RADIO

What is current song?

RSS

မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ် စတင်နေပြီ


မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ်တွင် ရေဒီယို ထုပ်လွင့်မှု
အစီအစဉ်များကို စေတနာ ၊ ဝါသနာဖြင့် ပါဝင်ကူညီပေးနေသော
Live Free Online Radio Media (Malaysia) မှ တာဝန်ရှိသူများ။
(1) Radio DJ - ,~NLS~' {ALinn} (China)
(2) Radio DJ - Zaw Zaw (Rawang-Malaysia)
(3) Radio DJ - Sky Min (Bangkok - Thailand)
(4) Radio DJ - Zaw Min Tan (Alor Stear-Malaysia)
(5) Radio DJ - Nay Zaw Lin1 (Kuala Lumpuer-Malaysia)
(6) Radio DJ -Aung Phyo(San Diego-California-American)
Live Free Online Radio Media (Malaysia)
သီချင်းတောင်းသူများနှင့် မန်ဘာများ သိစေရန်အတွက်
(က) ကျွန်တော်တို့ရဲ့ ရေဒီယို အစီအစဉ်လေးမှာ သီချင်းများတောင်းဆိုပါက
အဆိုတော်နာမည် ၊ သီချင်းနာမည် ၊ သီချင်းတောင်းဆိုသူ၏ နာမည် ၊
တောင်းဆိုရသည့် စိတ်ကူး ရည်ရွယ်ချက်များ ၊ အကြောင်းအရာများ ၊ စတာတွေကို
Group ထဲမှ Write Post တွင်ရေးသားပြီး တောင်းဆိုနိုင်ပါတယ်။
(ခ) နေ့စဉ် မလေးရှားစံတော်ချိန် ဖြစ်သော
နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိ တစ်ကြိမ် ၊
နေ့လည် ၁၂ နာရီမှ ညနေ ၆ နာရီထိ တစ်ကြိမ် ၊
ညနေ ၆ နာရီမှ ည ၁၂ နာရီအထိ တစ်ကြိမ် ၊
ည ၁၂ နာရီမှ နံနက် 2 နာရီထိ တစ်ကြိမ် ၊
နေ့စဉ် ရေဒီယို အစီအစဉ်များကို တင်ဆက်ပေးနေပါတယ်။
(ဂ) ညနေ ၆ နာရီမှ ည ၁၂ နာရီအထိသာ သီချင်းတောင်းဆိုသူများကို
ချက်ချင်းထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။
အခြား Dj များ ရေဒီယို ထုတ်လွှင့်ပေးနေချိန်တွင်
သီချင်း တောင်းဆိုမှူ့များကို ချက်ချင်းထုတ်လွှင့်ပေးနိုင်မည် မဟုတ်ပါ။
(ဃ) အထူးအစီအစဉ်များ တင်ဆက်နေသော အချိန်နှင့် အော်တိုလွင့်နေသော
အချိန်များတွင် သီချင်းတောင်းဆိုမှူ့များကို ခေတ္တရပ်နားပြီး ယင်းအစီအစဉ်
ပြီးဆုံးမှသာ ပြန်လည်တောင်းဆိုနိုင်မှာဖြစ်ပါတယ်။
(င) ရေဒီယိုမှ သီချင်းတောင်းဆိုရာတွင် ဦးရာလူ စနစ်ဖြင့်
တောင်းဆိုသူများရဲ့ တောင်းဆိုထားသော သီချင်းများကို
အလှည့်ကျ ထုတ်လွှင့်ပေးသွားမှာပါ။
(စ) မန်ဘာများ အနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များကို
လိုက်နာကြပါရန် အသိပေး မေတ္တာရပ်ခံ အပ်ပါသည်။
၁။ သီချင်းတောင်းဆိုမှုများကို Write Post တွင်ရေးသားကြပါရန်။
၂။ မန်ဘာများ အနေဖြင့် အခြားပိုစ့်များ ကိုယ်ရေးကိုယ်ရေးသားတင်ခြင်းနှင့်
အခြား အကြောင်းအရာများကို ရေးသားခြင်း ၊ ဓာတ်ပုံများနှင့်
ခွင့်ပြုချက် မရရှိသော အကြောင်းအရာများ ပိုစ့်များ တင်ခြင်းများ မပြုလုပ်ရ
(တွေ့ရှိပါ အက်ဒမင်များမှ မိမိတင်ထားသော အကြောင်းအရာများကို ဖျက်သိမ်းသွားပါမည်။)
၃။ သီချင်း တစ်ပုဒ်ထဲကို အခါခါ ထပ်၍ တောင်းဆိုခြင်း မပြုရ။
၎။ သီချင်းတောင်းဆိုရာတွင် တစ်ခါတောင်းလျှင် ၂ ပုဒ်ထက် ပိုမတောင်းရ
ပိုတောင်းပါက လွှင့်ပေးမည် မဟုတ်ပါ။
၅။ မန်ဘာတစ်ဦးလျှင် အနည်းဆုံး တစ်နာရီကို တစ်ဗုဒ်တောင်းဆိုနိုင်သည်။
၆။ ပျော်ရွှင်စွာနှင့် စကားပြောဆိုနိုင်ပါသည်။ သို့သော် ညစ်ညမ်းမိုက်ရိုင်းသော
စကားအသုံးနှုန်းများကို ရှောင်ရမည်။
၇။ မိမိတို့ သိလိုသော အချက်အလက်များကို အက်ဒမင်များထံ တိုက်ရိုက် ဆက်သွယ်
မေးမြန်းနိုင်ပါသည်။
လိုအပ်သော စည်းကမ်းချက်များကို ထပ်မံဖြည့်စွက် ပြင်ဆင် သွားပါမည်။
သီချင်းများကို အောက်ပါနေရာတွင်သာ တောင်းဆိုကြပါရန်
https://www.facebook.com/groups/522377324509381/
ရေဒီယို အစီအစဉ်များကို တိုက်ရိုက်နားဆင်လိုပါက
အောက်ပါလိပ်စာများတွင် ဝင်ရောက်နားဆင်နိုင်ပါတယ်။
(1) http://onlineradio1.nayzawlin.com/
(2) http://wwwzawmintan.blogspot.com/
(3) http://beyondlove18.blogspot.com/
(4) http://nayzawlin.com/
(5) http://liveradio4.blogspot.com/
(6) http://malaysia-online-radio.weebly.com/
(7) http://www.malaysiaonlineradiomedia.com/
(8) http://double-beat-fly.weebly.com/
(9) http://ormm.listen2myradio.com/
(10) http://mangflashsongmyotaw.weebly.com/
(11) http://sailinhtet1500.blogspot.com/
(12) http://lusoelaymg.blogspot.com/
ဖုန်းနဲ့ နားထောင်ချင်တယ်ဆိုရင် အောက်ကလင့်မှာဆောဝဲလေး
1.69 MB ပဲရှိပါတယ်။ အောက်ကလိပ်စာမှာ ဒေါင်းပြီးဖုန်းတွင်
install လုပ်ပြီး နားဆင်နိုင်ပါပြီ။
http://www56.zippyshare.com/v/77821321/file.html
ကွန်ပျူတာတွင် Firefox ဘရောက်ဇာတွင် တူးဗားဖြင့်
အသုံးပြုလိုပါက အောက်ပါနေရာတွင် ဒေါင်းလွတ်ရယူနိုင်ပါသည်။
http://www2.zippyshare.com/v/57840561/file.html
မလေးရှား အွန်လိုင်း ရေဒီယိုကို မိမိကွန်ပျူတာမှ နားဆင်ရန် ဆော့ဝဲလ် .. .
ကျွှန်တော်တို့ရဲ့ မလေးရှား အွန်လိုင်းရေဒီယိုကို Website ကနေ ဝင်မအားလို့ ..
မိမိ ကွန်ပြုတာကနေ နားထောင်ချင်တယ်ဆိုရင်တော့ Winamp ဆော့ဝဲလ်လေးကို ..
အောက့်မှာ ဒေါင်းလော့ဆွဲပြီး မိမိစက်မှာ Install လုပ်ထား၍ ..
ORMM.listen.pls ကို ကလစ်နှိပ့်၍ နားဆင်နိုင်ပါတယ် ခင်ဗျာ .. ။
Winamp ကိုအရင်ဒေါင်းပါ။ စက်ထဲ Install လုပ်ပါ။
http://download.nullsoft.com/winamp/client/winamp565_full_emusic-7p...
မိမိ ကွန်ပျူတာ ဒတ်စတော့ပေါ်တွင် ရေဒီယို နားဆင်ရန်အတွက် ဒေါင်းပါ။
http://malaysia-online-radio.weebly.com/uploads/8/2/7/5/8275482/orm...
ကျွန်တော်တို့ရဲ့ ရေဒီယို အစီအစဉ်လေးကို အခုလို ဝေဖန်စာများ ၊
အကြံညဏ်ပေးသည့် စာများ မိမိတို့ရဲ့ အကြောင်းအရာတွေကို ရင်ဖွင့်လိုသူများ
တစ်ခုခု အသိပေးလိုသူများ အားလုံး nayzawlin1@gmail.com ကိုမေးပို့ပြီး
ရင်ဖွင့်နိုင်ပါသည်။ ကျွန်တော်တို့ ရေဒီယိုမှ တစ်ပတ်တစ်ခါ (၃) ရက်ဆက်တိုက်
မိမိတို့မေးလာသော အကြောင်းအရာများကို ကျွန်တော်တို့ ဒီဂျေများမှ
ထုပ်လွှင့် တင်ဆက် ပေးသွားပါမည်။
နေဇော်လင်း
၂၀.၉.၂၀၁၃
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်အနီးရှိ CENTRAL FESTIVAL (chiangmai) ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာအမြင့်ပေါ်မှမြန်မာလုပ်သား ပြုတ်ကြ သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်အနီးရှိ    CENTRAL FESTIVAL (chiangmai)  ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာ ယမန်နေ့က အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦး ၆ ထပ်တိုက် အမြင့်ရှိ ငြမ်းပေါ်ကနေ ပြုတ်ကျ သေဆုံးခဲ့သည်။

ဖြစ်ပွားပုံမှာ မြန်မာနိုင်ငံသား မောင်ရဲထွန်းနိုင်သည် စက်တင်ဘာ ၁၆ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်မှာ အချိန်ပို ဆင်းနေချိန်အတွင်း ၆ ထပ်တိုက်ပေါ် ငြမ်းတပ်ဆင်နေစဉ် ခြေနင်း သံပြား ကျိုးကြရာမှ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်ဟု ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ၏ ပြောပြချက်အရ သိရ သည်။

သေဆုံးသူ မောင်ရဲထွန်းနိုင် အသက် (၂၃)နှစ်သည် မြန်မာနိုင်ငံ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ထိုင်း - မြန်မာ နှစ်နိုင်ငံ အစိုးရ နားလည်မှုစာ ချွန်လွှာ (MOU) ဖြင့်၂၀၁၃ ခုနှစ် အောက်တိုဘာလကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောက်လုပ်ရေး ကုမ္ပဏီ တခုဖြစ်သည့် ပါဝါလိုင်းကုမ္ပဏီမှာ လုပ်ကိုင်နေခြင်း ဖြစ်သည်။

သေဆုံးမှုနှင့် ပတ်သက်ပြီး ပါဝါလိုင်းကုမ္ပဏီက သင်္ဂြိုဟ် စရိတ်ကူညီသွားမှာ ဖြစ်ပြီး နစ်နာ ကြေးအတွက် သေဆုံးသူ၏ မိဘများနှင့် ပြေလည်မူရယူပြီး ဆက်လက်ဆောင်ရွက်သွား မယ်လို့ ပါဝါလိုင်း ကုမ္ပဏီပိုင်ရှင်က ပြောသည်။

မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ (MAP) ဖောင်ဒေးရှင်း နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ နစ်နာကြေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် ကူညီသွား မည်ဟု ဆိုသည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို ဆက်သွယ်ခဲ့သော်လည်း အခုအချိန် အထိ ဆက်သွယ်၍ မရဘဲဖြစ်နေသည်။

ပါဝါလိုင်းကုမ္ပဏီပိုင်ရှင်က အမြန်ဆုံး သင်္ဂြိုဟ်ဖို့ ဆန္ဒရှိနေပြီး မည်သည့်အဖွဲ့အစည်းကိုမှ တိုင်းကြားတာတွေ မပြုလုပ်ရန် နှစ်ဘက်သဘောတူညီမှုယူပြီး ဖြေရှင်းသွားမည်ဖြစ်ကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများကို ပြောဆိုလိုက်သည်။

မြန်မာအသိုင်းအဝိုင်းက သေဆုံးသူ၏ ဆွေးမျိုးသားချင်များနှင့် တွေ့ဆုံပြီးမှ သင်္ဂြိုဟ်နိုင်ဖို့ ဆုံးဖြတ်လိုက်သည့်အတွက် လာမည့် စက်တင်ဘာလ ၂၁ ရက် စနေနေ့တွင် သင်္ဂြိုဟ်မှာ ဖြစ်ပါ သည်။

(ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ)


သေဆုံးသူ ကိုရဲထွန်းနိုင်

ပါဝါလိုင်းသူဌေး

သူနင်းရာမှကျိုးကျသွားသော ငြမ်းစင် နင်းပြား

ဝမ်းနည်းစွာဖြင့်  မြန်မာပြည်သားများ သိစေရန်အတွက် တင်ပြပေးလိုက်ပါတယ်ဗျာ
အခု သေဆုံးမူဟာ  ကျနော်တို့ ရှေ တင် အမှန်တကယ်ဖြစ်သွားတာပါ။   အခုချိန်ထိ ပါဝါလိုင်း
ပါဝါလိုင်းကုမ္ပဏီမှ  မည်သို့ ရော်ကြေး ပေးမည်ကိုတော  သေချာမသေးပါဘူး။
ပြီးခဲ့သောလအနည်းငယ်ကလဲ  ပါဝါလိုင်းကုမ္ပဏီ မှ မြန်မာပြည်သားများဟာ လမ်းမပေါ်သိုထွက်ပြီး
ဆန္ဒပြကြသည် အကြောင်းမှာ ရသည်လစား နှင့် အစားစရိတ်မလောက်မူ လစားနည်းသဖြင့်
နောက်တခု ပတ်စပိုစ့်ကြေးပြီးမှ နောက်ထပ်  လစားနည်းပါသည်ဆိုမှ  ထပ်ရ်ျ ဖြတ်တောက်နေကြသည်။
ထိုဆောက်လုပ်ရေးတွင် မြန်မာပြည်သားများမ၊ှာပါဝါလိုင်းကုမ္ပဏီ SINO THAIကုမ္ပဏီ နှစ်ဖွဲ့ ရှိသည် ။ 
ပါဝါလိုင်းကုမ္ပဏီတွင် မြန်မာလုပ်သားမျာ3း00ကျော်နည်းပါးရှိပါသည်။
SINO THAIကုမ္ပဏီမှ မြန်မာပြည်သားများ150လောက်ရှိပါသည်။ ကတော  လစားလည်းဝင်ငွေကောင်းပါသည်။
ကိုရဲထွန်းနိုင် ကောင်းရာမွန်ရာသုဂတိရောက်ပါစေ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အကောင့်ဆုံးဂိမ်းဝက်ဆိုက်များ..

ကျွန်တော်လည်းပိုစ့်မတင်ဖြစ်တာကြာပိဗျာ...
အဆင်ပြေလို့ပြန်ရှဲပေးလိုက်ပါတယ်ခင်ဗျ
http://yatsauktarlay.blogspot.com/#uds-search-results
 
ယနေ့ခေတ် IT ကမ္ဘာက လူငယ်များအတွက်ကတော့ Game ဆိုတာဟာ ပြောစရာမလိုလောက်အောင် ရင်းနှီးကျွမ်းဝင်နေတဲ့ အသည်းစွဲပါ။ X Box, Wii Game, Sony, Apple i-pod, Apple i-pad စတဲ့ Digital Device မျိုးစုံနဲ့။ Gamming Adventure တွေကြားမှာ မွေးဖွားလာကြတဲ့ Digital Generation လူငယ်များအတွက် ဒီတစ်လ Inernet Travelling ကဏ္ဍမှာ Internet ပေါ်က ကမ္ဘာ့အကောင်းဆုံး Free Game Download Website များကို တင်ပြပေးလိုက်ပါတယ်။ စိတ်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အင်တာနက်ပေါ်မှာရှိတဲ့ content မှန်သမျှကို Provide လုပ်ပေးနေ တဲ့ Leading Internet Content Provider ဖြစ်တဲ့ Yahoo! Website ဟာ Free Game Download နဲ့ ပတ်သက်ပြီးတော့လည်း ကမ္ဘာ့အကောင်း ဆုံး Website တစ်ခုပါတဲ့။ ဒီဆိုဒ်ပေါ်မှာ Free Game မျိုးစုံသာမက Puzzle Game, Card game စတဲ့ Paper Based Game မျိုးစုံကိုလည်း Download ရယူနိုင်ပါသတဲ့။
ဒီဆိုက်မှာလည်း Game နဲ့ ပတ်သက်တဲ့ Review (သုံးသပ်ချက်) တွေ၊ News Releases တွေ၊ Special Passwords တွေ စတဲ့ Gamming Services တွေအားလုံးကို ရနိုင်တဲ့ အပြင် PC, PS2, PS 3, XBOX, PSP, GBA, DS, Mobile, WII, MMPOG စတဲ့ Devices အစုံအလင်အတွက် Game ပေါင်းစုံကို တစ်နေရာထဲမှာ Download ရနိုင်တဲ့အတွက် PC Gammer တွေ အထူးအကြိုက်တွေ့ မယ့် Website တစ်ခုပါ။
ဒီ Site မှာလည်း gamezone တုန်းကလိုပဲ device အစုံအတွက် Game Download ရယူနိုင်တဲ့ အပြင် ထူးထူးခြားခြား i-phone တွေ i-pad တွေအတွက်လည်း ထိတွေ့ခံစားမှုနဲ့ ဆော့လို့ရတဲ့ Touch Game တွေ Download ရယူလို့ရပါတယ်။ နောက် ဒီ Site ပေါ်မှာ Game နဲ့ ပတ်သက် တဲ့ Latest Headlines တွေကိုလည်း ဖတ်ရှုလို့ ရပါသေးတယ်။
ဒီ Site ကို ၀င်ဖို့ကတော့ User Name, Password ပါတဲ့ Account တစ်ခု ဖန်တီးဖို့ ပထမဆုံး လိုပါ တယ်။ ဒီ Site မှာလည်း Game မျိုးစုံ ကို Free Download ရနိုင်တဲ့အပြင် ထူးခြားတာက။ Gamming နဲ့ သက် ဆိုင်တဲ့ Technology Fourm တွေမှာ လည်း ၀င်ရောက် ဆွေးနွေးပြီး အသိပညာ ဖလှယ်နိုင်ပါသေးတယ်။
Online လောကရဲ့ နာမည် ကြီး msn ရဲ့ msn games site မှာ လည်း startegy, Action စတဲ့ High Definition, High Graphic Game မျိုးစုံ ကို Download ရယူနိုင်ပါတယ်။
ဒီ Site မှာလည်း Game မျိုး စုံ၊ Game နဲ့ ပတ်သက်တဲ့ Review မျိုးစုံ၊ Guide မျိုးစုံကို Download ရယူ နိုင်ပြီး ထူးခြားတာက Religion's Role in Gamming တို့လိုမျိုး ထူးခြားတဲ့ Topic ကလေးတွေကို ဒီ Site ပေါ် မှာ ရှာဖွေ ဖတ်ရှုနိုင်ပါသေးတယ်။
ဒီ site ကတော့ Free Game Download နဲ့ ပတ်သက်ပြီး ကမ္ဘာ့ ဒုတိယအကောင်းဆုံး Web-site တစ်ခုပါ။ ဒီဆိုဒ်ရဲ့ Home Page မှာ Selection Popular Games တွေကို Download ဆွဲလို့ ရသလို၊ Website တစ်ခု ဖန်တီးဖို့အတွက် Free Hosting, 300 Free templates, Free Homepage စတာတွေကိုလည်း Download ရယူနိုင်ကြပါတယ်။ ဒါ့ အပြင် သူ့ဆီမှာလည်း Arcad Games, Card Games, Puzzles, Sports Games, Word Games အစုံ အလင်ကိုလည်း Free Download ရ ပါသေးတယ်။
ဒါကတော့ ခုနက ကမ္ဘာ့ အကောင်းဆုံး Yahoo! Website ရဲ့ Video Games သီးသန့် Free Download Selection Site ပါ။ Video Game မျိုးစုံကို Download ရနိုင်ပါ တယ်။
ဒီ Site မှာတော့ ပေါ့ပေါ့ပါးပါး အသေးစား Flash Game ကလေး တွေရယ်၊ ကလေးတွေအကြိုက် Baby Game, Funny Game လေးတွေ မျိုးစုံကို အခမဲ့ ရယူနိုင်ကြပါတယ်။
ဒီ Site ကတော့ Game အကြီးစားကြီးတွေကို Download လုပ်လို့ရမှာ မဟုတ်ပဲ၊ Cell Phone, Pocket PC, Tablet စတဲ့ Small Screen Devices များအတွက် ရည်ရွယ်တဲ့ Game တွေကို Download ရယူနိုင်ကြမှာ ဖြစ်ပါတယ်..။
 
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အမျိုးသားများလည်း သတိထားသင့်သည့် အမျိုးသမီးရောဂါ(၇)မျိုး

အမျိုးသားများလည်း သတိထားသင့်သည့် အမျိုးသမီးရောဂါ ခုနစ်မျိုး
မျိုးဗီဇ၊ ခန္ဓာဗေဒနဲ့ ဟော်မုန်း အဆင့် အပြောင်းအလဲကြောင့် တခိျု့ရောဂါတွေက အမျိုးသားတွေမှာထက် အမျိုးသမီး တွေမှာ ပိုပြီး ထိခိုက်မှု ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များရတဲ့ ဒီရောဂါတွေဟာ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ရှိတဲ့အတွက် သတိပြု စောင့်ကြည့်သင့်ပါတယ်။
(၁) ရင်သားကင်ဆာ
အမျိုးသမီးတွေမှာ ရင်သားတစ်သျှူး တွေ ပိုမို ပါရှိနေတဲ့အတွက် အမျိုးသားတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အမျိုးသားတွေဟာ ရင်သားကင်ဆာ ဖြစ်သူတွေရဲ့ တစ်ရာခိုင်နှုန်းသာ ရှိပေမယ့် အမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ရှိတဲ့ အချက်ကို မေ့နေတတ်ကြပါတယ်။ ဒါ ကြောင့် အမျိုးသားတွေ အနေနဲ့ ရောဂါ ရှာဖွေရာမှာ ရင်သားကင်ဆာ စစ်ဆေးမှုကို မပြုလုပ်တတ်ပါဘူး။ အသက် ၅၀ ကျော်တာနဲ့ အ၀လွန်တာတွေဟာ အမျိုးသားတွေကို ရင်သားကင်ဆာ ဖြစ်နိုင်ခြေများ စေတဲ့ အချက်တွေပါ။
(၂) အရိုးပါး ရောဂါ
အရိုးပါးရောဂါဟာ အရိုးသိပ်သည်းဆကို လျော့နည်းစေပြီး အရိုးကျိုးလွယ်စေပါတယ်။ အမျိုးသမီး သုံးဦးမှာ တစ်ဦးနှုန်း အရိုးပါး ရောဂါ ဖြစ်နိုင်ခြေများတဲ့ အတွက် အမျိုးသားတွေ သတိမမူမိတာမျိုး ဖြစ်တတ်ပါတယ်။ အမျိုးသား ငါးဦးမှာ တစ်ဦးနှုန်း အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် အသက် ၆၅နှစ် ကနေ ၇၀ ကျော်လာချိန်မှာ အမျိုးသားတွေရဲ့ အရိုးထုထည်ဟာ စတင် ဆုံးရှုံးလာပါတော့ တယ်။ ကျောက်ကပ် ပြဿနာ၊ သိုင်းရွိုက် ပြဿနာ၊ ဗီတာမင်ဒီ ခိျု့တဲ့တာ၊ စတီးရွိုက်ဆေး ကြာရှည်သောက်သုံးတာ၊ ကင်ဆာ ကုထုံးနဲ့ အတက်ကျဆေး သောက်တာတွေကြောင့် အရိုးသိပ်သည်းဆ ဆုံးရှုံးမှု အဖြစ်များပြီး အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။
(၃) သိုင်းရွိုက် ပြဿနာများ
လည်ပင်း အလယ်အောက်ခြေမှာ ရှိတဲ့ သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်းထွက်ရှိကာ ဇီဝကမ္မ ဖြစ်စဉ်ကို ထိန်းချုပ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း အလွန်အမင်း ထွက်ရှိတာကြောင့် နုံးချည့်တာ၊ ကိုယ် အလေးချိန် မြင့်တက်တာ၊ မေ့လွယ်တာ၊ အရေပြားနဲ့ ဆံပင်သား ခြောက်သွေ့တာ တို့ ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း အလုံအလောက် မထွက်ရှိရင် ကြွက်သား အားနည်းတာ၊ အိပ်ရေးပျက်တာနဲ့ စိတ်တိုတာတို့ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သိုင်းရွိုက်ရောဂါ ဖြစ်နိုင်ခြေ ၅-၈ ဆ ပိုများပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေရှိတာကို သတိပြုသင့်ပါတယ်။
(၄) အစာစားခြင်းဆိုင်ရာ ပြဿနာ
အမျိုးသားတွေဟာ ကိုယ်အလေးချိန် လျှော့ချရင်း အစာစားမှုဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ခြေ များတတ်ပါတယ်။ အစားလျှော့လွန် ရောဂါရနေသူ ၁၀-၁၅ ရာခိုင် နှုန်းဟာ အမျိုးသားတွေ ဖြစ်နေပါတယ်။ အမျိုးသားတွေဟာ အစာ အာဟာရ မလုံလောက်တာကြောင့် နှလုံးပြဿနာ၊ အရိုး သိပ်သည်းဆ ဆုံးရှုံးမှု၊ ကိုယ်အင်္ဂါထိခိုက်မှုနဲ့ အသက်အန္တရာယ် ထိခိုက်နိုင်ခြေ ရှိပါတယ်။ အားကစားကို အလွန်အကျွံ ကစားသူတွေ၊ အ၀လွန်တဲ့ လူငယ်တွေနဲ့ အစားအသောက်ကို အလွန်အမင်း လျှော့သူတွေဟာ ကျန်းမာရေး အန္တရာယ်တွေ ဖြစ်နိုင်ခြေ ရှိပါတယ်။
(၅) ဆီးအိတ် ပိုးဝင်ခြင်း
ဆီးအိတ်ပိုး ၀င်တာက အမျိုးသမီးတွေမှာ အဖြစ်များပေမယ့် အမျိုးသားတွေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် အမျိုးသားတွေက ဆီးကျိတ်ကြီးတာ၊ ဆီးကျောက်တည်တာနဲ့ ဆီးပြွန် ကျဉ်းတာတို့ ဖြစ်နေရင် ဆီးအိတ်ပိုးဝင်မှု ဖြစ်နိုင်ခြေ များပါတယ်။ ဆီးအိတ်ပိုးဝင်မှုကို ပဋိဇီဝ ပိုးသတ်ဆေးနဲ့ ကုသမှု ခံယူနိုင်ပါတယ်။ မကြာခဏ ဆီးသွားတာ၊ ဆီးထဲ သွေးပါတာ၊ ဆီးအရောင်ရင့်တာ၊ ဆီးသွား တိုင်း ပူစပ်ပူလောင်ဝေဒနာရတာနဲ့ အဖျား နည်းနည်း ရှိတာတွေဟာ ဆီးအိတ်ပိုးဝင်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။
(၆) စိတ်ဓာတ်ကျခြင်း အမျိုးသမီးတွေဟာ အမျိုးသားတွေ ထက် စိတ်ဓာတ်ကျ ရောဂါ ဖြစ်နိုင်ခြေ နှစ်ဆ ပိုများပါတယ်။ ဒါပေမဲ့ ခံစားရတဲ့ လက္ခဏာတွေကတော့ မတူပါဘူး။ အမျိုး သားတွေဟာ စိတ်ဓာတ်ကျရင် ဒေါသ ထွက်တာ၊ စိတ်ဂနာမငြိမ် ဖြစ်တာနဲ့ စိတ်ပျက်တာ စတဲ့ လက္ခဏာတွေ ပြတတ်ပါ တယ်။ ကုသမှု မခံယူရင် စိတ်ဓာတ်ကျတဲ့ လက္ခဏာက ပိုဆိုးနိုင်ပါတယ်။
(၇) ကိုယ်ခံအား လွန်ကဲသော ရောဂါတစ်မျိုး(Lupus) ခန္ဓာကိုယ်ရှိ ကိုယ်ခံအား စနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေ ဖောက်ပြန်မှုကြောင့် ကိုယ်တွင်းစနစ်ကို ပြန်တိုက်ဖျက်တဲ့ ဝေဒနာ (Autoimmune Disorder) ဖြစ်သူ ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ များပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ရှိပါ တယ်။ လက္ခဏာ အနေနဲ့ အဆစ်ရောင်ရမ်း တာ၊ အဆစ်နာတာ၊ ကြွက်သား အားနည်း တာ၊ အလွန်အမင်း မောပန်းတာ၊ အကြောင်းရင်း မရှိဘဲ ဖျားတာ၊ ဆံပင်ကျွတ်တာ၊ ခြေထောက် ရောင်တာ၊ ခံတွင်းအနာနဲ့ ဂလင်း တွေ ရောင်ရမ်းတာတို့ကို တွေ့ရတတ်ပါ တယ်။
*ဆရာဝန်နှင့် ပြပါ။
လေ့လာမှုတွေအရ အမျိုးသားတွေက အမျိုးသမီးတွေထက် ကျန်းမာရေး စောင့်ရှောက်မှု နည်းပါးကြောင်း သိရပါတယ်။ အရင်က ဆရာဝန်နဲ့ ပြသမှု ၂၅ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး အခုအခါ ၄၀ ရာခိုင်နှုန်း နီးပါးဟာ ကျန်းမာရေး စစ်ဆေးမှု မပြုလုပ်ကြကြောင်း သိရပါတယ်။ ဒါကြောင့် အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးရောဂါ၊ ကင်ဆာရောဂါ နဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ တို့ကြောင့် သေဆုံးနိုင်ခြေ ၁ ဒသမ ၅ ဆ ပိုများပါတယ်။ သင့်အနေနဲ့ ကျန်းမာရေး မကောင်းဘူးလို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင် ပြသသင့် ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Adobe Photoshop Cs6 Free Download (100% Working Links)

Adobe Photoshop Cs6 ကိုတော့သူငယ်ချင်းတို့သိပြီးသားပါ။သူ့မှာအရင် 3.4.5.တွေနဲ့မတူတဲ့
အားသာချက်တွေအများကြီးပါဝင်ပါတယ်။ရုပ်ရှင်ဇာတ်ဝင်ခန်းတွေကို အကောင်းဆုံးအရောင်တွေနဲ့
ပံ့ပိုးနိုင်ပါတယ်။ကိုယ်ပြုပြင်ချင်တဲ့ Movie file တွေတိုက်ရိုက်ခေါ်ယူပြီးလိုသလိုပြင်ယူလို့ရတာကိုက
သူ့ရဲ့အားသာချက်တစ်ခုပါပဲ။ဒါတွေကိုလည်းသူငယ်ချင်းတို့သိပြီးသားပါ။ အခုကျွန်တော်ပြောချင်တာ
နောက်ပိုင်း ဒီCS6 ကိုရှာဖွေရတော်တော်ခက်တယ်။မရှိဘူးလားဆိုတော့ရှိတယ် ဒါပေမယ့်Free မရဘူး။
ရပြန်တော့လည်း ဟိုအကောင့်ဝင်ရ / ဒီအကောင့်ဝင်ရနဲ့ပြီးတော့လည်းကိုယ်လိုချင်တာမပါဘူး။
အခုဒီကောင်လေးကို လုံးဝ Full Version ဖြစ်အောင်ကျွန်တော် လိုင်စင်ကီးရယ် ၊ ပိတ်ဖိုင်ရယ် ၊သုံးထားပါ
တယ်။လိုရမယ်ရပါ တကယ်တော့ ပိတ်ဖိုင်တစ်ခုတည်းနဲ့တင်လုံးဝကို Full ဖြစ်နေပါပြီ။
Sharp Object uphold for Blur Gallery and Liquify. Influential CSS underpin for net outline. New 3D alternatives. They're just a couple of the more than twelve selective new offers that make Creative Cloud the most ideal way to get the most out of Photoshop.*
Help your gainfulness and upgrade your innovativeness with pivotal new Content-Aware devices, the new Adobe Mercury Graphics motor, re-ordered 3D work of art creation, reengineered outline instruments, and more.*
Identify a straightforward course to make 3D fine art with an instinctual client interface, and improve your 3D manifestations with shadows, lighting, activity, and new sketch and cartoon looks.*
             အခုကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတာအောက်ပုံတွေနဲ့အဆင့်ဆင့်ရှင်းပြပေးသွားပါမယ်။
ပုံကိုမမြင်ရရင်ကလစ်ပြီးကြည့်ပါ။ ဖိုင် ဆိုဒ်က 3.GBရှိတဲ့အတွက် ဖိုင် 5 ဖိုင်ခွဲပြီးတင်ပေးထားပါတယ်။
သူငယ်ချင်းတို့စက်ထဲမှာရှိနေတဲ့ Antivirus လေးကိုခဏပိတ်ထားပေးပါ။
ပုံ 1။။ ပထမဆုံး ဒေါင်းလော့စ်ဆွဲလို့ရတဲ့ ဖိုင်5ဖိုင်ကို Folder တစ်ခုတည်းမှာစုပြီးထည့်ထားလိုက်ပါ။
အခုပုံမှာပြထားတဲ့အတိုင်း 5ဖိုင်လုံးကို Select ပေးပြီး ညာဘက်ကလစ်လိုက်ပါ။ ကျလာတဲ့ဘောက်ကနေ
လက်ပြထားတဲ့အတိုင်း Extract Here ကိုနှိပ်ပါ။
ပုံ 2 ။။ ဒီအဆင့်မှာတော့ ခဏစောင့်နေပါ။
ပုံ 3 ။။ ပြီးသွားရင်ကျွန်တော်တို့ ဘာဆက်လုပ်မလဲဆိုတော့ Photoshop CS6 ဆိုတဲ့ Folder ဖိုင်လေးကို
ဖွင့်လိုက်ပါ။ အထဲမှာ Set-up ဆိုတာလေးတွေ့မယ်။ ဒါလေးကို Install လုပ်လိုက်ပါ။ သူငယ်ချင်းတို့ရဲ့
စက်ထဲမှာ Photoshop သုံးနေတဲ့ဟာလေးဖွင့်ထားရင် ခဏပိတ်ထားလိုက်ပါ။
ပုံ 4 ။။ ဒီအဆင့်ကိုရောက်ရင် ကျွန်တော်တို့ Try ကိုရွေးလိုက်မယ်။
ပုံ 5 ။။ သူငယ်ချင်းတို့ဆီမှာ Adobe ID ရှိနေရင်တော့ ထည့်ပြီးဝင်ရုံပါပဲ။ မရှိရင်လည်း ဒီဘက်မှာ
လက်ပြထားတဲ့နေရာမှာ နှိပ်ပြီး အသစ်လုပ်လိုက်ပါ။ မရှိရင်တော့လုပ်သင့်ပါတယ်။ဘာကြောင့်လဲဆိုတော့
ကျွန်တော်တို့ဒီ Adobe ID တစ်ခုရှိရင် နောက်ပိုင်း ဘယ် Adobe မဆိုဝင်လို့ရပါတယ်။ ပြီးသွားပြီဆိုရင်
ကျွန်တော်တို့ ဒီဘက်မှာ Sign In ပြန်ဝင်ပါမယ်။
ပုံ 6 ။။ ကျွန်တော်တို့ Sign In ၀င်ပြီးတာနဲ့ဒီလိုမျိုးတွေ့ရပါမယ်။ လက်ပြထားတဲ့အတိုင်း Install ကို
နှိပ်လိုက်ပါ။ ပြီးရင်တော့ ခဏစောင့်နေလိုက်ပါ။
ပုံ 7 ။။ ခဏစောင့်နေလိုက်ပါ။
ပုံ 8 ။။ ဒီအဆင့်မှာတော့ အိုကေ ပါပြီ။ လက်ပြထားတာလေးကိုနှိပ်လိုက်ပါ။
ဒါဆိုရင်တော့ ကျွန်တော်တို့ Install လုပ်လို့ပြီးပါပြီ။ Start >>All Program ထဲမှာသွားကြည့်လိုက်ပါ။
ရောက်နေပါပြီ။ မဖွင့်ပါနဲ့အုံး ဆက်လုပ်စရာတွေရှိပါသေးတယ်။ သူ့ကိုကျွန်တော်တို့ Full Version
လေးဖြစ်အောင် Patch တွေ Serial key တွေထည့်ရပါအုန်းမယ်။
1 ။။သူငယ်ချင်းတို့အောက်မှာဒေါင်းထားတဲ့ Serial key + Patch ဖိုင်လေးက်ုဖွင့်လိုက်ပါ။
အထဲမှာ ADALLCS ဆိုတာလေးကို Copy လုပ်ပြီး Local Disk ( C) ကနေ >> Program files >>
Adobe folder >> Photoshop CS6 ဖိုင်ထဲမှာ Paste လုပ်ပေးလိုက်ပါ။
2 ။။Hosts-Notepad ထဲက ဟာကို Copy လုပ်ပြီး My Computer>Local Disk (C:)>Windows>System32> Drivers>Etc.>Hosts ထဲမှာ Paste လုပ်လိုက်ပါ။အောက်မှာ
ပုံနဲ့ပြထားပါတယ်။

  3 ။။ နောက်ပြီး လိုရမယ်ရပေါ့ Serial key တွေပါထည့်ပေးထားပါတယ်။တောင်းရင်လည်း
ထည့်ပေးလိုက်ပါ။တကယ်တော့ ဒီအဆင့်ကိုမရောက်တော့ပါဘူး။ ပထမဆုံးနံပါတ် 1 က ADALLCS
ဆိုတာလေးထည့်လိုက်တာနဲ့တင်လုံးဝကို Full ဖြစ်သွားပါပြီ ထည့်ချင်လဲထပ်ထည့်ပေါ့နော်။
                           
1 > After Install Not Need to Run Photoshop follow below Steps.
 2 > Then Go to My Computer>Local Disk (C:)>Windows>System32>
      Drivers>Etc.>Hosts.

3 > Then Open Host File in Notepad and then paste Code in that.

 

4 > After Save this Notepad file.

5 > Then Open Photoshop and Enter Below Serial Keys
      and Choose OK.
Enjoy.
Please Share this post with your friends and support me.
 အားလုံးပြီးသွားရင် Photoshop CS6 ကိုဖွင့်ကြည့်လိုက်ပါ။အောက်မှာပုံနဲ့ပြထားတဲ့အတိုင်းလုံးဝကို
Full ဖြစ်နေတာတွေ့ရပါမယ်။
                         Download Photoshop CS6
                                 Download Part 1
                                 Download Part 2
                                 Download Part 3
                                 Download Part 4
                                 Download Part 5  
                        Download Serial Key + Patch 
                          www.mm-knowledge.com  
                               နည်းပညာမြို့တော်  
 သူငယ်ချင်းတို့အခွေဖြင့်ဘန်းထားပြီးသိမ်းထားမယ်ဆိုရင်ပိုပြီးအဆင်ပြေပါတယ်။
 အဆင်ပြေတယ်ဆိုရင်သူငယ်ချင်းတွေကိုလည်း ထပ်ပြီးရှယ်ဖို့ဝေမျှလိုက်ကြပါအုံးနော်..
 
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS