RADIO

What is current song?

RSS

စိတ်ဓါတ်ရင်ကျက်မှုရရှိရေးအတွက် အောက်ပါနည်းလမ်းများ

(၁) အလုပ်တစ်ခုကို ရလာပြီးလျှင် ထိုအလုပ်ကိုပြီးဆုံးသည်အထိ၊မိမိအတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်၍ စွဲစွဲမြဲမြဲလုပ်နိုင်သောသတ္တိကိုမွေးရန်
(၂)အကြောင်းကိစ္စတစ်ခုခုပေါ်ပေါက်လာလျှင် မိမိကလိုအပ်သည့်ထက်မလျှော့ဘဲတတ်နိုင်သမျှပို၍ပင်၊ကြိုးပမ်း
ဆောင်ရွက်နိုင်သော သတ္တိကိုမွေးရန်၊ထိုသတ္တိမျိုးရှိမှသာ မိမိကိုအားကိုးကြလိမ့်မည်။
(၃)အခက်အခဲတို့ကို ရင်ဆိုင်ပြီးလျှင် ရည်မှန်းသောပန်းတိုင်သို့ ရောက်အောင်မဆုတ်မနစ်ကြိုးပမ်းသော ဇွဲကိုမွေးရန်
(၄)အခက်အခဲများ၊မလိုလားအပ်သော အဖြစ်အပျက်အတွေ့အကြုံများ၊သက်တောင့်သက်သာမရှိခြင်းများ၊
စိတ်ပျက်စရာများအနှောက်အယှက် အကြပ်အတည်းများကို လက်ခံနိုင်သော ခံနိုင်ရည်ရှိစေရန်
(၅)အောင်မြင်ခြင်းကို အရယူမည်ဟူသော စိတ်ဓါတ်နှင့်လေးနက်သော ဆုံးဖြတ်ချက်တို့ဖြင့် ဘ၀မှာအပြည့်အ၀ အဓိပ္ဖါယ်ရှိရှိ
နေမည်ဟူသော ခိုင်မာသောစိတ်ဓါတ်ရှိရန်
(၆)ကိစ္စများ၊ပြဿနာများကို ကောင်းစွာသုံးသပ်ဆင်ခြင်၍ မိမိ၏ကိုယ်ပိုင် အဆုံးအဖြတ်ကို ပြုရန်။
(၇)သူတစ်ပါး၊လူအများတို့နှင့် ပူးပေါင်းဆောင်ရွက်တတ်သော စွမ်းရည်၊အဖွဲ့အစည်းများ၌ အခြားပုဂ္ဂိုလ်များနှင့် လုပ်ဆောင်နိုင်
သော စွမ်းရည်တို့ကို ဆည်းပူးရန်
(၈)ကာလ၊ဒေသ၊ပယောဂ ဟူသော အကြောင်းတို့ကို ထောက်ထား၍ အချိန်ယူတတ်ရန် ၊အများနှင့် ဆက်ဆံရာ၌ အဆင်ပြေပြေ
ဆက်ဆံတတ်ရန်၊အထက်ပါအချက်အလက်တို့ကို သုံးသပ်စီစစ်၍ အဓိပ္ဖါယ်ဖွင့်ဆိုပါသည်။ 
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အလံပေါ် ပြည်သူ့သဘောထား

အလံပေါ် ပြည်သူ့သဘောထား
၈၈  သတင်းများ   ဇန်နဝါရီ ၀၅၊ ၂၀၁၃

တိုင်းရင်းသား တန်းတူညီမျှမှုနှင့် ပြည်တွင်းမငြိမ်းချမ်းလျင် ဒီမိုကရေစီပန်းတိုင်ကို မရောက်ရှိနိုင်ဟု ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ပြောကြား

တိုင်းရင်းသား တန်းတူညီမျှမှုနှင့် ပြည်တွင်းငြိမ်းချမ်းမှုမရှိလျင် ဒီမိုကရေစီပန်းတိုင်ကို မရောက်ရှိနိုင်သည့်အပြင် နိုင်ငံသားအားလုံးမှာ လွတ်လပ်မှုကို အပြည့်အ၀ရရှိနိုင်မည်မဟုတ်ဟု ၈၈မျိုးဆက်ကျောင်းသားများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ဇန်န၀ါရီလ ၄ရက်နေ့တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပခဲ့ ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များနှင့် နိုင်ငံရေးမျိုးဆက်သစ်များ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ယင်းတို့၏ သ၀ဏ်လွှာများ၌ ထည့် သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ၈၈ မျိုးဆက်ကျောင်းသားများမှ ပေးပို့သော သ၀ဏ်လွှာတွင် '' ယနေ့ အခါသမယသည် လွတ်လပ်ရေးဖခင်ကြီးများ ချမှတ်ကြွေးကြော်ခဲ့သည့်  ရည်မှန်းချက်များ မည်မျှအောင်မြင်သည်ကို ပြန်ပြောင်းသုံးသပ်ကြရန် လိုအပ်ပေသည်။တိုင်းရင်းသားချင်း တန်းတူညီမျှမှုမရှိဘဲ ပြည်ထောင်စုကြီး မတည်ဆောက်နိုင်။ ပြည်တွင်းငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မဖော်ဆောင်နိုင်။ဒီမိုကရေစီပန်းတိုင် မရောက်ရှိဘဲ နိုင်ငံသားအားလုံး လွတ်လပ်မှုကို အပြည့်အ၀မခံစားနိုင်''ဟု ယင်းသ၀ဏ်လွှာတွင် ထည့်သွင်း ပြောဆိုထားသည်။
ဆက်လက်ပြီး ယင်းအခမ်းအနားသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ပေးပို့သောသ၀ဏ်လွှာကို ဗကသများအဖွဲ့ချုပ်မှ မဖြိုးဖြိုးအောင်မှ ဖတ်ကြားရာတွင်''ကျွန်ုပ်တို့ ကျောင်းသားများ အပါအ၀င် ပြည်သူလူထုတစ်ရပ်လုံး၏ လွတ်လပ်ခွင့်၊အခြေခံရပိုင်ခွင့်၊ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်များသည် တစ်ဖက်သက်ရေးဆွဲထားသော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် တန်ဖိုးမဲ့နေကြောင်း၊၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှ လွတ်မြောက်သည်အထိ ကြိုးစားရုန်းကန်ကြရအုံးမည်ဖြစ်ကြောင်း'' ဖတ်ကြားခဲ့သည်။
ကိုအောင်ထွန်း ကျောင်းသားသမ္မဂ သမိုင်းစာပေအုပ်စုမှ ပေးပို့သ၀ဏ် လွှာတွင် ''ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်ဂျပန် တော်လှန်ရေး၊ လွတ်လပ်ရေးကြိုးပမ်းမှုမှ စိတ်ဓာတ်တို့၏ တောက်ပြောင်မှုဖြင့် နိုင်ငံလွတ်လပ်ရေးကို အောင်ပွဲကိုရရှိခဲ့ကြောင်း၊ထိုလွတ်လပ်ရေး၏ အသီးအပွင့်ကို ၆၅နှစ် ကျော် မြန်မာပြည်သူလူထုတို့ ရရှိခံစားရမည်ဖြစ်သော်လည်း ယနေ့ထက်တိုင် မညီညွတ်မှု၊မမျှတမှု၊ အနိုင်ကျင့်မှု၊လက်ဝါးကြီးအုပ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ခေါင်းပုံဖြတ်မှုတို့ကို မြန်မာနိုင်ငံသား ၉၀%ကျော်က ခံစားနေရဆဲဖြစ်ကြောင်း'' ထည့်သွင်း ဖတ်ကြားခဲ့သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးလှထွေးက''ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် လွတ်လပ်ရေးတိုက်ပွဲဝင် လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းများအတွက် ဂုဏ်ယူစရာ နေ့မြတ်ကြီးဖြစ်ကြောင်း၊နိုင်ငံသူနိုင်ငံ သားအပေါင်းတို့သည် လိုလားတောင့်တနေသော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ထွန်းရေးအတွက် ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘော်/ရဲမေများ အားလုံးနှင့် တိုင်းရင်းသား ညီအကိုမောင်နှမများတို့သည် မြန်မာပြည်လွတ်လပ်ရေးရယူခဲ့စဉ်က ထားရှိခဲ့သော စုစည်းညီညွတ်မှု စိတ်ဓာတ်မျိုးဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်း၏သ၀ဏ်လွှာတွင် ထည့်သွင်းဖတ်ကြားခဲ့သည်။
ကမန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးတင်ငွေက''ယနေ့အချိန်မှာ လွတ်လပ်ရေးနေ့ အသီးအပွင့်တွေကို ရရှိနိုင်ဖို့ အရိပ်အယောင်များ တွေ့မြင်နေရကြောင်း။လွတ်လပ်တဲ့နိုင်ငံနဲ့ လွတ်လပ်တဲ့လူမျိုးဖြစ်ဖို့အတွက် စည်းကမ်းရှိရမည်ဖြစ်ကြောင်း၊လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ လူမျိုးဖြစ်ရမည်ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်း ဖတ်ကြားခဲ့သည်။
အဆိုပါ ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များနှင့် နိုင်ငံရေးမျိုးဆက်သစ်များမှ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ၀ါရင့် နိုင်ငံရေးသမားများဖြစ်သော နိုင်ဝေသိန်း၊ဦးအုံးမောင်(ရန်ကင်း)၊ဦးသာဘမ်းတို့မှ ၀ါရင့်နိုင်ငံရေးသမားများ၏ နိုင်ငံ ရေးလမ်းစဉ်များနှင့် ၁၉၄၈ခုနှစ်၊ဇန်န၀ါရီလ(၄)ရက်နေ့တွင်  ၀န်ကြီးချုပ်ဦးနုမှ ပြောကြားခဲ့သော လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် အုတ်မြစ်ချ မိန့်ခွန်းတို့ကို ဖတ်ကြားခဲ့ကြောင်း သိရှိရသည်။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ KIA တာဝန်ရှိသူတွေနဲ့ ဆွေးနွေး

ကချင်ပြည်နယ်ကိုရောက်ရှိနေကြတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်တဲ့အဖွဲ့ဟာ ဇန်နဝါရီ ၀၄နေ့ကလိုင်ဇာမြို့မှာ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။
ကိုမြအေး ဦဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ကချင်ဒုက္ခသည်စခန်းတွေကို သွားရောက်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ကိုမြအေးနဲ့အတူ ကိုထွန်းမြင့်အောင်၊ မနီနီလွင်နဲ့ မစန်းစန်းမော်တို့ လိုက်ပါသွားကြပါတယ်။ကိုမြအေးတို့အဖွဲ့ဟာ ဗိုလ်ချုပ်ဂွမ်မော်အပါအဝင် KIA တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြကြောင်းလည်းသိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ်တွေနဲ့ KIA တပ်တွေရဲ့တိုက်ပွဲတွေ အရှိန်မြင့်တက်လာနေတဲ့အပေါ် နှစ်ဖက်တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းကြဖို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

NLABR
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language

ရယ်မောစရာ (

စောစောပြန်မယ်
မိဘချင်း သဘောတူထားပြီး မကြာမီ လက်ထပ်တော့မည့် စုံတွဲတစ်တွဲ အပြင်ထွက်လည်ကြသည်။
နေ့လည်ပိုင်းတွင် စားသောက်ဆိုင်တစ်ဆိုင်၌ ၀င်ထိုင်ကြရင်း အမျိုးသားကမေးသည်။
“ခင်ဗျား အရင်က ထားခဲ့ဖူးတဲ့ ရည်းစာတွေအကြောင်း ပြောပြပါလား” အမျိုးသမီးက
ပြန်ဖြေသည်။ “ဒီနေ့တော့ မပြောပြနိုင်ဘူး။ မေမေတို့ကို ဒီနေ့ မိုးမချုပ်ခင်
ပြန်လာမယ်လို့ ကတိပေးထားတယ်ရှင့်”

ဆေးရုံသွားတဲ့လမ်း
မေး ။ ။ ဆေးရုံကို ဘယ်လို သွားရလဲ ခင်ဗျ ။
ဖြေ ။ ။ ခုမြင်နေရတဲ့ လမ်းအတိုင်းသွားပါ။ လမ်းမ အလယ်ရောက်ရင် ရပ်လိုက်။ နောက် ၁၀မိနစ်လောက် နေရင် ဆေးရုံရောက်ပြီ ခင်ဗျ ။

ကွာရှင်းလိုကြောင်း
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုကြောင်း လျှောက်ထားသော
အမျိုးသမီးတစ်ဦးအား စိတ်ပြောင်းရန် တရားသူကြီးက ကြိုးစားလျက် ရှိသည်။
"ခင်ဗျားက အသက် ၉၂ နှစ်။ ခင်ဗျား ယောက်ျားက ၉၄ နှစ်။ အိမ်ထောင်သက် ၇၃
နှစ်ရှိပြီ။ ခုမှ ဘာကြောင့်ကွဲချင်ရတာလဲ" အမျိုးသမီးက ရှင်းပြသည်မှာ
"ကျွန်မတို့ အိမ်ထောင်ရေးက အဆင်မပြေတာကြာပါပြီရှင့်။ ဒါပေမယ့် ကလေးတွေ
သေတဲ့ ထိစောင့်ဖို့ ကျွန်မတို့ ဆုံးဖြတ်ထားကြလို့ပါ"။

မလာသေးလို့ပါ
တစ်နေ့ မှာ ဆရာက “ကျွန်တော်သာ မန်နေဂျာတစ်ယောက်ဖြစ်ခဲ့လျှင်”ဆိုပြီး စာစီစာကုံး
ရေးခိုင်းပါတယ်။ကျောင်းသားတွေ အားလုံးရေးနေပေမဲ့ တစ်ယောက်ကတော့ မရေးဘူး။
ဆရာက ကျောင်းသားအနားကိုသွားပြီး “မင်းက ဘာဖြစ်လို့ မရေးတာလဲ”လို့ မေးလိုက်တယ်။
ကျောင်းသားက “ကျွန်တော့်ရဲ့အတွင်းရေးမှူးကိုစောင့်နေတာပါ”တဲ့။

အကြောင်းရင်း
နာမည်ကျော် တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးဟာ သူ့ရဲ့ သုတေသနလုပ်ငန်းတစ်ခုအတွက် တပည့်တစ်ချို့နဲ့အတူ ကျေးရွာတစ်ရွာကို လေ့လာရေးခရီးထွက်ခဲ့သတဲ့။ ရွာရဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လူနေမှုဘဝတွေကို ပါမောက္ခကြီးဟာ စနစ်တကျ လေ့လာတယ်။ မှတ်သားတယ်။ မေးမြန်းတယ်။
တစ်နေ့မှာတော့…..
မွေးမြူရေးသမားတစ်ဦးနဲ့ ဆွေးနွေးနေစဉ်မှာ မွေးမြူရေးသမားက သူမွေးထားတဲ့ နို့စားနွားမတွေ လွှတ်ကျောင်းထားတာကို ကြည့်ပြီး…
“ဟို စာဥဆိုတဲ့ ကောင်မ ဘယ်သွားဦးမှာလဲ?”
“တိမ်ပြာဆိုတဲ့ ဟာမကလည်း ဟိုဘက်ခြံစည်းရိုးတိုင်ကို သွားပွတ်နေပြန်ပြီ”
“ဟဲ့ ဖြူ မြက်ကောင်းကောင်းမစားဘဲ ဘာဖြစ်လို့ တခြားကောင်မတွေကို လိုက်ဝှေ့နေတာလဲ” စသည်ဖြင့် လှမ်းလှမ်းပြီး မြည်တွန်တောက်တီးနေတယ်။ ပါမောက္ခက မွေးမြူရေးသမားကို အံ့သြတကြီး ကြည့်ပြီး….
“ခင်ဗျားက ခင်ဗျားနွားမတွေအားလုံး နာမည်မှတ်မိတာပဲလား” လို့ မေးလိုက်တယ်။
“မှတ်မိတာပေါ့ ဆရာကြီးရယ်။ သူတို့နာမည်မှတ်မိမှ သူတို့ကို ထိန်းရလွယ်တာ”
“တော်တယ်ဗျာ၊ ကျုပ်ကတော့ ကျုပ်တပည့်မတွေ နာမည်ကို မမှတ်မိပါဘူး”
ဒီအခါမှာ မွေးမြူရေးသမားရဲ့ ဇနီးက ဝင်ပြောတယ်။ သူမရဲ့ ပြောစကားကြောင့် ပါမောက္ခကြီးရဲ့ ဘေးက ကျောင်းသားတွေ ပြုံးစိစိ ဖြစ်သွားကြသတဲ့။
မိန်းမကြီး ပြောတာက ဒီလိုလေ…
“ဆရာကြီးက ဘယ်မှတ်မိမလဲ၊ ကျွန်မယောက်ျားလို တစ်နေ့နှစ်ကြိမ် နို့မှ မညှစ်ရဘဲ´။

ဒဿမကိန်း
ဆရာမက ဒဿမကိန်းတွေရဲ့အကြောင်းသင်နေတယ်။ သူက သင်ပုန်းပေါ်မှာ
၁၀.၉ လို့ချရေးပြီးမှ ဒဿမ (.)ကို ဖျက်ပစ်လိုက်တယ်။
``ကဲ ဂျော်နီ၊ အခု ဒဿမဘယ်ရောက်သွားပြီလဲ´´
ဂျော်နီက မဆိုင်းမတွပဲ ချက်ချင်းထဖြေတယ်။
``ဘောဖျက်မှာ ပါသွားပြီ ဆရာမ´´တဲ့။

မကြီးပါဘူး
သား။ ။မေမေ…သားကိုသူငယ်ချင်းတွေက ခေါင်းအကြီးကြီးပဲလို့ ပြောကြတယ်။
မေမေ။ ။ငါ့သားခေါင်းက မကြီးပါဘူးသားရယ်…လှပါတယ်။သားရေ…မေမေ့ကို ဆန်သုံးပြည်လောက်သွားဝယ်ပေးပါဦး။
သား။ ။ဟုတ်….ဆန်ထည့်ဖို့  ဘာယူသွားရမလဲမေမေ။လက်ဆွဲခြင်းက မမ ယူသွားတယ်။
မေမေ။ ။သားရဲ့ဦးထုပ်ထဲ ထည့်ခဲ့လေ။

မနေ့ကတော့
ယောကျာ်း။ ။မင်းကို ငါမေးနေတာ ကြားရဲ့လား။ တစ်ခုခုတော့ ပြန်ပြောဖို့ သင့်တာပေါ့ကွ။
မိန်းမ။ ။မနေ့ ကတော့ ပြန်ပြောတာ မကြိုက်ဘူးဆို။

လွတ်လပ်ရေး
အဖွားစိန်သည် အသက် ၆၀ သို့ရောက်သည့်တိုင် ဗွီဒီယို၊ ရုပ်ရှင်များမကြည့်ဖူးပေ။
တစ်ညတွင် သူ့မြေးများနှင့်အတူ ဗွီဒီယိုကြည့်ချင်သောကြောင့်လိုက်သွားလေသည်။
ထိုညတွင်ပြသော ဇာတ်လမ်းမှာ တော်လှန်ရေးကားပင်ဖြစ်လေသည်။ ဗွီဒီယိုဇာတ်ကား
ပြီး၍ အိမ်သို့ပြန်ရောက်သောအခါ-
“သားကြီးရေ ပုန်းကျင်းတွေတူးပါအုံးဟ”ဆိုလေသည်။
သူမ၏သားမှာ- “အမေ ဘာဖြစ်လို့လဲ” ဟုမေးရာ အဖွားစိန်၏စကားကြောင့် သူ့သားမှာ
ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ အဖွားစိန်ပြောလိုက်ပုံက-
“သားရဲ့...ဗွီဒီယိုတွေထဲမှာ ပုလိပ်တွေနဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ တိုက်တုန်းဟ...
လွတ်လပ်ရေးမရသေးဘူး...”။

ပထမတန်းစား
ရွာက ဘကြီးမောင် မြို့ကိုတက်မယ်ဆိုတော့ လူတိုင်းမှာချင်တာပေါ့။ ဒွေးလေးမြလည်း သူ့မြေး ဖိုးမောင်အတွက် ဒုတိယတန်းဖတ်စာအုပ် မှာလိုက်တယ်။ ကျောင်းပြန်ဖွင့်တော့မှာဆိုတော့ မြို့ကို သွားသူရှိတုန်းမှာရတာကိုး။ မြို့ရောက်တော့ စာအုပ်ဆိုင်မှာ ဘကြီးမောင် လိုက်ကြည့်တယ်။ ဖတ်စာအုပ်တွေက ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းဆိုပြီး သူ့အပုံနဲ့သူရှိနေတယ်။ ဘကြီးမောင် ရွေးဝယ်လိုက်တာကတော့ ပထမတန်းဖတ်စာအုပ်တဲ့။ ဈေးချင်းတူလို့ကတော့ ပထမတန်းစားပဲ သုံးမယ်ဆိုပြီး ၀ယ်ချလာပါတော့တယ်။

အလုပ်အကိုင်
ယောက်ျားဖြစ်သူ မှာ မြို့ထဲကနေပြန်လာပြီး ၀မ်းသာအားရနဲ့ အိမ်ထဲကို ပြေးဝင်လာတယ်။ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ ဇနီးဖြစ်သူကို ခေါ်လိုက်ပြီး…
ယောက်ျား။ ။ ငါ ဒီနေ့ တော်တော်ကောင်းတဲ့ အလုပ်သစ်တစ်ခုကို ရှာတွေ့ခဲ့တယ်။ အလုပ်က နံနက် ၈နာရီကနေ ညနေ ၅နာရီ အထိလုပ်ရမှာ။ နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ကော်ဖီ တိုက်မယ်။ နေ့လယ်စာ စားချိန်ကို တစ်နာရီပေးထားတယ်။ လုပ်ခကလည်း တော်တော်များများရမှာ။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း အခမဲ့ကွ။ ပြီးတော့ အားလပ်ရက်ကို သုံးပတ်ပေးထားတယ်။ အဲဒီအလုပ်ကို လက်ခံသင့်တယ်မဟုတ်လား….မင်းဘယ်လိုထင်လဲ။
ဇနီး။ ။ အိုး… တော်တော်ကောင်းတဲ့အလုပ်ပါပဲ… လက်ခံသင့်တာပေါ့။ ရှင် ဒီလိုအလုပ်ကို ရှာတွေ့ခဲ့တာ ကျွန်မဖြင့် အရမ်းပျော်တာပဲ။
ယောက်ျား။ ။ ကောင်းပြီ…. မင်းလက်ခံတယ်ဆိုရင် မနက်ဖြန်ကစပြီး အလုပ်ဆင်းလို့ရပြီ။

ပေးချင်လို့ပါ
“မေမေ သမီးကိုငွေငါးကျပ်လောက်ပေးစမ်းပါ၊ အိမ်ရှေ့မှာအော်နေတဲ့
သူကိုပေးလိုက်ချင်လို့”
“သူက ဘယ်လိုအော်နေလို့လဲ သမီးရဲ့”
“အကြော်စုံရမယ်၊ တစ်ခု ငါးကျပ်တဲ့”။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Computer အတွက်မရှိမဖြစ်လိုအပ်တဲ့ Window Doctor v2.7.3.0

Computer ရဲ့ ကျန်းမာရေးအတွက်.မရှိမဖြစ်လိုအပ်ပါတယ်.....
စက်ရဲ့ Error ပေါင်းများစွာကိုလည်း..တစ်ပြိုင်နက်..ရှင်းပေးနိုင်ပါတယ်...
ကျွန်တော်ကိုယ်တိုင်လည်း အသုံးပြုတဲ့ Software တစ်ခုပါ......
Window Doctor ကိုအသုံးပြုခြင်းအားဖြင့်.စက်ရဲ့ Hard-Disk သက်တမ်းကိုပိုရှည်စေပါတယ်..
Mataintaince လုပ်တဲ့နေရာမှာလည်း.နာမည်ရတဲ့ Software တစ်ခုပါ.....
Crack လည်းပါတဲ့ အတွက်.အဆင်ပြေမယ်လို့ထင်ပါတယ်....

Download ပြုလုပ်ရန်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၂၅နှစ်ကျော်ကြာမှ ရှာတွေ့ ခဲ့သောအိမ်ဧည့်ခန်းအတွင်းရှိ ၁၆ရာစုက ရေတွင်း...

အင်္ဂလန်နိုင်ငံ ပလိုင်းမောက်ရှိ အိမ်တစ်အိမ်တွင် ၁၆ရာစုနှစ်မှ ၃၃ပေနက်သော ရေတွင်းတစ်တွင်း ဧည့်ခန်း အတွင်းရှိနေသည်ကို ၂၅နှစ်နီးပါးကြာမှ အိမ်ပိုင်ရှင် ဇနီးမောင်နှံက ထူးဆန်းစွာ တွေ့ရှိခဲ့သည်။ ပင်စင်စား အစိုးရ၀န်ထမ်းဖြစ်သူ မစ္စတာစတီးယားသည် လွန်ခဲ့သော ၂၅နှစ်ခန့်ကတည်းက ၀ယ်ယူခဲ့သော အိမ်၏ ဧည့်ခန်းရှိ တစ်ခါမှ မရွှေ့ပြောင်းဖူးသော ဆိုဖာကုလားထိုင်ကို အလုပ်မှ အနားယူချိန်မှ ရွှေ့ပြောင်းထားရှိသည့် အခါ အောက်တွင် အဖုံးတစ်ခုဖြင့် ကာရံထားသော မြေကြီးများကို တွေ့ရှိရသည်။

၎င်းအိမ်ကို ဆောက်လုပ်စဉ်ကတည်းက ပါရှိသော အဆိုပါ မြေသားအုပ်ထားသည့် ရေတွင်းကို စူးစမ်းသည့် အနေဖြင့် စတင်တူးဆွကြည့်ရာမှ တစ်ပေအနက်ခန့် ရောက်သောအခါ ရေတွင်းကို အံ့အားသင့်စွာ တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။''ကျွန်တော် ပထမဆုံး တွေးမိတာက မြေကြီးအောက်မှာ ရွှေအိုးတလုံးများ တွေ့မလားပေါ့၊ ပြီးခဲ့တဲ့နှစ်က ကျွန်တော်ပင်စင်ယူပြီး အိမ်မှာနေကတည်းက အိမ်အလုပ်တွေ ရှင်းလင်းရေးလုပ်ရင်း ဒီလို ထူးထူးဆန်းဆန်း ရေတွင်းတစ်တွင်း တွေ့ခဲ့ရတာပေါ့''ဟူ၍ အိမ်ရှင်မစ္စတာစတီးယားက ပြောဆိုခဲ့သည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS