RADIO

What is current song?

RSS

(မလေးရှားရောက် မြန်မာများ မဖြစ်မနေလိုက်နာကြပါရန် တောင်းဆိုအပ်ပါသည်)


မလေးရှားနိုင်ငံတွင်ရှိကြကုန်သော မြန်မာနိုင်ငံသားအပေါင်းတို့ (10.6.2013) တနလာင်္နေ့မှစ၍ အလုပ်မဆင်းကြရန် သတိပေးအကြောင်းကြား၍ အသိပေးနှိုးဆော်အပ်ပါသည်။ ယခုမလေးရှားနိုင်ငံအတွင်းတွင် မြန်မာပြည်သားများ နေရာအနှံ့ အသတ်ခံနေရပါသည်။
အိုမြန်မာပြည်သား.... သင့်နေရာတွင်လုံခြုံမှုရှိသည်ဟု သင်ထင်သော်လည်း အခြားသောနေရာများတွင် နေ့တိုင်းခုတ်ထစ် သတ်ဖြတ်ခံနေရသည်ကို သင်သိပါသလား။
အိုမြန်မပြည်သား... သင့်နေရာနှင့်ပတ်ဝန်းကျင်တွင် နာစီလာမား ရောင်းသူ၊ ခေါက်ဆွဲကြော်ရောင်းသူ မျက်နှာစိမ်းများ သင်တို့၏သွားလာလှုပ်ရှားပုံကို
လေ့လာ၍နေသည်ကို သတိပြုမိပါသလား။
အိုမြန်မာပြည်သား... မလေးရှားအစိုးရမှ မြန်မာအလုပ်သမားများအပေါ် (လုံးဝ) အကာအကွယ်မပေးနိုင်သည်ကို သင်ယုံကြည်ပြီလား။ (ယုံသင့်ပြီ)
အိုမြန်မာပြည်သား... သင့်တွင်ပြဿနာဖြစ်က သင့်သူဌေးများမှလည်း မည်သို့မျှအကာအကွယ်မပေးနိုင်သည်မှာ သင်သိပါသလား။ (သူတို့တာဝန်မယူနိုင်ပါ)
အိုမြန်မာပြည်သား... သင့်ကိုမြန်မာအစိုးရဘက်မှလည်း တာဝန်မယူနိုင်သေးသည်ကို သင်သိပါသလား။
အိုမြန်မာပြည်သား...လူသတ်နေသူများမှာ ပတ်စ်ပို့များ၊ နိုင်ငံသားကဒ်များ ကိုင်ဆောင်ထားပါသဖြင့် ရဲများမှအော်ပရာစီဖမ်းသော်လည်း မမိနိုင်တာသင်သိပါသလား။
အိုမြန်မာပြည်သား... ဒီမလေးရှားနိုင်ငံတွင် သင့်ကိုဘာအန္တရာယ်မှမဖြစ်စေရပါဘူးဟု ဘယ်သူမှအာမခံပေးနိုင်သူ မရှိတာသင်သိပါသလား။ (သေချာစဉ်းစား)
ထို့ကြောင့်( 10. 6. 2013 ) တနလာင်္နေ့မှစတင်၍ မလေးရှားတွင်ရှိကြသော မြန်မာလေးသိန်းကျော်တို့ တစ်ညီတစ်ညွတ်တည်း အလုပ်မဆင်းဘဲနေကြရန် တောင်းဆိုအပ်ပါသည်။ စည်းလုံးညီညွတ်ကြပါ မြန်မာနိုင်ငံသားအပေါင်းတို့။
ဤစာကို ကျေးဇူးပြု၍ ရှယ်(Share)... လိုက်(Like) လုပ်ခြင်းဖြင့်ရပ်တန့်မနေကြဘဲ သူငယ်ချင်းအားလုံးသို့ မက်ဆေ့စ် များပေးပို့ခြင်းပြုလုပ်ကြပါရန်တောင်းဆိုအပ်ပါသည်။


ရွှေမြန်မာ
https://www.facebook.com/photo.php?fbid=531724093531582&set=a.4...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment