RADIO

What is current song?

RSS

ဖုန်းအတုနဲ့ အစစ်ခွဲခြားဖို့အတွက် အလွယ်ကုဆုံးနည်းလမ်းနဲ့စစ်မယ်

Touch Screen ကိုစမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်၊ခက်တာက Android ကို
အသုံးပြုထားတဲ့တချို Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။
တချို့Handsets တွေကများသောအားဖြင့် Clone Handsetsတွေမှာတွေ့ရတတ်ပါတယ်။
Android အစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေအကုန်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ Android
ဖုန်းတွေက Android အစစ်ကိုအသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။
Android အစစ်ကိုအသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေကဘာတွေကွဲပြားလဲဆိုရင်
တော့ကွဲလွဲတာတွေသိပ်မရှိပေမဲ့ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsets တွေမှာ
Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ
စိုးရိမ်တဲ့ Android User တွေအတွက် ဒီနည်းလမ်းလေးကိုပြောပြလိုက်ပါတယ်။
အခုနောက်ပိုင်းဝင်လာတဲ့ SamsungGalaxy Miniတွေမှာ Android အစစ်မဟုတ်တာတွေကိုသုံးထားပါတယ်။လုံးဝအစစ်နဲ့တူပါတယ်၊ အဲ့လိုဖုန်းတွေကိုအစစ်မဟုတ်ကြောင်း
ဘယ်လိုစမ်းနိုင်လဲဆိုရင် အလွယ်ကူဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။
Samsung Galaxy Seriesတွေအတွက် ဒီနည်းနဲ့စမ်းကြည့်လို့ရပါတယ်။ Display ထဲမှာ Font
Style ကိုရှာကြည့်လိုက်ပါ။တွေ့ရင်အစစ်ဖြစ်ကြောင်းယုံလို့ရပါတယ်။မတွေ့ရင်အစစ်မဟုတ်ဘူးပေါ့ဗျာ။
နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကိုစမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ၊
AboutPhone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသည်ဖြင့်ရေးထားတဲ့ နေရာလေးကိုသုံးခါလေးခါလောက်ဆက်တိုက်နှိပ်ကြည့်ပါ။
စက်ရုပ်ပုံလေးပေါ်လာပြီး AndroidVersionရယ် ICS,Jelly Beanဆိုတာကိုဖေါ်ပြပေးပါလိမ့်မယ်
နောက်ပြီးစက်ရုပ်ပုံလေးကိုဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကိုတွေ့ရပါလိမ့်မယ်။
Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်နိုင်ပါဘူး။
ဒီနည်းလမ်းတွေက Android ဖုန်းတွေကိုအစစ်ဟုတ်မဟုတ် စမ်းကြည့်လို့ရနိုင်ပါတယ်။
အတုအစစ်ခွဲခြားဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက်
အဆင်ပြေကြမယ်ထင်ပါတယ်....။

(မှတ်ချက်) သည်ဘလော့ပိုစ်ကို HOTS NEWS ဂျာနယ်မှနည်းပညာကဏ္ဍတွင် တွေ့ရသောကြောင့်
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။မသိရသေးသောသူတွေအတွက်သာရည်ညွန်းပါသည်။

ကျေးဇူးအထူးတင်ပါတယ်....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment