RADIO

What is current song?

RSS

ပြည်တွင်းသတင်း

ရခိုင်ပြည်နယ် မောင်တောမြို့ နစက ဒေသကွပ်ကဲရေးမှူး ဒုတိယဗိုလ် မှူးကြီးအောင်ကြီး ဦးဆောင်သည့် အဖွဲ့ မှ ၈/၆/၁၂ ခုနှစ်တွင် အကြမ်းဖက်မှု ဖြစ်စေသော အခြေခံ ဆုတောင်းပွဲကို ကျပ်ငွေသိန်းပေါင်း ( ၃၅၀ဝ ) သုံးထောင်ငါးရာ နှင့် ခွင့်ပြုခဲ့ပြီး နိုင်ငံတော် ၏ တည်ဆဲဥပဒေကို ချိုးဖေါက်ကြောင်းသိရပါတယ်။

ဒါအပြင် သညန များအား (၄) လတွင် (၁၀ဝ၀ဝ)တစ်သောင်း ကျပ်အထိ ကောက်ခံ၍ ဘင်္ဂလီများကို ကိုင်ဆောင်ခွင့်ပြုထားပါတယ်။

၎င်း ဘင်္ဂလီ အိမ်ထောင်စုစစ်ဆေးရာတွင်လည်း တရားမဝင် ဘင်္ဂလီတစ်ယောက်အား အိမ်ထောင်စုထဲ ထည့်လိုလျှင် ငွေကျပ် (၂၀ဝ၀ဝ၀ ) နှစ်သိန်း မှ (၅၀ဝ၀ဝ၀) ငါးသိန်း အထိယူပြီး အိမ်ထောင်စု ဝင်ခွင့်ပြုထားပါတယ်။

၎င်းဘင်္ဂလီအား မိသားစုဝင် ဓါတ်ပုံထဲထည့်ရိုက်ရန် ငွေ (၅၀ဝ၀)ငါးထောင် ကျပ် ထပ်ပေးရပါတယ်။

မြို့ နဲ့ ဝေးတဲ့ နယ်မြေ ဒေသတွေမှာ လုံထိန်း/ ရဲ / တပ်မတော်တို့မှ ဝန်ထမ်းတို့သည် လက်နက်အပြည့် အစုံနှင့်ပင် ရွာထဲသို့မဝင်ရဲကြသော်လည်း နစကတို့ကမူ လက်နက်မပါဘဲ ဝင်ထွက်သွားလာနေတာကို တွေ့ ရတယ်လို့ 
ဒေသခံတွေက ပြောပါတယ်။

မောင်တောဒေသ အနှံ့အပြားမှာ နစက ဝတ်စုံ နစက သေနတ်များနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ဓါးပြမှုများကိုလည်း တခုမှ မဖေါ်ထုတ်ခြင်း မရှိခဲ့ကြောင်း မောင်တောအခြေစိုက် နစက ၀န်ထမ်းတဦး က Myanmar News Now ကို ပြောပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment