RADIO

What is current song?

RSS

မလေးရှားရောက် ရွှေမြန်မာများအား အထူး သတိပေးချက် - 2


မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ အခု အချိန်တွင် မလေးရှားနိုင်ငံအတွင်း အော်ပရာစီ(စစ်ဆင်ရေး) ကိစ္စများကို စတင်ပြုလုပ် အကောင်အထည် ဖော်ဆောင်လျှက် ရှိနေပါတယ်။ သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက်အထား မရှိသူ အိုဗာစတေး သမားများ အနေဖြင့် သတိဖြင့် နေထိုင် သွားလာကြပါရန် သတိပေး အပ်ပါသည်။

အခု အရေးပေါ် သတင်းအရ ဖေဖော်ဝါရီ 15-16-17 ရက်နေ့များတွင် မလေးရှားနိုင်ငံအတွင်း အသေးစား အော်ပရာစီ(စစ်ဆင်ရေး) လုပ်ငန်းများ စတင်မည် ဟု သတင်း ရရှိပါသည်။ မလေးရှား လ၀က နှင့် ရဲ အရာရှိများက အရပ်ဝတ်ဖြင့် လှည့်လည်နေပြီး မိမိတို့ စစ်ဆေးချင်သောသူအား .... ၄င်းတို့၏ ၀န်ထမ်းကဒ်များ ထုပ်ပြပြီး စစ်ဆေးကြပါသည်။ အိုင်စီ (နိုင်ငံသား လက်မှတ်) ကိုင်ဆောင် ထားသူများပင် မသင်္ကာပါက ကားဖြင့် ခေတ္တ တင်ဆောင်သွားပြီး သေချာ စစ်ဆေးပြီးမှ ပြန်လွှတ်ပါသည်။

ဆက်လက်၍ ကျွန်တော့်ထံသို့ ဖုန်းမှ သတင်းပေးချက်အရ မနက်ဖြန်အတွက် ရာဝမ်းနယ်မြေတွင်း အော်ပရာစီ(စစ်ဆင်ရေး) လုပ်ငန်းများ စတင်မည် ဟု ပြောပြလာပါတယ်။ နေ့ရက် ၊ အချိန် ၊ နေရာများကို တိတိကျကျ ပြောပြခြင်း မရှိပါဘူး ။

ယခု 6P ကိစ္စများ နဲ့ ပက်သက်ပြီး အားလုံး တရားဝင် ဖြစ်ရေးအတွက် အော်ပရာစီ(စစ်ဆင်ရေး) များ စတင်နေပြီ ဖြစ်ပါတယ်။ သို့ ဖြစ်ပါ၍ စနေနေ့ တနင်္ဂနွေနေ့ နှင့် တစ်ခြားရက်များတွင် ရွှေမြန်မာများ လူစည်ကားသော နေရာများ နှင့် မိမိနေထိုင်သော ပတ်ဝန်းကျင်များအတွင် သတိထား၍ နေထိုင် သင့်ပါကြောင်း နှင့် မိမိ ခရီးသွားလာပါက မိမိ၏ ပတ်စပို့ နှင့် အထောက် အထား တစ်စုံတရာ မရှိပဲ သွားလာခြင်းအား ဂရုစိုက် သတိထား သင့်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

အဖမ်း အဆီး ကိစ္စများနဲ့ ပက်သက်ပြီး သတင်းများ ကို ကျွန်တော်သိရှိ လက်လှမ်းမှီ သလောက်တင်ပြ ပေးပါမည်။ မလေးရောက် ရွှေမြန်မာများ ဘေးရန် အန္တရာယ် ကင်းဝေး စေရန်အတွက် သတင်း ကဏ္ဍမှ မိမိသိရှိတာ တင်ပြသင့်တာကို အကူအညီပေး အကြံညဏ်ပေး နိုင်ပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment