RADIO

What is current song?

RSS

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဟွာဟင်းရုပ်ရှင်ပွဲတော်၌ ပန်းကြာဝတ်မှုန် ဇာတ်ကားပြသခဲ့ပြီး မြန်မာအနုပညာရှင် အချို့တက်ရောက်ခဲ့

e7191
ရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့သည့် မြန်မာအနုပညာရှင်များ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဟွာဟင်းရုပ်ရှင်ပွဲတော်တွင် ‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင်ဇာတ်ကားပြသခဲ့ပြီး ဒါရိုက်တာစင်ရော်မောင်မောင်၊ လူမင်း၊ မို့မို့မြင့်အောင် နှင့် အေးမြတ်သူတို့လည်း တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိသည်။ အဆိုပါရုပ်ရှင်ပွဲတော်ကို ဇန်န၀ါရီလ ၂၆ ရက်မှ ၂၉ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ ဖိလစ် ပိုင် စသည့်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံမှလည်း ပါဝင်ပြသခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
“မန္တလေးတက္ကသိုလ်ရဲ့ အငွေ့အသက်တွေကြားက လူငယ်တို့ရဲ့ သင်းပျံ့သော ချစ်ခြင်းမေတ္တာကို ပုံဖော်ထားတာပါ။ အရုပ်အသံ အရည်အသွေးပိုင်းကိုလည်း အကောင်းဆုံးဖြစ်အောင် ရိုက်ကူးထားတဲ့အတွက် အခုလို ကနဦးခြေလှမ်းအဖြစ် နိုင်ငံတကာရုပ်ရှင် ပွဲတော်မှာ ပါဝင်ပြသခွင့်ရတာ ဂုဏ်ယူဝမ်းသာမိပါတယ်”ဟု ဒါရိုက်တာ စင်ရော်မောင်မောင်က ရှင်းပြခဲ့သည်။
‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင်ဇာတ်ကားသည် ခင်ခင်ထူး၏၀တ္ထုကို နေ၀င်းမြင့် ဇာတ်ညွှန်းရေးသားခဲ့ပြီး နိုင်းနိုင်း၊ ရဲအောင်၊ ဖြိုးငွေစိုး၊ သက်မွန်မြင့်၊ မေကဗျာ၊ ခင်လေးနွယ်၊ သင်းသင်းယုလှိုင်၊ ဟေမာန်အောင်အောင် အစရှိသည့် အနုပညာရှင်များ ပါဝင်ထားသည်ဟု သိရှိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment