RADIO

What is current song?

RSS

ရန်ကုန်နှင့် နယ်များရှိ စာသင် သံဃာ များ အတွက်(free) စရိတ်ငြိမ်းပို့ပေးပါမည်။

( အနယ်နယ်အရပ်ရပ်သို့ ပို့ ဆောင်ရာတွင် စရိတ်စကကြီးသဖြင့် အလှူရှင်များ၏ ပါဝင်မှုကိုလည်း လိုအပ်လျက်ရှိပါသောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိဋကတ် ၃ ပုံ ပြန့် ပွားစေရန်ရည်မျှော်၍ ပိဋကတ် ၃ ပုံ တရားအလှူတွင် ပါဝင်ကုသိုလ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်)
မြန်မာပြည်အရပ်ရပ်ရှိ စာသင် သံဃာ တွေ အတွက် ပိဋကတ် သုံးပုံ DVD သင်ထောက်ကူ Application အစုံအလင်( အဘိဓာန်နှင်ပိဋကတ် သုံးပုံ)အလှူ ကို ရန်ကုန်နှင့် နယ်များရှိ စာသင် သံဃာ များ အတွက်(free) စရိတ်ငြိမ်းပို့ပေးပါမည်။ မှာယူအလှူခံနိုင်ပါတယ်ဘုရား။
ပိဋကတ် သုံးပုံ DVD များကို သြစတြေးလျရှိ ဒေါက်တာ တစ်ဦး၊စင်ကာပူမှ မအိခိုင်ဝင်း နှင့် အခြားအလှူရှင်များ စုပေါင်းပြီးလှူဒါန်းထားပါသည်။ မည်သည့်အရပ်၊မည်သည့် စာသင် သံဃာ မဆို မှာယူနိုင်ပါပြီ။
လိပ်စာပေးရုံဖြင့် သက်ဆိုင်ရာ ကားဂိတ်အရောက် စရိတ်ငြိမ်းပို့ဆောင်ပေးမည် ဖြစ်သောကြောင့် အမြို့မြို့ အနယ်နယ်ရှိ ဒကာ၊ဒကာမ များကလည်း မိမိတို့ ၏ စာသင်ရဟန်းများအတွက် ဆက်သွယ်မှာယူနိုင်ပါပြီ။ ( ပိုက်ဆံပေးရန်မလိုပါ။)
စာသင် သံဃာများအတွက် စိန်ရတနာကျောင်းတိုက်မှ ပိဋကတ် သုံးပုံ DVD များကို ဖတ်ရှုလေ့လာသူများ လွယ်ကူစေရန် တီထွင်စီစဉ်ထားသောကြောင့်
ယခုမှ စပြီးဖုန်းဖြင့် လည်းကောင်း၊ facebook မှ message ဖြင့်လည်းကောင်း ကြိုတင် စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။
သာသနာတခေတ်တွင် မထင်မှတ်လောက်အောင် ကောင်းမွန်သော သင်ထောက်ကူပြု ၊ အဘိဓာန် ၊ ပိဋကတ် သုံးပုံ ပါဝင်သော DVD များကို လေ့လာကြည့် ရန်တိုက်တွန်းပါတယ်ဘုရား၊
ရန်ကုန်ရှိ စာသင် သံဃာများ မြို့ မကျာင်းလမ်း ၊ ဒဂုံမြို့ နယ် ရန်ကုန်ရှိ စိန်ရတနာကျောင်းတိုက်တွင် ရုံးဖွင့်ရက် (9:30 am မှ 4:30 pm) နှင့် စနေ မနက်ပိုင်း အချိန်တွင် သွားရောက်ထုတ်ယူနိုင်ပါသည်ဘုရား။
နိုင်ငံရပ်ခြားမှ မှာယူလိုသူများ လူကြုံ ရှိပါက မှာယူရန် အဆင်ပြေနိုင်ပါသည်။
နီးစပ်ရာ သံဃာများအတွက် မှာယူလိုသူများ၊ သံဃာများကိုယ်တိုင်သော်လည်းကောင်း အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ် မှာယူပါ။
ယခု သတင်းကောင်းကို ရှယ်ခြင်းဖြင့်လည်း ကုသိုလ်ယူနိုင်ပါပြီ။
သာသနာအတွက် အုတ်မြစ်ဖြစ်သောဘုရားဟော ပိဋကတ် သုံးပုံ အာဂုံဆောင်နိုင်သူ ၊လေ့လာသူများ ပွားများစေရန် ရည်သန်ပါသည်။
သဒ္ဓါတတ်အား နည်းများမဆို ကုသိုလ်ပါဝင်နိုင်ပါတယ်။
ဆက်သွယ်ရန်- မနန်းမွန်း - 09448000477
စင်ကာပူ - မအိခိုင်ဝင်း-65-91072356 ( if office hours want to call pls send sms)
POSB Savings 039-62363-3
EI KHAING WIN
မလေးရှား-ကိုဝင်းနိုင်ကျော်- +600189470370
Malaysia, Ipoh
ရုရှား - လွင်ဦးကို -+79671235491
( နိုင်ငံရပ်ခြားမှ ဆက်သွယ်လို သူများလည်း အသေးစိတ်ကို facebook မှ message ပို့ မေးမြန်းနိုင်ပါတယ်)
ပိဋကတ် ၃ ပုံ အလှူကို ခံယူကြသော အနယ်နယ်အရပ်ရပ်မှ
ရဟန်းသံဃာများ အဆင်ပြေစေရန် ပိဋကတ် ၃ ပုံ အလှူကို
လစဉ် ဖြန့် ဝေသွားမည် ဖြစ်ပါသဖြင့် ပိဋကတ် ၃ ပုံ အလှူကို ရည်မှန်း၍ လစဉ်အလှူငွေကို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း ကုသိုလ်အကျိုးမျှော်၍ အသိပေးနှိုးဆော်ပါသည် ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကိုယ့်ချစ်သူ ပုံလေးတွေကို သီချင်းလေးနဲ့ Slideshow လုပ်ကြည့်ကြမယ်နော်..

Ashampoo Slideshow Studio HD 2.0.5.4 Full Keygen 
 
ဓါတ်ပုံတွေကို Slide show လုပ်ချင်သူတွေအတွက် ဆော့ဝဲကောင်းလေးတစ်ခုပါ
ပုံတွေကို effect လေးတွေထည့် background သီချင်းလေးထည့်လိုက်
စာတန်းလေး ထိုးလိုက်နဲ့ ကိုယ့်ချစ်သူပုံလေးကို လုပ်ပေးချင်သူတွေအတွက်
သုံးကြည့်မိုက်တယ် 30MB ပဲဆိုတော့ သေးပါတယ်
အောက်မှာ ဒေါင်းလိုက်ပါနော်...
 
Overview of highlights:

- Comfortable and easy handling
- Spectacular picture transitions, opening and end credits,
- background music, subtitles etc
- Freely definable effects, panning and zooming (Ken Burns
- Slideshows in HD quality (720p and 1080p
- Output formats: MPEG-1,-2,-4, Facebook compatible format etc
- Direct burning on DVD or Blu-ray Disc
- Upload directly to YouTube

Output formats:
- YouTube
- MyVideo and Facebook
- MPEG-1
- MPEG-2, MPEG-4
- M2TS
Windows Media 9
- DVD
- Blu-ray Disc
ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့အားပေးနေကြသော
မိတ်ဆွေအားလုံးကိုရင်ဘတ်ကြီးနဲ့ကျေးဇူးးတင်ပါတယ်ဗျာ..တုန့်ပြန်မှု့တစ်ခုအနေနဲ့
တောင်းဆိုမှု့တစ်ခုတော့ပြုပါရစေ...သူငယ်ချင်းရဲ့ဝေဖန်အကြံပေးမှု့နဲထပ်တူညီမျှတဲ့
ကွန်မန့်လေးကိုထားရစ်ခဲ့စေချင်ပါတယ်...
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငယ်ငယ်တုန်းကလို အပြင်းပြေဖတ်ကြည့်ရအောင်နော်...

''သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသေသည်'' ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဦးကျော်သူတို့ နာရေးကူညီမှုအသင်းရဲ့ စာရွက်မှာတော့ “သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသင့်သည်” လို့ ရေးထားပါတယ်။ တစ်ကြောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း (သို့မဟုတ်) တစ်လုံး တစ်ပုဒ်၊ တစ်ပုဒ် တစ်လုံးတည်း လို့ပြောရမယ့် ရှားရှားပါးပါးစာပိုဒ် လေးတွေကို စုဆောင်းမိသလောက် တင်ပြလိုက်ပါတယ်။
မှတ်ချက် ။ ။ အသံထွက်ရွတ်ဖတ်လျှင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းမှာ ဖြစ်ပြီး ထိုသို့မဖတ်ခင် ကျေးဇူးပြုပြီး သင့်ငယ်ထိပ်၊ မျက်စိ၊ လျှာ စသည်တို့ကို ပရုတ်ဆီပွတ်ထားပါရန် အကြံပြုလိုပါသည်။
သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသေသင့်သည်။
ကုက္ကိုင်းက ကျော်ကျော်က ကြိုးကြိုးကုပ်ကုပ် ကျိုးကျိုးကျွန်ကျွန်ကွ၊ ကိုင်းကုန်ကို ကုန်းကြောင်းကကူး၊ ကုတ်ကုတ်ကျစ်ကျစ်ကယ်။
ကိုကိုးကျွန်းက ကိုကိုကြီး ကုက္ကိုကိုင်းကို ကောင်းကောင်းကိုင်ကာ ကောင်းကင်က ကြယ်ကြီးကို ကောင်းကောင်းကြည့်။ ကုက္ကိုကိုင်းကျိုးကျ၊ ကိုကိုကြီး ကုန်းကွကွ။
ကျွဲကြီးကိုးကောင်ကို ကျားကြီးကိုးကောင်က ကြမ်းကြမ်းကျုတ်ကျုတ် ကိုက်ကြ။
ကုက္ကိုင်းက ကိုကြီးကျော် ကျောကုန်းကို ကြောင်ကြီးကကုတ်၊ ကြောင်ကြီးကို ကိုကြီးကျော်က ကုက္ကိုကိုင်းကြီးကိုင်ကာ ကန်၊ ကြောင်ကြီးကကုတ် ကိုကြီးကျော်ကကန်၊ ကုတ်ကြ ကန်ကြ … ကြောင်ကြီး ကြောင်ကျကျ၊ ကိုကြီးကျော် ကျီးကြည့်ကြောင်ကြည့် ကြေကြေကွဲကွဲ ကြည့်ကာကျန်။
ခင်ခင် ခုချက်ချင်း ခွေးခြေချ၊ ချိုချဉ်ချ၊ ခွက်ခြောက်ခွက်ခင်း။
စောစောစီးစီး စဉ်းစဉ်းစားစား စေ့စေ့စပ်စပ် စီစဉ်စမ်း၊ စိတ် စဉ်စစ်စေစား၊ စုစုစည်းစည်း၊ စူးစူးစိုက်စိုက် စီစဉ်စမ်း။
တည်တည်တံ့တံ့ တွေးတောတတ်တဲ့ တို့တစ်တွေ တောတွေ တိုးတိုးတိတ်တိတ်တိုး၊ တောင်တွေ တတိတတိတက်တုန်း၊ တိမ်တောင် တောက်တောက်တွေ၊ တောက်တာတောတွေ၊ တော်တော် တောင့်တင်းတဲ့ တုံးတံတားတွေ၊ တိုင်တိုတိုတွေ၊ တောတဲတွေ၊ တစ်တောင်တိတိ တိုင်းတာတူးတဲ့ တွင်းတိမ်တိမ်တွေ၊ တီတွန့်တွန့်တက်တက်တွေ၊ တမ်းတမ်းတတ တီတီတာတာ တတွတ်တွတ် တွန်တတ်တဲ့ တစ်တီတူးတွေ၊ တွယ်တက်တတ်တဲ့ တက်တူတွေ၊ တောက်တဲ့တုတ်တုတ်တွေ၊ တောတွေ့ တောင်တွေ့ တော်တော်တွေ့တယ်။ တောက်တီးတောက်တဲ့တော်…။
ပေါ့ပေါ့ပါးပါး ပီပါပုံးပွင့် ပေါပေါပဲပဲ ပို့ပေးပါ။ပဲပင်ပေါက်၊ ပဲပြား၊ ပဲပြုတ်၊ ပူပူပြဲပြဲပြုတ်ပေးပါ။
ပေပါပိုင်းပြတ် ပြင်ပေးပါ။ပေါ့ပေါ့ပါးပါးပြု၊ ပေါပျက်ပျက်ပြော၊ ပျော်ပျော်ပါးပါး ပြုံးပြီး… ပေါပေါပျော်ပျော် ပြုံးပြုံးပျော်ပျော် ပြန်ပါ။ ပေါပါ ပျက်ပါ ပြုံးပါ ပျော်ပါ… ပြုံးပျော်ပေါ့ပါး ပြုပြင်ပြီးပြန်ပါ။
ဖိုးဖိုး… ဖေဖေ့ဖို့ဖြစ်ဖြစ်၊ ဖွားဖွားဖို့ဖြစ်ဖြစ်၊ `ဖြိုးဖြိုး´ဖို့ဖြစ်ဖြစ် ဖြေးဖြေးဖျော်ဖိုးဖိုး။
ဖွားဖွားဖင် ဖြူဖြူဖွေးဖွေး ဖိုးဖိုးဖွဖွဖက်။
မောင်မောင်မြန်မြန်မောင်း မိုးမိုးမေမြို့မှာ မိုးမိမယ်။
မောင်မောင်မြင့် မင်းမိန်းမ မေမြို့မှာ မိုးမိမယ် မင်း မြန်မြန်မောင်း။
ရောင်းရင်းရေ၊ ရှောက်ရွက်ရောင်းရင်း၊ ရဲရင့်ရုပ်ရှင်ရုံရှေ့ရှိ ရိုးရိုး ရေရရှိရေးရုံး ရောက်ရင်၊ ရိုးရိုးရေ`ရာရှင်´ ရှောရှောရှုရှူရရင်၊ ရေရော ရှောက်ရွက် ရောရွက်ရောင်းရန် ရည်ရွယ်ရင့်ရော ရှင့်`ရာရှင်´။
(မှတ်ချက်။ ရာရှင် = Ration)
မမမို့ မြန်မြန်မေးမယ်
လွယ်လွယ်လေးလွဲလွဲလာလို့
ပေးပေးပျော်ပျော်ပြန်ပြီး
ချစ်ခိုင်းချင် ခုချက်ချင်း
လာလေ.. လာလေ.. လုပ်လို့။
လေးလေးလည်း လည်လည် လိုက်လို့လာ..။
လာ၊ လာလေ…လုပ်လွန်းလို့ လေးလေးလေ လက်လည်း လွန်.. လက်လည်း လန်.. လန့်လည်း လန့်.. လန်းလည်း လန်းလာ..။
လေးလေးလည်း လုပ်လေ လုပ်လေ လက်လွန်လေ.. လက်လွန်လိုက် လက်လန်လိုက် လုပ်လိုက် လာလိုက်..။
လူလေး လုပ်လိုက်လို့ လေးလေးလေ လန့်လည်း လန့်..၊ လန်းလည်း လန်း..။ လန့်လေ လုပ်လေ လန်းလာလေ..။
လာလေ လာလေ.. လုပ်လိုက်လေ.. လာလည်းလုပ် လန်းလည်းလုပ် လွတ်လွတ်လပ်လပ် လုပ်..။
လူလေးလုပ်လို့ လေးလေး လုံးလည်လိုက်..။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့… “လျှာလည်လွန်းလို့ လူးလိမ့်လျှင်လည်း လှည်းလေးလို၊ လိပ်လေးလို လေးလေးလံလံ လှိမ့်လို့ လှိုက်လှိုက်လှဲလှဲ လွတ်လွတ်လပ်လပ် ဖြည်းဖြည်းဖတ် ဖိုးဖိုး၊ ဖွားဖွား” တို့လို့ပဲ ဆိုပါရစေ။
ဒီက သူငယ်ချင်းတွေ အပျင်းပြေစေချင်လို့ပါ။အသံထွက်ဖတ်ရင်း ရယ်မောနိုင်ကြပါစေ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တီဗီ ၁ နာရီကြည်တိုင်း အသက် ၂၂ မိနစ်တိုတယ်နော်..........


တီဗီ ၁ နာရီကြည်တိုင်း အသက် ၂၂ မိနစ်တို ထူးထူးခြားခြား လေ့လာတွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေးပညာရှင်များက စစ်တမ်းအရ ရှာဖွေတွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။
တီဗီကို တစ်နာရီပတ်လုံး ထိုင်ကြည့်တဲ့အခါ ကိုယ်လတ်လှုပ်ရှားမှုများ မရှိတဲ့ အတွက် အဆီတက်စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှု အားနည်းပြီး သွေးကြောပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ Fatty acid တိုးခြင်း တို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ ဆက် တိုက် ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှု စနစ် အလုပ်လုပ်ဆောင် မှု နှေးကွေးပြီး အကြောအားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက် ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။
ဒါကြောင့် ဘာမှ မလှုပ်မရှုက်ပဲ တီဗီ ၁ နာရီထိုင်ကြည့်လိုက်ခြင်းဟာ ပျှမ်းမျှ အားဖြင့် တီဗီမကြည့်တဲ့ လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်း ကျော် လျော့နည်းသွားပြီး အသက်နဲ့တွက်လိုက်ရင် ၂၂ မိနစ်စာ အသက် လျော့သွားစေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီ ကြည့်သူဟာ သာမန်လူတွေထက် ငါးနှစ်လောက် အသက်တိုတာကို လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ကွန်ပြူတာ အသုံးပြုအလုပ်လုပ်သူတွေထက် တီဗီကြည့်သူများ ပိုဖြစ်ပြီး ကွန်ပြူတာ အသုံးပြုလုပ်ကိုင်သူများကလည်း ကိုယ်လက်လှုပ်ရှားမှု ရှိရန် လိုအပ်တယ်လို့ဆိုပါတယ်။ ရုံးချိန်ဆက်တိုင် ထိုင်ရာမှ မထ တည်တည် အလုပ်လုပ်ခြင်းကလည်း တီဗီကြည့်သူနဲ့ မထူးမခြားနား ကျန်းမာရေး ချို့ ယွင်းလို့ အသက်တိုနိုင်ကြောင်း သိရပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Enervon C ရေရှည်စွဲမသောက်သင့်တဲ့ အားဆေး

Enervon C ရေရှည်စွဲမသောက်သင့်တဲ့ အားဆေးမြန်မာနိုင်ငံဆေးဈေးကွက်ထဲမှာ သုံးစွဲသူ တော်တော်များတယ်။ ဆေးသောက်ပြီးရင် လူကိုကြည်လင်လန်းဆန်းစေတယ်။
အားအင်ပြည့်ဖြိုးစေတယ်။ အလုပ်ပိုလုပ်နိုင်တယ်။စွဲသောက်သူတချို့က ဒီဆေးသောက်မှလန်းတယ်ထင်ကြတယ်။တချို့က ဆေးမသောက်ရင် နေလို့မကောင်းတာမျိုးထိရှိတယ်။
ဒါ့ကြောင့် တခါဆေးပြတ်သွားတုန်းက တစ်လုံးကို ၂၀၀၊၂၅၀ထိ ပေးသောက်ကြတာပဲ။
ဒီအချက်တွေဟာ သုံးစွဲသူတွေအဖို့ မှန်ကောင်းမှန်ပါလိမ့်မယ်။ သို့သော် ပြဿနာတခုက ရေရှည်မသောက်သင့်တဲ့ဆေးကို စွဲသောက်နေကြတာပဲ။
Enervon-Cထဲမှာ vitamin C 500mg ပါဝင်တာကြောင့် ရေရှည်စွဲသောက်ရင် ဆီးကျောက်တည်တာမျိုးတွေ ဖြစ်တတ်တယ်။ စာထဲတင်မက လက်တွေ့ဆေးခန်းလာသူတွေထဲမှာပါ ဒီလိုလူနာတယောက်မက၊နှစ်ယောက်မက တွေ့နေရပါတယ်။ တရက် တစ်လုံးကို ၃နှစ်မှ ၅နှစ်ထိစွဲသောက်သူတွေမှာ ဒီလိုပြဿနာတွေ တွေ့ရတယ်။Enervon-Cဟာ Caplet ပုံစံနဲ့လာတယ်။လိမ္မော်ရောင် အလုံးတောင့်လေးတွေဖြစ်တယ်။အလုံး ၃၀ပါဗူးနဲ့၁၀၀ပါဗူးဆိုပြီး နှစ်မျိုးလာတယ်။ဒီလိုပုံစံအားဆေးတွေဟာ လေဝင်ရင် အမဲပြောက်လေးတွေ ထင်ကျန်တတ်တယ်။
Enervon-Cဟာ packingပုံစံကောင်းတယ်လို့ ဆိုနိုင်တယ်။
အတွေ့အကြုံအရ တခြားဆင်တူဆေးတွေမှာ လေဝင်တဲ့အခါ အမဲပြောက်လေးတွေ တွေ့ရတတ်ပေမယ့် EC မှာတော့ သိပ်မတွေ့ရဘူး။အကယ်၍ ဒါမျိုးဖြစ်လာရင် ဆက်သောက်ဖို့ မကြိုးစားပါနဲ့။
အရပ်အခေါ် ECထဲမှာ ဘာတွေပါလဲ။
Vitamin C 500mg
Vitamin B1. 50mg
Vitamin B2. 20mg
Vitamin B3(niacinamide). 50mg
Vitamin B5(calcium pantothenate). 20mg
Vitamin B6. 5mg
Vitamin B12. 5mcg
Enervon-Cထဲမှာ အဓိကပါဝင်တဲ့ vitamin C 500mgဟာ စိတ်အာရုံကြည်လင် လန်းဆန်းစေတယ်။ ခုခံအားတက်စေတယ်။ စိတ်ဖိစီးမှု ကင်းဝေးစေတယ်။ ကျန်တဲ့ vitamin Bအုပ်စုတွေက အားအင်ပြည့်ဖြိုးစေတယ်။သက်လုံကောင်းစေတယ်။နေ့စဉ်လိုအပ်တဲ့ပမာဏ RDAထက် ပိုမိုထည့်သွင်းထားတယ်။ရောဂါကုသဖို့သုံးစွဲတဲ့ ပမာဏမျိုးဖြစ်တယ်။anti-stress formula အရ စိတ်ဖိစီးမှုအတွက် သီးသန့်ထုတ်လုပ်ထားတယ်လို့ ဆိုတယ်။
Vitamin Cဆိုတာ......
-သက်ရှိဆဲလ်တွေပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင်စီဓာတ် လိုအပ်တယ်။
-ဆဲလ်တွေ ပြုပြင်ပြောင်းလဲပေးရာမှာ အဓိကကျတယ်။
-သို့သော် လူ့ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်လို့ အစားအသောက်၊ဆေးဝါးစတာတွေနဲ့ ဖြည့်တင်းပေးရတယ်။
-ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတော်တော်များများမှာ ဗီတာမင်စီပါဝင်ကြတယ်။အထူးသဖြင့် အချဉ်ဓာတ်များတဲ့အစာတွေထဲမှာ ပိုမိုပါဝင်တယ်။ -အစားအသောက်က လုံလောက်အောင်မရရင် သောက်ဆေးပေးပြီး ပြန်ဖြည့်ရတယ်။ -သိပ်များသွားရင်လည်း လူကိုဒုက္ခပေးမယ်။
-water-soluble vitaminအရည်ထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တမျိုးဖြစ်တယ်။
-ရေထဲမှာ ပျော်ဝင်တာကြောင့် တော်ရုံ များတာလောက်ကို ဆီးထဲက စွန့်ထုတ်ပစ်နိုင်တယ်။
- ကြာရှည်သောက်သုံးရင် ကျောက်ကပ်က လုံလောက်အောင် စွန့်ထုတ်မပေးနိုင်ဘဲ အနည်ထိုင်ပြီး ဆီးကျောက်တည်တာမျိုးဖြစ်လာတယ်။ -တွေ့ရှိချက်တွေအရ သောက်သင့်တဲ့ပမာဏထက် ပိုမိုသောက်သုံးမှသာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတယ်။
Vitamin Cရဲ့ကောင်းကျိုးတွေလဲ မနည်းလှဘူး။
-စိတ်ဖိစီးမှု လျှော့နည်းစေတယ်။
-သံဓာတ်စုပ်ယူမှု အားကောင်းစေတယ်။
-ကိုလက်စတောကျစေတယ်။
-လေဖြတ်နိုင်ချေ ကျဆင်းစေတယ်။
-နှလုံး၊သွေးတိုး စတဲ့ရောဂါတွေ ကာကွယ်ပေးတယ်။
-သွားဖုံးရောင်တာ၊သွေးထွက်တာတွေ အသုံးဝင်တယ်။
-အနာကျက်မြန်စေတယ်။အရောင်ကျစေတယ်။
-ခုခံအားတက်စေတယ်။
-အအေးမိ၊တုပ်ကွေး ကာကွယ်ကုသဖို့ အသုံးပြုတတ်ကြတယ်။
-antioxidant ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ လူသိများတယ်။
-ရေတိမ်စတဲ့ မျက်စိရောဂါတွေအတွက် အသုံးကျတယ်။
-ခဲဆိပ်သင့်သူတွေမှာ အကျိုးများမယ်။
-collagen များစေလို့ အသားရည်တွန့်သူတွေ သုံးစွဲသင့်တယ်။
-အရက်၊ဆေးလိပ်သောက်သူတွေမှာ ပိုလိုအပ်တယ်။
တနေ့ကို ပုံမှန် ဗီတာမင် စီ ဘယ်လောက်လိုလဲ။ အသက်အရွယ်၊ကျား မ၊ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်စတာတွေပေါ်မူတည်ပြီး မတူညီကြဘူး။
-ပုံမှန်အားဖြင့် ယောကျာင်္းလေးတွေဟာ 90mgလိုအပ်ပြီး မိန်းကလေးတွေဟာ 75mg လိုအပ်တယ်။
-နို့တိုက်မိခင်တွေမှာ ပိုလိုအပ်တယ်။တနေ့ကို 120mg လိုအပ်တယ်။
-ဆေးလိပ်သောက်တတ်သူတွေ အနည်းဆုံး vitamin C 100mgလိုအပ်တယ်။
-ကိုယ်ဝန်ဆောင်မှာ 75mg လိုအပ်တယ်။
-လူပျိုပေါက်(၁၂-၁၈နှစ်)တွေဟာ 70mg လိုအပ်တယ်။
-ကလေးတွေဟာ 30mgလောက် ပုံမှန်လိုအပ်တယ်။
ပုံမှန်လူတယောက်ဟာနေ့စဉ် vitamin C 75-90mg လိုအပ်တယ်လို့ သတ်မှတ်ထားတယ်။Maximum doseအများဆုံးသောက်သုံးနိုင်တဲ့ ပမာဏကို 2000mg လို့သတ်မှတ်ထားတယ်။ဒါကလည်း ရောဂါကုသဖို့သတ်မှတ်ထားတဲ့ ပမာဏသာဖြစ်ပါတယ်။တချို့ကလည်း နေ့စဉ် vitamin C 500mgထိ လိုအပ်တယ်လို့ အငြင်းပွားကြတယ်။လေ့လာမှုတွေလုပ်ကြည့်တဲ့အခါ Normal dose သောက်သုံးသူတွေမှာ side effectမရှိပဲ higher dose ပမာဏများများကို ကြာရှည်စွဲသောက်သူတွေမှာ ဒုက္ခပေးတတ်တယ်။ဘေးထွက်ဆိုးကျိုး
Nauseaပျို့တာ၊
Diarrheaဝမ်းလျှောတာ
Gastritisအစာအိမ်ရောင်တာ
Fatigueအားအင်ကုန်ခန်းတာ
Heart burnရင်ပူတာ
Intestinal Crampsဗိုက်နာတာ
Flushingအသားရည် ရဲတာ
Insomniaအိပ်မပျော်တာ
ပိုပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုး
Kidney stonesကျောက်ကပ်မှာ ကျောက်တည်တာ၊
Teeth erosionသွားပျက်ဆီးတာ၊
Blood clot in leg ခြေထောက်သွေးကြောပိတ်တာ၊သတိထားသုံးစွဲသင့်တဲ့ရောဂါတွေ
-goutဂေါက်ရောဂါ
-sickle-cell anaemia သွေးအားနည်းရောဂါ
-cirrhosisအသည်းခြောက်ရောဂါ
Vitamin C ကို အသုံးချခြင်း
အရင်ခေတ်က scurvyခေါ်တဲ့ ဗီတာမင်စီချို့တဲ့ရောဂါ ကာကွယ်ဖို့၊ကုသဖို့ အသုံးချခဲ့တယ်။သဘောင်္သားတွေ၊ရေကြောင်းလုပ်သား၊ပင်လယ်ဓားပြတွေမှာ အတွေ့များတယ်။အခုခေတ်မှာတော့ ရှားပါးသွားပြီ။အအေးမိတုပ်ကွေး ကာကွယ်ဖို့၊ကုသဖို့ အသုံးပြုလာကြတယ်။လိုတာထက် ပိုတာကပိုခေတ်စားလာတယ်။ကြော်ငြာတွေကောင်းတာလဲ ပါလိမ့်မယ်။အသားအရည်၊ဆံပင် ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံတယ်ဆိုတာမျိုးတွေ။ antioxidant ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့် ကင်ဆာမဖြစ်စေဘူးဆိုတာမျိုးထိပါတယ်။ လက်ရှိချိန်ထိတော့ သက်သေမပြနိုင်သေးဘူး။ခေတ်ကိုက အင်တီအောက်ဆီးဒင့် ဆိုတာတွေကို အလေးထားပြောလာကြတဲ့ခေတ်မဟုတ်လား။အားဆေးတွေထဲမှာ ကျန်တာတွေမပါရင်နေမယ်။ဗီတာမင် ဘီနဲ့ စီကတော့ ပင်တိုင်ပါဝင်တယ်။ နေ့စဉ်စွဲသောက်သင့်တယ်၊မသင့်ဘူးဆိုတာ ပါဝင်တဲ့ mgပေါ်မူတည်တယ်။ဆေးတခုသောက်မယ်ဆိုရင် ပါဝင်တဲ့ပမာဏကလည်း အရေးကြီးတာ သတိပြုပါ။မသိရင်၊မသေချာရင် ဆရာဝန်နဲ့ သေချာမေးပြီးမှ သောက်သင့်တယ်။အကြံပေးချက်
-ပင်ပန်းတယ်၊မလန်းဘူးထင်ရင်သောက်ပါ။
-အမြဲစွဲသောက်ဖို့ မကြိုးစားပါနဲ့။
-အစာစားပြီးမှ သောက်သင့်တယ်။
-ရေများများနဲ့သောက်ပါ။
-ညဖက်ပိုင်းသောက်ရင် အိပ်မပျော်တာ တွေ့ရတတ်တယ်။
-တနေ့အလွန်ဆုံး သုံး၊လေးလုံးထက် မပိုသင့်ဘူး။
-နေ့စဉ်ရက်ဆက် သောက်တာမကောင်းဘူး။
-တပတ် ၂ကြိမ်၊၃ကြိမ်သောက်တာ ကိစ္စမရှိပါ။
-တခြားအားဆေးတွေလို နှစ်ချီပြီး စွဲမသောက်သင့်တဲ့ဆေးမျိုးဖြစ်တယ်။
Credit to Dr. Aye Min Htoo
credit & copy from https://www.facebook.com/MyanmarNewsUpdates
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS