗိုလ်ချုပ်အောင်ဆန်းအား
ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှုးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း
အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။ ၁၉၄၆ ခုနှစ်
ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့၏ ဥက္ကဌ အဖြစ် လွန်ခဲ့သော
အောက်တိုဘာက မြန်မာပြည် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက်
ခန့်အပ်ခြင်းခံရသည်။ စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမှုဆောင်ကောင်စီ၏ ဒုတိယ
ဥက္ကဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက်
ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့် နှင့်
မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့်
ဝင်စတန်ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းအား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’
ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။ ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့်
အမျိုးသားရေးနှင့် ဆိုရှယ်လစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းတို့
အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာယူသည်ကို
အကြောင်းပြုပြီး ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ
တို့ကို ထုတ်ပစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ်
လုံးလုံးလျားလျားဖြစ်နေပြီ ဖြစ်သော်လည်း ငြင်းပယ်နိုင်သည့် ဗီတိုအာဏာမှာ
ဗြိတိသျှ၏လက်တွင်ရှိနေသေးသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင်
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည်
လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း
သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြင့် သူသည် မြန်မာ့လွတ်လပ်ရေးကို တာဝန်ခံ
ရယူပေးခဲ့သူ ဖြစ်လာတော့သည်။ နယူးဒေလီမြို့၌ တစ်ထောက်ရပ်နားစဉ်
သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို
လိုလားကြောင်း ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန်
အကြမ်းဖက်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးကို
အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည်
အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း
ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အချို့က သူ့အား
ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင်သစ္စာရှိမှု၊ ဂျပန်နှင့်
ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု
နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည်
ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး
ဗိုလ်ချုပ်အောင်ဆန်းအား စစ်အတွင်းက သူကြီးတစ်ဦးကိုကွက်မျက်မှုနှင့်
အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်
ဗိုလ်ချုပ်အောင်ဆန်းသည် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ
ပင်လုံညီလာခံတွင် စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့်သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည် တိုင်းပြုပြည်ပြု
လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ
အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ
ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်ရှိ `ဆိုရန်တာဗီလာ´တွင်
ကျင်းပခဲ့သည်။
လွတ်လပ်ရေး မရမီ လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း
အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ
လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။ လုပ်ကြံမှုမှာ သူ၏ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစော
၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏ တရားခွင်စစ်ဆေးချက်များမှာ သံသယ
ဖြစ်စရာများ တွေ့ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသော်လည်း
ထိုစဉ်က လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးနုက
တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုများကို အရှိန်မပျက်ဆက်လက်ထမ်းဆောင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။

မိသားစု

၁၉၄၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်တွင် ဒေါ်ခင်ကြည်နှင့်
ထိမ်းမြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေါ်ခင်ကြည်၏ ညီမဖြစ်သူမှာ
သခင်သန်းထွန်း ကွန်မြူနစ် ခေါင်းဆောင်နှင့် အကြောင်းပါခဲ့လေသည်။
အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊အောင်ဆန်းစုကြည်စသည့် သား(၂)ယောက်၊ သမီး(၁)ယောက် ထွန်းကားခဲ့သည်။သူ၏ ဒုတိယမြောက် သားဖြစ်သူ အောင်ဆန်းလင်းမှာ
၈ နှစ်သား အရွယ်တွင် နေအိမ်ခြံဝန်း အတွင်းရှိ ရေကန်၌ ရေနစ်သေဆုံးခဲ့သည်။
သားအကြီးဆုံး ဖြစ်သူ ဦးအောင်ဆန်းဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံတွင်
အလုပ်လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ်
ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗုဒ္ဓဘာသာ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး
၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော
ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က
အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က
‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။
ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏
ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို
ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊
မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော
ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့်
ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏
စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော
ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ
လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္စ၀ါဒ)ကိုသာ လက်ခံရမည်
ဆိုသည့်အချက် ဖြစ်သည်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ
ဝိဘဇ္စ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက်
လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍
ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့်
တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို
လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို
တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’
ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏
ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ
အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊
လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊
သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော်
သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ
ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး
ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’
ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း
ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏
‘သက်ဝေ’၊ ‘ကဉ္စန’ သီ ချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊
ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ်
‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော်
ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ
ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင်
အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း
အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။
ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု
ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း
ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏
အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ်
ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏
ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ
အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည်
စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍
မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇ၀င်ကိုသာ
ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း
တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာ မဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။
လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။
လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်
စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ်
ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည်
တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊
စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ
စာရေးဆရာဘ၀ ဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့တွင်
ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ
အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ်
နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ
ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ
ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။
ဗိုလ်ချုပ်၏ ထိုပြောစကားသည် ၀မ်းသာစရာ ကောင်းသလို ၀မ်းနည်းဖွယ်လည်း
ကောင်းလှသည်။ ၀မ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍
မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး
ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ၀မ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို
အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ
ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ
အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊
တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး
ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို
ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည်
မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့်
ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့်
စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့်
ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို
အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉
ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’
ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို
အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့
အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ
ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍
ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို
လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင်
ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊
စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း
ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု
ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး

တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့
အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။
ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်မှ ယနေ့အာဏာရှင်
ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံရေးသမား မျိုးဆက်ပြတ်အောင်
စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အာဏာရှင်တို့က
နိုင်ငံရေးသမား ဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊
နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင်
ဝါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည်
တိုးတက်ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့
လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ်ပုံတို့ကို ၁၉၄၀ခုနှစ်
ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’
ဟူသည့် ဆောင်းပါးတွင် အရိပ်အမြွက် ထည့်သွင်း ရေးသားခဲ့သည်။
ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ
တရားမစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရ
ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင် ရှိ၏။ လူတွေတရား
မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား
ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ
စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော
ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ
မိုက်မဲမှုဖြစ်လာ၏။’
‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ၀န်ခံသွားရှာပြီ။
ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။
ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည်
လောကီရေးပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။
သို့သော်လည်း လောကီရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ
တည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။
လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင်
တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို
နောက်ဆုံးရည်မှန်းပေ၏။ ထို၌ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု
ပြတ်ပြတ်သားသား ရေးသားခဲ့သည်။
ထိုဆောင်းပါးထဲတွင် နိုင်ငံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင်
လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ
နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ် က သတိပေး ရေးသားခဲ့သေး၏။
ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင်မြင်စွာ
ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့်
ဗိုလ်ချုပ်၏ ရင်တွင်းလာ စကားကို ထောက်ရှုပြီး သိမြင်နိုင်သည်။
ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ
တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊
ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊
ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး
ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ
ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိသည့်အတိုင်း အရိုးသားဆုံး
ပြောကြားခဲ့လေသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘ၀တွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အတွင်း၌
မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။
ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း
ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလ ကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊
ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊
ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ်
လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊
ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို
နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို
ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့်
အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူဘ၀ကို ဖြတ်သန်းသွားခဲ့သည်။ ။

ဘ၀နိဂုံး

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ နိုင်ငံရေးတွင် အလွန် အရေးပါသော
ခေါင်းဆောင်ကြီး များ ရဲဘော်ကိုထွေး (အာဇာနည် ကိုးဦး)တို့နှင့်အတူ
လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။

ဗိုလ်ချုပ်၏ စကားများ

  • ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်းတို့က တစ်ခြား
    အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ
    အကျိုး ရှိနိုင်မယ်။
(၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊ ပင်လုံမိန့်ခွန်း)
  • လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)
  • ဟေ့ ... သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို
    မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး
    ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲရဲသေပြလိုက်ကြတာပေါ့ ...။
(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၄င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်)
  • ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ
    သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ်
    ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး
    ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့
    လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။
  • စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနသာင်္ရီကို
    လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး
    ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး
    ဖြစ်သလို လုပ်ကြတာပေါ့ ... ။
(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ)
  • ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့
    ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ
    အ၀ိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် ...။
(ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းကပြောသောစကား)
မှတ်ချက် ၊ ၊ ညီငယ်တောက်တဲ့မှ ပေးပို့ပြီး ရေးသားသူမှတဆင့် ဆက်လက် ဝေမျှ၍ အားလုံးအတွက် တင်ပေးခြင်းဖြစ်ပါသည် ။
ကျွန်တော်တို လူငယ်တွေဗိုလ်ချုပ်ကို မမေ့မလျော့ ချစ်မြတ်နိုးနေကြစဲးပါ။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှင့်ချစ်သူများနေ့ယှဉ်လာရင် အများစုက Valentine day ကိုသာ မှတ်မှတ်ရရ သတိတရနဲ့ ရှိနေကြပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကို ချစ်သူများနေ့လို သိထားကြသလို.....  ဖေဖော်ဝါရီ ၁၃ ရက်နေ့ ကို တိုင်းပြည်အတွက်အသက်ပေးကာ လွတ်လပ်ရေးကိုအရယူပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဆိုတာကိုလဲး သတိရ သိကြသင့်ပေသည်။    တချိန်က ဇွတ်အတင်းမေ့ပျောက်အောင် ဖျောက်ဖျက်ဖို့ ကြိုးစားခံခဲ့ကြရလို ကလေးသူငယ်တွေ တော်တော်များများကို ဗိုလ်ချုပ်ရဲ့ ပုံလေးတွေပြပြီး ဘယ်သူလဲးသိ့ကြလားလို့ မေးကြည့်ရင် ခေါင်းရမ်းသူ ကလေးတွေသာများကြတာ စိတ်မကောင်း စရာပါ။ဗိုလ်ချုပ်၏ ပုံတွေဆိုတာကလဲးရှားပါးဆို လိုချင်လိုတောင်ရှာမရ၊ ဝယ်မရဆိုတော့ ပိုဆိုးသွားတာပေါ့။    အခုတော့ ဗိုလ်ချုပ်ရဲ့ ပုံတွေ လွယ်လင့်တကူ ဝယ်ယူကာ ရရှိနေကြပြီဖြစ်လို ပြောင်းလဲးလာအောင် ပြုလုပ်ပေးသူ အားလုံကို အရမ်းကို ကျေးဖူတင်မိပါတယ်။ မြန်မာပြည်ကြီး လျှင်မြန်စွာတိုးတက်ဖွံဖြိုးသာယာပါစေ....။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

***ဖေဖေါ်ဝါရီ(၁၃)ဟာ...ဗိုလ်ချုပ်မွေးနေ့ပါ***

ဖေဖေါ်ဝါရီ(၁၃)
ထိုနေ့ရက်တွင်
ကမ္ဘာကပင်အသိအမှတ်ပြုတဲ့

ပြည်ချစ်ဖခင်ကို
ရှေ့နေဦးဖာ၊ဒေါ်စုကမွေးဖွားပေးခဲ့


တိုင်းပြည်အတွက်ကိုယ်ကျိုးမဖက်
အသက်ကွယ်ပေးလို့

လွတ်လပ်ရေးရဖို့အတွက်

တော်လှန်ရေးတရားတွေ

ဟောကြားပေးခဲ့

အာဇာနည်ပီသတဲ့
တို့ပြည်ချစ်ဖခင်

တော်လှန်ရေးတရားဟောရင်း

ပြည်သူအတွက်ကြိုးပမ်းရင်းနဲ့

ကျွန်ပ်တို့တိုင်းသူပြည်သားတွေအတွက်
စတေးအသက်
ပေးဆက်ခဲ့သူ ချစ်တဲ့ပြည်ချစ်ဖခင်
ဖေဖေါ်ဝါရီ (၁၃)ဆိုလျှင်
သူ၏အသက်(၉၇)ခုနှစ်ပြည့်ခဲ့လေပြီ
ကျွန်ပ်တို့မမေ့ပြည်ချစ်ဖခင်
မွေးနေ့ရက်ကို
အမြဲဂုဏ်ပြုလေးစားလျှက်ပါ
ပြည်ချစ်ဖခင်သေသော်ညားလည်းကျွန်ပ်တို့ရင်တွင်ဘယ်တော့မှမသေပါ
ထာဝစဉ်ကိန်းအောင်းနေမှာ
သည်နေ့ရက်ပါ
ဖေဖေါ်ဝါရီ(၁၃)ဟာဗိုလ်ချုပ်မွေးနေ့ပါ
နားတွင်အစဉ်ပဲ့တင်မည်လို့
သည်ကဗျာဖြင့်ဂုဏ်ပြုလိုက်သည်
ပြည်ချစ်ဖခင်။
အားလုံးကိုလေးစားလျှက်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သံတွဲမြို့ ဒွါရာဝတီဈေးကြီး မီးလောင်မှု ဖြစ်ပွားသည့် သတင်း



ရခိုင်ပြည်နယ် သံတွဲမြို့ ရှိ ဒွါရာဝတီဈေးကြီး နံနက် 5.30 အချိန်ခန့်မှစတင်ပြီး မီးလောင်ကျွမ်းမှု
ဖြစ်ပွားခဲ့ပါသည်။ နံနက် 8.00နာရီအချိန်ခန့်အထိလောင်းကျွမ်းနေ ပြီး မြို့သူမြို့သားများနဲ့တာဝန်ရှိသူများ
က ၀ိုင်းဝန်းကြိုး စားငြိမ်းသတ်မှု့ကြောင့် မီးကို ထိန်းနိုင်ခဲ့ပါတယ်။ဈေးအတွင်း ရှိပစ္စည်းများ ဆုံးရှုံး သွားပြီး
တန်းဖိုးငွေ ကျပ် သိန်းပေါင်းမြောက်မြားစွာ ဆုံးရှုံး ခဲ့ရပါတယ်။ ယခုအချိန် အထိ မီးကြွင်းမီးကျန်များကို ငြိမ်း
သတ်နေ ရဆဲဖြစ်ပါတယ်။

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိပ်ခ်ျအိုင်ဗွီ ကာကွယ်ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေး ရန်ပုံငွေ ဖျော်ဖြေပွဲတွင် အလှူငွေ ကျပ်သိန်းနှစ်ရာကျော် ရရှိ

e7193
အိပ်ခ်ျအိုင်ဗွီ ကာကွယ်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေဂီတ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ မျှော်စင်ကျွန်း၌ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ အလှူငွေစုစုပေါင်း ငွေကျပ်သိန်း ၂၁၀ ရရှိခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါဖျော် ဖြေပွဲကို အခမဲ့တင်ဆက်ခဲ့ခြင်းဖြစ်ပြီး ပါဝင်သည့် အနုပညာရှင်များမှလည်း အနုပညာဖြင့် ပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်ကာ လာရောက်အားပေးသူ များကလည်း တတ်စွမ်းသမျှ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
e7193a ဖျော်ဖြေပွဲတွင် 21st Century Play Boy, Vertical Vibration, The Tree, Heaven Born, Knights In Armor, The Mask, The River ၊ ရွှေသံစဉ်၊ နိုင်ဇော်နှင့်သူငယ်ချင်းများ တီးဝိုင်းနှင့်အတူ ဘိုဘိုဟန်၊ ခိုင်ထူး၊ ချစ်ကောင်း၊ ဂျေမောင်မောင်၊ ဂျေ ညီညီ၊ ရင်ဂို၊ စည်သူလွင်၊ တာရာ၊ ရဲသွင်၊ ဘန်နီဖြိုး၊ဥာဏ်လင်းအောင်၊ ချောစုခင်၊ အိမ့်ချစ်၊ ခင်ဘုဏ်း၊ ရတနာ၊ ခင်မြတ်မွန်၊ Acid ၊ Cyclone ၊ နေမျိုး၊ ဆိုတေး၊ ဇမ်နူး၊ သံသာဝင်း၊ ရှင်းရှင်း၊ ကာကာ၊  ME&MA Girls Band စသည့် အဆိုရှင်များ သီဆိုဖျော်ဖြေပေးခဲ့သည်။
ရန်ပုံငွေဂီတဖျော်ဖြေပွဲသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ သုခရိပ်မြုံဖောင်ဒေးရှင်း မှ မဖြူဖြူသင်းတို့ တက်ရောက်ခဲ့ကြပြီး လူငယ်ကာတွန်းများမှ ကယ်ရီကေးချား ရေးဆွဲပေးခြင်း၊ တီရှပ် ရောင်းချခြင်းများဖြင့်လည်း ရန်ပုံငွေရှာဖွေပေးခဲ့ပြီး အလှူငွေသိန်း ၂၁၀ ရရှိခဲ့ကြောင်း သိရှိရသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS