RADIO

What is current song?

RSS

သင့်ကျန်းမာရေးအတွက် ဒါတွေသိရဲ့လား

~~အိပ်ရေးမ၀ခြင်းကြောင့် မှတ်ညဏ်ဆုံးရှုံးတာ ဟုတ်ပါသလား~~

ဟားဗတ်တက္ကသိုလ်မှ မကြာခင်က လေ့လာမူ့အရ အိပ်ရေးမ၀တဲ့
တက္ကသိုလ်ကျောင်းသားတွေဟာ မှတ်ညဏ်နဲ့ပတ်သက်ပြီး စစ်ဆေးမူ့
ပြုလုပ်ရာမှာ ဆိုးဆိုးရွားရွားလုပ်ဆောင်နိုင်
ခြေ ၄၀ ရာခိုင်နုန်းမှာ ရှိတယ်လို့
ဆိုလိုပါတယ်။


~~အိပ်ပြီးနိုးလာတိုင်း အကြောဆန့်ရင် ဘယ်လိုအကျိုးထူးပါသလဲ~~

တစ်ရေးအိပ်ပြီး နိုးလာတိုင်း ကြောင်တွေအကြောဆန့်လေ့ ရှိသလို လူတွေလဲ
အိပ်ပြီးနိုးလာတိုင်း အကြောဆန့်ထုတ်ပေးတာ သင့်ကြွက်သားတွေကို နိးကြားစေတဲ့
နညးလမ်းကောင်းတစ်ခုဖြစ်ပြီး ခန္တာကိုယ်တွင်းမှာ သွေးလည်ပတ်မူ့ကောင်းစေပါတယ်။


~~အနီရောင် ငရုတ်သီး၏အစွမ်းအာနိသင်ကို သိချင်ပါတယ်~~

မုန်လာဥနီလိုပဲ အနီရောင်ငရုတ်သီးတွေဟာ နေလောင်ဒဏ်ကြောင့် အရေပြား
ထိခိုက်မူ့လျော့ကျအောင် ကာကွယ်ပေးပါတယ်။


~~အသက်ကြီးသူတွေ ဆားစားသုံးမူ့များရင် ဘယ်လိုဖြစ်တတ်ပါသလဲ~~

အသက် ၄၀ ကျော်လာသူတွေ ဆားစားသုံးမူ့များပါက သွေးဖိအားတက်စေပြီး
နှလုံးတိုက်ခိုက်ခံရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေများပါတယ်။အသင့်စား အစားအသောက်
တွေမှာ ဆားပါဝင်မူ့များအတွက် ဆားပါဝင်မူ့အနည်းအများကို ဖတ်ကြည့်ပြီးမှ ၀ယ်ယူ
သင့်ပါတယ်။


[3.7.12]အင်္ဂါနေ့ထုတ် ပြည်မြန်မာဂျာနယ်မှ ..

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment