RADIO

What is current song?

RSS

ကောင်းကျိုးပေးမည့် အတွေးများ

ကောင်းကျိုးပေးမည့် အတွေးများ
စာရေးသူဟာ.
စာပေတော်တော်များများကို လေ့လာလိုက်စားနေတဲ့ တစ်ယောက်ပါ။
စာပေတွေ လေ့လာလိုက်စားရင်း တစ်ချို့ကို မှတ်သားပြီး စာရေးသူရဲ့ စာအုပ်လေးမှာ
မှင်နီ မှင်ပြာဖြင့် ရေးမှတ်လေ့ရှိပါတယ်။အကြောင်းကတော့ “မေ့တတ်လို့ပါ“စာအုပ်စာပေ
လူ့မိတ်ဆွေဆိုသည့် အတိုင်း စာရေးသူဟာ စာအုပ်စာပေတွေထဲကပဲ အသိပညာတွေ
အတတ်ပညာတွေကို တော်တော်များများသင်ကြားတတ်မြောက်ခဲ့ပါတယ်။
တစ်ကယ်တော့ စာရေးသူ အပါအဝင် စာဖတ်သူတို့ ဘဝအတွက် သင်ကြားခဲ့ရတဲ့
ပညာတွေ အတတ်တွေဟာ မိမိတစ်သတ်စာ ဘဝအတွက် ပြည့်စုံလုံလောက်ခြင်း
မရှိပါဘူး။ဒါကို စာရေးသူရဲ့ ပတ်ဝန်းကျင်နဲ့လောကကို ခြေချဝင်ပြီးမှ တစ်နည်းအားဖြင့်
အဝေးရောက်နေချိန်မှ ပိုသိလိုက်ရတယ်။စာရေးသူ ပြောပြသလို ကိုယ်တိုင်ကြုံဖူးတဲ့
လူတွေလည်း.ဒုနဲ့ဒေး. ရှိကြမှာပါ။လူတစ်ယောက်ရဲ့ ဘဝဟာ သိပ်ကို တန်ဖိုးရှိပါတယ်.
ပြီးတော့.စာဖတ်သူတို့ ကိုယ်စီကိုငှ ပိုင်ဆိုင်ထားကြတဲ့ ဘဝကသိပ်ကို တိုတောင်းလှပါ
တယ်။ ဒီလို တိုတောင်းရခဲတဲ့ ရှင်သန်ချိန်လေးမှာ ဘာတွေလုပ်ကြမလဲ?ဘာတွေ ရည်
ရွယ်ထားပြီးပြီလဲ?တစ်နေ့တာ အတွက် မိမိအတွက် လောကအတွက် ဘာတွေ အကျိုး
ရှိအောင် ပြုအောင် ဘာတွေ လုပ်လိုက်ပြီးလဲ? ခုဆို.. ခေတ်ကါလက အရင်ကလို မဟုတ်
တော့ဘူး.မတူတော့ဘူး။တစ်နေ့ထက် တစ်နေ့ ပိုပိုပြီးတော့ တိုးတတ်လာနေပြီး..
တိုးတတ်ခြင်းနဲ့ အညီ ပိုမိုဆင်းရဲတဲ့ သူတွေလည်း တစ်စထက် တစ်စ တိုးတိုးလာနေပြီး
ပြီးတော့ လူဦးရေလည်း တစ်ဖြေးဖြေးနဲ့ ဖေါင်းပွများပြားလာပြီး။ အပြိုင်အဆိုင်ဆိုလည်း
နေရာအနှံ့မှာ ရှိနေကြပြီး။ ဒါကြောင့်မို့ မိမိလည်း ဒီလူ့လောကမှာ နေရာတစ်နေရာ
ရဖို့ ရှိနေဖို့ ပိုင်ဆိုင်ထားဖို့ နှောင်တစ်ချိန်အတွက် အောင်မြင်ကြီးပွားဖို့ သက်တောင့်သ
က်သာ နေနိုင်ဖို့ခုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့ သိပ်ကိုလိုနေပါပြီး။
ဒီလိုတွေ ဖြစ်လာဖို့ မိမိသည်သာ အဓိက ကြတာမို့ စာရေးသူ အနေနဲ့ အားပေးတိုက်
တွန်းချင်တဲ့ ဆန္ဒက ကြိုးစားပါ လေ့လာပါ စာအုပ်စာပေ များများဖတ်ပေးပါ သူများရဲ့
ဖြစ်ပျက်တာတွေကို မလှောင်ပါနဲ့ သင်ခန်းစာယူပါ မှတ်သားပါ အချိန်ကို တန်ဖိုးထားပါ
ဒီနေ့ရဲ့ တစ်နေ့တာကို ညမှာ နဖူးပေါ်လက်တင်ပြီး စဉ်းစားပါ ဘာတွေဘယ်လို လုပ်ခဲ့
ပြီးပြီလဲ.မှားသလား မှန်သလား ဆုံးဖြတ်သုံးသပ်ပါ။ မနက်ဖြန်ရင်ဆိုင်နိုင်ဖို့ ဒီနေ့မှာပဲ
ကြိုတင်ပြင်ဆင်ထားပါ။ စာရေးသူ ဖတ်ခဲ့ဖူးတဲ့ (ဆရာမိုးသန့်ရဲ့) ကောင်းကျိုးပေးမည့်
အတွေးများဆိုတဲ့.စာအုပ်ထဲက မြန်မာ+အင်္ဂလိပ် နှစ်ဘာသာကို စာဖတ်သူတို့ အတွက်
တစ်ဆင့် ပြန်လည်မျှဝေလိုက်ပါတယ်...
“စေတနာရှေ့ထား မေတ္တာပွားဝေ...“
ကောင်းကျိုးပေးမယ့် အတွေးတစ်စဟာ
လူတစ်ယောက်ရဲ့ ဘဝကို
အများကြီး တိုးတက်ပြောင်းလဲစေနိုင်တယ်...။
ဒီစာအုပ်ထဲမှာ
ကောင်းကျိုးပေးမယ့် အတွေးစတွေ
အများကြီး ပေးထားတယ်...။
နှစ်သက်ရာ အတွေးစကို
ယူငင် သုံးစွဲရင်း
ဘဝတိုက်ပွဲမှာ အောင်ပွဲများစွာ
ဆင်နွဲနိုင်ကြပါစေ...။
၁။အမြင့်ဆုံးကို မှန်းထားတဲ့အခါ
ဒုတိယ ဒါမှမဟုတ်
တတိယ ရရင်တောင်မှ
ဂုဏ်ယူစရာပါ..။
1.When you are aspiring
to the highest place.
it is honourable
to reach the second
or even the third rank.
၂။ချိုးငှက်ဟာ ကျီးတွေနဲ့
မိတ်ဆွေဖြစ်စမှာ
အမွှေးအတောင်တွေက ဖြူဖွေးနေမြဲ...။
ဒါပေမဲ့ နှလုံးသားကတော့ မဲနက်သွားပြီ...။
2.When a dove begins
to associate with crows.
its feathers remain white
but its heart grows black.
၃။လူအားလုံးကို ယဉ်ယဉ်ကျေးကျေးဆက်ဆံ
လူနည်းနည်းနဲ့ပဲ ရင်းရင်းနှီးနှီးပေါင်း...။
အဲဒီလူနည်းနည်းကိုလည်း
သေသေချာချာ စမ်းသပ်ကြည့်ပြီးမှ
ယုံကြည်ပါ...။
3.Be courteous to all,
but intimate with few;
and let those few be well tried
before you give them
your confidence.
၎။မိမိကိုယ်ကို အောင်နိုင်ခြင်းဟာ
အကြီးမြတ်ဆုံး အောင်မြင်မှုပါပဲ...
4.Self-conquest is the greatest
of victories.
၅။ကြည်လင်တဲ့ စိတ်ထားလောက်
နုးညံ့တဲ့ ခေါင်းအုံးမျိုး မရှိ...။
5.There is pillow so soft
as a clear conscience.
၆။ကိုယ့်ဘဝနဲ့ကိုယ် ပျော်အောင်နေရုံပေါ့...။
တခြားသူတွေ ဘဝနဲ့
လိုက်ပြီးနှိုင်းယှဉ်ကြည့်နေစရာ မလိုပါ...။
7.Enjoy your own life
without comparing it
with that of another.
၈။ရယူတာထက် ပေးကမ်းတာက
ပိုပြီး မင်္ဂလာရှိတယ်...။
8.It is more blessed
to give than to receive.
၉။သီချင်းလေး တအေးအေး
သီကြွေးနေတတ်သူဟာ
ဒုက္ခဆင်းရဲတွေကို အဝေးရောက်အောင်
ခြောက်လှန့်မောင်းထုတ်တတ်သူပါပဲ...။
9.He who sings
frightens away his ills.
၁၀။တသောသော ရယ်မောသံတွေဟာ
အိမ်တစ်ဆောင်မှာ နေရောင်ခြည်တွေပါ...။
10.A good laugh sunshine
in a house.
၁၁။ကလေးတွေ လိမ္မာလာစေမယ့်
အကောင်းဆုံးနည်းကတော့
သူတို့ကို ပျော်အောင်ထားတာပါပဲ...။
11.The best way
to make children good is
to make them happy.
၁၂။အခွင့်အရေး မရရင်
အစွမ်းအစဆိုတာ ပြဖို့တော့ အခက်သား...။
အခြေအနေ ပေးချိန်ထိ
စိတ်ရှည်ရှည်ထား...။
12.Ability is of little account
without opportunity.
Be patient until
meeting favour.
၁၃။သေ မြေကြီး
ရှင် ရွှေထီး...။
ဆုံးဖြတ်ပြီးနောက်တဲ့နောက်...
ခရီးဆုံးအောင်လျောက်...။
13.Let us do or die.
After decison,
keep going to destination.
၁၄။ထူးထူးထွေထွေ ဘာမှမလုပ်ဖြစ်ခဲ့ရင်
လုပ်ရမှာကိုသာ ပီပြင်အောင်လုပ်ခဲ့ပါ...။
14.Did nothing in particular
and did it very well.
၁၅။မလုပ်ခင် အကြံကောင်းတွေတောင်း
ဆုံးဖြတ်ပြီးရင်တော့ ချက်ချင်းစလုပ်...။
15.Get good counsel
before you begin;
and when you have decided,
act promptly.
၁၆။လူဟာ သူ့ဒုက္ခ သူရှာတာ...။
မလိုတာတွေကို
အပိုမရှာမှ ဒုက္ခနည်းမယ်...။
16.Man introduces adversite
to himself.
Adversity will be less
by not looking for
the unnecessaries.
၁၇။မတောင်းရင်
ဘာမှ အကြံမပေးနဲ့...။
17.Never give advice
Unless asked.
၁၈။သူငယ်ချင်းတွေကို တိုးတိုးတိတ်တိတ် သွန်သင်
ပွင့်ပွင့်လင်းလင်း ချီးကျူး...။
18.Admonish your friends privately,
but praise them openly.
၁၉။အမှောင်ယံ ကြီးစိုးလာပြီဆိုတာနဲ့
ထာဝရရှိနေမယ့် ကြယ်စင်တွေ
လင်းလက်တောက်ပလာစမြဲ...။
19.The eternal atars shine out
as soon as it is dark enough.
၂၀။တခြားသတ္တဝါတွေထက်
ပျားကို ပိုပြီးဂုဏ်ပြုထိုက်တယ်...။
သူ့ရဲ့ အလုပ်ကြိုးစားမှုအတွက်မဟုတ်...
သူ့ရဲ့ အလုပ်ကြိုးစားမှုဟာ
တခြားသူတွေအတွက် ဖြစ်တာကြောင့်ပါပဲ...။
20.The bee is more honoured
than other animals,
not because she labours,
but because she labours for others.
စာရေးသူလည်း ဖတ်ဖူးမှတ်ဖူးတဲ့ စာအုပ်တွေထဲက ဒီစာအုပ်ကို တော်တော်လေးကြိုက်မိတယ်...။
ထိုကြောင့် အားလုံးလည်း ဖတ်ရအောင် မှတ်ရအောင် တွေးရအောင်ဆိုတဲ့ ဆန္ဒနဲ့ ခုလို တစ်ဆင့် ပြန်လည်တင်ပြပေးခြင်း ဖြစ်ပါတယ်။
အမှားများပါသည် ရှိသော် ရှိခဲ့သော် စာရေးသူအား နားလည်နိုင်သလောက် နားလည်ပေးပါရန်..
အထူးပင် ပန်ကြားအပ်ပါသည်။
အားလုံးအား လေးစားလျှက်“

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment