RADIO
What is current song?
RSS
သမ္မတ ဦးသိန်းစိန် ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ထိပ်ဆုံးထင်ကြေး ငါးဦး စာရင်းတွင်ပါဝင်
အောက်တိုဘာ ၈၊ အော်စလို
ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရသူကို ထုတ်ပြန်ကြေညာမည်ဖြစ်ရာ မြန်မာသမ္မတ ဦးသိန်းစိန်မှာ ထိပ်ဆုံးက ထင်ကြေးပေးခံရသူ ၅ ဦးတွင် ပါဝင်လျက်ရှိကြောင်း Bloomgerg သတင်းတွင်ဖော်ပြ ထားသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်စာရင်း တင်သွင်း ထားသူ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းေ
ပါင်းမှာ ၂၃၁ ခု ရှိကြောင်း နိုဘယ် ငြိမ်းချမ်းရေး ဆုရွေးချယ်ရေးကော်မတီ သတင်း Website တွင်ဖော်ပြထားသည်။
နိုဘယ်ငြိမ်းချမ်းရေးဆု နာမည်စာရင်း တင်သွင်းထားသူများ ထဲမှ ထိပ်ဆုံးမှာထင်ကြေးပေးခံရသူ ငါး ဦးကို Peace Research Institute of Oslo မှအကြီးအကဲဖြစ်သူ Kristian Berg Harpvikenက ခန့်မှန်းပြောဆိုရာတွင် မြန်မာသမ္မတ ဦးသိန်းစိန်မှာ ၎င်း၏ထင်ကြေးပေးသူ စာရင်းတွင် ထိပ်ဆုံး ငါးဦးတွင် ပါဝင်နေခြင်း ဖြစ်သည်။
မြန်မာသမ္မတဦးသိန်းစိန် လက်ထက်တွင် ရာစုနှစ် ထက်ဝက်နီးပါး ပဋိပက္ခဖြစ်ပွားခဲ့သော လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့တွင် ၁၀ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင် ခဲ့သည်။
၎င်း၏ ထင်ကြေးပေးခြင်း ခံရသူများမှာ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဂျာမနီနိုင်ငံ အဓိပတိဟောင်း ဟဲမွတ်ခိုးလ်၊ ကမ္ဘာ့နိုင်ငံကြီးများ၏ အတွင်းသတင်းများကို Wikileak သတင်း Website သို့ပေးပို့ခဲ့သော Bradley Manning တို့ပါဝင်လျက်ရှိသည်။
ထို့ပြင်၎င်း၏ ထင်ကြေးပေးခံရသူ စာရင်းတွင် အကြမ်းမဖက် လှုပ်ရှားရေး ဝါဒီ တစ်ဦးဖြစ်သူ အမေရိကန်ပါမောက္ခ ဂျင်းရှပ် လည်း ပါဝင်လျက် ရှိသည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်ကရရှိခဲ့ပြီး ၂၀၁၂ခုနှစ် ဇွန်လမှ ဆုလက်ခံသည့် မိန့်ခွန်းကို ကိုယ်တိုင်ပြောကြားနိုင်ခဲ့သည်။
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
အမေရိကန်သံအမတ်ကြီးနှင့် ဇနီး သီတင်းကျွတ်လပြည့်နေ့တွင်ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းမည်
အမေရိကန်သံအမတ်ကြီး ဒဲလ်ရစ်မစ်ချယ်နှင့် ဇနီးတို့သည် လာမည့် အောက်တိုဘာ ၃၀ ရက်နေ့
သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးပြောင်းမည်ဖြစ်ကြောင်း သံရုံးပြောရေးဆိုခွင့်ရှိသူမှ ယနေ့ပြောကြားလိုက်သည်။
မူရင်း..http://aungthetkhing.blogspot.com/
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
အောက်တိုဘာလအတွက်ဗေဒင်နော်.....
ဆရာမျိုးဟန်ကို - 2012, October လ အတွက် ဗေဒင် ဟောစတမ်း
၁။ တနင်္ဂနွေသားသမီးများ အတွက်
ဒီလတွေမှာ လိုချင်တာတွေ မရသေးဘူး။ မလိုချင်တာတွေ မရလာလိမ့်မည်။ အလုပ်အကိုင်တွေ အဆင်ပြေနေပေမဲ့ အလုပ် အတွက်နဲ့ စိတ်ညစ်နေရမည်။ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။ ငွေကြေးအတွက်နဲ့ စိတ်ညစ်နေရမည်။ ရုက်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ဒီလတွေထဲ အနည်းငယ် စိတ်ညစ်နေရမည်။ ငွေကြေးများကုန်ကျမှု များနေမည်။ ခရီးကိစ္စများ အဆင်ပြေမည်။ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေပေမဲ့ စကားပြောဆိုမှုများ အဆင်မပြေပဲ ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေမဲ့ အချိန်လေးပါ။ ဒီလအတွင်း ကျန်းမာ ရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေး ညံနေမည်။ ယတြာ = ကံကောင်းစေရန် အတွက် ဘုရားတွင် မိမိမွေးနေတွင် ပန်းကန်ပြား တစ်ချပ်ပေါ်တွင် ဖယောင်းတိုင် ၁ တိုင်ထွန်း၍ လိုရာဆုတောင်းပါ။ အကျိုးပေး သောဂဏန်း ။ ။ 2 1 3 7
၂။ တနင်္လာ သားသမီးများ အတွက်
ဒီလတွေမှာ မိမိရည်ရွယ်နေသာ စိတ်ကူးများ အသေးအဖွဲ့ ကိစ္စလေးတွေ အရင်ပြည့်မှာပါ။ အလုပ်ကိစ္စများ ရှိနေပါက အမြန်ဆုံး သွားတွေ့ လိုက်ပါ။ အဆင်ပြေမဲ့ အချိန်လေးပါပဲ။ စီးပွားရေးမှာပုံမှန် လေးပါ။ ငွေကြေးကတော့ တဖြည်းဖြည်း ပြည့်စုံလာမဲ့ အချိန်လေးပါ။ အဆင်ပြေလာ မည်။ ခရီးသွားတွေကတော့ အဆင်ပြေပါသည်။ အချစ်ရေးမှာ နီးမလိုလိုနဲ့ ဝေးနေရမည်။ အိမ်ထောင်ရေးမှာ ကတော့ စကားများနေရမဲ့ အချိန်လေး ပါပဲ။ ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်နေမည်။ ယတြာ = ဆင်းရဲ့သောသူ တစ်ယောက်ကို ဆပ်ပြာလှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်း ။ ။ 3 9 4 0
၃။ အင်္ဂါ သားသမီးများ အတွက်
ဒီလအတွင်းမှာ ရည်ရွှယ်တာလေးတွေ အောင်မြင်နေမည်။ အလုပ်ကိစ္စများ စီးပွားရေးကိစ္စတွေမှာတော့ အဆင်ပြေလာမည်။ အထက်လူကြီးနဲ့ အတူတူပြုလုပ်ဆောင်ရွှက် တာတွေ သိပ်အဆင်မပြေဘူး ဖြစ်နေပါသည်။အလုပ်ထဲ စိတ်မပျော်ပဲ အလုပ်လုပ်နေရမည်။ လူတစ်ခြား စိတ်တစ်ခြား ဖြစ်နေတာပါ။ ငွေကြေးကိစ္စတွေမှာ အဆင်မပြေသေးပါဘူးဗျာ မရခင်ကကုန်ကုန်နေလို့ စိတ်ညစ်နေရမည်။ ငွေကတော့ ဝင်လာမှာပါ။ ခရီးကိစ္စများ သွားလာမှု အဆင်မပြေသေးပါဘူး။ ဒီလအတွင်း စနေသားသမီးများ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။ အချစ်ရေးကတော့ လွမ်းနေရမည်။ အိမ်ထောင်ရေး ကတော့ ရန်ဖြစ်နေမည့် အချိန်လေးပါ။ အခုလ ကျန်းမာရေး အနေနဲ့ ဦးခေါင်းပိုင်း ကျန်းမာ ရေးညံ့မည်။ ခေါင်းမူးတာတို့ ဖြစ်မည်။ ယတြာ = အုန်းညွန့် ၃ ညွန့်ကို စနေနေ့ နံနက် ၉ နာ၇ီ ၄၅ မီနစ်တွင် မိမိရဲ့အိမ်ဘုရားတွင် တင်လှူရင်း လိုရာ ဆုတောင်းယူပါ။ ကံကောင်းလာမည်။ အကျိုးပေးသော ဂဏန်း ။ ။ 5 6 5 6
၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်
ယခုလအတွင်း လိုရာဆန္ဒများ ပြည့်စုံလာမည်။ ရည်ရွယ်နေသော စိတ်ကူးများ အဆင်ပြေလာမည်။ အလုပ်အကိုင် ကိစ္စများ အတွက်နဲ့ စိတ်ပျော်လာရမည်။ အထက်လူကြီးတွေနဲ့ ပြုလုပ်သော ကိစ္စများတွင် အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ ဒီလအတွင်း အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ စုဆောင်းမိသော အချိန်လေးပါ။ ခရီးကိစ္စ အဆင်မပြေ သေးပါဘူး။ မသွားတာ ကောင်းပါတယ်။ ပညာရေး မှာ ကံကောင်းနေသော နေ့ရက်လေးပါ။ အချစ်ရေးမှာ စိတ်တူ ကိုယ်တူ အချစ်ကို ပိုင်ဆိုင်ခွင့် ရမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ အဆင်ပြေ နေသော အချိန်လေးပါပဲ။ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ အနည်းငယ် ဖြစ်မည်။ ယတြာ = မိမိ နေအိမ်ဘုရားတွင် နွားနို့ ၇ ခွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဘုရားတွင်ကပ်လှူ၍ ကံကောင်း လာစေရန် အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 7 5 0 0
၅။ ကြာသပတေး သားသမီးများ အတွက်
ဒီလအတွင်း လိုတာမရ ရတာမလို ဖြစ်နေမည်။ အလုပ်ကိစ္စများ မိမိရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများနဲ့ ရှပ်နေရမဲ့ အချိန်လေးဖြစ်ပါသည်။ အထက်လူကြီးနဲ့ ပူးတွဲ၍ လုပ်ကိုင်ဆောင်ရွက်လိုက်ပါ။ စီးပွားရေး ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ငွေကံကောင်းနေသော အချိန်လေး ဖြစ်ပါသည်။ ရအောင်သာ စုဆောင်းပါ။ ငွေကြေးကိစ္စများ ဂရုစိုက်ပါ။ ခရီးယာယီများ သွားလာမှု အဆင်မပြေသေးပါ။ မိမိ မိသားစု အတွင်း မင်္ဂလာကိစ္စများ အလှူအတန်းကိစ္စများ ဖြစ်ပေါ်မည်။ ပညာရေး သင့်တင့်ရှိပါသည်။ အချစ်ရေး ချစ်သူနဲ့ အဆင်မပြေသေးပါ။ ပြသာနာ ဖြစ်နေမည်။ အလျှော့ပေးလိုက်ပါ။ အဆင်ပြေ လာမည်။ အိမ်ထောင်ရေးမှာ ပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နေမည်။ ယခုလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်းခြင်း ၊ စိတ်ပင်ပန်ခြင်း ဖြစ်မည်။ ယတြာ = မိမိ နေအိမ်ဘုရားတွင် စပျစ်သီး ၃ ခိုင်ကို မိမိရဲ့မွေးနေ့ တနင်္လာနေ့ ၉ နာရီ ၄၅ မီနစ်တွင် ကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 8 6 1 1
၆။ သောကြာသားသမီးများ အတွက်
ဒီလအတွင်းမှာ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့ အချိန်ကုန်နေမည်။ အလုပ်ကိစ္စများ အထက်လူကြီးများနဲ့ လုပ်ကိုင်ဆောင် ရမဲ့ကိစ္စများတွင် ဂရုစိုက်ပါ။ အပြစ်တင်ခြင်း ခံရမည်။ စီပွားရေး ငွေကြေးကိစ္စများ ပြန်လည်အဆင်ပြေလာမည်။ မိမိရဲ့ချေးဌားထားသော ငွေကြေးများ ပြန်လည်ရရှိမည်။ ပုံမှန်လေးပါပဲ။ စီပွားရေးမှာ ကံကောင်းလာမည်။ ဒီလအတွင်း ခရီးကိစ္စများ အဆင်မပြေသေးဘူး။ ခရီဝေး ကိစ္စများ မသွားတာ ကောင်းပါတယ်။ ပညာရေးမှာ ကြိုးစားနေရမဲ့ အချိန်လေးပါ။ အချစ်ရေးမှာ ဝမ်းနည်း ဝမ်းသာမှုများနဲ့ စိုးရိမ် ပျော်ရွှင်နေရမည်။ ဘယ်လိုပဲဖြစ်ဖြစ် ကံကောင်းမှုတွေ ရှိလာမှာပါ။ အိမ်ထောင်ရေးမှာ အဆင်ပြေပါသည်။ ဒီလအတွင်း ကျန်းမာရေးမှာ ဗိုက်အောင့်ခြင်း ၊ အကြောတက်ခြင်း ဖြစ်မည်။ ယတြာ=အိမ်ဘုရားတွင် သောက်တော်ရေ ၅ ခွက် ဖယောင်းတိုင် ၅ တိုင်ကို သောကြာနေ့ နံနက် ၉ နာရီ ၄၅ တင်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 4 1 5 0
၇။ စနေသားသမီးများ အတွက်
ဒီလအတွင်းမှာ အလုပ်အကိုင်လေးတွေ နဲ့ မိမိလုပ်ဆောင်နေသော ကိစ္စများ အဆင်ပြေနေသော အချိန်လေးပါ။ မိမိနဲ့ ဆက်ဆံနေရသူများက မိမိအား ငြိုငြင် နေမည်။ ဂရုစိုက်၍ ပေါင်းသင်းပါ။ ငွေကြေး အဆင်ပြေသေးပါ။ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဆိုသလို ဖြစ်နေမည်။ ငွေကြေးများ ကူညီသူ ရှိသော်လည်း စိတ်ညစ်မှုများ ရှိနေပါသည်။ ငွေဝင်ကိန်း ရှိပါသည်။ အဝတ်အထည် အသစ်ဝင်မည်။ ဒီလအတွင်း ခရီးကိစ္စများ မမျှော်လင့်ပဲ သွားရမည်။ ပညာရေးကိစ္စများ တိုးတက်မှု ရှိသော အချိန်လေးပါ။ အချစ်ရေးမှာ ကံကောင်းပါသည်။ ရည်ရွှယ်သူနှင့် ဖူးစာဆုံရမည်။ အိမ်ထောင်ရေး အမြဲတမ်းလိုလို စကားများနေရမည်။ အဆင်ပြေပါသည်။ ဒီလအတွင်း ကျန်းမာရေးမှာ သွေးအားနည်းခြင်း ၊ ထိမိခိုက်မိဖြစ်ခြင်း ဖြစ်မည်။ ယတြာ = မိမိနေအိမ် ဘုရားတွင် သပြေညွန့် ၁၁ ညွန့်ကို သောကြာနေ့ နံနက်ပိုင်းတွင် တင်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 1 0 9 0
(ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - အမှတ် ၁၁၈၊ (ပထမထပ်)၊ အောင်မြန်မာဆိုင် နဘေး ၊ ကေအယ် ၊ ဖုန်း- ၀၁၇ ၂၂၆၀ ၇၁၅ ) ယခုလလေးတွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - ဆက်သွယ်ရန် ၊ အမှတ် ၁၁၈၊ (ပထမထပ်)၊ အောင်မြန်မာဆိုင် နဘေး၊ No.118, Jalan Tun H.S.Lee, 50000, Kuala Lumpur. Kuala Lumpur Malaysia - http://www.myohanko.br.ms/ - myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
နိုင်အောင် အတွက် ကျည်တစ်တောင့်... ကဲဖတ်ကြည့်လိုက်ပါအုံး
ABSDF (တောင်ပိုင်း)က ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင်ကေ
တာ့ထောက်လှမ်းရေးဆိုတာ သေချာပါတယ်တဲ့လား
Drနိုင်အောင်မီဒီယာစာမျက်နှာထက်ကနေ ပြောလို့ရတယ်ဆိုပြီး အပိုင်ကိုပြောချ
လိုက်ပါတဲ့ ပြည်တော်ပြန် နိုင်ငံရေးလုပ်စားသူကြီးကိုနိုင်အောင်ရေ….
ABSDF (တောင်ပိုင်း) အုပ်စုက မြောက်ပိုင်းလောက် အုပ်စုမတောင့်၊သေ
သူသေ၊ရှင်သူက တပြည်တရွာစီမှာ တကွဲတပြား ကိုယ့်စားဝတ်နေရေး ကိုယ်
ရုန်းကန်နေကြရတော့ ပြန်မဖြေရှင်းလောက်ဘူးဆိုပြီး အဲဒီချိန်က တော်လှန်ရေး
လုပ်ဖော်ကိုင်ဖက်ချင်းကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်
ဖြတ်နှိပ်စက် ဒီလူတွေကို နိုင်ငံရေးသေအောင် သတ်ခဲ့ပြီးတာတောင် အခု
မြန်မာပြည် နိုင်ငံရေးမှာ သူရဲကောင်းဖြစ်ချင်သူကြီးက ထပ်ပြီး မြေမြှုပ်လိုက်
ပြန်တာလား။
ကျွန်မဟာ အသက်(၅၁)နှစ်ရှိတဲ့ အိမ်ထောင်ရှင်မ တယောက်ပါ၊
နိုင်ငံရေးနားမလည်ပါဘူး၊ရှင် ထောက်လှမ်းရေးလို့ပြောတဲ့ လုပ်သားကော
လိပ်၊မြန်မာစာဌာနက ဆရာကိုနေ၀င်းအောင်ရဲ့ ညီမအရင်းပါ။တောထဲမှာ
ကျွန်မအစ်ကို သေပြီလို့တောင် ကြားခဲ့ရပြီးမှ ထောက်လှမ်းရေးလို့ စွပ်စွဲခံရ
ပြီး နှိပ်စက်ခံခဲ့ရတာတွေ စွပ်စွဲနှိပ်စက်သူက ABSDF မှာတာဝန်အရှိဆုံးလို့
ဆိုတဲ့ Dr နိုင်အောင်ဆိုတာ အခု ပါဂျောင်ရှင်းတမ်းမှာ ထပ်ကြားရသလို
မိုးသီးဇွန်နဲ့နိုင်အောင် နယ်လု၊အာဏာလုရာကနေဖြစ်တဲ့ နိုင်ငံရေးလှည့်
ကွက်ကလိမ်ကကျစ်တွေထဲမှာ ဓားစာခံဖြစ်ပြီး စွပ်စွဲခံရတာလို့ တဆင့်
စကားကြားခဲ့ရတယ်။
ရှင် ဂျာနယ်စာမျက်နှာထက်မှာဝန်ခံသလို ထောက်လှမ်းရေးဆိုပြီး
နှိပ်စက်၊ထောင်(၁၀)နှစ်ချ၊အချုပ်ထဲမှာ ကျွန်မအစ်ကိုနဲ့ ကိုစိုးလင်းအပါအ
ဝင် ထင်ကျော်၊မြင့်ဦး တို့ဟာဒီတခါ စခန်းတစ်ခုကတစ်ခု ပြောင်းရင်တော့
ငါတို့ကို အသေသတ်ပြီး ထားခဲ့တော့မှာဆိုပြီး အချုပ်ခန်းဖောက်ထွက်ပြေး
လို့လွတ်မြောက်ခဲ့ရတာပါ၊အချုပ်ထောင်ကျနေစဉ် ရှင်ကတော့ ဂျာနယ်စာ
မျက်နှာထက်မှာအကျဉ်းသားအခွင့်အရေးပေးခဲ့တယ်လို့ ရေးခဲ့ပါတယ်။
ရှင်တို့ရဲ့ တောတွင်းအကျဉ်းခန်းမှာကျခဲ့ရတဲ့ ကျွန်မအစ်ကိုကတော့ သူ့ကို
နှိပ်စက်တာ၊သူများကိုနှိပ်စက်တာ၊တချို့မိန်းကလေးတွေကိုပြုကျင့်ဆက်ဆံ
ခဲ့တာတွေကြောင့် တခါတလေ ချက်ချင်းသေသွားရင်ကောင်းမယ်လို့ ကိုယ့်
ဘာသာကိုယ်တွေးမိတဲ့ အထိသွေးပျက်မတတ်ငရဲခန်းအနိဌာရုံတွေကို တွေ့
ကြုံခံစားခဲ့ရပါတယ်တဲ့။ကျောင်းဆရာကို ရိုက်ဖူးတယ်ရှိအောင်ရိုက်ကြစမ်း
ကွာဆိုပြီး ကျောင်းသားငါးယောက်ကို ၀ိုင်းရိုက်ခိုင်းပြီး အပျင်းဖြေတာ ဘယ်သူပါလဲ
ကိုနိုင်အောင် ၊ရှင်ရော Dr သောင်းထွန်းကရော တရားဥပဒေအရစစ်ဆေးခံရရင်
အဲဒီအချိန်မှာ တာဝန်ရှိခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေပါ
ဝင်ဖြေရှင်းသင့်တယ် ပြောတာ ကျွန်မတို့က သိပ်ထောက်ခံတာပေါ့ရှင်၊
ရှင်တို့ကကျွန်မအစ်ကို ကို တောထဲမှာ သမချင်သလို သမ နေခဲ့သလိုဘဲ
ကျွန်မတို့ မိသားစု၊ဆွေမျိုးစုမှာ အဲဒီထောက်လှမ်းရေးတွေရဲ့စစ်ဆေးဖမ်းဆီး
ဒဏ်ကိုခံခဲ့ရတာပါ။
ကျွန်မဆို အဲဒီချိန်က ဘိုကလေးမြို့ တိုင်းရင်းဆေးခန်းမှာ
တာဝန်ကျနေတဲ့ အစိုးရ၀န်ထမ်း တယောက်ပါ။ဆရာမကို ထောက်လှမ်းရေး
ဆွဲသွားတယ် ဆိုပြီးနာမည်ကိုကြီးလို့။မအူပင်ထောက်လှမ်းရေးတပ်ကိုခေါ်
သွားပြီး အစစ်ခံခဲ့ရတာ အဲဒီချိန်က ကျွန်မကိုစစ်မေးရင် နင့်အကို သူပုန်ဆို
တာ ထပ်နေတာပဲ။
ကျွန်မအစ်ကို ဘယ်မှာရှိနေလဲ။ဘာတွေလုပ်သလဲ။ဘယ်သူ
တွေနဲ့ ဆက်သွယ်လဲ ဆိုတာ အမျိုးမျိုး ခြိမ်းခြောက်စစ်မေးခံရတယ်။ကျွန်
မတို့ရဲ့ အိမ်ထောင်ဦးစီး အစ်မကြီးကိုတော့ ရန်ကုန်အိမ်ကနေ နှစ်ညအိပ်
သုံးရက်ခေါ်သွားပြီး အတော်အတန် နှိပ်စက် စစ်မေးခံရပါတယ်။အဲဒီစစ်ဆေး
ခံရတဲ့ ဒဏ်ကြောင့်မျက်လုံးတဖက် ဒဏ်ရာရပြီး ကွယ်လုနီးပါးဖြစ်သွားခဲ့ပါ
တယ်။ခြေထောက်နှစ်ဖက်မှာလည်း မျဉ်းလုံးနဲ့အလှိမ့်ခံထားရလို့အညိုအ
မည်းစွဲပြီး ခုထိ အဆစ်အမြစ်တွေနာနေတုန်းပါ။ကျွန်မ အခုရေးပြနေတဲ့ နှိပ်
စက်ခံရမှုကတော့ရှင်တို့ တောတွင်းဥပဒေနဲ့ စစ်ဆေးခံရပုံနဲ့မိုးနဲ့မြေကွာ
နေမှာပေါ့နော်။ရှင်တို့ ၀ိုင်းနှိပ်စက်လိုက်တဲ့ မီမီခိုင်ဆိုတဲ့ မိန်းကလေး ဘယ်
လိုဖြစ်ခဲ့ရတယ်ဆိုတာ တောတွင်းမှာလဲ လူ့အခွင့်အရေးပေးခဲ့ပါတယ် ဆို
တဲ့ ရှင်တို့အသိဆုံးပါဘဲ။
စစ်ထောက်လှမ်းရေးက အဲဒီအချိန်မှာ ကျွန်မအစ်ကို ကိုအ
သေရရ အရှင်ရရ ဖမ်းချင်တယ်ဆိုတာ သူတို့အချင်းချင်းပြောဆိုမှုတွေ
အရ ကျွန်မတို့ကို စစ်ဆေးမှုတွေအရ သိခဲ့ရတာပါ။ဒါပေမဲ့ ကျွန်မအစ်မ
ကိုရော ကျွန်မ(အဲဒီတုန်းကအပျိုပါ) ကိုပါ မုဒိမ်းလဲမကျင့်ပါဘူး၊မီမီခိုင်လို
ဆေးလိပ်မီးနဲ့ အထိုးခံရတဲ့ ဒဏ်ရာ၊ရင်သား၊ဆီးစပ်တွေမှာ မရှိပါဘူး။
ကျွန်မတို့ ၀န်ခံထွက်ဆိုထားချက်တွေကို လက်မှတ်ထိုးခိုင်းထားတာ သူတို့
ဆီမှာရှိနေမှာပါ။ဒါကြောင့် အဲဒီအချိန်က ထောက်လှမ်းရေးတွေကိုလည်း
ကျွန်မတို့အစ်ကို ထောက်လှမ်းရေးဟုတ်မဟုတ် အစစ်ခံစေချင်တယ်ဆိုတဲ့
ရှင်တို့စကားကို သိပ်ထောက်ခံပါတယ်ရှင်။အဲဒီအချိန် ပုဇွန်တောင်မြို့နယ်
မှာတာဝန်ကျပြီး ကျွန်မတို့ ဆွေမျိုးတစ်စုကို ဒုက္ခတွေပေးခဲ့တဲ့ ထောက်လှမ်း
ရေးတွေပါ ပါဝင်သင့်တယ်။
ကိုယ်လုပ်ခဲ့တဲ့ အမှားကို ၀န်ခံလိုက်စမ်းပါ။ယောက်ျားတွေပဲ။
အဲဒီအချိန်တုန်းကမှားခဲ့ပါတယ်လို့သတ္တိရှိရှိ ၀န်မခံဘဲ ခုချိန်ထိ ကလိန်က
ကျစ် နိုင်ငံရေးလုပ်စားဖို့ကြိုးစားနေတုန်းပါလား။နိုင်ငံရေးအပေါ်ဆက်ပြီး
အမြတ်ထုတ်နိုင်ဖို့ ကြိုးစားနေသေးတယ်နော်။
ABSDF(မြောက်ပိုင်း)က အုံနဲ့သင်းနဲ့ အဖြစ်မှန်တွေကို အထုပ်ဖြေပြသွားပြီဖြစ်လို့
ရှင်ဘယ်လိုမှ ငြင်းလို့မရနိုင်ဘူးလေ။အဲဒီ
တော့ ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင် တို့ကတော့ ABSDF (တောင်ပိုင်း)
ထောက်လှမ်းရေးတွေပါလို့ မိုးကြိုးကို ထန်းလက်နဲ့ကာလိုက်ပြန်တာပေါ့။
ရယ်စရာကြီးပေါ့။ရယ်စရာကြီးပါ။ကိုနိုင်အောင် မရှက်တတ်ဘူးလား။ငါတို့
သေအောင်နှိပ်စက်တာ မသေလို့ ကျန်နေတဲ့ ဒီကောင်တွေ ပြန်မဖြေရှင်းရဲ
လောက်ဘူးထင်ပြီး မီဒီယာ စာမျက်နှာထက်တင်လိုက်ကြတာပေါ့လေ။ဟုတ်
ပါတယ်၊တကယ်လဲ ကျွန်မအစ်ကိုဟာ နိုင်ငံရေးကိုစိတ်ကုန်သွားပါတယ်။
စိတ်ဒဏ်ရာ၊ကိုယ်ဒဏ်ရာတွေနဲ့ ည-ည ဆို ထ-ထ လန့်အော်ပြီး ပြန်မအိပ်
နိုင်တော့အောင် စိတ်ဒဏ်ရာတွေရသွားခဲ့ပါတယ်။ဒါပေမဲ့ ကိုယ့်သမိုင်းကိုယ်
ရှင်းရမယ်။အမှန်တရား ပေါ်စေရမယ်ဆိုပြီးသူတို့လဲသူတို့နည်းနဲ့ သူတို့
ဖြေရှင်းပါလိမ့်မယ်။
ကျွန်မကတော့ ရှင်တို့ဂျာနယ်အစောင်စောင်မှာပြောသလို စစ်မှန်
တဲ့ တရားဥပဒေရှိရင် ဖြေရှင်းမှာပါဆိုတာရယ်၊စစ်ထောက်လှမ်းရေးတွေပါ
ပါဝင်ဖြေရှင်းသင့်တယ်ဆိုတာရယ်ကို ကြိုဆိုထောက်ခံမျော်လင့်နေပါတယ်။
တောတွင်းကနေ တော်လှန်ရေးလုပ်မယ်ဆိုပြီး တောခိုသွားမှ ရှင်
တို့ရဲ့ နိုင်ငံရေးလှည့်ကွက်တွေထဲမှာ ရက်ရက်စက်စက်အသတ်ခံသွားရတဲ့
ကိုထွန်းအောင်ကျော်၊ကိုချိုကြီး၊ဦးစိန် တို့လိုလူတွေ အသက်မသေပေမဲ့ ဒီ
နိုင်ငံထဲမှာဘဲ ဘ၀ပျက်နေခဲ့သူတွေ၊စစ်အစိုးရကိုလဲကြောက်၊ရှင်တို့လိုက်
သတ်မှာလဲ ကြောက်ပြီး ကိုယ့်တိုင်းပြည်မဟုတ်တဲ့ဆီ ပြေးပြီး မသေအောင်
ရုန်းကန်နေသူတွေကို နိုင်ငံရေးသတ်ခဲ့ပြီးတာတောင်အားမရနိုင်သေးဘူး
လား။
စစ်အစိုးရ ထောက်လှမ်းရေးတွေက ခြိမ်းခြောက်စစ်မေးတာတောင်
ကျွန်မ တုန်နေအောင်ကြောက်ခဲ့ရပါတယ်။ကျွန်မ အစ်ကိုအပါအ၀င် ရှင်တို့
နှိပ်စက်ခံခဲ့ရသူတွေဟာ သူတို့အသားနာ မခံနိုင်လွန်းလို့အသက်မသေဖို့
အတွက် ရှင်တို့ဖြစ်စေချင်သလို ၀န်ခံထွက်ဆိုခဲ့ရတာ အဲဒီအချိန်က ရှင်တို့
ကိုထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေကိုပြနိုင်ဖို့ NGO တွေ၊သံရုံးတွေ၊
နိုင်ငံခြားသတင်းဌာနကလူတွေကိုခေါ်ပြီး ၀န်ခံခိုင်းတဲ့အတိုင်း ရှင်တို့စိတ်
တိုင်းကျ ဇာတ်လမ်းတွေ တ ခိုင်လုံတဲ့ အထောက်အထား
တွေနဲ့ ထောက်လှမ်းရေးတွေပါလို့ သက်သေပြနိုင်တယ်တဲ့လား?
ABSDF(မြောက်ပိုင်း)က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ
ပါဂျောင်သတ်ဖြတ်ပွဲ အကြောင်း ရှင်းတမ်းလုပ်တုန်းကမီဒီယာတွေလဲတွေ့ခဲ့
မြင်ခဲ့၊ကြားခဲ့ ရပါတယ်။လူတယောက်ရဲ့ ဂုဏ်သိက္ခာမရှိအောင် ကိုယ့်သေး
ကိုယ်ပြန်သောက်ရ၊ခြေထောက်နှစ်ဖက်ကြိုးတုတ်၊လက်ပြန်ကြိုးတုတ်ပြီး
ထမင်းကိုခွေးကျွေးသလို ကျွေးဆိုတဲ့ လူမဆန်တဲ့ ရက်စက်နှိပ်
စက်မှုတွေကနေ လွတ်မြောက်လာကြတဲ့ ABSDF (မြောက်ပိုင်း)အုပ်စု၊
ABSDF(တောင်ပိုင်း)က မိန်းကလေး တယောက်တောင်တွေ့ပါတယ်။
ဘယ်သူတွေဟာ ကားအကောင်းစားကြီးစီးပြီးချမ်းသာတောက်ပြောင်နေသူ
ပါ ပါသလဲ။သူတို့ကိုကြည့်လိုက်တာနဲ့ ဘ၀ပျက်ခဲ့ကြတာ၊စွန့်လွှတ်ခဲ့ကြ
တာ၊နွမ်းပါးနေခဲ့ကြတာ အသိသာကြီးပါ။ရှင်တို့လက်ထဲကလွတ်အောင်ပြေး
ခဲ့တဲ့ ကိုစိုးလင်းရဲ့ ဇနီးဆရာဝန်မ မှာရောဂါကြီးဖြစ်နေတာ ဆေးကုဖို့တောင်
အနိုင်နိုင်ပါ။ကျွန်မ အစ်ကို ကိုနေ၀င်းအောင်ဆို မနက်(၆)နာရီကနေ ည
(၆)နာရီထိ ဆူရှီလိပ်မှ ထမင်းနပ်မှန်ပါတယ်။Dr နိုင်အောင်လို အဖွဲ့အစည်း
တွေကထောက်ပံ့တဲ့ ဒေါ်လာတွေနဲ့ ကျည်ကာ ကားဝယ်မစီးနိုင်ပါဘူး။
မဲဆောက်မှာ အိမ်နှစ်လုံး မရှိပါဘူး။ဘန်ကောက်မှာလဲ နေဖို့အိမ်မရှိပါဘူး။
ရှင်တို့ကျတော့ မြန်မာပြည်ထဲမှာ ဒီမိုကရေစီလဲရလာချိန်၊ပြည်ပကနေဘဲ
နိုင်ငံရေးဆက်လုပ်နေရင် ရှင်တို့တောင်စားနေကျ အဖွဲ့အစည်းတွေက
မထောက်ပံ့တော့ဘူး၊မြန်မာပြည်ထဲ ပြန်ဝင်မှ ထောက်ပံ့ငွေရမယ်ဆိုလို့
ဒေါ်လာ ဆက်စားနိုင်အောင် ၀န်ကြီးတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ပြန်ဝင်လာ
ရုံသာမက နိုင်ငံရေး သူရဲကောင်း တောင်လုပ်လိုက်ချင်သေးတယ်။
ပါလတရားဆိုတာ မနေပါဘူး။အခုတောင် ရှင်တို့ ရက်ရက်စက်စက်သတ်
ခဲ့တဲ့ ကိုထွန်းအောင်ကျော် တို့ တတွေရဲ့ အရိုးက တွန်နေပါပြီ။
ABSDF (တောင်ပိုင်း)က ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင်ကေ
တာ့ထောက်လှမ်းရေးဆိုတာ သေချာပါတယ်တဲ့လား
Dr
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
ထုလုပ်ဆဲံဗုဒ္ဓဆင်းတုတော်၏ဦးခေါင်းတော်တွင်လူဦးဏှောက်ပုံသဏ္ဍန်ပ်ါထွက်လာ
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာဝင်း အတွင်းတွင် ထုလုပ်နေသော လျောင်းတော်မူ ဗုဒ္ဓဆင်းတုတော်၏ ဦးခေါင်းတော်နေရာ၌ လူ၏ဦးနှောက်ပုံသဏ္ဌာန် ပေါ်ထွက်လာသောကြောင့် လူအများအပြား သွားရောက်ဖူးမြော်လျက် ရှိကြသည်။
ပြီးခဲ့သည့်မေလအတွင်း လေပြင်းတိုက်သဖြင့် လဲကျသွားသည့် ကုက္ကိုပင်ကြီးကို ဘုရားဆင်းတုတော် ထုလုပ်နေခြင်းဖြစ်ပြီး ယင်းသို့ ဆင်းတုတော် ထုလုပ်နေသည့် ကုက္ကိုပင်ကြီး၏ ပင်စည်အတွင်းတွင် ထူးဆန်းစွာ အမြစ်များဝင်ရောက်ဆန်တက်နေကြကာ အမြစ်များက လူဦးနှောက်ပုံ ဖြစ်နေခြင်း ဖြစ်ကြောင်း မျက်မြင်
ကိုယ်တွေ့ ဖူးမြော်ခဲ့ရသူ ပုသိမ်ကြီးမြို့ခံတဦးက ရှင်းပြသည်။
မန္တလေးသားတဦးကလည်း “ကျနော်တို့ကတော့ ဦးနှောက် ပေါ်တယ်ဆိုလို့ သွားတယ်။ တကယ်လည်း ကြည်ညိုစရာကောင်းတယ်။ ပန်းပုထုနေသူတွေကတော့ မကြာခင် ပြီးမယ် ပြောပါတယ်” ဟု ပြောသည်။
အသက် (၆၀) အရွယ်ရှိ ပန်းပုဆရာတဦးက “ဒီအပင်က လွန်ခဲ့တဲ့ မေလတွင်းက လေပြင်းတိုက်တော့ မန္တလေး အောင်မြေသာဇံရပ်၊ ယွန်းဝင်းဓမ္မာရုံဝင်းအတွင်းမှာ လဲကျသွားတဲ့ အပင်ကြီးပဲ။ အနှစ် (၁၀၀) ကျော်လောက်ပြီ။ ထူးဆန်းတာက အမြစ်က မြေကြီးမှာပဲ ရှိရမှာ ဖြစ်ပေမယ့် အခုက အမြစ်တွေအားလုံး အပင်ရဲ့ အတွင်းထဲမှာပဲ ပြန်ဝင်နေကြတယ်။ ဆန်တက်နေကြတဲ့ သဘောပေါ့။ လောကီ သဘောအရတော့ ဒီလိုဖြစ်စဉ်မျိုးကို အကောင်း သဘောပြတယ်။ ဒါ့ကြောင့် လောကီသားတွေအနေနဲ့ အဆောင်လို အသုံးပြုဖို့ကို အားသန်ကြတယ်” ဟု ပြောသည်။
အနှစ် (၃၀) ခန့်  ပန်းပုထု အတွေ့အကြုံရှိသူတဦးက “ဒီလို ကိစ္စမျိုးဆိုတာက သဘာဝအရ ဖြစ်တတ်တယ်။ ဒါပေမယ့် တွေ့ဖို့က ခဲယဉ်းတယ်။ အသက် (၈၀) လောက် လူတွေတောင် ဒီလိုဖြစ်ရပ်မျိုးကို မကြုံဖူးကြဘူး။ ပန်းပုဆရာတွေ ဆိုရင်လည်း ဒီအတိုင်းပါပဲ။ မန္တလေးမှာကတော့ မကြုံဖူးကြတာ အမှန်ပါ” ဟု ပြောသည်။
ယခုအခါ အဆိုပါ ဘုရားဆင်းတုတော် ထုလုပ်နေသော ပင်စည်အတွင်းသို့ ဆန်တက်နေသော အမြစ်တို့အား မန္တလေးမြို့ ကြံ့ဖွံ့အဖွဲ့အစည်းတို့က လာရောက် ကြည့်ရှုကြကြောင်း၊ ဗုဒ္ဓဆင်းတုတော်နဲ့ ပတ်သက်၍ မည်သို့ ညွှန်ကြားမည်ကို မသိရသေးကြောင်း ဘုရားထုလုပ်နေသူများနှင့် နီးစပ်သူများထံမှ သိရသည်။
“အခု ကြံ့ဖွံ့တွေ လာတယ်လေ။ အဆောင်လိုမျိုး ဆောင်ဖို့အတွက် အမြစ်တွေကို လိုချင်သူတွေ ရှိနေတယ်လို့ သိရတယ်။ ရာထူး၊ အာဏာတွေ တည်မြဲရေးအတွက်ကျတော့ ဒီလိုဖြစ်ရပ်တွေက လောကီ အယူအဆအရတော့ အဆောင်ကောင်းတခုပါပဲ” ဟု မန္တလေး မဟာမြတ်မုနိ ဘုရားကြီးအနီးမှ ဗေဒင်ဆရာတဦးက ပြောသည်။
စစ်ဖက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အပေါ်သို့ ဆန်တက်သော အမြစ်အား အဆောင်အဖြစ် ယူလိုဟန်ရှိပြီး ဗုဒ္ဓဆင်းတုတော်အားလည်း တနေရာတွင် ပင့်ဆောင် ပူဇော်လိမ့်မည်ဟု ဒေသခံများက ယူဆနေကြသည်။
ဒီနေရာလေးမှ ယူသည်။
(တချိန်က..ကိုစနေမောင်မောင်၏...ဘလော့များပြန်လည်မျှဝေတာပါ...ဗဟုသုတပေါ့ဗျာ)
မသိသေးတဲ့သူများကိုရည်ရွယ်ရင်းဖြင့်...
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS