RADIO

What is current song?

RSS

အိပ်ခ်ျအိုင်ဗွီ ကာကွယ်ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေး ရန်ပုံငွေ ဖျော်ဖြေပွဲတွင် အလှူငွေ ကျပ်သိန်းနှစ်ရာကျော် ရရှိ

e7193
အိပ်ခ်ျအိုင်ဗွီ ကာကွယ်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေဂီတ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ မျှော်စင်ကျွန်း၌ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ အလှူငွေစုစုပေါင်း ငွေကျပ်သိန်း ၂၁၀ ရရှိခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါဖျော် ဖြေပွဲကို အခမဲ့တင်ဆက်ခဲ့ခြင်းဖြစ်ပြီး ပါဝင်သည့် အနုပညာရှင်များမှလည်း အနုပညာဖြင့် ပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်ကာ လာရောက်အားပေးသူ များကလည်း တတ်စွမ်းသမျှ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
e7193a ဖျော်ဖြေပွဲတွင် 21st Century Play Boy, Vertical Vibration, The Tree, Heaven Born, Knights In Armor, The Mask, The River ၊ ရွှေသံစဉ်၊ နိုင်ဇော်နှင့်သူငယ်ချင်းများ တီးဝိုင်းနှင့်အတူ ဘိုဘိုဟန်၊ ခိုင်ထူး၊ ချစ်ကောင်း၊ ဂျေမောင်မောင်၊ ဂျေ ညီညီ၊ ရင်ဂို၊ စည်သူလွင်၊ တာရာ၊ ရဲသွင်၊ ဘန်နီဖြိုး၊ဥာဏ်လင်းအောင်၊ ချောစုခင်၊ အိမ့်ချစ်၊ ခင်ဘုဏ်း၊ ရတနာ၊ ခင်မြတ်မွန်၊ Acid ၊ Cyclone ၊ နေမျိုး၊ ဆိုတေး၊ ဇမ်နူး၊ သံသာဝင်း၊ ရှင်းရှင်း၊ ကာကာ၊  ME&MA Girls Band စသည့် အဆိုရှင်များ သီဆိုဖျော်ဖြေပေးခဲ့သည်။
ရန်ပုံငွေဂီတဖျော်ဖြေပွဲသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ သုခရိပ်မြုံဖောင်ဒေးရှင်း မှ မဖြူဖြူသင်းတို့ တက်ရောက်ခဲ့ကြပြီး လူငယ်ကာတွန်းများမှ ကယ်ရီကေးချား ရေးဆွဲပေးခြင်း၊ တီရှပ် ရောင်းချခြင်းများဖြင့်လည်း ရန်ပုံငွေရှာဖွေပေးခဲ့ပြီး အလှူငွေသိန်း ၂၁၀ ရရှိခဲ့ကြောင်း သိရှိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment