RADIO

What is current song?

RSS

လွပ်လပ်ရေးအငြိမ့် (၂) ဇာဂနာ နဲ့ သီးလေးသီး

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

English-Myanmar Dictionary ( Microsoft Word Add-in )



Microsoft Word တွင် English စာရဲ့ အဓိပ္ပါယ်ကို သိချင်တဲ့အခါ သိချင်တဲ့ စာလုံးမှာ Right Click နှိပ်ပြီး ကျလာတဲ့ Menu ထဲကမှ Look up.. ဆိုတာကိုနှိပ်လိုက်ရင် English to English Dictionary တစ်ခုကျလာပြီး ၄င်းစာလုံးရဲ့ အဓိပ္ပါယ်ကို ရှင်းပြပေးထားတာ သိကြမှာပေါ့။
ပြောချင်တာကတော့ ကျမတို့မြန်မာတွေ အသုံးအများဆုံးဖြစ်တဲ့ Microsoft Word မှာ English to English Dictionary ပါပေမယ့် English to Myanmar Dictionary တော့မပါဘူးနော်။
အဲဒါကိုမကျေနပ်လို့ ကျမက မြန်မာတိုင်းအတွက် Microsoft Word မှာ English to Myanmar Dictionary လေးသုံးလို့ရအောင် ကြိုးစားပေးထားပါတယ်။
ပထမဆုံးကြိုးစားမှုဖြစ်လို့ အသုံးပြုရင်းအဆင်မပြေတာလေးတွေရှိရင် ပြန်ပြောကြဦးနော်။ အဲဒါမှ ပိုကောင်းအောင်လုပ်နိုင်လာမှာမို့ပါ။
အခုလောလောဆယ်တော့ Microsoft Word 2007 အတွက်ပဲလုပ်ထားပါသေးတယ်။

English-Myanmar Dictionary Add-in လေးကို အသုံးပြုရင် အောက်မှာပြောထားတဲ့ Prerequistics လေးတွေကိုကြိုပြီး Install လုပ်ဖို့ တော့လိုပါလိမ့်မယ်။
အဲဒါလေးတွေ Install လုပ်တာပဲနည်းနည်းကြာမှာပါ။ Microsoft Word ကိုမှသုံးချင်သူတွေအတွက် ဒါလေးတော့ သည်းခံပေါ့နော်။ :D

Install လုပ်ပြီးတဲ့အခါ Microsoft Word 2007 ကိုဖွင့်လိုက်ပါက ပုံတွင်ပြထားသည့်အတိုင်းမြင်ရလျှင် Install ခလုတ်ကိုနှိပ်လိုက်ပါက For All Myanmar Tab ကိုမြင်ရလျှင် EN-MM Dictionary ကို အသုံးပြုနိုင်မည်ဖြစ်သည်။



Release Version

Version 1(Beta Version)

You can Download Here.


Prerequisites to install Converter Add-in

1.Microsoft .NET Framework 3.5

2.Visual Studio Tools for the Office system 3.0 Runtime

3.Microsoft Office system Primary Interop Assemblies (PIA)

Notes: Only work on MS Word 2007

License

# Not Allowed to use for Commercial


>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

January လ အတွက်ဗေဒင်

http://api.ning.com/files/xzO-HqNkQzhQvJY7M3z0ErJ*2n8*JMOmp0C*3GpENCTeOZRPslkPNCWmBKUGrwC48DM*bAFIJX2B7FHIhqaEG8ltTsJ88rH7/jan.gif

ဆရာမျိုးဟန်ကို - 2012, January လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

ယခုလတွင်း အလုပ်အကိုင် ကိစ္စများ အဆင်ပြေလာမည်။ ယခုလအတွင်း အလုပ်ပြောင်း ရွှေ့မှုများ ဖြစ်ပေါ်လာမည်။ လူသစ် စိတ်သစ် ဘဝသစ်ကိုပြန်စနေရမည်။ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို နဲ့ ဆုံးဖြတ်ရခက်နေမည်။ မိမိထက်ကြီးသူများထံမှ အကူအညီရရှိမည်။

ယခုလတွင်း ငွေကြေးကိစ္စများ ကံမကောင်းသေးပါ။ မထမလဝက်တွင် အဆင်မပြေသော်လည်း ဒုတိယလဝက်တွင် အဆင်ပြေလာမည်။ ငွေကြေးနဲ့ ပက်သက်၍ အနည်းငယ် စိတ်ညစ်ရမည်။ မိသားစု အတွင်း ကျန်းမာရေးညံ့မည်။ ညီအစ်ကိုမောင်နှမကိစ္စများတွင် အနည်းငယ် စိတ်ညစ်ရမည်။ အဝတ်အထည် အသစ်များ အိမ်သုံး ပရိဘောဂပစ္စည်းများလည်း ဝင်မည်။

ပညာရေး တိုးတက် အောင်မြင် လာမည်။ ဒီလအတွင်း အချစ်ရေးကိစ္စများ အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။ အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေးပါ။ ဒီလအတွက် ခါးနာခြင်း ၊ ဇက်ကြောတက်ခြင်း ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် မိမိနေအိမ်ဘုရားတွင် သောက်တော်ရေ ၃ ခွက်
လှူဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်း ။ ။ 2 7 1 5

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ အလုပ်အသစ် နေရာအသစ်များ စတင်ပြုလုပ်ရမည်။ လုပ်ငန်းများအတွက် အကူညီပေးသူ အကြံညဏ်ပေးသူများ ပေါ်ပေါက်လာမည်။ အလုပ်အကိုင် ကိစ္စများ စတင်ပြုလုပ်နေရသော အချိန်လေးပါ။

ယခုလအတွင်း ငွေကြေးကိစ္စများ ကုန်ကျမှုများနေမည်။ ချစ်သူ ခင်သူများနှင့် စိတ်နေသဘောထား မတိုက်ဆိုင်ပဲ ဖြစ်နေမည်။ အင်္ဂါနံ ကိစ္စများ အဆင်ပြေအောင်မြင်စေ ပါသည်။ ငွေကြေးကိစ္စများ ဝင်လိုက် ထွက်လိုက် ဖြစ်နေမည်။ အဖတ်မတင်သေးပါ။ လူဝင်မည်။ ခရီးထွက်ရမည်။

ပညာရေး အသင့်အတင့် ရှိနေသော အချိန်လေး ဖြစ်ပါသည်။ ယခုလတွင်း အချစ်ရေးကိစ္စများ အနည်းငယ် စိတ်ညစ် နေရမည်။ ဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်မပြေသေးပါ။ စိတ်နေသဘောထား မတိုက်ဆိုင်ပဲ ဖြစ်နေမည်။ ယခုလ အတွင်း မျက်စိအားနည်းမည် အိပ်ရေးပျက် ဖြစ်နေမည်။ ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့တွင် နေအိမ်ဘုရားတွင် ဆီးသီး ၈ လုံး လှူဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 9 8 6 5

၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလ အတွင်း အလုပ်အကိုင် ကိစ္စများ အဆင်ပြေလာမည်။ ကောင်းသော အလုပ်အကိုင် ကောင်းသာ ရည်ရွှယ်ချက်များ အထမြောက်မည်။ ဒီလအတွင်းမှာ ရည်ရွယ်နေသာ စိတ်ကူးများ အသေးအဖွဲ့ ကိစ္စလေးတွေ အရင်ပြည့်မှာပါ။ အလုပ်ကိစ္စများ ရှိနေပါက အမြန်ဆုံး သွားတွေ့ လိုက်ပါ။ အဆင်ပြေမဲ့ အချိန်လေးပါပဲ။ စီးပွားရေးမှာပုံမှန် လေးပါ။ ကံကောင်းပါသည်။

ငွေကြေးကတော့ တဖြည်းဖြည်း ပြည့်စုံလာမဲ့ အချိန်လေးပါ။ ပညာရေး သင်တန်း ကိစ္စများ အဆင်ပြေလာ မည်။ ခရီးသွားတွေ ကတော့ အဆင်ပြေပါသည်။ အချစ်ရေးမှာ နီးမလိုလိုနဲ့ ဝေးနေရမည်။ အိမ်ထောင်ရေးမှာကတော့ စကားများနေရမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေးညံ့မည်။ ယတြာ = ကံကောင်းစေရန်အတွက် အင်္ဂါနေ့ နေအိမ်ဘုရားတွင် သရက်သီး ၅ လုံး လှူဒါန်း၍ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်း ။ ။ 2 1 0 5

၎။ ဗုဒ္ဓ္ဓဟူးသားသမီးအတွက်

ဒီလအတွင်းမှာ ရည်ရွှယ်တာလေးတွေ အောင်မြင်နေမည်။ အလုပ်ကိစ္စများ စီးပွားရေးကိစ္စတွေမှာတော့ အဆင်ပြေလာမည်။ အထက်လူကြီးနဲ့ အတူတူပြုလုပ်ဆောင်ရွှက် တာတွေ သိပ်အဆင် မပြေဘူး ဖြစ်နေပါသည်။ အလုပ်ထဲ စိတ်မပျော်ပဲ အလုပ်လုပ်နေရမည်။ လူတစ်ခြား စိတ်တစ်ခြား ဖြစ်နေတာပါ။

ငွေကြေးကိစ္စတွေမှာ အဆင်မပြေသေးပါဘူးဗျာ မရခင်က ကုန်ကုန်နေလို့ စိတ်ညစ်နေရမည်။ ငွေကတော့ ဝင်လာမှာပါ။ ခရီးကိစ္စများ သွားလာမှု အဆင်မပြေသေးပါဘူး။ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။ ပညာရေး ကြိုးစားနေရသော အချိန်လေး ဖြစ်ပါသည်။

အချစ်ရေးကတော့ လွမ်းနေရမည်။ အိမ်ထောင်ရေးကတော့ ရန်ဖြစ်နေရသော အချိန်လေးပါ။ အခုလအတွင်း ကျန်းမာရေး ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့တွင် နေအိမ်ဘုရားတွင် ပန်းသီး ၅ လုံး လှူဒါန်း၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်း ။ ။ 8 2 1 8

၅။ ကြာသပတေး သားသမီးများ အတွက်

ယခုလအတွင်း လိုရာဆန္ဒများ မဖြစ်လာ သေးပါဘူး။ အမှားမှား အယွင်းယွင်းတွေ ဖြစ်နေမည်။ဒီလအတွင်းမှာ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ လုပ်စရာ ကိစ္စများများနေမည်။အထက်လူကြီးတွေနဲ့လည်း သိပ်ပြီးအဆင်မပြေသေးပါဘူး။ စိတ်ညစ်ပြီး အလုပ်လုပ်နေရမည်။

စီးပွားရေး ငွေကြေးက အဆင်ပြေနေမည်။ သူတစ်ပါးအတွက်နဲ့ ရုတ်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ သို့ပေမဲ့ ကူညီသူ ပေါ်မည်။ခရီးတွေက ရုတ်တစ်ရက် သွားရမည်။ သူတစ်ပါးကိစ္စတွေနဲ့ အလုပ်ရှပ်နေမည်။ ပညာရေး ကံမကောင်း သေးပါ။ အချစ်ရေးမှာ မိမိက စိတ်ကူးယဉ်မှု များနေမည်။ အတွေးများနေတာပါ။ အိမ်ထောင်ရေး ကတော့ စကားများနေရမည်။

ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ အိမ်ဘုရားတွင် အုန်းသီး ၆ စိပ် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်း ။ ။ 3 1 2 4

၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ အလုပ်ကိစ္စများ အနည်းငယ် အဆင်မပြေ ဖြစ်နေမည်။ စီးပွားရေး လုပ်ငန်များ ယခု အချိန်တွင် ထပ်မံတိုးချဲ့ရန်အတွက် အဆင်မပြေသေးပါ။ ငွေကြေးကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ စမ်တူ လုပ်ငန်းများ ပြုလုပ်ရမည်။ နေရာကောင်းရမည်။ အိမ်ပြောင်းရမည် ပြင်ဆင်ရမည်။

ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ ပညာရေး ကြိုးစားနေရသော အချိန်လေး ဖြစ်ပါသည်။ယခု အချစ်ရေးကိစ္စများ ချစ်သူနဲ့ ဝေးကွာနေရသူများ ပြန်လည်ဆုံတွေ့ရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ အဆင် ပြေနေသော အချိန်လေးပါ။ ယခုလ အတွင်း ကျန်းမာရေးမှာ မတော်တဆ ထိမိခိုက်မိ ဖြစ်နေမည်။

ယတြာ = ကံကောင်း စေရန်အတွက် သောကြာနေ့ မိမိနေအိမ်ဘုရားတွင် လိမ္မော်သီး ၇ လုံး လှူဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 5 5 8 1

၇။ စနေသားသမီးများ အတွက်

ယခုလ အတွင်းမှာ အလုပ်ကိစ္စများ အဆင်ပြေနေသော်လည်း အလုပ်ထဲတွင် စိတ်ညစ်မှု အနည်းငယ် ရှိနေမည်။ လုပ်ဖော်ကိုင်ဖက် များနှင့် စကားပြောဆိုမှု ကိစ္စများ အဆင်မပြေပါ။ ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ ဝင်ငွေ များသလို ထွက်ငွေလည်း များနေမည်။ ငွေစုမိမည်။ လက်ဆောင်ပစ္စည်းဝင်မည်။ စက်စ္စည်း ဝင်မည်။ ထီကံစမ်းပါ။

ခရီးယာယီများ မကြာခဏ ထွက်ရမည်။ နေရာတိုင်းလိုလို စိတ်တိုင်းမကျပဲ စိတ်တိုနေမည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ ပညာရေး ကံကောင်းလာမည်။အချစ်ရေးမှာ အဆင်ပြေနေသော အချိန်လေးပါ။ ဒီလအတွင်း အချစ်ရေး စန်းပွင့်နေသော အချိန်လေး ဖြစ်ပါသည်။ ယခုလ အိမ်ထောင်ရေးကိစ္စများမှာ တကျက်ကျက် နဲ့ စကားများနေရသော နေ့ရက်တွေများနေမည်။ အခုလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်းမည်။ ဗိုက်အောင့်မည်။ ယတြာ = ကံကောင်းစေရန်အတွက် စနေနေ့ မိမိ နေအိမ်ဘုရားတွင် နွားနို့ ၃ ခွက်ကပ် လှူု၍ လိုရာဆု ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 7 1 24

ဆရာမျိုးဟန်ကို

2012, January တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် - ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms - myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရယ်ကြအုန်းမလား...???...

(၁)
စိတ်မနှံ့သူ (ယောက်ျား).... နင့်ကို ငါပြောစရာရှိတယ်။
စိတ်မနှံ့သူ (မိန်းမ)...... ဘာလဲ! ပြောလေ..
စိတ်မနှံ့သူ (ယောက်ျား).... (နား,နားကပ်ပြီး) နင်လျှောက်မပြောရဘူးနော်... ငါက ကွမ်ရင်မယ်တော်ရဲ့သား.
စိတ်မနှံ့သူ (မိန်းမ)..... ဟာ နင်လျှောက်မပြောနဲ့.. ငါ ဘယ်တုန်းက နင့်လိုသားမျိုးမွေးခဲ့လို့လဲ?
(၂)
ရွာတစ်ရွာမှာ သူ့ကိုယ့်သူအပျိုကြီးဆိုပြီး ဂုဏ်ယူမဆုံးတဲ့ အမျိုးသမီးကြီးတစ်ဦးရှိတယ်။
အပျိုကြီးဟာ သူမသေဆုံးခင် အုတ်ဂူလုပ်သူကိုရှာပြီး သူ့အုတ်ဂူမှတ်တိုင်မှာ "မွေးလာလဲအပျို၊ ရှင်တော့လဲအပျို၊ သေတော့လဲအပျို" ဆိုပြီးရေးပေးဖို့ မှာခဲ့တယ်။
သူ ဆုံးသွားတော့ ဂူလုပ်သူက သူ့တပည့်တွေကို အပျိုကြီးရဲ့ဆန္ဒအတိုင်း မှတ်တိုင်လုပ်ပေးဖို့ပြောတယ်။
အဲဒီမှာ မှတ်တိုင်ထွင်းသူက မှတ်တိုင်မှာ စာရှည်ရှည်ကြီးမထွင်းချင်လို့ သူ့သဘောနဲ့သူ ထွင်းပေးလိုက်တယ်။
"ပါကင်ပိတ် ပြန်အမ်းသည်"
(၃)
မိန်းမဖြစ်သူက ယောက်ျားနောက်မီးလင်းတယ်လို့ သံသယရှိနေလို့ စုံထောက်ငှားပြီး ယောက်ျားနောက်ကို တိတ်တဆိတ်စုံစမ်းစေခဲ့တယ်။ တစ်နေ့တာ ထောက်လှမ်းပြီးနောက် စုံထောက်က မိန်းမဖြစ်သူကို ပြန်ပြောပါတယ်။
"ခင်ဗျားယောက်ျား ဒီကနေ့ညနေမှာ အလှပြင်ဆိုင်တစ်ဆိုင်ရောက်ခဲ့တယ်။ အဲဒီနောက် စတိုးဆိုင်ရောက်ခဲ့တယ်။ စားသောက်ဆိုင်ရောက်ခဲ့တယ်....
" "အင်း.. ကြည့်ရတာ သူတစ်ခုခု ခိုးလုပ်နေပုံရတယ်"
"မဟုတ်ဘူး... သူက ခင်ဗျားနောက် လိုက်ချောင်းနေတာ"
(၄)
လူတစ်ယောက် နေရာတစ်နေရာကိုသွားဖို့ လမ်းရှာရင်းရှာရင်း မျက်စိလည်နေခဲ့တယ်။
အဲဒီမှာ အဘွားအိုတစ်ယောက်ကိုတွေ့တော့ သူလမ်းမေးခဲ့တယ်။ အဘွားအိုက သူသွားချင်တဲ့နေရာကို လမ်းညွှန်ခဲ့တယ်။
၂နှစ် ၃နှစ်ကြာတော့ အဲဒီလူဟာ အဲဒီနေရာကိုနောက်တစ်ခေါက်သွားဖို့ ထပ်ဖြစ်လာတယ်။
ဒီတစ်ခေါက်လည်း လမ်းမမှတ်မိဘဲ သူမျက်စိလည်နေပြန်တယ်။
တိုက်တိုက်ဆိုင်ဆိုင် အရင်တစ်ခေါက်က သူလမ်းမေးခဲ့တဲ့ အဘွားအိုနဲ့ထပ်ဆုံလို့ လမ်းမေးတော့ အဘွားအိုက တအံ့တသြ ထအော်တယ်... "အမလေးဖြစ်ရလေ... အခုထက်ထိတောင် ရှာမတွေ့သေးဘူးလား!"
(၅)
လူတစ်ယောက်ဟာ ပြဇာတ်ကြည့်နေရင်းက အပေါ့သွားချင်တာနဲ့ ထသွားလိုက်တယ်။ မိနစ်အနည်းငယ်ကြာတော့ သူပြန်ဝင်လာပြီး ခုံတစ်ခုံကလူကို မေးလိုက်တယ်။
"ဒီမှာ ခင်ဗျာ.... အခုနားက ခင်ဗျားခြေထောက်ကို ကျွန်တော်နင်းမိလိုက်သလား?"
"နင်းလိုက်တယ်.. ဒါပေမဲ့ ရပါတယ်.. ကျွန်တော်မနာပါဘူး"
"အော်.. ဒီခုံမှာ ကျွန်တော်ထိုင်တာ ဟုတ်မဟုတ် သိချင်လို့မေးတာပါ"

..........ရယ်မောခြင်းဖြင့် ဘ၀အမောပြေနိုင်ပါစေ...........
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ထိတဲ့မိတဲ့ကာတွန်းလေးများ

သိပ်မှန်တယ်နော်၊ ဘေးကနေကြည့်ပြီး လက်ညှိုးလိုက်ထိုးတတ်တဲ့သူမျိုးထဲ ကျွန်တော်လည်းပါတယ် ဟီးးးးးးးးး
အကြံပေးရတာမခက်ဘူး တကယ်ဖြစ်လာအောင် လုပ်ရတာသာခက်တာလေ
သြော်...မီဒီယာ...မီဒီယာ...သူတို့သတင်းမီဒီယာ...
လူဆိုတဲ့ သတ္တ၀ါနှယ်.....ကျွန်တော်တော့ မပါဘူးထင်တာပဲ ဟဲဟဲ
လေနဲ့ပဲအလုပ်မလုပ်ကြပါနဲ့...လက်တွေ့တကယ်အလုပ်လုပ်ကြပါဦး...
ကိုယ့်ကိုကိုယ်အရင်ပြောရမယ်ထင်တာပဲ ဟီးးးးးးးးးးး
(eleven media ကကူးလာတာလေးတွေပါ၊ လက်တွေ့ ပကတိ အခြေအနေတွေကို ထင်ဟပ်စေတယ်ယူဆလို့ တင်ပြပေးလိုက်တာပါ။ ငါ့နိုင်ငံအတွက်လို့ စဉ်းစားမိလိုက်တိုင်း ငါဘာမှမလုပ်ရသေးပါလားလို့ တွေးမိတယ်ဗျာ။ နိုင်ငံအတွက်ဝေးလို့ ကိုယ့်အနီးပတ်ဝန်းကျင်က လူတွေအတွက်ရော ဘာလုပ်ပြီးပြီလဲလို့ ဆင်ခြင်မိတယ်။ မျိုးကြီးသီချင်းထဲကလို ကြယ်စင်လေးလောက်တော့ ငါ့ရဲ့လက်တစ်ကမ်းအတွက် ကိုယ်တတ်စွမ်းသလောက် အလင်းရောင်၊အနွေးဓာတ်ပေးခဲ့တယ်လို့ ပြောနိုင်သင့်တယ်လေ။)
အားလုံးကိုလေးစားစွာဖြင့်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS