RADIO

What is current song?

RSS

ယနေ့မြန်မာနိုင်ငံ တွေ့ကြုံနေရ သော အခြေအနေ ကိုတင်ပြခြင်းးးး

facebook web site တစ်ခုက တွေ့ခဲ့လို့ ဗဟုသုတလေးမျှဝေချင်လို့ပါ။
ယနေ့မြန်မာနိုင်ငံ တွေ့ကြုံနေရ သော အခြေအနေနှင့် ဦးသန့်ဖြစ်စဉ် နှိုင်း ယှဉ်ကြည့်လျှင်-
ယနေ့မြန်မာနိုင်ငံရောက်ရှိနေသော အချိန်သည် ၁၃၇၄ ခုနှစ်ဟူသော (၇၄) ကိန်းဂဏန်းသို့ ရောက်ရှိနေချိန်ဖြစ်သည်။ မြန်မာပြည်၏ အသက် လွတ်လပ်ရေး သက်တမ်းသည် (၆၅)နှစ်ဖြစ်သည်။ နိုဝင်ဘာလ ဖြတ်သန်းခဲ့ပုံကို လေ့လာ ကြည့်သောအခါ-

 နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက် စောစောအချိန်
မန္တလေးတိုင်းဒေသကြီးတွင် မြေငလျင်ကြီး သွက်သွက်ခါအောင် လှုပ် ခတ်သွားခဲ့သည်။ အလွန်အားပြင်းစွာ မြေငလျင်လှုပ်ခတ်သွားသော၊ ရွှေဘို၊ သပိတ်ကျင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်များတွင်၊ ဘုရားတွေပြို၊ ကျောင်းတွေပြို၊ အဆောက်အအုံအချို့ ပြိုလဲပြီး လူအချို့ဒဏ်ရာရကာ၊ အချို့ သေကြေပျက်စီးကြသည်ထိ ဖြစ်ခဲ့ကြ သည်။ နိုဝင်ဘာလသည် မြန်မာနိုင်ငံကို ဤမျှနှင့် နှိပ်စက်၍ အားမရသေးဘဲ လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်း ဆီမှ၊ သပိတ်စခန်းကြီးများသည် ပေါက် ကွဲကာနီးသော မီးတောင်ကြီးကဲ့သို့ အသံ တွေမြည်ဟီးလာချေပြီ။
နိုဝင်ဘာလ (၂၉)ရက် နံနက်စောစော ဝေလီဝေလင်းအချိန်
လက်ပံတောင်းတောင်၊ သပိတ် စခန်းကြီးသည် မီးလောင်စေသော ဒဏ် ရာတွေ ပြင်းထန်စွာဖြိုခွဲခံရပြီး၊ သံဃာ တော်များ မီးတွေလောင် ဒဏ်ရာတွေ ပြင်းထန်စွာရရှိပြီး ဆေးရုံရောက်ခဲ့ကြရ သည်။ ဒီမိုကရေစီကျင့်စဉ်လမ်းကြောင်း ပေါ်မှာ၊ သာသနာ့အာဇာနည်အရှင်သူ မြတ်တို့အား မီးတွေပြင်းထန်စွာလောင် စေပြီး၊ ဒဏ်ရာတွေပြင်းထန်စွာရအောင် အကွက်ချစီမံဖန်တီးလုပ်ကိုင်ခဲ့ကြသူများ ကို ဒေါ်အောင်ဆန်းစုကြည်နှင့် စိစစ်ရေး ကော်မရှင်အဖွဲ့က မှန်ကန်တိကျအောင် တင်ပြနိုင်ရေးအတွက် ပိုက်စိတ်တိုက် ရှာဖွေဖော်ထုတ်လျက်ရှိပါသည်။
စာရေးသူသည် နိုဝင်ဘာလ (၁၁) ရက်နှင့် နိုဝင်ဘာလ (၂၉)ရက်နေ့များ တွင် အဖြစ်ဆုံးများ ကြုံတွှေ့ရသည့် အကြောင်းရင်းကို ကိန်းဂဏန်းတို့၏ အတတ်ပညာနယ်ပယ်ရှုထောင့်မှ တင် ပြလိုပါသည်။ ၈၈ ခုနှစ်က မြန်မာနိုင်ငံ သည် (၈)လေးလုံးကြုံလာသည့်အခိုက် ကောင်းကင်ဂြိုဟ်နက္ခတ်တို့၏ သွားနှုန်း သည်လည်း လွန်စွာဖောက်ပြန်ခိုက်နှင့် ကြုံကြိုက်နေသဖြင့် ထိုအချိန်က မြန်မာ နိုင်ငံသည် အဖတ်ဆယ်မရလောက် အောင် မရှုမလှပျက်စီးဆုံးရှုံးခဲ့ရသည်။ ယခု (၁၁)လေးလုံးနှင့် ကြုံကြိုက်သော အခါ ကြမ္မာဆိုး၊ အဖြစ်ဆိုးများ မဖြစ် မနေ ကြုံတွေ့ရတော့သည်။ (၁၁)လေး လုံးဆုံစည်းပုံမှာ-(၁) မြန်မာသက္ကရာဇ် ၇၄ ခုနှစ်သည် (၁၁)၊ (၂)မြန်မာပြည် လွတ်လပ်ရေးသက်တမ်း (၆၅)သည် (၁၁)၊ (၃) နိုဝင်ဘာလ၏ ဂဏန်းသည် (၁၁)၊ (၄) နိုဝင်ဘာလ (၁၁)ရက်မှာ (၁၁) ဖြစ်ခြင်းတို့ကြောင့် ထို(၁၁)လေး လုံးဆုံစည်းသောနေ့တွင် မန္တလေးတိုင်း မြေငလျင်ကြီး လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအကြိမ် (၁၁)လေးလုံး ဆုံ စည်းပုံမှာလည်း-(၁)မြန်မာသက္ကရာဇ် ၇၄ ခုနှစ်သည် (၁၁)၊ (၂) မြန်မာလွတ်လပ် ရေးသက်တမ်း (၆၅)သည် (၁၁)၊ (၃) နိုဝင်ဘာလ၏ ဂဏန်းသည် (၁၁)၊ (၄) နိုဝင်ဘာလ (၂၉)ရက်သည် (၁၁)ဖြစ်၍ ထို(၁၁)လေးလုံး ဆုံစည်းမိသော၊ (၂၉) ရက်နေ့တွင် လက်ပံတောင်းတောင် သပိတ်စခန်းကြီး ပြင်းထန်စွာ ဖြိုခွဲခံရ သည်။
အထက်ပါဖြစ်စဉ်ဖြစ်ရပ်များအရ၊ ကိန်းဂဏန်းများ၏ ဖွဲ့တည်ပုံကို လေ့လာ ကြည့်ပါက သဏ္ဌာန်တူကိန်းစဉ်များ ဆုံ စည်းမိသောအခါ မကောင်းသော ကံကြမ္မာဆိုးများသည် အချိန်မဆိုင်းဘဲ အလျင်အမြန်ဖြစ် ပေါ်လေ့ရှိကြောင်း တွေ့ရှိရသည်။ ဥပမာ-နိုဝင်ဘာလ (၁၁) ရက်နေ့က (၁၁)လေးလုံး ဆုံစည်းမိသော အခါ (၁၁)ရက် နံနက်စောစောကြီးမှာ မန္တလေးတိုင်း မြေငလျင်ကြီး ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့သည်။ နိုဝင်ဘာလ (၂၉) ရက်နေ့ (၁၁)လေးလုံး ဆုံစည်းသည့် အခိုက်မှာလည်း လက်ပံတောင်းတောင်၊ သပိတ်စခန်းကြီးသည် (၂၉)ရက် နံနက် စောစောကြီးမှာပင် အလွန်ပြင်းစွာ ဖြို ခွင်းခံခဲ့ရသည်မဟုတ်ပါလော။ စာရေးသူသည် ၁၃၇၄ ခုနှစ်၏ (၇၄)ကိန်းဂဏန်းသည် မြန်မာနိုင်ငံကို မွှေနှောက်ပြီး ဒုက္ခတွေအမျိုးမျိုးပေးနေ ပုံကို စဉ်ဆက်မပြတ် လေ့လာစောင့် ကြည့်ခဲ့ပါသည်။ အခုလည်း ကြည့်လေ။
လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်း ကိစ္စက အပြီးလည်းမသတ်၊ အနားလည်း မသတ်သေးခင်မှာ ကချင်စစ်ပွဲတွေက ဆူညံနေလေပြီ။ (၁၇)နှစ်လုံးလုံး အပစ် အခတ်ရပ်စဲပြီး ရွှေညီအစ်ကိုတွေလို အတူ တကွ လက်တွဲနေထိုင်လာရာမှ ၁၃၇၄ ခုနှစ် (၇၄)ကိန်းဂဏန်းတွင်း ၀င်ရောက်လာသောအခါ ကချင်တပ်နှင့် မြန်မာစစ်တပ်တို့သည် ရုတ်တရက် တိုက် ပွဲတွေထဖြစ်ပြီး ဧရာမရန်သူကြီးသဖွယ် ချက်ခြင်း ပြောင်း လဲသွားကြသည်။ နှစ် ဖက်စလုံးတိုက်ပွဲအရှိန်တွေ မြင့်တက် လာကြသည်။ (၇၄)ကိန်းဂဏန်းသည် နှစ်ဖက်စလုံးကို ဒေါသအမိုက်မှောင်တွေ ဖုံးလွှမ်းစေပြီး တစ်နေ့တစ်ခြား တိုက်ပွဲ တွေက ပို၍ပို၍ ပြင်းထန်လာသည်။ ငြိမ်း ချမ်းရေးလုပ်မယ်ဆိုလေ တိုက်ပွဲတွေက ပို၍ ပြင်းထန်လေပဲ။ ဒေသခံကချင် တိုင်းရင်းသားများမှာ မြေဇာပင်ပမာ စစ် ဘေးစစ်ဒဏ် အလူးအလိမ့်ခံရရှာသည်။ ကစဥ့်ကလျား ပြေးရင်းလွှားရင်း အိုးပစ်၊ အိမ်ပစ်၊ လယ်ယာတွေပစ်ကာ အိမ်တိုင် နွယ်ရစ်၊ လယ်တွေ တောဖြစ်ခဲ့ရသည်။
၁၃၇၄ ခုနှစ်ဟူသော (၇၄)ကိန်း ဂဏန်းသည် မြန်မာပြည် တစ်နှံ့တစ်လျား မှာ၊ ပြဿနာတွေ မှိုလိုပေါက်အောင် အမျိုးမျိုး မွှေနှောက်ဖန်တည်းနေချေ သည်။ (၇၄)ကိန်းဂဏန်းသည် နာဂစ် မုန်တိုင်းထက် အဆများစွာ ပြင်းထန် သည်ဟုဆိုရပေမည်။ နာဂစ်မုန်တိုင်း သည် တိုက်တုန်းခဏသာပျက်စီးတတ် သော်လည်း (၇၄)ကိန်းဂဏန်းသည် စတင်ဝင်ရောက်သည့် အချိန်မှစ၍ လူသားအပေါင်းတို့ကို ဒေါသ အမိုက် မှောင်ဖုံးစေပြီး တစ်ဖက်နှင့်တစ်ဖက် ရက် ရက်စက်စက် သတ်ဖြတ်မှုကို ဖြစ်ပေါ် ဖန်တည်းပေးလေ့ရှိသည်။ မကောင်း သော ကပ်ဆိုးကြီးများကိုလည်း ပုံဖော် ပေးနိုင်စွမ်းရှိသည်။
၁၃၇၄ ခုနှစ်ဟူသော (၇၄)ကိန်း ဂဏန်းစုသည် ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၇) ရက်တွင် သက်တမ်းကုန်ဆုံးသွားပြီဖြစ် သဖြင့် ထွက်ခွာချိန် အလွန်နီးကပ်နေပါ ပြီ။ ၁၃၇၄ ခုနှစ် ကုန်ဆုံးသွားသော ဟိုဘက်ကမ်းမှာ လင်းလက်တောက်ပ နေသော မြန်မာနိုင်ငံ၊ ရွှေပြည်သစ်ကြီး ကို၊ အထင်ကရမြင်တွေ့နေရပြီဖြစ်သည်။ ၁၃၇၄ ခုနှစ်၏ (၇၄)ကိန်းဂဏန်းသည် မြန်မာပြည်မှ အေးအေးဆေးဆေးလေး ထွက်ခွာသွားမည် မဟုတ်ပါ။ မြန်မာပြည် ကို အပြင်းထန်ဆုံး နှုတ်ဆက်ပြီးမှ ထွက် ခွာသွားလိမ့်မည်။ ထို (၇၄)ကိန်းဂဏန်း သည် မြန်မာနိုင်ငံကို ၀င်ရောက်လာ သည်မှစ၍ မကောင်းသော ကံကြမ္မာဆိုး အမျိုးမျိုးနှင့် မနားမနေ နှုတ်ဆက်ကလူ ပြုပြီး ကျန်ရှိနေသော ဖေဖော်ဝါရီလနှင့် မတ်လကိုလည်း လုံးဝသက်ညှာခွင့်ပေး မည်မဟုတ်ပါ။ အထူးသဖြင့် ၂၀၁၂ ခု ဖေဖော်ဝါရီလသည် အလွန်ဆိုးဝါးသော ကံကြမ္မာဆိုးများ ကြုံတွေ့ တတ်သဖြင့် အထူးသတိထားစောင့်ကြည့်သင့်ပါသည်
နိုဝင်ဘာလနှင့် ဖေဖော်ဝါရီလတို့ သည်ကား (၂)ဂဏန်းအုပ်စုဝင်ဂဏန်း များဖြစ်သည်။ (၂)ဂဏန်းသည် မြန်မာ နိုင်ငံကို ဘေးဒုက္ခအမျိုးမျိုးဖြစ်ပေါ်စေ တတ်သည်။ ငြိမ်းကာနီးသော ဖယောင်း တိုင်သည် ထတောက်တတ်သကဲ့သို့ ကုန် ဆုံးကာနီးသော (၇၄)ကိန်းဂဏန်းသည် လည်း ဖေဖော်ဝါရီလမှာ အဆိုးဝါးဆုံး ကံကြမ္မာဆိုးများကို ဖန်တည်းပေးခဲ့ပြီးမှ နှုတ်ဆက်ထွက်ခွာသွားနိုင်ပါသည်။
ကံကြမ္မာဆိုးဆိုသည်မှာ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းများ ကျရောက်ခြင်း၊ အရေး အခင်းဖြစ်ခြင်းတို့ တစ်ခုခုဖြစ်ပေါ်ခြင်း မျိုးကို ဆိုပါသည်။ အထူးသဖြင့် ဖေဖော် ၀ါရီလတွင် ငလျင်ဘေးသည် စိုးရိမ်စရာ အကောင်းဆုံးဖြစ်သည်။ (၂)ဂဏန်း အုပ်စုဝင်ဖြစ်သော နိုဝင်ဘာလတွင် အထက်မြန်မာနိုင်ငံ ပြတ်ရွေ့ကြောများ ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ငလျင်ကြီးလှုပ်ခတ်သွားခဲ့သည်။ ယခု (၂) ဂဏန်း အုပ်စုဝင်ဖြစ်သော ဖေဖော်ဝါရီလ တွင်လည်း အောက်မြန်မာပြည် ပြတ်ရွေ့ ကြောများကြောင့် ပဲခူး-ရန်ကုန် အောက် မြန်မာပြည်ငလျင်သည် သတိထားဖွယ် ဖြစ်လာပါသည်။ ရွှေတိဂုံဘုရား လင်းတနားခြင်းနှင့် အချို့မြို့များတွင်လည်း လင်းတများ လာရောက်နားခဲ့သဖြင့် အများပြည်သူ တို့ စိုးရိမ်ထိပ်လန့်မှုများ ဖြစ်ပွားခဲ့ပါ သည်။ မှန်ပါသည်။ လင်းတတို့သည် သေပြီးအပုပ်ကောင် တို့ကိုသာ စားတတ် သည်။ ယုတ်ညံ့ပြီး အလွန်ရုပ်ဆိုးသော ငှက်ဖြစ်သဖြင့် လင်းတနားခြင်းသည်ကား ကျက်သရေတစ်စုံတစ်ရာ လုံးဝမရှိနိုင်ပါ။ ထိုကြောင့် ရွှေတိဂုံဘုရား လင်းတနား ခြင်းသည် လည်း ကောင်း ဖေဖော်ဝါရီလ နှင့် မတ်လတွင် (၇၄)ကိန်းဂဏန်း၏ ကုန်ဆုံးကာနီးအချိန်တွင် အပြင်းထန်ဆုံး ကံကြမ္မာဆိုးများ ကျရောက်တတ်သော ကြောင့်လည်းကောင်း၊ ရန်ကုန်မြို့တွင် လည်းကောင်း၊ အခြားမြို့များတွင်လည်း ကောင်း၊ ငလျင်လှုပ်ခြင်း(သို့)ပြင်းထန် သော ကံကြမ္မာဆိုးကြီးများ ကျရောက် တတ်ပါသည်။ ပြည်သူတို့အကျိုး၊ သာသနာအကျိုး အတွက်ဆိုလျှင် အားကျိုးမာန်တက် ဆောင်ရွက်ပေး တတ်ကြကုန်သော၊ ဆရာတော်၊ သံဃာတော်အရှင်သူမြတ် တို့ဘုရား။ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလနှင့် မတ်လတို့၌ မြန်မာပြည်သူ၊ ပြည်သား အပေါင်းတို့သည် ငလျင်ဘေးတို့မှလည်း ကောင်း၊ ဘေးဒုက္ခအပေါင်းတို့မှလည်း ကောင်း၊ လွတ်မြောက်ပါရစေခြင်းအကျိုး ငှာ ပရိတ်တရားတော်များ၊ ပဋ္ဌာန်းတရား တော်များကို၊ လှိုင်လှိုင်ကြီး ရွတ်ဖတ် သရဇ္ဈာယ် ပေးတော်မူကြပါရန်၊ မြန်မာ ပြည်သူပြည်သား အပေါင်းတို့ကိုယ်စား၊ ဘုရားတပည့်တော် ဦးတင်လျှောက်ထား အပ်ပါသည်။ သံဃာတော် အရှင်မြတ်တို့ ဘုရား။ ဘုရားတပည့်တော်နှင့် မြန်မာပြည် သူ၊ ပြည်သားအပေါင်းတို့သည် ဆရာ တော်၊ သံဃာတော်တို့၏ ပြည်သူအပေါ် ထားအပ်သော၊ မေတ္တာစေတနာတန်ခိုး တေဇော်အာနုဘော်တို့ကြောင့်လည်း ကောင်း- သံဃာတော်များ ရွတ်ဖတ်ပေး သော ပရိတ်တရားတော်၏ တန်ခိုးရှိန် ဇော် အာနုဘော်တို့ကြောင့်လည်း ကောင်း၊သံဃာတော်များရွတ်ဖတ်ပေး သော ပဋ္ဌာန်း တရားတော်၏ တန်ခိုးရှိန် ဇော်အာနုဘော် တို့ကြောင့်လည်းကောင်း၊မြန်မာပြည်သူ၊ ပြည်သားအပေါင်း တို့သည် ဘေးရန်ကင်းကွာကြပြီးလျှင် အစစ်အမှန်ဖြစ်သော ဒီမိုကရေစီနိုင်ငံ တော်သစ်ကြီးဆီသို့ မျက်မှောက်ပြုရပါ လိုကုန်၏ အရှင်မြတ်တို့ဘုရား

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment